♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 26, 2016

" အရမ်းရီရတယ် ကြည့်ဖြစ်အောင် ကြည့်ကြည့် "


youtube link is
https://www.youtube.com/watch?v=vQNnQKOHt-g&feature=youtu.be

" သင့်အတွက် အရေးပါသူတွေကို သင့်အပေါ် အချစ်တိုးစေဖို့ လုပ်ဆောင်ပေးနိုင်တဲ့ အရာများ "


ကိုယ့်မိသားစုဝင်တွေ၊ ကိုယ့်ချစ်သူနဲ့ ကိုယ်နဲ့အနီးစပ်ဆုံး ကိုယ့်ဘေးမှာရှိနေကြတဲ့ သူငယ်ချင်း အပေါင်းအသင်းတွေကို ချစ်ခင်ကြောင်း၊ သူတို့ကိုယ့်အတွက် လုပ်ဆောင်ပေးတဲ့ အရာတွေအတွက် ကျေးဇူးတင်ကြောင်းကို ပါးစပ်က ပြောတာထက် ပိုထိရောက်တဲ့ နည်းလေးတွေ ရှိနေပါတယ်။ သူတို့စိတ်ထဲမှာလည်း ပျော်သွားမယ့်အပြင် ကိုယ့်အနေနဲ့လည်း ခုလို လုပ်ဆောင်လိုက်ရတဲ့အတွက် ၀မ်းသာပီတိ ဖြစ်ရမှာပါ။ ဒီတော့ တစ်ပတ်အတွင်း သင့်ဘေးနားက ချစ်သူ၊ ခင်သူတွေရဲ့ မျက်နှာမှာ အပြုံးပန်းတွေ ဝေဆာနေအောင် သင့်အနေနဲ့ ဘာလုပ်ပေးနိုင်သလဲဆိုတော့

၁။ တနင်္လာနေ့မှာ မိဘတွေဆီကို ပန်းစည်းလေး ပို့ပေးလိုက်ပါ။

၂။ အင်္ဂါနေ့မှာ သင်အခင်ရဆုံး၊ သင်နဲ့အရင်းနှီးဆုံး အပေါင်းအသင်း၊ သူငယ်ချင်း ၅ယောက်ဆီ ကျေးဇူးတင်လွှာ ကတ်လေးတွေ ပို့ပေးလိုက်ပါ။ ကတ်လေးတွေထဲမှာ သင်သူတို့ကို ဘယ်လောက် ကျေးဇူးတင်ရပါကြောင်း ဘာ့ကြောင့် ကျေးဇူးတင်ရကြောင်း သင့်လက်ရေးနဲ့ရေးသားကာ ပို့ပါ။

၃။ ဗုဒ္ဓဟူးနေ့မှာ အိမ်က အလုပ်သမား၊ အိမ်အကူ စတဲ့သူတွေကို အပိုဆုငွေလေး ဆုချလိုက်ပါ။

၎။ ကြာသပတေးနေ့မှာ သင့်ချစ်သူရဲ့ အိပ်ခန်း၊ ဒါမှမဟုတ် သင်နဲ့သင့်သူငယ်ချင်း အတူနေတဲ့ အခန်းလေးကို ရှင်းလင်းလိုက်ပါ။

၅။ သောကြာနေ့မှာတော့ သင်အလုပ်လုပ်တဲ့ ကုမ္ပဏီ၊ ရုံးက လုပ်ဖော်ကိုင်ဖက်တွေအတွက် အိမ်မှာလုပ်ထားတဲ့ မုန့်လေးတွေ

" သင့်အိမ်သာထက် ပိုညစ်ပတ်တဲ့ နေ့စဉ်သုံး ပစ္စည်း (၁၀) ခု :

1. ရေခဲတုံးများ


ရေခဲဟာ ပူအိုက်လွန်းတဲ့ ရာသီဥတုတွေမှာ အအေးတစ်ခွက်သောက်ဖို့ အသုံးတည့်လွန်းပါတယ် ။ ဒါပေမယ့်လည်း အမြန်အစားအစာရောင်းချတဲ့ စားသောက်ဆိုင်တွေမှာ အသုံးပြုတဲ့ ရေခဲတုံးတွေဟာ များစွာသော ဘက်တီးရီးယားတွေ

