♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 16, 2014

"ကဗျာ မဟုတ်သော ကဗျာ"

 
ငှက်ကလေးတွေ သစ်ပင်ထက်မှာပျော်မြူးလို့ကွယ်
အဲ့ဒါနင့်ကို ငါချစ်တယ်....
ကြောင်ကလေးတွေ ဆော့ကာ ဖမ်းကာ ပြေးကြတယ်
အဲ့ဒါနင့်ကို ငါချစ်တယ်....
ရေပြင်ပေါ်မှာ လေတိုက်ခတ်လို့ရယ် လှိုင်းထတယ်
အဲ့ဒါနင့်ကို ငါချစ်တယ်....
ဝေဟင်ပေါ်မှာ လေယာဉ်ပျံကာ အသံမြည်ကျယ်
အဲဒါနင့်ကို ငါချစ်တယ်......
ရန်ကုန်မှာကွယ် တိုက်တွေ မိုးထိမြင့်လို့လာတယ်
အဲ့ဒါနင့်ကို ငါချစ်တယ်...
နွေအခါမှာ နေတစ်ရာလို ပူလောင်ကာ အိုက်လှတယ်
အဲဒါနင့်ကို ငါချစ်တယ်.....
ပေတစ်ရာမှာ ရောသမမောင်စိုး ကားကြီးမောင်းလို့ရယ်
အဲဒါနင့်ကို ငါချစ်တယ်....
ကွန်ပြူတာမှာ ဗိုင်းရပ်စ် မဝင်အောင် တားဆီးထားတယ်
အဲဒါနင့်ကို ငါချစ်တယ်....
နေရာတကာမှာ အလှအပချယ်ထား မိန်းကလေးများကို ငါကြည့်တယ်
အဲဒါနင့်ကို ငါချစ်တယ်...
ကဗျာတွေ စာတွေ ရေးသားဖို့ရယ် ကိုယ်မတတ်တယ်
အဲဒါနင့်ကို ငါချစ်တယ်.....
ဒီနေရာမှာကွယ် အူကြောင်နေတာ ရပ်လိုက်ပါတော့မယ်
အဲဒါနင့်ကို ငါချစ်တယ်.....

((ရောသမ ပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters