♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 23, 2015

"အန်တီဆွိရဲ့ ကြက်ဥပူတင်း လုပ်နည်းလေး"

 

ကြက်ဥ ပူတင်း

အန်တီဆွိ ကြက်ဥပူတင်း လုပ်စားပေါင်း များလှပါပြီ။ တစ်ခါမှ recipe ကို မှတ်ထားတယ် မရှိလို့ လုပ်ခါနီးမှ ကမန်းကတမ်း ဂူဂဲမှာရှာ၊ အချိုးအစားပြန်ကြည့်ရတယ်။ ဒီတစ်ခါတော့ ဘယ်ရမလဲ။ မှတ်နေကျ ဘလော့ဂ် စာမျက်နှာလေးမှာ လာမှတ်ထားလိုက်ပါပြီ။ အန်တီဆွိရဲ့ ပိတ်သတ်တွေလဲ အချိုပွဲလေး စားချင်ရင် လုပ်စားလို့ရတာပေါ့။ လုပ်ရတာ လွယ်ကူပြီး စားလို့လဲ သိပ်ကို အရသာရှိတဲ့ ကြက်ဥ ပူတင်းလေးပါ။

"မမတို့ရေ....ကိုယ့်ရာသီခွင်နဲ့ လိုက်ဖက်တဲ့ လက်သည်းနီဆိုးဆေး အရောင်တွေ သိချင်တယ်ဆိုရင်"

တစ်ချို့လူတွေက အယုံအကြည် မရှိကြပေမယ့် ကိုယ်မွေးတဲ့ ရာသီခွင်နဲ့ လိုက်ပြီး လူတစ်ယောက်ချင်းစီမှာ ထူးခြားတဲ့ စွမ်းရည်၊ အားသာချက်တွေ ရှိနေကြပါတယ်။ ဒါ့အပြင် မတူညီတဲ့ စတိုလ်တစ်မျိုးချင်းစီကိုလည်း ရာသီခွင်နဲ့ လိုက်ပြီး ပိုင်ဆိုင်ကြပြန်ပါတယ်။ သင့်စိတ်ထဲမှာ ရှိနေတဲ့အရာတွေ၊ သင့်ရာသီခွင်ကို ကိုယ်စားပြုတဲ့ အရောင်တွေ ရှိနေတယ်ဆိုတာကိုလည်း မယုံမရှိပါနဲ့။ ဒီအချက်ဟာ ထူးခြားတာမို့ သင့်ရာသီခွင်နဲ့ လိုက်ဖက်တဲ့ လက်သည်းနီအရောင်လေးတွေ ရွေးချယ်ဖော်ပြပေးလိုက်ပါတယ်။

Aries 
Aries ( အနီရောင်)
မတ်လ ၂၁ရက်ကနေ ဧပြီ ၁၉ရက်အတွင်း မွေးဖွားသူတွေဟာ Aries ရာသီဖွားတွေပါ။ စိတ်ခံစားချက်ပြင်းထန်သလို၊ စိတ်အားထက်သန်မှုအပိုင်းကလည်း အမြင့်ဆုံးမှာ အမြဲရှိတတ်တဲ့ Aries ရာသီဖွားတွေအတွက်ကတော့ အနီရောင်ဟာ အလိုက်ဖက်ဆုံးလို့ သိရပါတယ်။

"အမျိုးသမီးအိမ်သာထဲဝင်ပြီး မစင်တွေစားတဲ့ တရုတ်အမျိုးသားတစ်ဦး ဖမ်းဆီးထိန်းသိမ်းခံရ" ကိုယ်ကျိုးတော့ နည်းရချေရဲ့ ..မောင်!!


တရုတ်နိုင်ငံ ဂန်ဒေါင်း မြို့တော်တစ်ဝိုက်က အမျိုးသမီးအိမ်သာတွေထဲ ဝင်လိုက်ထွက် လိုက်လုပ် နေတဲ့ သူစိမ်းအမျိုးသားတစ်ဦးက မြို့တော်ရဲတပ်ဖွဲ့ဝင်က မသင်္ကာမှုနဲ့ ဖမ်းဆီးစစ်ဆေးလိုက်တဲ့အခါမှာ အံ့အားသင့်စရာနဲ့ မနှစ်မြို့စရာ အဖြစ်အပျက်အ ကြောင်းအရာတစ်ခု ပေါ်ပေါက်ခဲ့ပါတယ်။တိတ်တဆိတ် ခြေရာခံလိုက်တဲ့ ရဲတပ်ဖွဲ့ဝင်တွေက ယင်းအမျိုးသားမှာ အမျိုးသမီးအိမ် သာတွေထဲက အိမ်သာခွက်ထဲ ခေါင်းထိုးစိုက်ဝင်ပြီး မြိန်ရေယှက်ရေ မစင်တွေစားသုံး နေတာဖြစ်ပါတယ်။

"ချစ်ကိုကို ချစ်မမတို့ရေ.....မီးလင်းစေဖို့ ဘယ်ခလုတ်ကို နှိပ်ရမှာလဲ"

ချစ်ကိုကို ချစ်မမတို့ရေ.....မီးလင်းစေဖို့ ဘယ်ခလုတ်ကို နှိပ်ရမှာလဲ....

(၁) အပြာလား
(၂) အဝါလား
(၃) အစိမ်းလား
(၄) အနီလား       
ဘယ်မီးခလုတ်လဲ...ပဟေဠိကို အဖြေသိရင် ပြောပြပါလား......အဖြေမသိရင်တော့ အောက်မှာအဖြေပေးထားပါ
တယ်.....အထက်က ပုံလေးကိုတော့ မိတ်ဆွေ တယောက်ရဲ့ ဖေ့စ်ဘွခ်ပေါ်ကနေ ဆွဲလာတာပါ...အဖြေကတော့
ရောရောသမက ပေးထားခြင်း ဖြစ်ပါတယ်.....

