♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 22, 2014

ရှေ့နေတောင်မှ စိတ်ညစ်တယ်

ကိုရွှေတောသား ရေးသော အသက်ရှည်မည့်ပာာသများထဲမှာ တစ်ခုကို တင်ဆက်ပေးလိုက်ပါတယ်ဗျာ

                              ရှေ့နေတောင်မှ စိတ်ညစ်တယ်
ကားခိုးမှုဖြင့် အချုပ်ကျနေသော တရားခံအတွက် အာမခံရရေး၊ အချုပ်မှ လွတ်မြောက်ရေးအတွက် ရှေ့နေကြီး ဦးနက်ပြောင်၏ရုံးခန်းသို့ တရားခံ၏ ဇနီးဖြစ်သူ ရောက်ရှိလာပြီး အမှုအခင်းနှင့်ပတ်သက်ပြီး ဆွေးနွေး၏။
ရှေ့နေ ။ ။ အမှုသွားအမှုလာအရဆိုရင် ခင်ဗျားယောက်က်ျားရဲ့အခြေအနေက မဆိုးပါဘူး။ အရေးကြီး တာက အမှုလိုက်ခကို အကြေအလည်ပေးဖို့ပဲ….။ မိန်းမ ။ ။ သည့်အတွက်တော့ မပူပါနဲ့ ဆရာ။
ရှေ့နေ ။ ။ ဒါဆိုရင် ရှေ့နေကိုယ်စားလှယ်လွှဲစာအတွက် အခုပဲအကြေအလည်ပေးတော့မယ်ပေါ့။ပာုတ်လား။
မိန်းမ ။ ။ အဲ…..ခဏနေပါဦးလား။
ရှေ့နေ ။ ။ ဘာဖြစ်လို့လဲဗျ။ ခင်ဗျားပဲ မပူနဲ့လို့ပြောပြီး….။
မိန်းမ ။ ။ သဘောပေါက်ပါတယ်ဆရာရယ်… ဒီလိုပါ ကျွန်မယောက်ျားခိုးထားတဲ့ ကားကို ဈေးဆိုင်နေတုန်းမို့ပါ။
ရှေ့နေ ။ ။ ပောာဗျာ။
သူငယ်ချင်းတို့ ပာာသတွေဖတ်ပြီးပျော်ရွှင်ပါစေဗျာ။
         mgsoemin1995@gmail.com
Mgsoe

"ဆန့်ကျင်ဘက် လိင်ကို ဘာကြောင့် ချစ်ကြ တာလဲ ဆိုသောလူ.သဘောသဘာဝများ"

သဘာဝ တရားအရ ယောက်ျားတွေဟာ ကိုယ်နဲ့ သွေးမတော် သားမစပ် တဲ့ အမျိုးသမီးတွေ နဲ့ ချစ်ကျွမ်း ၀င်ကြပါတယ်။
တချို့ စုံတွဲတွေ က ရုပ်ရည် အသွင်အပြင်၊ ၀ါသနာ၊ စိတ်ဓာတ် စတာ တွေမှာ တူညီ တတ်ကြ ပေမယ့် တချို့စုံတွဲတွေ ကတော့ လားလားမှ မတူဘဲ ကွဲပြား ခြားနား နေတတ် ပါတယ်။ ဒါပေမဲ့ အသွင် စရိုက်တွေ မတူတဲ့ စုံတွဲတွေဟာလည်း အသွင်စရိုက် တူတဲ့ စုံတွဲတွေ လိုပဲ အိမ်ထောင်ရေးမှာ အဆင်ပြေ နေတတ် ပါတယ်။

"Beauty medication အလှဗေဒ "

Date: 2012/6/25
ရင်သား ဖွံ့ဖြိုးအောင်၊ ကိုယ်ခန္ဓာ အချိုးအစားလှအောင် ဆေးသောက်လို့ရတယ်လို့ ကြားဖူးပါတယ်။ အကျိုး-အပြစ်တွေကို သိချင်ပါတယ်ရှင်။ လေ့ကျင့်ခန်းလုပ်ဖို့ အဆင်မပြေလို့ပါရှင်။

