♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 2, 2014

ရန်ကုန် ယာဉ်ကြောပိတ်ဆို့မှု သုံးလအတွင်းဖြေရှင်းပေးရန် သမ္မတဆန္ဒရှိဟု

ယာဉ်ကြောကျပ်တည်းနေသော ရန်ကုန်မြို့တွင်းတစ်နေရာ (ဓာတ်ပုံ - ကျော်ဇင်သန်း)
ရန်ကုန်မြို့လမ်းများ မော်တော်ယာဉ်ကြောပိတ်ဆို့မှု ကို နိုင်ငံတော်သမ္မတဦးသိန်းစိန်က သုံးလအတွင်းဖြေရှင်းပေးရန် ဆန္ဒရှိနေကြောင်း ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြင့်ဆွေကပြောကြားသည်။

‘‘ပိတ်ဆို့မှုတွေ ဖြေရှင်းပေး ဖို့ နိုင်ငံတော်သမ္မတက တိုင်းဒေ သအစိုးရ၊ စည်ပင်တို့သာမက သက်ဆိုင်ရာဝန်ကြီးတွေကိုပါဖြေ ရှင်းပေးဖို့  အမြဲတိုက်တွန်းနေ တယ်’’ဟု ၀န်ကြီးချုပ်က အများ ပြည်သူများ သွားလာလွယ်ကူ ချောမွေ့စေရေးအလုပ်ရုံဆွေး နွေးပွဲ၌ ပြောကြားသည်။

မြန်မာနိုင်ငံတွင် လက်ရှိမှတ် ပုံတင်ထားသော မော်တော်ယာဉ် အစီးရေခြောက်သိန်းတစ်သောင်း ကျော်ရှိပြီး ရန်ကုန်တိုင်းဒေသကြီး တွင် လေးသိန်းတစ်သောင်းကျော် ရှိနေသည်။ တစ်နိုင်ငံလုံးမှတ်ပုံ တင်စာရင်းအရ ရန်ကုန်မြို့တွင် မော်တော်ယာဉ်အစီးရေ ၆၆ရာ ခိုင်နှုန်းကျော်ရှိသော်လည်း နယ်ကျော်ကားများပါဝင်လျှင် ၈၀ ရာခိုင်နှုန်းကျော်ရှိကြောင်း ၎င်းက ပြောကြားသည်။



မော်တော်ယာဉ်များပြီးလမ်း များ ကျပ်တည်းနေသဖြင့် ဖြေရှင်း ရန် အလိုအလျောက်စနစ်သုံးမီး ပွိုင့် ၆၅ ခု တပ်ဆင်ရန်စီစဉ်နေကြောင်း  ဦးမြင့်ဆွေကပြော ကြားသည်။ ထို့အပြင် ဘတ်စ် ကားများကို လမ်းညာဘက်မျဉ်းဝါ ကြားမှ မောင်းနှင်ရန်ကိုလည်း မီဒီ ယာများတွင် အသိပေးဆောင် ရွက်နေကြောင်း သိရသည်။

အများပြည်သူသွားရေးလာ ရေးလွယ်ကူစေရန်  အလုပ်ရုံဆွေးနွေးပွဲတွင် အချက် ၁၃ ချက်ကို  တက်ရောက်လာသူများထံ မှ ၀ိုင်းဝန်းအဖြေရှာအကြံပြုချက် များရယူသည်။

‘‘ဒီလို ဆွေးနွေးတာ၊အဖြေရှာတာကတော့ ကောင်းပါတယ်။ ဆွေးနွေးချက်တွေကို အမြန်ဆုံး အကောင်အထည် ဖော်ဖို့လို တယ်’’ဟု မြန်မာနိုင်ငံမော်တော် ယာဉ်ထုတ်လုပ်ရေးနှင့်ဖြန့်ဖြူး ရောင်းချရေးလုပ်ငန်းရှင်များအ သင်းမှ အဖွဲ့ဝင်တစ်ဦးကပြော ကြားသည်။

ယနေ့ဆွေးနွေးပွဲတွင် ရန် ကုန်ကားအစီးရေနှင့်ပတ်သက် သောအကြံပြုချက်၊ လမ်းအကျယ် အပြည့်အ၀သုံးနိုင်ရန်အကြံပြု ချက်၊ ဘတ်စ်ကားများအတွက် စည်းကမ်းပိုင်းဆိုင်ရာအကြံပြု ချက်၊ ရန်ကုန်လူထုအတွက် စည်း ကမ်းပိုင်းဆိုင်ရာအကြံပြုချက်များ၊ ရန်ကုန်အဓိကလမ်းမကြီး တစ်လျှောက်  အထက်တန်း ကျောင်းများကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများ၊ ပြည်သူများသွား လာမှုအဆင်ပြေစေရန် ရထားနှင့် ဆိုင်သောအကြံပြုချက်၊  လမ်းဘေးဈေးသည်များနှင့်  ပတ်သက် သောအကြံပြုချက်၊ ကားတင် သွင်းမှုဆိုင်ရာအကြံပြုချက် စသည်ဖြင့် အကြံပြုချက် ၁၃ချက်ကို  ကုန်သည်စက်မှုအသင်းချုပ်တွင်ဆွေးနွေးခဲ့သည်
   7day daily
mgsoemin1995@gmail.com







No comments:

Subscribe

လာလည်သူများ

free counters