"ချစ်လို့ပါ ကောင်မလေး"

 
ကောင်မလေးတစ်ယောက်က သူ့ချစ်သူ ကောင်လေးကို သူမ လှသလားလို့ မေးတော့ ကောင်လေးက “မလှဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။

သူမနဲ့အတူ ထာဝရ နေချင်သလားလို့မေးတော့ ကောင်လေးက “မနေချင်ဘူး”လို့ပဲ ပြန်ဖြေလိုက်ပါတယ်။

အဲဒီနောက် သူမသာ အဝေးကို ထွက်ခွာသွားမယ်ဆိုရင် သူ ငိုမှာလားလို့ မေးလိုက်တော့ ကောင်လေးက “မငိုဘူး”လို့ပဲ ပြန်ဖြေပါတယ်။

May 22, 2015

Fast & Furious ကို အတုခိုးတဲ့ တရုတ်လူငယ်နှစ်ဦး ထောင်ကျ



တရုတ်နိုင်ငံ ဘေဂျင်းမြို့မှာ Fast & Furious ရုပ်ရှင်ထဲက အတိုင်း တန်ဖိုးကြီး ပြိုင်ကားနှစ်စီး အပြိုင်မောင်းခဲ့ကြတဲ့ လူငယ်နှစ်ယောက်ကို ထောင်ဒဏ် ၄ နှစ်နဲ့ ၅ လစီ ချမှတ် လိုက်ပါတယ်။

" မ နဲ့ မောင် "

အိမ်ထောင်ကျခါစ မ။......... ။ တင်းနေအောင် ဖက်မထားနဲ့လေမောင်.. မ အသက်ရှုလို့ မဝတော့ဘူး။
 မောင်။... ။ ဖက်မထားရင် မောင်အိပ်မပျော်လို့ပါ မရယ်။
 နှစ်အတန်ကြာသော် မ။......... ။ မောင်အိပ်ရင် မကို ဖက်မအိပ်တာကြာပြီနော်။
 မောင်။...။။ ဖက်ပြီးအိပ်ရင် အသက်ရှုလို့ မဝဘူးဆိုတာ မသိဘူးလား။

"အနုပညာရှင် DJ Pollyfonika ရဲ့ ပစ္စည်းတပိုင်း ခဲရာတပိုင်း လက်ရာမြောက်ပန်းချီများ"

 
အနုပညာရှင် ပေါ်လီဖိုနီကာရဲ့ လက်ရာလေးများကို အပျင်းပြေကြည့်ကြရအောင်လား

"ဆီ၊ အဆီနှင့် အဆိပ်"

 
အစားအစာ အဆိပ်မျိုးစုံသင့်၍ လူအများ ရောဂါရကြသည့် အကြောင်းကို သတင်းစာ၊ ဂျာနယ်များတွင် ရေးသားချက်များအရ ထိုပြဿနာမှာ အမျိုးသားပြဿနာကြီး တစ်ရပ်အဖြစ် ရောက်ရှိလာကြောင်း မြင်တွေ့ရပါသည်။
ကျွန်တော်သည် ငယ်စဉ်မူလ တန်းကျောင်းသား ဘဝမှ ၁၉၆၄ ခုနှစ် ဆယ်တန်းအောင်မြင်ပြီး တက္ကသိုလ် တက်ရောက်ပညာသင်ကြားနေသည့် အချိန်တွင် ကျွန်တော်၏ပတ်ဝန်းကျင် အသိုင်းအဝိုင်း၌ ကင်ဆာဖြစ်နေသူ

"လောကကြီးတွင် လူတစ်မျိုးရှိသည်... ဘယ်သူလဲ သိပါသလား??

 
လူတစ်မျိုးရှိသည်
.
လောကကြီးတွင် လူတစ်မျိုးရှိသည်......
ကိုယ်နှင့်အတူ ရှိနေသော အချိန်များတွင် အစားအသောက် ကောင်းများကို ကိုယ့်အတွက် အမြဲချန်ထားတတ်ပြီး ရာသီဥတုအေးလျှင် အနွေးထည်ထပ်ဖို့၊ အပြင်ထွက်လျှင် အစစအရာရာ သတိနှင့်နေဖို့ ဂရုတစိုက် အမြဲမှာတတ်သည်။ တစ်ခါတစ်ရံ ထိုအပြောများကို ကိုယ်ကနားပူသည်ဟု ထင်ခဲ့သော်လည်း စိတ်ထဲတွင်မူ နွေးထွေးသောမေတ္တာကို ခံစားရသည်။ ကိုယ့်မုန့်ဖိုးလိုသောအချိန် လက်ဖြန့်တောင်းလျှင် ပိုက်ဆံရှာရသည်မှာ မည်မျှ ခက်ခဲကြောင်း၊ ပိုက်ဆံ၏ တန်ဖိုးကို ပြောပြတတ်သည်။ ပါးစပ်က

"Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး "

Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး

10 Common Allergy Triggers (အလာဂျီ) ရစေတတ်တဲ့ အကြောင်းတရား (၁ဝ) ပါး
Allergies ဆိုတာ ကိုယ့်ရဲ့ Immune system ခုခံမှုစနစ်က မတော်တရော်ဖြစ်လို့ရတယ်။ တကယ်တော့ Harmless substance လူကို ဒုက္ခပေးလေ့ မရှိတာတွေကနေ ဖြစ်စေတယ်။ ဥပမာ Pollen ပန်းဝတ်မှုံ၊ Animal dander တိရစ္ဆာန်အမှုံ နဲ့ လူတွေစားတဲ့ Food အစာတွေပါတယ်။ ဖြစ်ရင် သာမန်ကာရှန်ကာလေးလောက်ကနေ အသက်ကိုပါ ရန်ရှာတဲ့အထိ ဆိုးနိုင်တယ်။ အမေရိကားမှာ လူ ၅ ယောက်မှာ တယောက်လောက်က (အလာဂျီ) ရကြတယ်။