အမေ မွေးပေးထားတဲ့ ရုပ်အင်္ဂါကို ပြင်ချင်တာဟာ အခက်ဆုံးတွေထဲမှာ ပါတယ်။ ဒါကို ဆရာဝန်က ပြောတာပါ။ ဆရာဝန်က ဆေးပေးမယ်၊ နည်းလမ်းပေးမယ်၊ ခွဲစိတ်ပေးမယ်။ ခွဲစိတ်တာကိုတော့ ဆရာဝန်ဘက်က ပိုင်ပိုင်နိုင်နိုင် လုပ်နိုင်တာပေါ့။ ကျန်တာကို လိုက်နာရမှာက ကာယကံရှင် ဖြစ်တယ်။ ညွှန်းတဲ့ဆေး သောက်တာ၊ လေ့ကျင့်ခန်း လုပ်တာ၊ ရှောင်စရာ-ဆောင်စရာတွေကို လိုက်နာဘို့ကတော့ ကောင်းချင်၊ ပျောက်ချင်သူတွေက လုပ်ကြရတယ်။ ဆရာဝန်တွေမှာလဲ လုပ်ပေးနိုင်တာထက် မလုပ်နိုင်တာတွေက ပိုများမလားဘဲ။

"ဟိုင်းဝေး အတွေ.အကြုံ အပိုင်း ( ၃ )"

Single carriage wayမော်တော်ဝေး မောင်းခြင်းသည်၊ အလွန်ပျင်း၇ိဖွယ်ကောင်းသော ခ၇ီးရှည်ဖြစ်၇ာ၊ ဘေးနားတွင် မိမိအား စကားစမြည်ပြော၇န်၊ အဖော်တယောက်ပါလျှင် ပိုကောင်းသည်။ တယောက် တလှည်.စီ မောင်းနိုင်ပါက ပိုပြီး တလှည်စီ အနားယူနိုင်ကြသည်။ မြန်မာနိုင်ငံလို အင်မတန်ပူသောဒေသတွင်၊ လေပူများဖြတ်တိုက်နေသေးသဖြင်.၊ ပိုပင်ပန်းနွမ်းနယ်လာတတ်သည်။ အိပ်ချင်လာတတ်သည်။ “Tiredness Kills, Have a Break” ဆိုသော စကား၇ပ်ကို နိုင်ငံ၇ပ်ခြား တိုင်းပြည်ရှိ မော်တော်ဝေးများတွင်၊ တွေ.၇တတ်သည်။ မကြာခန၊ အနားယူပြီး၊ အပန်းဖြေပြီးမှ၊ ဆက်လက်ခ၇ီးဆက်မောင်းကြ၇န်

November 21, 2014

" အင်းးးးး ပုတ်သင်ညိုလည်း လေစာတွေ စားမိတယ်ထင်ပါ့ "

ရောသမ မိတ်ဆွေတို့ရေ တစ်သက်မှာ တခါမှ မမြင်ဘူးတာလေးက ရှိလာပြန်တယ် ပုတ်သင်ညိုမင်းကြီးက ရေချိုးတော်မူတဲ့နေရာမှာ ရေချိုး bath က jacuzzi tub (ရေမြှုပ်ထ ရေချိုးဇလား) ကမရှိလေတော့ ကိုယ်တိုင်ဘဲ လေဗူဗောင်းလေးတွေ ထုတ်လွတ်နေရရှာပါတယ်.... အကောင်သေးသလောက် လေလုံးက ကြီးရှာတော်မူပါတယ် ခင်ဗျား ဟီးးးး      











Jacuzzi  အစစ်ကဒီလိုပါ

"သက်တံသစ်ရုပ်ရှင်ဇာတ်ကားတွင် မိမိကိုယ်ကိုပြန်ကြောက်နေမိဟု ရုပ်ရှင်မိတ်ဆက်ပွဲတွင် ဖွေးဖွေးပြော"

ဝိဥာဉ်ပူးဝင်ခြင်း ခံရသည့် ဖြစ်ရပ်မှန် ဇာတ်ကားဟု အွန်လိုင်း စာမျက်နှာ ထက်တွင် ခေတ်စားလျက် ရှိသည့် အတွက် ပရိသတ် များ၏ စိတ်ဝင်စားခြင်း ခံရသည့် “သက်တံသစ်” ရုပ်ရှင်ဇာတ်ကား၌ သရုပ်ဆောင် ရာတွင် အခက်အခဲများ အပြင် အသက်အန္တ ရာယ်နှင့် လည်း ရင်ဆိုင် ခဲ့ရသည်ဟု ဖွေးဖွေးက ပြောသည်။ ယင်းကဲ့သို့ တွေ့ကြုံ ရခြင်းကြောင့် ၀ိဥာဉ်ဇာတ်ကား ရိုက်ကူးမှုများကို နောက်ထပ် လက်ခံရိုက်ကူး တော့မည်မဟုတ်ဟု ဖွေးဖွေးက ပွင့်လင်းစွာ ပြောခဲ့သည့် အပြင် ဇာတ်ကားအတွင်းမှ မိမိ၏ ဇာတ်ရုပ်ကိုပင် ပြန်ကြောက် နေမိကြောင်း ဆိုခဲ့သည်။

