♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 17, 2014

"ဟိုင်းဝေး အတွေ.အကြုံ အပိုင်း (၁)"

highwayမော်တော်ယာဉ်မောင်းခြင်း ဆိုင်၇ာ အတွေ.အကြုံများမှ၊ ယခုတဖန် ဆက်လက်ပြီး၊ ဟိုင်းဝေး မောင်းနှင်ခြင်းဆိုင်၇ာ၊ အတွေ.အသိများကို၊ တင်ပြသွားလိုပါသည်။ မော်တော်ဝေး motorway မောင်းတာများ ဘာအထူးေ၇းသား နေ၇သလဲလို. မေးသူများရှိ ကောင်းရှိပါလိမ်.မည်။ သို.ပါသော်လည်း၊ ဖတ်မှတ်ထားသောအခါတွင်လည်း၊ ဗဟုသုတ ကလေးတော. ၇သွားကြမှာ ဖြစ်ပါသည်။ ယခင်ဆောင်းပါးများတွင်၊ ကျနော် မီးမောင်း ထိုးပြခဲ.သည်.အတိုင်း၊ စံနစ်
တကျ လေ.လာထားသောအခါ၊ မိမိတို.အတွက် လွယ်ကူနိုင်ပါတော.သည်။ အသက်အန္တ၇ာယ်လည်းကင်းပေသည်။
ဟိုင်းဝေးကို ခ၇ီးအရှည်မောင်းမှသာ၊ ယာဉ်မောင်းများ တက်ေ၇ာက်မောင်းကြ၇သည် ဖြစ်သဖြင်.၊ မြို.ထဲမောင်း သလောက်၊ ထမင်းစားေ၇သောက်လောက် လွယ်ကူမည်ဟု ခတ်ပေါ.ပေါ.တွေး ထင်ထားခြင်းမပြုသင်.ပေ။ ဟိုင်းဝေးဆိုသည်.အတိုင်း၊ ယာဉ်မောင်းနှုံးသပ်မှတ်ချက်သည်၊ မြို.ထဲမောင်းသည်ထက် ပိုမိုမြန်ဆန်စွာ မောင်းကြ ၇သဖြင်၊ မော်တော်ယာဉ် ထိန်းသိမ်းမှု. အထူးဂရုဆိုက်ကြ၇တော.သည်။
ဟိုင်းဝေးတွင်၊ လမ်းအကောက်အကွေးများ (Bending )၊ အတက်အဆင်းများ (up and down roads)၊ လမ်းမညီညွတ်မှု.များ၊ မညီညာမှု.များ ( road even and slops )၊ အမျိုးမျိုးသော သတိပေး ဆိုင်းဘုတ်များ၊ ကိုတွေ.၇တတ်ပါသည်။ ယာဉ်မောင်းသူအတွက် အန္တ၇ာယ်ဖြစ်စေမည်.၊ လမ်းအနေအထားများတို.ကို၊ ၇ည်ညွှန်းပြသထားသော၊ road signs များ၊ သတိပေးထားချက်များ၊ အခါအားလျှော်စွာတွေ.၇ပါလျှင်၊ မိမိတို.၏ ယာဉ်ထိမ်းချုပ်မှု.ကို၊ လိုအပ်သလို အရှော.အတင်း ဆောင်းကြိုးနှင်းဆိုသလို၊ ( speed adjustment ) ကို တင် ကြိုလုပ်ထား၇တော.သည်။ အန္တ၇ာယ်နားေ၇ာက်မှ၊ ဘ၇ိတ်ကို မတန်တဆသုံးပြီး၊ အရှိန်ကို လျှော.ချခြင်းထက်၊ ဆိုင်းဘုတ်ကို စတင် အဝေးက တွေ.တွေ.ချင်း၊ Forward Planning တင်ကြို စီစဉ်မှု.ကို လုပ်ကြ၇ပေသည်။