May 21, 2015

e-Cigarette က ဆေးလိပ် အမြဲပြတ်အောင် အထောက်အကူ မပြုနိုင်ကြောင်း တွေ့ရှိ


တိုရွန်တို ၊ ၂၀-၅-၂၀၁၅

ဆေးလိပ်ဖြတ် လိုသော ဆေးလိပ်စွဲ သူများကြား e-Cigarette ခေတ်စားနေပြီး ကုမ္ပဏီများ ကလည်း e-Cigarette  ကို အသုံးပြုကာ ဆေးလိပ်ကို အမြဲအတွက် ဖြတ်နိုင်မည်ဟု ကြော်ငြာ နေကြသော်လည်း တကယ်တမ်း တွင် e-Cigarette ကို အစားထိုးကာ ဆေးလိပ် အမြဲပြတ် သွားသည့် သက်သေ သာဓကများ မရှိကြောင်း သုတေသီများက ဝေဖန် ထောက်ပြ ထားသည်။

ထန်းပင်ပေါ်ရှိ ပျားအုံကို တက်ဖွပ်သူ မီးလောင်သေဆုံး


နတ်တလင်း မေ ၂ဝ

ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် နတ်တလင်းမြို့နယ် ပွဲသာကျေးရွာ အုပ်စု ကုန်းကလေး ကျေးရွာတွင်မေ ၁၅ ရက်မွန်းလွဲ ၁ နာရီခွဲက ဦးအောင် မင်း၏လယ်ထဲရှိ ဖုန်းဆိုးထန်းပင်(အခက်အလက်များ မရှင်းသောပင်)ပေါ်သို့တက်၍ ပျားအုံတက်ဖွပ်ရာ ထန်းလက်များ မီးလောင်ပြီး ပျားတက်ဖွပ်သော အာလူး (၁၄ နှစ်)သည် တစ်ကိုယ်လုံး မီးလောင်ပြီး ထန်းပင်ပေါ်မှ ပြုတ်ကျခဲ့သည်။

"မောင် မောင် မောင် ခေါ်သံများ ပေါလှချည်းလား..."


ဟင်! ........  ဟာ!!...........အိုး!!..........အဲ!!........အမ်!!

မောင် မောင် မောင် ခေါ်သံများ
ပေါလှချည်းလား...
မီးက မှောင်မှောင်
ဥတုက ပူလောင်
ခွေးကဟောင်ဟောင်
ကြောင်က ညောင် ညောင်
ဆူညံတဲ့ လူ့ဘောင်....
ဖေ့စ်ဘွခ်က မောင်မောင်
အရပ်ထဲလည်း မောင်မောင်
ပါးစပ်ထဲလည်း မောင်မောင်
ရည်းစားကလဲ မောင်မောင်

" စိတ်ကို အလွန့်အလွန် ကသိကအောက် ဖြစ်စေရသည့် အကြောင်းအရာများ" ( ၂ )

(၁၁) ခရီးသွားတဲ့အခါ ကိုယ့်ဘေးက ခရီးဖော်က အသံကုန်ဟောက်လို့ အိပ်ပျော်နေရင် အနေရ ခက်သလို ဟိုဖော်ဒီဖော် အောက်စပေါ်နေရင်လည်း အနေရခက်သကွယ်...

12-that_embarrassing_moment_when 

(၁၂)  ဝလွန်းရင်လည်း မကောင်း လှလွန်းရင်လည်း မကောင်း အဝလွန်တော့ အထိုင်အထ

"ကိုယ့်လက်ကိုင်ဖုန်းကို ကိုယ့်ရည်းစားထက်တောင် ပိုခင်တွယ်နေပြီလား "

  
အမျိုးသမီးတွေဟာ အမျိုးသားတွေထက် ဖုန်းကိုပိုခင်တွယ်တတ်ကြတယ်တဲ့။ ကိုယ့်လက်ကိုင်ဖုန်းလေးကို တသသနဲ့ လက်ထဲကပြုတ်ကျမှာ၊ တစ်နေရာမှာ ကျန်ခဲ့မှာကို စိုးရိမ်တတ်ကြတဲ့ အမျိုးသမီးတွေဟာ ကိုယ့်ရည်းစားနဲ့ တွေ့ဆုံချိန်တွေမှာတောင် လက်ထဲက ဖုန်းကိုမချနိုင်ပဲ ဟိုကလိ၊ ဒီကလိလုပ်တတ်ကြလွန်းလို့ အမျိုးသားတွေက သူတို့ထက် ဖုန်းကို ပိုချစ်နေပြီလားလို့ မေးခွန်းထုတ်ကြတဲ့အထိပါပဲ။ ဘာ့ကြောင့်များ သူတို့တွေ ဖုန်းကို ခင်တွယ်နေကြပါသလဲ။

"အမျိုးသမီးများအတွက် အထက်မြက်ဆုံး သက်စောင့်ဆေး "

အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း ပညာရှင်များက ဆိုသည်။

ခရမ်းချဉ်သီးသည် အမျိုးသမီးများအတွက် အမှန်တကယ် အာနိသင် ထက်မြက်သည့် သက်စောင့်ဆေးဝါး တစ်မျိုးဟု သုတေသီများက ညွှန်းဆိုလိုက်သည်။ အမျိုးသမီးများ၏ အသက်ကို အဓိက ခြိမ်းခြောက်လေ့ရှိသည့် ရင်သားကင်ဆာရောဂါ ဖြစ်နိုင်ခြေကို ခရမ်းချဉ်သီးဖျော်ရည် ပုံမှန်မှီဝဲခြင်းဖြင့် သိသိသာသာ လျှော့ချနိုင်ကြောင်း

" ဆောင့်ကြောင့်ထိုင်ကာ မော်တော်ဘုတ်စီးခြင်းက ဗိုလ်ထိုင်သမားထက် ကျန်းမာရေး ပိုကောင်းသတဲ့ကွယ်"