"အိမ်သာ အသုံးပြုနည်း လမ်းညွှန်ထုတ်ဝေလိုက်တဲ့ တက္ကသိုလ် "



       United Kingdom, Wales က ဆွမ်ဆီး တက္ကသိုလ်မှာတော့ အိမ်သာ အသုံးပြုနည်း လမ်းညွှန် ပိုစတာများကို ကပ်ထားတယ်လို့ဆိုပါတယ်။  ဒီ Swansea Universityမှာ တက္ကသိုလ်အိမ်သာတွေ ညစ်ပတ်လာလို့ ဒီလိုမျိုး ပိုစတာတွေ ကပ်ရတယ်လို့ဆိုပါတယ်။  ဒီလို ညစ်ပတ်တာတွေကလည်း ယဉ်ကျေးမှု့မတူညီတဲ့ နိုင်ငံခြားမှ လာရောက်ပြီး ပညာသင်ကြားနေတဲ့ ကျောင်းသားများကြောင့်လို့ ဆိုပါသတဲ့။  တက္ကသိုလ်က ပြောရေးဆိုခွင့်ရှိသူကတော့ “ဒီလို ပိုစတာတွေ ဖြန့်ဝေရတာကတော့ ယဉ်ကျေးမှု့မတူညီတဲ့ နိုင်ငံကလာတဲ့ ကျောင်းသားတွေဟာ သူတို့ နိစ္စဓူဝအတိုင်း အလေးအပင်တွေကို ဖြေရှင်းရင်းနဲ့ အိမ်သာတွေကို ပျက်စီးစေတာတို့၊ မသန့်ရှင်းစေတာတို့ ဖြစ်သွားစေတတ်ပါတယ်” လို့ ဆိုသွားပါတယ်။

"ခေတ်အဆက်ဆက်က မြန်မာ ပိုက်ဆံများ "

ခေတ် အဆက်ဆက်ဆိုပေမယ့် ကုန်းဘောင် ခေတ်ကတော့ ရှာလို့ မတွေ့တာနဲ့ မတင်ဖြစ်တော့ပါဘူး။

ဒါကတော့ ဟိုး ပဝေသဏီ ပျူခေတ်တို့ တဂေါင်းခေတ်တို့က ဒင်္ဂါးတွေ ဖြစ်ဟန်တူပါတယ်။

" ကျွန်တော်နှင့် ဥစ္စာစောင့် တစ်ကယ်ရှိတာလား ( ၃ ) "



        ဥစ္စာစောင့် တကယ်ရှိမရှိကတော့ ကျွန်တော်လည်း သေသေချာချာတော့ မပြောတတ်။  အရင်အပိုင်း ၁ ကတော့ ကျွန်တော့် အမေရဲ့ ဆေးခန်းမှာ ဖြစ်သွားတဲ့ အဖြစ်အပျက်ကလေးကို ရေးထားတာ။  ခုအပိုင်းကတော့ ကျွန်တော့် အဖေရဲ့ ဇာတိမြို့ကလေး ကန်ကြီးဒေါင့်မြို့က အကြောင်းလေး။  ကန်ကြီးဒေါင့်ဆိုတာက ပုသိမ်ကနေဆိုရင် ၁၈ မိုင်လောက်ဆိုတော့ နာရီဝက် ၁ နာရီလောက် ကားမောင်းသွားရင်ရောက်တယ်။  အရင်တုန်းက ကားလမ်းတွေသိပ်ပြီးတော့ မပေါက်သေးတော့ ကန်ကြီးဒေါင့်နားက ဘဲကရက်၊ ဒေါင့်ကြီး၊ ကံကုန်း၊ ဖားစီကွင်း စတဲ့ စတဲ့ ရွာကလေးတွေက ကန်ကြီးဒေါင့်ကိုပဲ အားထားနေရတာ။  ဘာဖြစ်လို့လဲဆိုတော့ ကန်ကြီးဒေါင့်က မြစ်ကမ်းဘေးက ဆိပ်ကမ်းမြို့ကလေးလို ဖြစ်နေတော့ ရေလမ်းက အဓိကပဲ။  အနီးအနားကရွာတွေက စပါးပေါ်ချိန်ဆိုရင် စက်လှေတွေနဲ့ လာပြီးတော့ စပါးလာအပ်ကြ၊ ကြိတ်ကြ၊ ရလာတဲ့ ငွေစလေးတွေနဲ့ ငရုပ်၊ ကြက်သွန် စတဲ့ ကုန်စိမ်းတွေ ဖြစ်ဖြစ်၊ အ၀တ်အစားတွေဖြစ်ဖြစ် ကန်ကြီးဒေါင့်မှာပဲ လာပြီး ၀ယ်ကြတာ။  ခုကျတော့ ကားလမ်းတွေပေါက်လာပြီဆိုတော့ ကန်ကြီးဒေါင့်မြို့လဲ အရင်လောက် သိပ်ပြီး စည်စည်ကားကားမရှိတော့ပါဘူး။  အဲ.. စကားမစပ် မော်ဒယ် ချောရတနာ ကလည်း ကန်ကြီးဒေါင့် ဇာတိပဲ။