" ကမ္ဘာ့ပျော်စရာအကောင်းဆုံး (10)နိုင်ငံ "

 
နိုင်ငံတစ်ခုမှာ ပြည်သူပြည်သားတွေ အေးချမ်းပျော်ရွှင်ကြတယ်ဆိုတာက အဲဒီနိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှု၊
တရားဥပဒေစိုးမိုးမှု၊ လုံခြုံမှုရှိတဲ့ အသက်အိုးအိမ်စည်းစိမ် စတာတွေနဲ့ တိုက်ရိုက်သက်ဆိုင်ပါတယ်။
ဒါကြောင့် ကမ္ဘာပေါ်မှာ ပျော်စရာအကောင်းဆုံးအဖြစ် သတ်မှတ်ခြင်းခံထားရတဲ့ (10)နိုင်ငံကိုဗဟုသုတ
ဖြစ်ဖွယ်အနေနဲ့ ဖော်ပြလိုက်ပါတယ်။

1. ဆွဇ်ဇာလန် (ရမှတ်-7.587)

ဆွဇ်ဇာလန်ဟာ အုပ်ချုပ်မှုကောင်းတဲ့ အစိုးရ၊ ပြည်သူပြည်သားတွေရဲ့ တစ်ဦးချင်း ပျော်ရွှင်မှု၊ ကောင်းမွန်
တဲ့ စီးပွားရေးနဲ့ ကမ္ဘာပေါ်မှာ တစ်ဦးချင်းကျန်းမာရေးအမြင့်ဆုံး နိုင်ငံဖြစ်တာကြောင့် ရမှတ်အမြင့်ဆုံးနဲ့
နံပတ်တစ်နေရာမှာ ရပ်တည်နေပါတယ်။

2. အိုက်စလန် (ရမှတ်-7.561)

ဒုတိယနေရာ ရပ်တည်နေတဲ့ အိုက်စလန်နိုင်ငံကတော့ နိုင်ငံရဲ့ သဘာဝအလှတရား ပေါများကြွယ်ဝမှုနဲ့
လူနေမှုအဆင့်အတန်း မြင့်မားခြင်းတွေရှိပါတယ်။ ဒါ့အပြင် ဘေးကင်းလုံခြုံမှုတွေ၊ စိတ်အေးချမ်းစေမှုတွေ
အပြည့်အ၀ရရှိတာကြောင့်လည်း ဒုတိယနေရာမှာ ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။

3. ဒိန်းမက် (ရမှတ် 7.527)

ယခင်က နံပတ်(1)နေရာမှာ ရပ်တည်နေတဲ့ ဒိန်းမက်နိုင်ငံဟာ အဆင့်သုံးကို ရောက်သွားခဲ့ပါတယ်။
ဒါပေမယ့် တိုင်းပြည်ရဲ့ ပျော်ရွှင်ဖွယ်ရာကောင်းခြင်းကတော့ လျှော့ပါးသွားခြင်း မရှိပါဘူး။ ကမ္ဘာ့အဆင့်
မြင့် မိုဘိုင်းလ် ယဉ်ကျေးမှုနဲ့ မြင့်မားလှတဲ့တစ်ဦးချင်း ၀င်ငွေ၊ ကမ္ဘာ့လုပ်ခလစာပေးချေမှုစတဲ့ အချက်
တွေကြောင့် ဒိန်းမက်လူမျိုးတွေဟာ သူတို့နိုင်ငံထက် ပျော်စရာကောင်းတဲ့ နိုင်ငံ မရှိတော့ဘူးလို့ မှတ်
ယူမယ်ဆိုတာ ဧကန်ပါဘဲ။

4. နော်ဝေ (ရမှတ်- 7.522)

ဒီမိုကရေစီအဖွံ့ဖြိုးဆုံး နိုင်ငံဖြစ်ပါတယ်။ ဒါ့အပြင် တရားစီရင်ရေးစနစ်မှာတော့ ကမ္ဘာမှာ အကောင်း