လူသားတွေ မစင်စွန့်တဲ့ အကြောင်းအရာဟာ မပြောသင့်မပြောအပ် တဲ့ အကြောင်းအရာ တစ်ခုဖြစ်ပေမယ့်လည်း သိပ္ပံ ပညာရှင်တစ်ယောက်က မစင်စွန့်တဲ့ နည်းလမ်းအကြောင်း ပြောပြီး အောင်မြင်မှု ရပြီးတဲ့နောက် လူတိုင်းအတွက်လည်း ပြောစရာ တစ်ခုဖြစ်လာခဲ့ပါပြီ။

ဂျာမနီ နိုင်ငံက အနုဇီဝ ပညာရှင် တစ်ယောက်ဖြစ်တဲ့ Giulia Enders ဆိုသူ အခိုင်အမာ ပြောပြခဲ့တာ ကတော့ အနောက်နိုင်ငံတွေမှာ အိမ်သာတက် ၊ မစင်စွန့်တဲ့အခါ ငုတ်တုတ်ထိုင်ပြီး ပြုလုပ်ခြင်းဟာ မှားယွင်းနေတယ်ဆိုတာပါပဲ။ အကောင်းဆုံးဖြစ်မယ့် နည်းလမ်းကတော့ အရှေ့တိုင်း အာရှ နိုင်ငံတွေမှာလို ဆောင့်ကြောင့်ထိုင် ပြုလုပ်ဖို့ပဲ ဖြစ်ပါတယ်။

" ရောသမ ကိုကိုတို့ မမတို့ရေ....မတူတဲ့ပုံလေး ရှာကြည့်နိုင်မလား" (ပဟေဠိ)

ဒီရုပ်ပုံထဲက မတူတဲ့ပုံလေးက နံပါတ်ဘယ်လောက်လဲ....
ရှာရ ခက်ရင် အဖြေကို အောက်မှာ ပေးထားပါတယ်.......

May 20, 2015

" စိတ်ကို အလွန့်အလွန် ကသိကအောက် ဖြစ်စေရသည့် အကြောင်းအရာများ" (၁)

စိတ်ကို ကသိကအောက်ဖြစ်စေသော ရှက်ကိုရှက်ကန်း ဖြစ်စေရသည့် အကြောင်းအရာများ.....
(၁) ....အောက်ခံကို သေချာမစည်းမိလို့.... ထိုင်ရက ထရင်တင်ကိုပွတ်ကြည့်ရတယ်..အရှေ့
အနောက် အောက်ဖက်ကို တချက်ကြည့်ရတယ်ကွယ်.......  ဒါလေးကတော့ အိမ်သာထိုင်ခုံပေါ်တစ်ရှူးခင်းထိုင်ပြီး.  ကိစ္စပြီးလို့ ပြန်အထမှာ သေချာမကြည့်မိလို့ တစ်ရှူးဖတ်က အတွင်းခံနှင့်ကပ်ပါလာတာပါ..ဟိဟိ...

Most-Awkward-Party-FAILS-13 
 အိုကွယ်..မယားလေးရယ် မင့်မတော့ ဒုက္ခ...ကိုယ်မကယ်နိုင်ဘူး

(၂) ရင်နင့်အောင် ချစ်ရသူတွေ တဦးနှင့်တဦး တနာရီခရီးလေးပဲ ဝေးပါစေ ခွဲခွာရမှာ ရင်နှင့်မချိ

"ငါးထောင်တန် အသစ်၏ ရေစာနှင့် ကြိုးများကြောင့် ဘဏ်အချို့က အတုဟု ယူဆပြီး ငွေလွှဲရန် ခက်ခဲနေ"


နေပြည်တော်၊ မေ ၁၉ ။ ။ အသစ်ရိုက်နှိပ်လိုက်သည့် ငါးထောင်တန် ငွေစက္ကူသည် မြင်တွေ့ နေကျနှင့် မတူသောကြောင့် နေပြည်တော် ဥတ္တရသီရိ မြို့နယ် ရှိ ကမ္ဘောဇဘဏ်ခွဲက အဆိုပါ ငွေစက္ကူ အသစ်များကို ရွေးထုတ်ကာ လက်ခံရန် ငြင်းပယ်ခဲ့သည်ဟု မေလ ၁၈ ရက် နေ့လယ်တွင် ကိုယ်တွေ့ ကြုံရသူ တစ်ဦး ကမဇ္ဈိမ ကိုပြောသည်။
gdfhgkilopyersgd
၅၀၀၀ တန်အသစ်ကို စစ်ဆေးကြည့်ရှုနေသည့် ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဒေါ်ခင်စောဦးကို မေ ၁၉ရက်က တွေ့ရစဉ်။ (ဓာတ်ပုံ-စိုးသန်းလင်း)

"ဆန်အတုရဲ့ ထမင်းရည်အမြှေးတွေက ထူတယ် မကြေလွယ်ဘူး အခြောက်ခံပြီး မီးရှို့လို့ရတယ်တဲ့" ဆန်အတု အဆင့်ဆင့်ပြုလုပ်နေပုံ ဗီဒီယို

 Image result for fake rice
                                                      ပလပ်စတစ်ဆန်ရဲ့ ထမင်းရည်မြှေး
မေ ၁၉။ ။ အသက်တွေကို ကယ်တင်နိုင်တဲ့ထမင်းတစ်ပန်းကန်ဟာ အခုတော့ အန္တရာယ်ဖြစ်စေပြီး သေတောင်သေစေနိုင်ပါတယ်။
အဆိပ်အတောက်ရှိတဲ့ ကော်စေ့တွေနဲ့ပြုလုပ်ထားတဲ့ ပလတ်စတစ်ဆန်ဟာ အာရှနိုင်ငံအများအပြားရဲ့ဆိပ်ကမ်းတွေဆီ ဆိုက်ရောက်နေတယ်လို့ ဆိုပါတယ်။ ဆန်ဟာ ချက်ပြီးတဲ့နောက်လည်း မာကျောနေတုန်းပဲလို့ သိရပါတယ်။