November 20, 2014

"ရန်ကုန် မန္တလေး ဟိုင်းဝေး နှင်. ယာဉ်မောင်းတို. ရဲ.အသက်အန္တရာယ်"


များမကြာမီ ဇူလိုင်လ ၁၇ ၇က်နေ.က၊ ဧ၇ာဝတီ အင်္ဂလိပ်ပိုင်း သတင်းတွင် “Death Highway At Center of Burma”s Worsening Traffic Safety” ဟုသော  ဆောင်းပါအားဖတ်လိုက်၇သဖြင်.  လွန်စွာ ဝမ်းနည်းနေမိသည်။  အဆိုပါဆောင်းပါတွင်၊ ယာဉ်မှောက်မှု.များ၊ ယာဉ်တိုက်မှု.များ တဖြေးဖြေး မြင်.မားတိုးတက်နေပြီး၊ ၂၀၁၂ ခုနှစ်တွင် အမှု.၉၃၃၉ ဖြစ်ခဲ.ပြီး၊ ၁၅၇၂၀ ဦးဒဏ်၇ာ၇ရှိပြီး၊ သေဆုံးမှု. ၂၆၅၃ ရှိကြောင်းဖတ်မှတ်၇သည်။

"ရှားပါးသော ရှေးမြန်မာတို့၏ အတိတ်ပုံရိပ် "

၁၉၄၄ ခုနှစ် ဒုတိယကမ္ဘာစစ်ကာလ အတွင်း လီဒိုလမ်းမကြီးပေါ်ရှိ မဟာမိတ်စစ်သားများနှင့်အတူတွေ့ရသော ကချင်တိုင်းရင်းသားများ

၁၉၂၂ ခုနှစ် အင်္ဂလိပ်လက်အောက်ခံ မြန်မာနိုင်ငံ နှင်. အိန္ဒိယနိုင်ငံ တွဲထားသောမြေပုံ

"ဟိုင်းဝေး အတွေ.အကြုံ အပိုင်း (၂)"

ABS ( Anti-lock Braking System ) အကြောင်းအနည်းငယ်ရှင်းပြပြီးသည်.နောက်၊ ဟိုင်းဝေးတွင်၊ မည်သို.ဂရုတဆိုက်မောင်း၇မည်၊ အချိန်ယူကာ အရှိန်လျော.သပ်ခြင်း၊ ဘ၇ိတ်အုပ် သောအခါ၊ ၇ပ်တန်.သည်အထိေ၇ာက်သွားတော.သည်. ခ၇ီးအကွာ အဝေး အစရှိသည်တို. အား ဆက်လက် တင်ပြ လိုပါသေးသည်။ ဟိုင်းဝေးပေါ်ကို တက်ေ၇ာက် မောင်းနှင်လာသည်.အခါ သမျှတွင်၊ မိမိ၏ မျက်စေ.အာရုံ၊ နားအာရုံ၊ တို.အားအမြဲ သတိရှိစွာထားရှိ မောင်းကြ၇ပေသည်။ အစစ အ၇ာ၇ာတွင်၊ အမြဲတမ်း ကြို တင်ပြင်ဆင်မှု.၊ အသီးသီးကို သတိကြီးစွာ ထားရှိကြ၇မည်။ လမ်းပေါ်မှာပဲ၊ concentration ကို တချိန်လုံး

"ကြက်ဆီထမင်း" (Wutyee Food House)