" တရုတ်နိုင်ငံပြည်သူတွေ စိတ်ဝင်စားခံရဆုံးသတင်း "



တရုတ်နိုင်ငံပြည်သူတွေ စိတ်ဝင်စားခံရဆုံးသတင်းဖြစ်တဲ့ ၁၇-၁၁-၂၀၁၁ ခုနှစ် ကဖြစ်ခဲ့တဲ့
ရီးစားဟောင်းရဲ့ မျက်နှာကို ဓါတ်ဆီလောင်းပြီး မီးရို့ ခဲ့တဲ့ ဖြစ်ရပ်မှာ နှစ်ဘက်မိဘတွေ တရားရင်ဆိုင်နေကြရာက ယနေ့ တရားရုံးက နှစ်နာကြေး အဖြစ် .ယွမ်ငွေ တသန်းရှစ်သိန်း(ဒေါ်လာ 277109) ပေးဆောင်ဘို့ တရားသူကြီးတွေက ဆုံးဖြတ်ချက် ချခဲ့ကြောင်း စင်ဟွာ သတင်းမှာဖေါ်ပြထားပါတယ်။

ဟောင်ရမ် အသက် (၂၂ )နှစ် ဟာ လေးနှစ်ကျော် တရားရင်ဆိုင်ခဲ့ရပါတယ် သူမရဲ့  ချစ်ဟောင်ဟာ တရုတ်အစိုးရအရာရှိရဲ့  လူကြီးသားတဦးဖြစ်ပါတယ်၊

သူမနဲ့ တခြားအတန်းဖေါ် ယောက်ကျားလေးတဦး တို့  စကားပြောနေတာကိုနှစ်ဦးစလုံးကို ဓါတ်ဆီနဲ့ ပက်ပြီး

" ငလက်​တိုငညိုနှင့်​ စကား​တောင်​စား – ​မြေလတ်​ သိန်းလွင်​ "

 
Author: Myay Latt Thein Lwin ​(မြေလတ်​သိန်းလွင်​)
Genre: ဟာသစာအုပ်
Tag: စာအုပ်များ

 
Download Here  






Credit :  မြန်​မာအင်​တာနက်​စာကြည့်​တိုက်

March 25, 2016

" ခိုင်မိုးဇာနှင့် သူ၏ခြင်ထောင်အတွင်းသို့ ဝင်ရောက်ရန် ကြိုးပမ်းနေသော ငန်းမြွေကြီး နှစ်ကောင် "

 
မြွေကား ခြောက်၍ မပြေး။
အစွယ်ပြူးပြီး သူ၏ မျက်လုံးနီနီ များဖြင့် စူးရဲ မုန်းတီးစွာ ကျွန်တော့်ကို စိုက် ကြည့်နေလေသည်။
ခြင်ထောင်ကို နေရာအနှံ့ လှည့်၍ ဖျာအောက်ထိုးပြီး သေချာဖိကာ ကာထားရ၏။
မြွေသည် ကျွန်တော့် ခြင်ထောင်အတွင်းသို့ ၀င်ရောက်ရန် ကြိုးစားအားထုတ်နေသော ကြောင့်ဖြစ်သည်။
အချိန် အနည်းငယ်ကြာလာသောအခါ တစ်ကောင် မဟုတ် နှစ်ကောင်ဖြစ်လာသည် ။
အထီးအမ ဖြစ်ဟန်တူ၏။
ကျွန်တော့်အား ရန်လိုသော မြွေနှစ်ကောင်၏ အကြည့်များ အောက် ဇာခြင်ထောင် ခြားနေသော်လည်း အသေအချာ ကျရောက်ကာ ဒူးတုန်နေရလေပြီ။

