
ထို့အပြင် ၎င်းက ဆက်လက်၍ “အဲဒါနဲ့ ဖွေးက စဉ်းစားတယ်။ ကိုဝိုင်းနဲ့တိုင်ပင်တယ်။ လူတစ်ယောက်က အောက်ဆီဂျင် ပြတ်ရင် မျက်ထောင့်တွေ နီလာ တယ်လေ။ လည်ပင်း အညစ်ခံရတဲ့ သူဆိုရင် အောက်ဆီဂျင် ပြတ်ပြီးတော့ လည်ပင်းကြောတွေ ထောင်လာတယ်။ အဲဒီတုန်းက ဖွေးအသက် အောင့်ပြီးတော့ သွေးကြောတွေ ညစ်ထုတ် ပြီးတော့ လုပ်ခဲ့တယ်။ သတိသုံးခါ လစ်တယ်။ သရဲဝင်ပူးတာက ဖွေး ကိုတော့ ၀င်မပူး ခဲ့ဘူး။ ၀င်ပူးပါစေလို့တောင် ဆုတောင်း ခဲ့တာ။ ဘာဖြစ်လို့လဲ ဆိုတော့ ကိုယ်မပင်ပန်း တော့ဘူးလေ။ သရဲက အိုက်တင် လုပ်သွား မှာပေါ့နော်။ စက်အဖွဲ့ လူတချို့ကို ၀င်ပူးခဲ့တာတော့ ရှိတယ်။ ဖွေးက သရဲ ကြောက်တတ်တယ်။ ဒီကားက ကိုယ့်ဆရာ ခေါ်တဲ့ကား ဆိုတော့လေ သေသေကြေကြေ ဆိုပြီး ရိုက်လိုက်တာ။ တော်ရုံတန်ရုံ သရဲကားမှ မရိုက်တာ။ ကြောက် လည်း ကြောက် တယ်။ တစ်ကယ် လည်း ရှိပါတယ်လို့ သတင်းထွက် နေတဲ့ နေရာမှာ သွားရိုက်တာ ဆိုတော့ လန့်လန့်နဲ့ ရိုက်ရတာပါ။ ဒီကားရိုက်ပြီးလို့ ရှုတင်နားတဲ့ အခါကြ ရင် အိပ်လို့ မပျော်ဘူး။ မြန်မြန် ပြီးပါစေလို့ ဆုတောင်းတယ်။ ဒါပေမဲ့ ပရိသတ် အတွက်တော့ အားလုံးကောင်းအောင် ကြိုးစား ခဲ့ပါတယ်။ ကိုယ့်ကားကိုယ် ပြန်ကြည့်ရတာ အခုထိ ကြောက်နေ တုန်းဘဲ” ဟု ၄င်းက ပြောသည်။
ယင်းဇာတ်ကားတွင် ဇာတ်ဝင်ခန်း အရ ၀ိဥာဉ်ပူးကပ်ခံရသည့် ဇာတ်ရုပ်ကို ရိုက်ကူးရာ၌ ၎င်း၏ နားထင်သွေးကြော ထုံးလာသည့် အခန်းတွင် အသက်အောင့်ကာ သရုပ်ဆောင်ခဲ့ ခြင်းကြောင့် ရိုက်ကူးရေးတွင် သတိသုံးခါ လစ်ခဲ့သည်ဟု ဖွေးဖွေးက ပြောသည်။
“ကြောက်လို့ပါ။ ဒီလိုသရဲကား ရိုက်ကူးတာလည်း ဒါက ပထမဆုံးနဲ့ နောက်ဆုံး ရိုက်ခြင်း ပါဘဲ။ ကိုယ့်ဆရာ ရိုက်ခိုင်းလို့ ရိုက်တာ။ ရိုက်ကွင်းပေါ် ရောက်ပြီ ဆိုရင် ကိုယ့်တာဝန် ကျေရတော့ မယ်လေ။ အလုပ်မှာ တစ်ခါမှ သတိမလစ်ဖူး ဘူးလေ။ သတိလစ် သွားတယ် ဆိုတော့ သရဲများ ၀င်ပူးချင်တာလား ဆိုပြီးတော့ နည်းနည်းတော့ လန့်တာ ပေါ့နော်” ဟု ဖွေးဖွေးက ထပ်မံပြောသည်။ ၎င်းသည် ရုပ်ရှင် ဇာတ်ကား များကို တစ်နှစ်တစ်ကား ပုံမှန်ရိုက်ကူး သွားမည် ဖြစ်သော်လည်း ဗီဒီယိုဇာတ်ကား ရိုက်ကူးမှု များကို ခေတ္တရပ်နား ထားသည်ဟု ပြောသည်။
Credit to ဖိုးသူတော် (www.phothutaw.com)
Credit: Mizzima
No comments:
Post a Comment