ထိုင်းစတိုင် ကြက်ဆီထမင်းလေးပါ။ ထိုင်းစတိုင် အရသာစစ်စစ်နဲ့ ကြက်ဆီထမင်းက ရန်ကုန်မှာစားနေကျ ကြက်ဆီထမင်းနဲ့တော့ အရသာမတူသာ အမှန်ပါ။ ဒါပေမယ့် စားလို့လည်းကောင်းပြီ လုပ်ရတာလည်း မခက်ပဲ လွယ်လွယ်ကူကူပင် လုပ်စားနိုင်သည်မို့ ကြက်ဆီထမင်းကို ခုပဲ လုပ်လိုက်ကြရအောင်…
ကြက်ဆီထမင်း ပါဝင်ပစ္စည်းများ
  • ကြက်ရင်ဗုံသား(သို့)ကြက်ပေါင်ရင်းသား ♦ ၆၀၀ ဂရမ် (၄ခု)

"အိမ်လုပ် ပဲပြုတ်" (Wutyee Food House)












ပဲပြုတ်ကို မြန်မာလူမျိုးတိုင်း မနက်စာအဖြစ် အမြဲစားလေ့ရှိပါတယ်။
ပဲပြုတ်ကို လွမ်းတဲ့ နိုင်ငံခြား ရောက်မြန်မာတွေ အလွယ်တကူ
လုပ်စားနိုင်အောင် ထိုချက်နည်းလေးကို ဝေမျှပေးလိုက်ပါတယ်။ ဒီချက်နည်းကို
ဝတ်ရည် ဟင်းချက်မိတ်ဆွေ မအိသက်ဆီက ရရှိတာပါ။ ချက်နည်းလေးကို
ကြည့်ကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
၁။ စားတော်ပဲ (Gargen Pea) – ၂၀၀ ဂရမ် (Market) အိန္ဒိယ ကုန်စုံဆိုင်
များမှာ ၀ယ်ယူနိုင်ပါသည်။)

November 19, 2014

"ဆွေးနွေးမည် မဟုတ်ဟု သပိတ်မှောက် ကျောင်းသားများ တုံ့ပြန်"

အမျိုးသားပညာရေးဥပဒေနဲ့ ပတ်သက်ရင် ပင်မ ဥပဒေကို ပြင်ဆင်မှ ရမှာ ဖြစ်ပြီး နည်းဥပဒေမှာ ပြင်ဆင်ပါက ရှေ့နဲ့ နောက် ဆန့်ကျင်ဘက်တွေ ဖြစ်လာနိုင်တယ်လို့ သပိတ်မှောက်ကျောင်း သားတွေနဲ့ ဖွဲ့စည်းထားတဲ့ ဒီမိုကရေစီ ပညာရေး လှုပ်ရှားမှု ဦးဆောင် ကော်မတီက ပြောပါတယ်။
10383629_800511393320696_8700151484447765881_nအမျိုးသားပညာရေး ဥပဒေကို

"စပါးလင် ၏ ကျန်းမာရေးအာနိသင်များ "

 မြက်မျိုးနွယ်ဝင် စပါးလင် သည် စပါးလင်မွှေးနှင့် ဟင်းစားစပါးလင် ဟု နှစ်မျိုး ရှိကြောင်း၊ စပါးလင်မွှေး သည် ဟင်းစားစပါးလင်ထက် ပို ၍ ရွက်ပြားကြီးကာ ပို၍ရှည်လျား ကြောင်း၊ အချို့သော စီးပွားရေးဈေး ကွက်များတွင် မျက်နှာပန်း လှ ဈေး ကွက်ဝင်ပစ္စည်းတစ်မျိုးဖြစ်ကြောင်း တို့ကို လေ့လာ သိရှိရပါသည်။ နည်း  ပညာများ ဘက်စုံတိုးတက် နေသော ယနေ့ခေတ်တွင် ကမ္ဘာ့ဆေးဝါးကုမ္ပ ဏီကြီးများသည် စပါးလင်ဆီကို စား ဆေး၊ သောက်ဆေး၊ လိမ်းဆေး တို့ ထုတ်လုပ် ရောင်းချလျက်ရှိကြလေ သည်။ စပါးလင်၏ အရွက်နှင့်အဆီ ကို တိုင်းရင်းဆေးဝါး များ ထုတ်လုပ် ရာတွင် လည်းကောင်း၊ ရောဂါကုသ ရာတွင် လည်းကောင်း၊ ပရဆေးအ ဖြစ် အသုံးပြုကြ၏။ မြန်မာနိုင်ငံ အ နေဖြင့်မူ လူမျိုးပေါင်းစုံတို့၏ ဟင်း လျာ တွဲဖက်ချက်ပြုတ်ပစ္စည်းတစ်မျိုး အဖြစ် လူသုံးများ လှပေသည်။