အဖြစ်အပျက်၏ အစသည် ညနေ က ကြက်ဥကြော် နှင့် ထမင်းစားရာမှ စသည်ဟု ပြောရပေလိမ့်မည်။
လမ်းထိပ် ကုန်စုံဆိုင်မှ ဗမာကြက်ဥ နှစ်လုံး ၀ယ်ပြီး ကြော်စားပြီး မကြာ ထိုမြွေ ရောက်ရှိလာခြင်းဖြစ်သည်။
မြွေသည် ငန်းမြွေ ဖြစ်သည်။
ကျွန်တော် ကြော်စားသော ကြက်ဥ နှစ်လုံး သည် ဗမာကြက်ဥ မဟုတ် ထိုမြွေ တို့ ၏ ဥဖြစ်ချေလိမ့်မည်။
အဖြစ်သည် ကြက်ဥနှင့်မြွေဥ မှား၍ ကြော်စားမိ ခြင်း ပေတကား။

မြွေဥကို ဗမာကြက်ဥ ဟု မှားယွင်းရောင်းချသော ကုန်စုံဆိုင် ၏ အမှားလား။
စားမိသော ကျွန်တော်၏ အမှားလား။
မြွေ တစ်ကောင် သည် ခြင်ထောင် ကြိုးပေါ်၍ တွဲလျောင်းချပြီး ခြင်ထောင်ကြိုးကို ကိုက်ဖြတ်နေချေပြီ ။
မြွေ သတ္တဝါ တို့ ထိုမျှ ဥာဏ်ကောင်းလိမ့်မည် ဟု မထင်မိခဲ့။

ညသည် တိတ်ဆိတ်သထက် တိတ်ဆိတ်လာ၏ ၊
ခြင်ထောင်ကြိုးကို အသေအချာ ကိုက်ဖြတ်နေသော မြွေအသံသည် သွေးပျက်ဖွယ်ရာတည်း။

နောက်မြွေ တစ်ကောင်ပျောက်နေသည်။
ဘယ်ရောက်နေ သနည်း။
ခြင်ထောင်ကို လှန်ပြီး အပြင်သို့ ထွက်ပြေးရန် ကြံစည်နေသော ကျွန်တော့်အကြံကို သိလို့များ အခန်းတံခါးဝ မှာ

" မှော်ဆရာ မှတ်တမ်းပေါင်းချုပ် အမှတ် (3) (4) (5) ကို ဒေါင်းရန်နှင့် (၁) နှင့် (၂) ဖတ်ဖို့ လင့်ပေးထားပါတယ် "

 
Author: Ko Ko Lay (ကိုကို​လေး)
Genre: ဂမ္ဘီရ
မှော်ဆရာ မှတ်တမ်း အမှတ် (၃) ကို ဒီမှာ ဒေါင်းပါ...

 
(3) 



(4)
 Download Here

 




(5)
 Download Here



Credit : http://mmnetlibrary.blogspot.co.uk/2015/10/3.html



 

(မှော်ဆရာမှတ်တမ်း-(၁) နှင့်  (၂) ကို အောက်က လင့်မှာ ဒီမှဖတ်နိုင်ပါတယ်..

" ကောင်မလေးတွေက ကောင်လေးတွေဆီက လိုချင်တဲ့ အရည်အချင်းများ "

 
ကောင်မလေးအများစုလိုချင်တဲ့ အရည်အချင်း(၅)ခုယောင်္ကျားလေးတွေက ခပ်ချောချော၊ ချစ်စရာကောင်မလေးတွေကို စိတ်ဝင်စားလေ့ ရှိပါတယ်။ ကောင်မလေး တွေရောသင့်ဆီက ဘာကိုစိတ်ဝင်စားမယ်လို့ ထင်ပါသလဲ?
ယောင်္ကျားလေးအများစုက ကောင်မလေးတွေ အထင်ကြီးတာကို လိုချင်တတ်ကြပါတယ်။ ဒါပေမယ့် အလွန်အကျွံကြွားဝါနေတဲ့ယောင်္ကျားလေးတွေကို ကောင်မလေးတွေသဘောကျမှာမဟုတ်ပါဘူး။
လေ့လာတွေ့ရှိမှုစစ်တမ်းတွေအရကောင်မလေးတွေအလိုချင
ဆုံးယောင်္ကျားလေးတစ်ယောက်ရဲ့ အရည်အချင်း(၅)ခုကို အောက်မှာဖော်ပြပေးလိုက်ပါတယ်။