အမြန်နှုံး Speed Limit ဆိုသည်၊ အမြင်.ဆုံးမောင်းနိုင်သော နှုံးသာဖြစ်ပြီး၊ မော်တော်ဝေး highway တလျှောက်လုံး ၄င်းပြဌာန်းထားသော speed ကို တသပ်မှတ်တည်း မောင်းနိုင်သည်ဟု မှတ်ယူခြင်းသည်၊ လွဲမှားတော.သည်။ မည်သို.ပင် အမြင်.ဆုံးအမြန် နှုံးသတ်မှတ်လင်.ကစား၊ မိမိတို.တွေ.ကြုံနေသော လမ်းအခြေအနေအ၇၊ သင်. တော်မည်. speed ဖြင်.မောင်းခြင်းသည်၊ မိမိအတွက်ေ၇ာ၊ အများလမ်းသုံးသူ ယာဉ်များတို.အတွက်ပါ စိတ်ချ၇သည်။ အန္တ၇ာယ် လည်းကင်စေနိုင်သည်မဟုတ်ပါလား။
သဘာဝအနေအထားအ၇၊ အရှိန်များနေသော ကားတစီးသည်၊ စတီယာတိုင် ပိုမိုပေါ.ပါးနေစေပြီး၊ စတီယာတိုင် ထိမ်းချုပ်မှု. ခက်စေတော.သည်။ တခုခုဖြစ်ပြီဆိုပါလျှင် စတီယာတိုင်က ဆွဲလို ဆွဲမှန်းမသိ တဖက်ထဲကို ဆွဲချ သွားတတ်သည်။ ၄င်းမှာ speed များသောကြောင်. ကွန်ထရိုး ထိမ်းချုပ်မှု.မနိုင်တော.သည်.၊ အခြေအနေသို. ဆိုက်ေ၇ာက်သွားစေပြီး၊ ကြောက်အား လန်.အားဖြင်. ဘ၇ိတ်ကိုသုံးသည်.အခါ ဘ၇ိတ်မအုပ်ခင် တခါ ကလပ် clutch ကို အ၇င်နင်းမိတော.သည်။ အရှိန်ဖြင်. မောင်းနေသောယာဉ်မောင်းသည်၊မှား ယွင်းစွာ ကလပ်ကိုအ၇င် နင်းလိုက်တတ်၇ာက၊ မိမိ၏မော်တော်ယာဉ်သည်၊ ယခင်မောင်းနေသည်. အရှိန်ထက် နောက်ထပ် တဖန် အရှိန်ပိုမိုမြင်.တက်သွားတော.သည်။ အကြောင်းမှာ၊ ကလပ်ကို မှားယွင်းစွာ နင်းလိုက်သည်.အခါ၊ အင်ဂျင်နှင်. ဘီးများကိုထိမ်းချုပ်ထားသော၊ ထိမ်းချုပ်မှု.”ဒစ်အဝိုင်း”များ ဂီယာဗောက် gear box မှ ကွာဟသွားလေ၇ာ Engine Breaking အင်ဂျင်၏ ထိမ်းချုပ်မှု. လွတ်ကင်းသွားတော.၇ာက၊ speed ပိုမြန်သွားတော.သည်။ ကားဘီးများဟာ နဂိုကထဲက အရှိန်များစွာ လှဲ.ပတ်သွားနေ၇ာက၊ ကားဘီးများနှင်.တိုက်ရိုက်ဆက်သွယ်နေသော၊ ပလိပ်ပြားနှင်. အင်ဂျင်ကိုတိုက်ရိုက် ဆက်သွယ်နေသော ပလိပ်ပြားတို. ကွာဟသွား၇ာက၊ မော်တော်ယာဉ်သည်၊ ထိမ်းမ၇ speed ပိုများသွားတော.သည်။ ကျနော်တို. မြန်မာလူမျိုးတို.သည် ကလပ်ကို မလိုအပ်ပဲ အမြဲသုံးတတ်သည်။ ကလပ်ပေါ်မှာ ခြေတင်ထားသော အကျင်. လည်းရှိတတ်သည်။ မလိုအပ်ပဲ ခြေကို ကလပ်ပေါ်တင်ထားပါလျှင်၊ ကလပ်ဘ၇ိတ်ပျက် စီးလွယ်သည်။ ( clutch brake wear & tear ) ဖြစ်တတ်သည်။ ဘယ်ဖက်ခြေကအမြဲတမ်း ကလပ်ကို နင်းထား ထိထားသောအခါ၊ ကလပ်ပလိတ်သည် မသိမသာ ၈ီယာဗောက် နဲ.ငြိနေတတ်သည်။ မလိုအပ်ပဲ ကလပ်ကို နင်း သောကြောင်. မော်တော်ယာဉ် ပိုမြန်သွားခြင်းကို coasting ဖြစ်သည်ဟု ခေါ်သည်။ Coasting is driver’s fault ယာဉ်မောင်း၏ အပြစ်ဟုဆိုကြသည်။ မလိုအပ်ပဲ ကလပ်ကိုကိုင် ထားသည်. အတွက်ဖြစ်သည်။ အန္တ၇ာယ်ရှိသည်၊ေ၇ှာင်ရှား၇မည်ဟု အဆိုရှိသည်။