မြန်မာ့ ဆေးကျမ်းဖွင့်ဆိုချက်အ ရ စပါးလင်သည် ဖန်၏။ ခါး၏။

"ချစ်သူရေ... ငါလေ မင်းအတွက်ဆို "

ချစ်သူရေ...
ငါလေ မင်းအတွက်ဆို
နေမင်းကြီးကို ထီးသွားဆောင်းပေးမယ်..
ပင်လယ်ကြီးကို ပါးစပ်ထဲ ငုံကာထားမယ်.
မင်းအကြိုက် ပန်းပင်တွေကို ငါ့ပါးပြင်ပေါ်စိုက်လို့ ထားမယ်...
မိုးရေတွေကို မျက်စိထဲ သိမ်းကာထားမယ်...
တောင်တွေကို ပုခုံးပေါ်တင်လို့မ မယ်..
တောတွေကို ဆံပင်ထဲ ဝှက်ကာ သိမ်းမယ်
လေတွေကို နှာခေါင်းထဲ ပိတ်လို့သိမ်းမယ်
ချစ်သူရေ...

November 18, 2014

" ရောသမဆိုဒ် (၂) တွင်တင်ထားသော ပိုစ့် အသစ်များ "

"ခါးဆစ်ရိုး ထိခိုက်စေသည့် အမူအကျင့်များ"
(ဒီနေရာလေးကိုနှိပ်ပါ)

"မြန်မာ့ ဆေးဖက်ဝင် နနွင်းပင်"
(ဒီနေရာလေးကို နှိပ်ပါ)

"အသိအမှတ်ပြု စံနစ်တကျ ယာဉ်အမောင်းသင် ဆရာ သင်တန်းများရှိသင်. ပြီ။ (အပိုင်း ၁)"
(ဒီနေရာလေးကို နှိပ်ပါ)

ဝင်ရောက်အားပေး ကြပါရန် ပြောပါရစေလား ခင်ဗျာ.... သူငယ်ချင်းတို့ရဲ့ အားပေးမှုကို ဝမ်းသာစွာ စောင့်မျှော်နေပါတယ်...ကျေားဇူးအထူးတင်ပါတယ်......
ရွှင်လန်းချမ်းမြေ့လို့ လိုရာဆန္ဒများ ပြည့်ဝကြပါစေ.....
((ရောရောသမမွှေ))

 

" မယုံချင်ပေမယ် ကြုံခဲ့ရသည့်  သရဲဇာတ်လမ်း"


2001 ခုနှစ် ၀ါဆိုအဖိတ်နေ့ ရယ် လပြည့်နေ့ရယ်က ကျွန်တော် အရင် နေခဲ့တဲ့ အိမ်ရဲ့ သုံးအိမ်ကျော် အိမ်မှာ အဲဒီ ကိစ္စတစ်ခု ဖြစ်တယ်ဗျ

မောင်နှစ်မ လေးယောက် နေတယ် ပေါ့ဗျာ.. အကြီးဆုံးက မိန်းမ ရှိတယ် သားက ကိုးတန်း သမီးက ခြောက်တန်း၊ ညီအလတ်ရယ် ညီမအငယ်ရယ် ညီအထွေးရယ်က လူလွတ်တွေ

ညီမအငယ်က စိတ်ထားဆိုးတယ်ဗျ သူ့ အလုပ်မှာ သူ့ရာထူးတိုးရေးအတွက် အောက်လမ်း ဆရာတွေနဲ့ ပင်းတာတွေဘာတွေ လုပ်တယ်

အိမ်ရှေ့ လမ်းမမှာ ညသန်းခေါင် အမဲသားစိမ်း ငါးဆယ်သား ခေါစာ ခဏခဏ ထွက်ကျွေးတယ်

" မိန်းကလေးများ ရဲ့ သတိထားသင့်တဲ့...ညှို့ချက် (၈) ချက်"

                      

ညို့ချက် (၁)
တစ်ချို့ မိန်းမတွေက မျက်နှာကို ချိုချိုလေး လုပ်ထားတတ်တယ်။ အဲ့ဒါယောက်ျားတွေကို စွဲဆောင်တဲ့ နံပါတ်တစ်"သိတံ" လို့ ခေါ်တယ်။ (မျက်နှာမြင် ချစ်ခင်ပါစေဆိုတဲ့ ရုပ်လေးတွေပေါ့ဗျာ)