" ကျောက်ဖရုံယို လုပ်စားကြမယ်လေ"

 
ကျောက်ဖရုံယို လုပ်လျှင် အပူဒဏ် ခံနိုင်အောင် အတော်လေး ရင့်သော အသီးဖြင့် လုပ်ရပါတယ်။ အရောင်ကြည်ပြီး၊ ကြွပ်အောင် ထုံးရည် စိမ်ပြီး၊ ကျောက်ချဉ် ကတော့ ဖရုံယို ပိုကြွပ်ပြီး၊ ပိုဖြူအောင် ထည့်တာ ဖြစ်ပါတယ်။ သံပုရာသီး ကိုတော့ ဖရုံသီးအနံ့ မထွက်အောင် ထည့်ခြင်းဖြစ် ပါတယ်။
သကြားအချိုးအစား ကတော့ ပြုတ်ပြီးတဲ့ ကျောက် ဖရုံသီးနဲ့ အချိုးတူ ထည့်ရပါမယ်။ ဖရုံသီး (2 cups)ဆို ထည့်ရမယ့် သကြားကလည်း (2 cups)ဖြစ်ပါတယ် (ဖရုံသီးဖတ်တွေ သေသေချာချာခွက်ထဲ ဝင်အောင် ထည့်ကြည့်ဖို့တော့ လိုပါတယ်။)။

"ကျောက်ကပ်ဝေဒနာသည်များအတွက် ဆေးစွမ်းကောင်းတစ်ခွက်"

 
((မဖတ်ရသေးသော ချစ်ဆွေများအတွက်ပါ))..........................
တကယ့်ဖြစ်စဉ်တစ်ရပ်ပါ။
-ကျွန်တောင့်္တပည့် မောင်ဝင်းဇော်၊ စိတ်အတော်မာသူ၊ မနက်မိုးလင်းလင်းခြင်း၊ မျက်ရည်တွေနဲ့
ကျွန်တော့်ကို၊ မပြောရဲ၊ မဆိုရဲ၊ စကားတစ်ခွန်းထွက်လာပါတယ်။
-အဘ ၊ အမေဆေးရုံတင်ထားရတယ်။ ဆီးမသွား၊ မျက်နှာဖော ယေင်၊ေ သတော့မယ်လို့
ပြောနေတယ်ဗျ။
-ကျွန်တော်ကလဲ၊ ကျန်းမာရေးက သိပ်မကောင်း၊ မကွေးက ခမည်းခမက်ရဲ့၊ သမီးကြီးမင်္ဂလာ
ဆောင်၊ သွားနေရတဲ့အချိန်။

May 19, 2015

" ပျားလေး တကောင်ရဲ့ မတူညီတဲ့ ပဟေဠိတွေကို အဖြေညှိဖို့ အဆင်သင့်ပဲလား ချစ်ကိုကို ချစ်မမတို့ရေ.."

 
အထက်က ပုံထဲမှာ မတူညီသော အချက် (၁၀) ချက်ရှိပါသတဲ့ ဘာတွေလဲဆိုတာ ရှာကြည့်နိုင်မှာလား.......အဖြေရှာလို့မရရင်.....အောက်မှာပေးထားပါတယ်....
(ရောရောသမမွှေ)

"ဖားသားချက် ....ဟီးဟီး.....မားသားချက်ဟုတ်ဖူး.....frog curry ပါ....

114 
ကျမက ငယ်ငယ်က ဖားသားဆိုလုံးဝ မကြိုက်ဘူး၊ ကြောက်တာလဲပါတာပေါ့နော်။ စားဖူးသူတွေ မေးတော့ အိုသိပ်ကောင်းတယ်။ ကြက်သားလေးလိုပဲတဲ့ ကျမက ဒါဆိုလဲကြက်သားပဲစားမှာပေါ့ လို့ပြန်ပြောဖူးတယ်။ ကြီးလာတော့မှသာ အရသာ မတူမှန်းသိရတယ်။ ငရုတ်သီး စပ်စပ် ၊ ပျဉ်တော်သိမ်၊ ဇီယာ တို့နဲ့ ခပ်ခြောက်ခြောက်လေး ချက်လိုက်ရင် အလွန်စားကောင်းပါတယ်။ သို့သော် ကျမမှာစားရ ကံမပါ ရှိသူမို့ တခါစားပြီး ရှောင်ကျင်ရပါတယ်။ ကြိုက်နှစ်သက်သူတို့ချက်စားနိုင်ရန် ရေးပေးလိုက်ပါတယ်ရှင်။

"မျက်စိနာ မဟုတ်တဲ့ မျက်စိ (အလာဂျီ) (Eye Allergies)"

မျက်စိ နီနေ၊ ရောင်နေ၊ မျက်ရည်ကျနေတိုင်း Conjunctivitis မျက်စိကျိန်းတာ မဟုတ်ပါ။
Eye Allergies မျက်စိ (အလာဂျီ) ဖြစ်နေနိုင်တာ သတိထားပါ။
• Eye Allergy Symptoms ရောဂါလက္ခဏာတွေ
မျက်စိရဲ့ ဖြူနေရမဲ့ နေရာက နီရဲနေမယ်။ မျက်ခွံယားမယ်။ မျက်ရည်ကျမယ်။ ပူလောင်နေသလို ခံစားရမယ်။ မျက်ခွံမို့နေမယ်။ အလင်းရောင်ကို အရင်လို မကြည့်နိုင်ဘူး။ (အလာဂျီ) ရတာက မျက်စိတခုတည်းမှာလဲ ရနေနိုင်တယ်။ nose allergy နှာခေါင်းပါ ဖြစ်တာနဲ့လဲ တွဲတတ်တယ်။ အရေပြား (အလာဂျီ) တခုဖြစ်တဲ့ Eczema နှင်းခူနာနဲ့လဲ တွဲနိုင်သေးတယ်။
• Why Allergies Make Eyes Red ဘာလို့ နီရသလဲ
မျက်စိ (အလာဂျီ) ဆိုတာ (အလာဂျီ) ရစေနိုင်တာနဲ့ ထိတွေ့မှုကနေဖြစ်ရတယ်။ တိရစ္ဆာန်အမှုံတွေ၊

"ချစ်သူများဖြစ်တတ်သော အလေ့အထ(ချစ်သူ စည်းကမ်း)"

 
 အာ့ပဲကြည့်တော့...အာ့လာပြောတာ...

