♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 7, 2014

"မြန်မာ့ရွှေဈေး အကျဘက် ဦးတည်"

နိုင်ငံတကာမှာ ရွှေဈေးတွေ ကျဆင်းနေတဲ့အတွက် မြန်မာနိုင်ငံမှာလည်း လာမယ့် ရေတို ကာလ သီတင်းပတ်အတွင်း ရွှေဈေးတွေ အကျဘက်ကို ဦးတည်နိုင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ပြောပါတယ်။
gold3ဈေးနှုန်းအနိမ့်ပိုင်းကို ဦးတည်နေတဲ့အတွက် ၀ယ်ယူသုံးစွဲ တဲ့သူတွေအတွက် အကျိုးရှိတယ်လို့ ရန်ကုန် တိုင်း ဒေသကြီး ရွှေ
လုပ်ငန်းရှင်များအသင်းက အတွင်းရေးမှူး ဦးဝင်းမြင့် က ပြောပါတယ်။
“ရေတိုကာလ အနေနဲ့ကတော့ အကျဘက်ပဲ ဦးတည်နေပါတယ်။ ရှေ့လာမယ့် အပတ်မှာတော့ လက်ရှိ ဈေးထက် ကျဆင်းသွားမယ်လို့ မှန်းပါတယ်” လို့ ဦးဝင်းမြင့်က ပြောပါတယ်။
လက်ရှိမှာတော့ မြန်မာ့ ရွှေဈေးဟာ နိုင်ငံတကာ ပေါက်ဈေးထက် ကျပ်ငွေ ၁ သောင်းကျော်မြင့်နေပြီး အောက်တိုဘာ ၆ ရက်နေ့မှာတော့ အကယ်ဒမီ အခေါက်ရွှေ တကျပ်သားကို ၆ သိန်း ၃ သောင်း ၆ထောင်နဲ့ ဈေးပိတ်ခဲ့ပါတယ်။
နိုင်ငံတကာမှာ ဒေါ်လာဈေးတွေ တက်နေပြီး ရွှေဈေးတွေ ကျဆင်းနေပါတယ်။ ဒီနှစ်မှာ ၁ အောင်စကို ဒေါ်လာ ၁၁၀၀ လောက်အထိ ကျဆင်းနိုင်သလို ၂၀၁၅ မှာတော့ ဒေါ်လာ ၈၀၀ အထိ ကျဆင်းသွားနိုင်တယ်လို့ ဈေးကွက်လေ့လာရေး ကုမ္ပဏီတွေက ခန့်မှန်းနေပါတယ်။
အောက်တိုဘာ ၆ ရက်နေ့က ၁ အောင်စကို ဒေါ်လာ ၁၁၃၇.၉၄ သာရှိတဲ့ ရွှေချောင်းဈေးဟာ ၂၀၁၀ ဧပြီလ နောက်ပိုင်း အနိမ့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ သတင်းတွေက ရေးပါတယ်။
ရွှေဈေးနဲ့ ပတ်သက်ပြီး ဆန်းစစ်လေ့လာသူ ဂျော့ခ်ျဘိုလာကတော့ ကျလာတဲ့ ဓားကို ဖမ်းဖို့မကြိုးစားဖို့ သတိပေးထားပါတယ်။
စင်ကာပူမှာတော့ ၁ အောင်စကို ဒေါ်လာ ၁၁၄၆.၁၅ အထိ ကျဆင်းသွားခဲ့ပြီး ဒီနှစ် ၄.၆ ရာခိုင်နှုန်း ဈေးကျခဲ့ပါတယ်။
DVB NEWS.

No comments:

Subscribe

လာလည်သူများ

free counters