November 17, 2014

နည်းတောင် နည်းသေးတယ်

အားလုံးမင်္ဂလာပါဗျာ ကျွန်တော်မောင်စိုးလဲ သတင်းနဲ့ပတ်သက်ပြီးတော့ ပိုစ့်တွေတင်ဖြစ်တယ်ဗျာ ပာာသတွေ ကဗျာတွေက ကျွန်တော့်ရောသမအစ်ကိုကြီးက တင်ဆက်ပေးနေတာပါ အခုလဲ ပာာသလေ တစ်ခုလောက် ရေးမယ်ဗျာ စာအုပ်ထဲမှာဖတ်လိုက်ရလို့ပါ သူငယ်ချင်းတို့ကိုလဲ ဖတ်စေချင်လို့ပါ စာရေးဆရာအမည်က ကိုရွှေတောသားဖြစ်ပါတယ် ဖတ်လို့ကောင်းပါတယ် ရယ်ရပါတယ်။ ဖတ်ရအောင်သူငယ်ချင်းတို့
                                  နည်းတောင်နည်းသေးတယ်
၁၅၀၀ တန်ဖုန်းကိုဖွင့်လျှက် ကိုချက်ကြီးတစ်ယောက် သူ့မိတ်ဆွေထံ ဆက်သွယ် စကားပြောနေသည်။ “သူငယ်ချင်းရေ….ကိုယ်စောစောက တွေ့လိုက်ရတဲ့ မိန်းမကွာ။ တကယ့်ကို အပေါက်အစပ်ဆိုးတာပဲ…“ “ဘယ်လို့ဆိုးတာတဲ့တုံး“ “ဘယ်လိုဆိုးလဲဆိုကွာ…. ကိုယ့်ကိုပြောလိုက်တာများ နင်ပဲ ငဆနဲ့ကက်ကက်ကိုလန်လို့ပဲ။ ပါးဆွဲရိုက်မယ်လေး ဘာလေးတောင်လုပ်သေးတာ…“ “နေပါအုံး၊ မင်းနဲ့သူက ဘယ်လို့လုပ်ပြီး ဆုံကြတာလဲ…“ ”ဘယ်လိုဆုံတုနိးဆို ငါ စီးလာတဲ့ စက်ဘီးလက်ကိုင်နဲ့ သူမ ခါးကို ပွတ်တိုက်သွားမိတုန်းကပေါ့ကွာ” “သေချင်းဆိုး….. လဲသေလိုက်ပါတော့လား။“
--- ဆရာ ကိုရွှေတောသားကို အမြဲလေးစားလျှက်ပါ ဆရာရဲ့ခွင့်ပြုချက်မရှိဘဲ ဆရာရဲ့ပာာသတွေကို blog မှာတင်မိလို့ ခွင့်လွှတ်ပေးပါဆရာ သူငယ်ချင်းတွေဖတ်လို့ရအောင်တင်ဆက်ပေးတာပါဗျာ
သူငယ်ချင်းတို့ ကျွန်တော်မောင်စိုးကိုဆက်သွယ်ချင်ရင် mgsoemin1995@gmail.com ကိုဆက်သွယ်နိုင်ပါတယ်။ သူငယ်ချင်းတို့ကိုစောင့်မျှော်နေပါတယ် ပာာသတွေဖတ်ပြီးပျော်ရွှင်ပါစေဗျာ။

"ဟိုင်းဝေး အတွေ.အကြုံ အပိုင်း (၁)"

highwayမော်တော်ယာဉ်မောင်းခြင်း ဆိုင်၇ာ အတွေ.အကြုံများမှ၊ ယခုတဖန် ဆက်လက်ပြီး၊ ဟိုင်းဝေး မောင်းနှင်ခြင်းဆိုင်၇ာ၊ အတွေ.အသိများကို၊ တင်ပြသွားလိုပါသည်။ မော်တော်ဝေး motorway မောင်းတာများ ဘာအထူးေ၇းသား နေ၇သလဲလို. မေးသူများရှိ ကောင်းရှိပါလိမ်.မည်။ သို.ပါသော်လည်း၊ ဖတ်မှတ်ထားသောအခါတွင်လည်း၊ ဗဟုသုတ ကလေးတော. ၇သွားကြမှာ ဖြစ်ပါသည်။ ယခင်ဆောင်းပါးများတွင်၊ ကျနော် မီးမောင်း ထိုးပြခဲ.သည်.အတိုင်း၊ စံနစ်