ကျွန်တော်ဒီနေ့ ကျွန်တော် အမြင်လေတစ်ခုကို တင်ပြပါမယ်.။
ချစ်သူရည်စားတွေ အတွက်ပါ.။
တစ်ယောက်နဲ့ တစ်ယောက်ချစ်သူဖြစ်သွားကြပြီးဆိုပါစို့.။
ချစ်စ ခင်စ ကြင်နာစ အချိန်မှာ.တစ်ဦးရဲ့စကား တစ်ဦးက မှားနေရင်တောင်
ချစ်စိတ်လေးတွေနဲ့ ဖြည့်တွေးပြီး အကောင်းမြင်တက်ကြပါတယ်.။နောက်ပိုင်းနည်းနည်းကြာလာတော့..တစ်ဦးနဲ့တစ်ဦး အမြင်မတူလာတွေ တွေ့လာတော့
နည်းနည်းစကားများကြပြီးပေါ့..။

"ကိုကိုတွေရဲ့ အသားအရေကို ကြည်လင် ၀င်းပချောမွတ်အောင် ပြုပြင် မွမ်းမံပေးမည့် Fluid ....စော်ရှိတ်လို့ရပြီ..ဟိဟိ"


Holika Holika Shiny Homme Whitening Fluid
Holika Holika Shiny Homme Whitening Fluid
Holika Holika အမှတ်တံဆိပ်ရဲ့  Whitening အစွမ်းပါ အလှကုန် ပစ္စည်းဖြစ်တဲ့အတွက် မည်းညစ်ခြောက်သွေ့နေတဲ့ အမျိုးသားများရဲ့ အသားအရေကို ကြည်လင် ၀င်းပချောမွတ်အောင် ပြုပြင် မွမ်းမံပေးပါတယ်။ အလုပ်ရှုပ်ပြီး မအားလပ်မှုကြောင့် အသားအရေ ပြုပြင် ထိန်းသိမ်းဖို့

"ဦးခေါင်းအနံ့ဆိုးခြင်း ...ဘောက်ဆော်နံခြင်း.."


ဦးခေါင်းအနံ့ဆိုးခြင်း 
  ဦးခေါင်းအနံ့ဆိုးခြင်း
ဒီပြဿနာနဲ့ပတ်သက်ပြီး လူတွေ သိပ်သတိမထားမိတတ်ကြပါဘူး။ ခေါင်းမလျှော်တာကြာလို့ အနံ့ထွက်တယ်ဆိုပြီးပဲ ယူဆပစ်လိုက်တက်ကြပါတယ်။ ဦးခေါင်းအနံ့ဆိုးတဲ့ပြဿနာနဲ့ပတ်သက်ပြီး လေ့လာကြည့်ကြရအောင်နော်။

ဘာကြောင့် ဦးခေါင်းအနံ့ဆိုးရတာလဲ
နေတိုင်းလိုလို ခေါင်းလျှော်နေပေမဲ့လည်း နေ့လယ်လောက်ရောက်လာရင် ဦးခေါင်းမှာ ချွေးတွေထွက်လာပြီး

May 18, 2015

"သဲမှုန့်တွေကို နှစ်ပေါင်းဆယ်နဲ့ ချီစားသုံးလာတဲ့အမျိုးသမီး ပို၍ပင်ကျန်းမာရေးကောင်း ကြောင်းပြောပြ" ဟိုက်..ပလုတ်တုတ်..

 
အသက် ၁၀ နှစ်အရွယ်ကတည်းက သဲ တစ်ကီလိုဂရမ်ကို နေ့စဉ်နေ့တိုင်းနှစ်ခြိုက်စွာ စားသုံးလာတာကြောင့် သူမရဲ့ ကျန်းမာရေးကောင်းမွန်ကြံ့ခိုင်လာခြင်းဖြစ်တယ်လို့ အိန္ဒိ ယ အမျိုးသမီး ဆူဒမ ဒေဗီက အိန္ဒိယနေ့စဉ်သတင်းသို့ပြောကြားခဲ့ပါတယ်။ သဲ မြေကြီး ကို နေ့စဉ်အဓိကစားသုံးတဲ့ ထမင်းနဲ့ဖြည့်စွက်အာဟာရကဲ့သို့ပင် စားသုံးနေခဲ့တာပဲဖြစ် ပါတယ်။
သူတကာနဲ့မတူ ထူးခြားတဲ့စွဲလမ်းနှစ်ခြိုက်မှုကြောင့် မိသားစု၊ ကျောင်းနေသူငယ်ချင်း များနှင့် ပတ်ဝန်းကျင်က လူအများကြား တအံ့တသြဖြစ် ထူးဆန်းစေခဲ့ပါတယ်။ တစ်ကီလိုဂရမ်ကို ပန်းကန်ပြားထဲထည့်ပြီး သ ကြားလိုမျိုး၊ နို့မှုန့်တို့လိုမျိုးအခြားအရာ တွေ တို့တို့ကာ တစ်နေ့လေးကြိမ် စားသုံးတတ်ပါတယ်။

"သူ့အမြင် ကိုယ့်အမြင် မမတို့ရဲ့ အမြင် ....အဟင်းဟင်းဟင်း...." (ဟာသ)

 
ကျနော် စိုက်ပျိုးရေး တက္ကသိုလ် တက်နေရာမှ ကျောင်းပိတ်ရက်တွင် အိမ်သို့ပြန်လာ၏။

အိမ်နီးချင်း အမျိုးသမီး တယောက်က ကျနော့်အား လာတြွေ့ပီးမေးလေသည်။

ကြက်မွေးချင်လို့ တဲ့လေ.......အကြံဥာဏ်လာတောင်းတာပါ.....တဲ့။

အဲဗျ။ ကြက်မွေးမြူရေးမှာ... ကျနော် သင်ယူသည့်ဘာသာမဟုတ်ကြောင်း။ကျနော့် FIELD လည်း မဟုတ်ကြောင်း။

" ပင်လယ်စာစား သတိထား ....." အထူးမှတ်သား သတိထားဖို့ သင့်ပါတယ်..