မော်တော်ဝေးတွင် အရှိန်ဖြင်.မောင်းနေ၇ာက၊ မှားယွင်းစွာ ကလပ်ကို အမှတ်တမဲ. အ၇င်နင်းမိခဲ.သော်၊ မိမိသည် စတီယာတိုင်ကို မည်သို.မျှ ထိမ်းချုပ်နိုင်မည် မဟုတ်ပါပဲ၊ ယာဉ်ဆွဲခေါ်သွား၇ာသို.၊ ပါသွားတော.သည်။ ထို.တွင်မက၊ ကြောက်အားလန်.အား ဘ၇တ်အုပ်သောအခါ၊ နောက်ဘီးများက ဆွဲမိဆွဲ၇ာ လက်ဝဲဖက် သို.မဟုတ် လက်ယာ ဖက် ဆွဲချတော.ပြန်သည်။ စကစ် skid ဖြစ်သည်ဟုခေါ်သည်။ ဘာဖြစ်လို. စကစ်ဖြစ်တာလည်းဆိုလျှင်၊ ဘ၇ိတ်ကို hash braking သို.မဟုတ် sudden braking ခေါ် ဖိအားဖြင်.ဘ၇ိတ်ကို တအားအရှိန်နဲ. ရိုက်ချနင်းပြစ်လိုက်သောအခါ၊ စတီယာတိုင်သည် lock ဖြစ်သွားတော.သည်။ စတီယာကို လှည်.မ၇ဖြစ်သည်နှင်.၊ နောက်မှ ဘီးများက တဖက် ဖက်သို. နောက်ဘီးတဖက်က ကပ်ပြီး၊ မြန်မာအခေါ် စလစ် ဖြစ်တော.၇ာ၊ မော်တော်ယာဉ်မှာ ထိမ်းချုပ်မှု. လုပ်မ၇ဖြစ်တော.သည်။ ထိုအခါ မော်တော်ဝေးပေါ်မှာ လမ်းနဘေးသို. ဆွဲချသွား တော.သည်။ ထိုသို.ဆွဲချသွားသည်နှင်. မော်တော်ယာဉ် တိမ်းမှောက်သွား၇န်၊ မခက်ခဲတော. ပါပေ။ အချို.ကလည်း၊ ဘီးပေါက်လို.ဆွဲချသွားသည်ဟု ယူဆကြသည်။ ဆွဲချသွားပြီးမှ၊ လမ်းနဘေး က တိုင် သို.မဟုတ် ကျောက်ခဲတို.နှင်. မော်တော်ယာဉ် ဘီးအရှိန်ပြင်းစွာ တိုက်ခတ်၇ာက၊ တာယာကွဲခြင်း အစရှိသည်တို. ဖြစ်တတ်တော.သည်။
အရှိန်ပြင်းထန်စွာမောင်းနေသော၊ ယာဉ်တစီး ဘ၇တ်အုပ်၇ာတွင်၊ မိမိတို.စတီယာတိုင်ကို၊ အသေအခြာ စုပ်ကိုင်ထားဘို.လိုပြီး၊ ယာဉ်ကို တည်.နိုင်သမျှ တည်.မတ်မှု.ရှိစေ၇န်၊ ထိမ်းထား၇ပေမည်။ စလစ်ဖြစ်၇င် ( skid ) ဘယ်လိုထိမ်း၇မည် ဆိုသည်ကိုလည်း သိထား၇ပေမည်။ များသောအားဖြင်. ခေတ်ပေါ် ကားများတို.တွင် အေဘီအက်စ် ABS ခေါ် Anti-Lock Braking System ပါရှိကြပေသည်။ အေဘီအက်စ်က ဘာလုပ်ပေးသလဲ ဆိုလျှင်၊ စတီယာတိုင်ကို လှည်.နိုင်အောင် lock ဖြစ်မသွားအောင် ဖန်တီးပေးသည်။ စလစ် skid ဖြစ်၇ာတွင် စတီယာတိုင် လှည်.