" ဟာသမဟုတ်တဲ့ ဟာသ" ပေါက်စီ ချစ်ရတဲ့ဆရာမ

                                                                                                                                                                     
 ပေါက်စီ ချစ်ရတဲ့ဆရာမ..
ဆရာမရေ ပေါက်စီနှင့် ဆရာမတို့ဟာလေ ပေါက်စီ ထိပ်က မင်နီစက်လေးလို တဦးနှင့် တဦးကပ်နေပြီး တဦးရဲ့ ရင်ခုံသံကို တဦးက ကြားနေရတယ် ဟုတ်စ? ပေါက်စီရဲ့ အတွင်းထဲမှာ ပဲချိုလေးတွေ သွပ်ထားသလိုဘဲ ဆရာမကို ချစ်တဲ့ အချစ်တွေဟာလည်း ပေါက်စီ လေးရဲ့ ရင်ထဲမှာ ပြည့်လျှံနေတယ်လေ....ကျောင်းပြေးလွန်းတာ ကြိုက်တတ်တဲ့ ပေါက်စီလည်း ဆရာမ စာလာသင်တဲ့ နေ့ကစပြီး အတန်းချိန်အပြည့် တက်တတ်တဲ့ အပြင် ကျောင်းကို အစောကြီးရောက်လာတတ်ပြီ.... ဆရာမရဲ့ လက်ထဲက ပစ္စည်းတွေ ကူလို့ သယ်ပေးတတ်နေပြီ....ဆရာမစာ သင်နေတာကိုငေးလို့

"ရွှေခဲကြက်တူရွေး"

"အဘိုးအိုနှင့် သားသုံးယောက်" (ပဌမတန်း မြန်မာဖတ်စာ)

 ရှေးသရောအခါ အဘိုးအိုတစ်ဦးတွင် သားသုံးယောက်ရှိလေသည်။ အဘိုးအိုသည် သားသုံးယောက်အား ထင်းစည်းတစ်စည်းကိုပေး၍ တစ်ယောက်ပြီးတစ်ယောက် ချိုးစေ၏။ သားတို့သည် အားထုတ်၍ ချိုးကြသော်လည်း ထင်းစည်းက မကျိုးနိုင်။

ထိုအခါ အဘိုးအိုက ထင်းစည်းကိုဖြေစေ၍ တစ်ယောက်တစ်ချောင်းစီ ချိုးစေပြန်၏။ သားတို့သည် ထင်းချောင်းများကို အလွယ်တကူ ချိုးနိုင်ကြလေသည်။

November 16, 2014

"ကဗျာ မဟုတ်သော ကဗျာ"

 
ငှက်ကလေးတွေ သစ်ပင်ထက်မှာပျော်မြူးလို့ကွယ်
အဲ့ဒါနင့်ကို ငါချစ်တယ်....
ကြောင်ကလေးတွေ ဆော့ကာ ဖမ်းကာ ပြေးကြတယ်
အဲ့ဒါနင့်ကို ငါချစ်တယ်....
ရေပြင်ပေါ်မှာ လေတိုက်ခတ်လို့ရယ် လှိုင်းထတယ်
အဲ့ဒါနင့်ကို ငါချစ်တယ်....
ဝေဟင်ပေါ်မှာ လေယာဉ်ပျံကာ အသံမြည်ကျယ်
အဲဒါနင့်ကို ငါချစ်တယ်......
ရန်ကုန်မှာကွယ် တိုက်တွေ မိုးထိမြင့်လို့လာတယ်
အဲ့ဒါနင့်ကို ငါချစ်တယ်...
နွေအခါမှာ နေတစ်ရာလို ပူလောင်ကာ အိုက်လှတယ်
အဲဒါနင့်ကို ငါချစ်တယ်.....
ပေတစ်ရာမှာ ရောသမမောင်စိုး ကားကြီးမောင်းလို့ရယ်
အဲဒါနင့်ကို ငါချစ်တယ်....
ကွန်ပြူတာမှာ ဗိုင်းရပ်စ် မဝင်အောင် တားဆီးထားတယ်
အဲဒါနင့်ကို ငါချစ်တယ်....
နေရာတကာမှာ အလှအပချယ်ထား မိန်းကလေးများကို ငါကြည့်တယ်
အဲဒါနင့်ကို ငါချစ်တယ်...
ကဗျာတွေ စာတွေ ရေးသားဖို့ရယ် ကိုယ်မတတ်တယ်
အဲဒါနင့်ကို ငါချစ်တယ်.....
ဒီနေရာမှာကွယ် အူကြောင်နေတာ ရပ်လိုက်ပါတော့မယ်
အဲဒါနင့်ကို ငါချစ်တယ်.....

((ရောသမ ပေါက်စီ))

Subscribe

လာလည်သူများ

free counters