ပင်လယ်ထွက်အစားအစာ (ပင်လယ်စာ)များအနက် အဆိပ်အတောက်ဖြစ်နိုင်သည့်အစာ မြောက်များစွာ ရှိ၏။ ယခင်ကဆိုလျှင် ပင်လယ်ထွက်အစားအစာများကို ကမ်းရိုးတန်းဒေသများတွင်နေထိုင်ကြသူများသာ စားသောက်လေ့ရှိကြသဖြင့် ပင်လယ်စာကြောင့် အဆိပ်သင့်ခြင်းသည် ကမ်းရိုးတန်းဒေသများအတွက်သာ
 ပြဿနာဖြစ်ခဲ့၏။ သို့သော် ခေတ်မီနည်းစနစ်များဖြင့် သားငါးများကို တာရှည်ခံအောင် သိမ်းဆည်း

"ကိုကိုတို့ မမတို့ရေ.....ပညာသား ပါသော ရည်းစားစာတဲ့..."


ဒီရည်းစား စာလေး ကိုဖတ်ကြည့်လိုက်ပါဦး သူငယ်ချင်းတို့ရေ … ဒါက ကောင်လေး တစ်ယောက်က သူ့ချစ်သူ
ကောင်မလေးဆီကို ပို့တဲ့ စာလေးပါ …… ကောင်မလေးအဖေက သူတို့နှစ်ယောက်ကို သဘောမတူဘူးလေ…. သူတို့
နှစ်ယောက်ရဲ့ ချစ်ခြင်းကို ခွဲဖို့ ကြိုးစားနေတယ်ပေါ့ …..ကောင်မလေးဆီရည်စားစာ ပို့ရင်လည်း သူမ အဖေ က ကြား
ကနေ ခိုးဖတ်ဦးမှာ သိနေတယ်…….. ဒီတော့ ဘယ်လိုလုပ်ရမလဲ ….. မတတ်နိုင်ဘူးလေ…

" ငါးရဲ့လျှာကို ရွေးစားကာ ငါးပါးစပ်ထဲ၌ လျှာယောင်ဆောင်နေသော လျှာကစွတ်ကောင်( ဝင်ကစွတ် ဟုတ်ဖူးနော်)"

 ကယ်လီဖိုးနီးယား ပင်လယ်ကွေ့က Cymothoa exigua တွေက ငါးပါးစပ် ထဲဝင်ပြီး လျှာမှာ ကပ်တွယ် နေပြီးနောက်မှာ လျှာကို စားပစ်လိုက်ပြီး ငါးရဲ့လျှာ နေရာမှာ သူတို့က အစားထိုး ၀င်နေလိုက် ပါတယ် ။

♪ မြန်ဆန်ပေါ့ပါးပြီး မြန်မာစာကိုထောက်ပံ့ပေးနိုင်တဲ့ - UC Browser for Android APK v10.5.0 Apk (15-May) ♫ (ကိုပေါက်)

Cover art

အခုကျွန်တော်တင်ပေးလိုက်တဲ့ UC Browser လေးကတော့ အတော်လေးကိုပေါ့ပါးမြန်ဆန်မှုရှိတဲ့ Browser လေးပါ။ လက်ရှိကျွန်တော်အသုံးပြုနေတာပါ။ Facebook Account ဖွင့်တဲ့နေရာမှာ အဆင်ပြေ လွယ်ကူဆုံးနဲ့အမြန်ဆန်ဆုံးပေါ့ဗျာ။ သဘောကျလွန်းလို့ အခြားသောသူငယ်ချင်းများကို မျှဝေပေးလိုက် တာပါ။ အင်တာနက်ကွန်နရှင် ကျနေချိန်မှာလည်း ပေါ့ပါးမြန်ဆန်စွာအသုံးပြုနိုင်မှာဖြစ်ပါ တယ်ဗျာ။ သူ့မှာ ကျွန်တော်သဘောကျတဲ့အချက်တွေပါရှိပါတယ်။ ဘာတွေလည်းဆိုရင် Browser မှာ ကိုယ်ပိုင် Downloader

May 17, 2015

ကလေးငယ်များကို မတိုက်သင့်သည့် ဆေးများ


(၁) အအေးမိချောင်းဆိုး သက်သာ ဆေးများ
ဈေးကွက်တွင်းအလွယ်တကူရရှိနိုင်သည့် အဖျားကျဆေး၊ ချောင်း ဆိုးပျောက် ဆေးရည်များသည် တစ် နှစ်အောက်ကလေးငယ်များ သုံးစွဲရန် မသင့်တော်ပေ။ ကလေးငယ်အတွက် သတ်မှတ်ထားသော ဆေးပမာဏ ကျော်လွန်သွားလျှင် ကလေးနှလုံး ခုန်မြန်ခြင်း၊ တက်ခြင်း၊ သေဆုံးခြင်း အထိဖြစ်နိုင်သည်။

မျက်စိညောင်း ခြင်းကို ကုသနည်းများ


ဒီနေ့ခေတ် ဘဝနေထိုင်မှု ပုံစံကြောင့် လူတွေ အိပ်ရေးပျက်တာ ၊ တီဗီ၊ ကွန်ပျူတာ အကြည့်များတာ၊ အင်တာနက် အသုံးများ တာတွေ ဖြစ်လာ ပါတယ်။

