ယာဉ်ကြောကျပ်တည်းနေသော ရန်ကုန်မြို့တွင်းတစ်နေရာ (ဓာတ်ပုံ - ကျော်ဇင်သန်း)
ရန်ကုန်မြို့လမ်းများ မော်တော်ယာဉ်ကြောပိတ်ဆို့မှု ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က သုံးလအတွင်းဖြေရှင်းပေးရန် ဆန္ဒရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောကြားသည်။
‘‘ပိတ်ဆို့မှုတွေ ဖြေရှင်းပေး ဖို့ နိုင်ငံတော်သမ္မတက တိုင်းဒေ သအစိုးရ၊ စည်ပင်တို့သာမက သက်ဆိုင်ရာဝန်ကြီးတွေကိုပါဖြေ ရှင်းပေးဖို့ အမြဲတိုက်တွန်းနေ တယ်’’ဟု ၀န်ကြီးချုပ်က အများ ပြည်သူများ သွားလာလွယ်ကူ ချောမွေ့စေရေးအလုပ်ရုံဆွေး နွေးပွဲ၌ ပြောကြားသည်။
မြန်မာနိုင်ငံတွင် လက်ရှိမှတ် ပုံတင်ထားသော မော်တော်ယာဉ် အစီးရေခြောက်သိန်းတစ်သောင်း ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး တွင် လေးသိန်းတစ်သောင်းကျော် ရှိနေသည်။ တစ်နိုင်ငံလုံးမှတ်ပုံ တင်စာရင်းအရ ရန်ကုန်မြို့တွင် မော်တော်ယာဉ်အစီးရေ ၆၆ရာ ခိုင်နှုန်းကျော်ရှိသော်လည်း နယ်ကျော်ကားများပါဝင်လျှင် ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။