မ၇ မဖြစ်စေ၇န်၊ ABS က Adjust လုပ်ပေးထားသဖြင်.၊ စတီယာတိုင်ကို လိုအပ်သလိုလှည်.ပြီး၊ ပြန်လည်တည်.မတ်လာအောင် ထိမ်းလို.၇တော.သည်။ ယခင်ခေတ် ယခင်အခါက၊ ABS မပေါ်မှီက၊ စလစ်ဖြစ်၇င် ဒီအတိုင်းပဲ၊ မျှောပါသွားတော.သည်။ ယခုအခါ ABS တတ်ဆင်ထားသော ကားများအတွက်၊ နောက်ဘီးက လက်ဝဲဖက်ကို ဆွဲသွား၇င်၊ အဲ.ဒိ ဆွဲသွားတဲ.ဖက်ကို အသာလေး လိုသလောက် စတီယာတိုင်ကို လှည်.ပေးကြ ၇သည်။ သို.မှသာ ကား၇ဲ. Position သည် ပြန်တည်.မတ်တော.မည်။ Skid ဖြစ်တိုင်း steer into it လို. အင်္ဂလိပ်နည်းပြ စာအုပ်များတွင် ဖော်ပြထားသည်။ Right ဖက်ကို Skid ဖြစ်၇င် steer into Right လို.ဆိုသည်။ လှည်.တာများသွား၇င် over-steering ဖြစ်သွား၇င်တော. တခါ ဆန်.ကျင်ဖက်ကို skid ဖြစ်တတ်ကြောင်း သတိပေးထားသည်။ ၄င်းကဲ.သို. ကြုံတွေ.ခဲ.သော်၊ တခါ skid ဖြစ်တဲ. ဖက်ကို အနည်းငယ် လှည်.ပေးပြီး၊ ပြန်ဖြောင်.၇တော.သည်။ ဘ၇တ်အုပ်လိုက်လို. Skid ဖြစ်သည်ဟု ခံစား၇လျှင်၊ ချက်ချင်း ဘ၇တ်ကို ပြန်လွှတ်ပြီး၊ အမြန်ပြန် ဘ၇တ်အုပ်၇ပြန်သည်။ Skid ဖြစ်စမှာ ဘ၇တ်ကို မလွှတ်ပဲ၊ ဆက်နင်းထားလျှင်၊ ပိုမိုစိုးရွားစွာ စလစ် ဖြစ်တော.သဖြင်. ကာကွယ်သည်.သဘော၊ အမြန်ပြန်လွှတ် ပြီးတော.၊ ချက်ချင်းပြန်နင်း၊ ထပ်ပြီး စလစ်ဖြစ်ပြန်၇င်၊ ဘ၇တ်ကို ပြန်လွှတ် ပြန်နင်း စသဖြင်.၊ လုပ်ဆောင်သွားကြ၇သည်။ ABS တတ်ထားသော ကားများတွင်၊ အေ၇းပေါ် မည်သို. ဘ၇တ်အုပ်ကြမည် ဆိုသော လမ်းညွှန်များအမြဲ ပါသည်။ မိမိဝယ်ယူသော မော်တော်ယာဉ်တွင် ကားလက်ဆွဲစာအုပ် Car Manual Book တွင် ဖတ်မှတ်လေ.လာကြ၇သည်။ မိမိဝယ်သော မော်တော်ယာဉ်သည် ABS ( Anti-lock Braking System ) အမှန်တကယ် ပါမပါ စစ်ဆေးသင်.ကြသည်။ ABS ပါမပါ စစ်လိုပါက၊ ယာဉ်မောင်းထိုင် စက်ခန်းရှေ.ရှိ ဒိုင်ခွက်ပေါ်တွင်၊ ABS brake sign ကလေးပါမပါ ကားစက်သော.ဖွင်.လျှင် ဒိုင်ခွက်မီးများလင်းလာလျှင် စစ်လို.၇သည်။ လက်ဆွဲစာအုပ်တွင် ပုံစံနမူနာလေး ပြထားတတ်သည်။ အပိုင်း (၂ ) သို. ဆက်လက်ဖတ်ရှု. နိုင်ပါသည်။

Credit to   myanmartodaynews.com

No comments:

Subscribe

လာလည်သူများ

free counters