♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 19, 2014

"ချစ်သူရေ... ငါလေ မင်းအတွက်ဆို "

ချစ်သူရေ...
ငါလေ မင်းအတွက်ဆို
နေမင်းကြီးကို ထီးသွားဆောင်းပေးမယ်..
ပင်လယ်ကြီးကို ပါးစပ်ထဲ ငုံကာထားမယ်.
မင်းအကြိုက် ပန်းပင်တွေကို ငါ့ပါးပြင်ပေါ်စိုက်လို့ ထားမယ်...
မိုးရေတွေကို မျက်စိထဲ သိမ်းကာထားမယ်...
တောင်တွေကို ပုခုံးပေါ်တင်လို့မ မယ်..
တောတွေကို ဆံပင်ထဲ ဝှက်ကာ သိမ်းမယ်
လေတွေကို နှာခေါင်းထဲ ပိတ်လို့သိမ်းမယ်
ချစ်သူရေ...

ငါလေ မင်းအတွက်ဆို ရက်၊ လတွေကို လက်ထဲဖမ်းထားမယ်
အချိန်တွေကို သွားနှင့် ညှပ်လို့ဖမ်းကာဆွဲမယ်..
မင်းရဲ့ ခြေလှမ်းတိုင်းမှာ မြေပြင်လုပ်ပြီး အနင်းခံမယ်..
မင်းရဲ့ အလှတွေ မပျက်စေဖို့ ငါ့အသွေးအသားတွေ ပေးလို့ထားမယ်..
ချစ်သူရေ...
ငါလေ မင်းအတွက်ဆို ဘာမှ မလုပ်ပေးတော့ဘူး
ငါဘာမှ စဉ်းစားလို့မရတော့ဘူးးး
ငါမင်းအတွက် ဘာလုပ်ပေးရမလဲဆိုတာ ငါမသိတော့ဘူးး..
ငါဘာမှ မကြံတတ်တော့ဘူးး
ငါက ကဗျာဆရာမှ မဟုတ်တာ
သူတို့ကြောင်သလို ကြောင်ကြည့်ပါတယ်
သူတို့ ရူးသလို ရူးကြည့်ပါတယ်..
သူတို့ပေါသလို ပေါကြည့်ပါတယ်..
သူတို့နှံ့သလို နှံ့ကြည့်ပါတယ်..
သူတို့ ပွသလို ပွကြည့်ပါတယ်
သူတို့ ကျစ်သလို ကျစ်ကြည့်ပါတယ်
သူတို့ ရစ်သလို ရစ်ကြည့်ပါတယ်...
သူတို့ စမ်းသလို စမ်းကြည့်ပါတယ်..
သူတို့ရမ်းသလို ရမ်းကြည့်ပါတယ်..
သူတို့ ချဲသလို ချဲကြည့်ပါတယ်..
သူတို့ ကဲသလို ကဲကြည့်ပါတယ်..
သူတို့ လန်းသလို လန်းကြည့်ပါတယ်..
သူတို့ တွန့်သလို တွန့်ကြည့်ပါတယ်
သူတို့ ဂစ်သလို ဂစ်ကြည့်ပါတယ်..
ငါမတတ်တော့ဘူးး ငါအရှုံးပေးလိုက်ပြီ ချစ်သူရေ..
ငါမင်းကို ငါချစ်တတ်သလိုဘဲ ချစ်တော့မယ်..
ငါလေ ရောသမမောင်စိုး ကဲသလို မကဲတတ်ဘူး
ငါလေ ရောသမမောင်စိုး မောင်းသလို မမောင်းတတ်ဘူး
ငါလေ မင်းကို ငါချစ်သလို ငါတတ်သလိုဘဲ ချစ်မယ်ဆိုရင်
မင်း လက်ခံနိုင်မှာလားကွယ်...

ရင်နှင့် အပြည့် ပဲယို သိပ်လို့
((ရောသမ ပေါက်စီ))

No comments:

Subscribe

လာလည်သူများ

free counters