အိပ်ရေး ပျက်တာကြောင့် မျက်လုံး ဖောင်းအစ်တာနဲ့ မျက်စိညောင်းညာ တာတွေ ဖြစ်လာပါတယ်။ ညောင်းညာ ပင်ပန်း နေတဲ့ မျက်စိဟာ ကြည့်ရတာ သက်သောင့် သက်သာ မဖြစ်ရုံမက ဆွဲဆောင်မှုလည်း မရှိတော့ ပါဘူး။

"သွေးတိုးရောဂါအကြောင်း သိကောင်းစရာများ (Hypertension)"


ဆြာမရယ်..အနော်လဲ ဆြာမကိုမြင်ပြီးမှ အချစ်သွေးတွေတက်လာတော့တာပဲ...
အာ့ဘာလုပ်ကမှာလဲဟင်?...ကျမက ရှင့်ကို ပြန်ချစ်ကမှလားရှင်....ခ်ခ်ခ်

သွေးတိုးဆိုတာတော့ လူတိုင်းလောက်နီးပါးကြားဖူးလိမ့်မယ်ထင်ပါတယ်။ အခုခေတ်နောက်ပိုင်းမှာ အသံတိတ်လူသတ်လက်နက်အဖြစ် ထင်ရှားလာပါတယ်။ အသက်ကြီးလာလေ သွေးတိုးဖြစ်ဖို့ များလာလေဆိုပေမယ့်လည်း ပြောင်းလဲလာတဲ့ လူနေမှုပုံစံနဲ့ နေထိုင်စားသောက်မှုဓလေ့တွေကြောင့် အသက်ငယ်ရွယ်သူတွေမှာပါ သွေးတိုးရောဂါ ပေါပေါများများဖြစ်နေကြပါတယ်။ သွေးတိုးရောဂါဟာ လေဖြတ်ခြင်းနဲ့ နှလုံးကြွက်သားပုပ်ခြင်းတို့ရဲ့ အဓိကအကြောင်းရင်းဖြစ်ပါတယ်။ သွေးပေါင်ချိန်တိုင်းတဲ့အခါမှာ နှစ်မျိုးထွက်ပါတယ်။ Systolic and Diastolic blood pressure မြန်မာလိုဆိုရင်တော့ အပေါ်သွေးနဲ့ အောက်သွေးပါ။ နှလုံးက ညှစ်လိုက်တဲ့ဖိအား သွေးကြောတွေအပေါ်မှာ သက်ရောက်မှုပေါ်မူတည်ပြီး သွေးပေါင်ချိန်ကိုတိုင်းတာပါတယ်။

"ဘီလူးစီးခံရခြင်း (သို့) ထမင်းလုံးတစ္ဆေခြောက်ခြင်း "


ဘီလူးစီးခြင်း

ဘီလူးစီးတယ်ဆိုတာကိုယ်တိုင်မကြုံဖူးရင်တောင် လူတိုင်းကြားတော့ကြားဖူးလိမ့်မယ်ထင်ပါတယ်။
အိပ်နေတဲ့အချိန်မှာလူကနိုးနေသလိုလိုနဲ့ ခြေတွေလက်တွေလှုပ်မရ၊ အော်မရပာစ်မရနဲ့အတော်ကြီးကို
စိတ်ဒုက္ခရောက်ရတာမျိုးပါ။တစ်ခါလောက်ကြုံဖူးသွားတာနဲ့ နောက်ထပ်ကြုံဖို့လန့်သွားတတ်ပါတယ်

ဥပမာ- ထမင်းလုံးတစ္ဆေ ခြောက်သလိုမျိုး

"ချစ်သူပေးသော ကဗျာ "

 

မိုးတွေပြိုတော့မယ်
ငိုနေတဲ့ နှလုံးသား
ထပ်ဖျားမှာစိုးမိလို့
ကောင်းကင်အောက်
လမ်းလျှောက်မထွက်မိအောင်
အနိုင်နိုင်ထိန်းရင်း
မျက်ရည်မိုးအဖြစ်သာ
နှလုံးသားကို စို စေလိုက်မယ် ။

"ပုဇွန်တုမ်းရမ်း ဟင်းရည်ချက်နည်း "



အခုဖော်ပြမှာက..ပုဇွန်တုမ်းရမ်းဟင်းရည်ချက်နည်း... ဖြစ်ပါတယ်..၊ကျွန်မအမေ.ရဲ့အသဲစွဲဟင်းရည်တမျိုးပေါ့၊ချဉ်ငံစပ်လေးပါ၊
အရမ်းကြိုက်လို့ခဏခဏချက်ဖြစ်ပါတယ်။

ပါဝင်ပစ္စည်းများ
-မှို၊ ပန်းဂေါ်ဖီ၊ ပြောင်းသူငယ်၊ ငရုတ်ပွသီး၊

"စိတ်မရှိပါနဲ့ခင်ဗျာ... ဒီသောက်ကမြင်းမတွေက ဘာမှကို သောက်သုံးကျတာ မဟုတ်ဘူး.."...တဲ့

 
လူတစ်ယောက် ဘဏ်ထဲကို ဝင်လာပြီး ငွေသွင်းဖို့ တန်းစီနေတဲ့လူတန်းကီးနောက် မှာ တန်းစီလိုက်တယ်။
မီနစ်၂၀ လောက်ကြာတော့ စိတ် မရှည်တော့ဘဲ ကောင်တာ စာရေးမဆီ တန်းသွားပြီး ပြောတယ်....

"ဟဲ့ကောင်မ...ငါ ငွေသွင်းဖို့စောင့်နေတာ ကြာလှပြီ
၊ သောက် လူတန်း အရှည်ကြီးကို ဆက် မစောင့်နိုင်တော့ ဘူး၊ ဘာလုပ်ရင် ရမလဲ ပြောစမ်းမြန်မြန်"
Subscribe

လာလည်သူများ

free counters