(၁) ကိုယ့်ကိုယ်ကိုယုံကြည်မှု (confidence)
ကိုယ့်ကိုယ်ကိုယုံကြည်မှုအားကောင်းတဲ့ ယောင်္ကျားလေးတွေကို ကောင်မလေးတွေက သဘောကျတတ်ကြပါတယ်။ သင့်ကိုတစ်ချက်ကြည့်ရုံနဲ့လည်း သင့်မှာ confidence ရှိမရှိသူတို့က ဆုံးဖြတ်တတ်ကြပါတယ်။ စစ်တမ်းတွေအရတော့ မိန်းကလေးတွေဟာ ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိတဲ့ယောင်္ကျားတွေနားမှာ ပိုမိုလုံခြုံမှု ကိုခံစားရပါတယ်တဲ့။
 
(၂) အောင်မြင်မှု
အောင်မြင်မှုဆိုပေမယ့် ဘေလ်ဂိတ်တို့ စတိဗ်ဂျော့တို့လို ရှန်းရှန်းးတောက်အောင်မြင်တာ ကိုပြောတာမျိုး မဟုတ်ပါဘူး။ သင်လုပ်နေတဲ့ နယ်ပယ်တစ်ခုမှာ ထူးထူးချွန်ချွန်ရှိတာကိုပြောတာပါ။ တူနှစ်ကိုယ် တဲအိုပျက်မှာ နေနိုင်တယ်ဆိုတဲ့သူက တစ်ရာမှာတစ်ယောက်လောက်ပဲရှိပါတော့တယ်။ ဒါကလည်း ယုတ္တိတော့ရှိပါတယ်။ ဒါကြောင့် လတ်တလော မအောင်မြင်နေရင်တောင် တစ်ချိန်ချိန်အောင်မြင်ရမယ်ဆိုတဲ့ စိတ်မျိုးနဲ့ ကြိုးစားနေမှုကိုလိုလားကြပါတယ်။

(၃) ယဉ်ကျေးမှု၊ အမူအရာသိမ်မွေ့မှု၊ အလိုက်သိမှု
သူထိုင်ဖို့ခုံလေးဆွဲပေးတာ၊ သူဝင်မယ့်ကားတံခါးကိုဖွင့်ပေးတာစသဖြင့် အသေးအဖွဲ အမူအရာများကိုလည်း မိန်းကလေးများက ဂရုတစိုက်အမှတ်ပေးတတ်ကြပါတယ်။ နှင်းဆီးပန်းတစ်စည်းကလည်း အခုအချိန်အထိ မိန်းကလေးတွေအတွက် မရိုးသေးပါဘူး။ သင့်အနေနဲ့တော့ ဒီအသေးအဖွဲလေးတွေကို လျော့တွက်ချင်လျော့တွက်ပါလိမ့်မယ်။ ဒါပေမယ့် သူမအတွက်တော့ မင်းသမီးလေးတစ်ပါးလိုဆက်ဆံခံနေရတယ်လို့ ယူဆနေတာပါ။ အခြားသူတွေကိုလည်း
 လေးစားသမှုနဲ့ သူမရှေ့မှာ ဆက်ဆံသင့်ပါတယ်။ မိန်းကလေးတွေက သင်
သူတို့ကိုဆက်ဆံပုံကိုပဲကြည့်တာမဟုတ်ပါဘူး။ သင်အခြားသူတွေကိုရောဘယ်လို ဆက်ဆံလည်းဆိုတာကိုပါ ကြည့်တတ်ကြပါတယ်

(၄) သူမအတွက်လုံခြုံစိတ်ချရမှု
အဲ့ဒိအတွက် အာနိုးလောက်ခန္ဓာကိုယ်ကြီးရှိဖို့လည်းမလိုပါဘူး။ သူ့အတွက်နေရာတကာ ရှေ့ကနေပေးရဲတဲ့ စိတ်ဓာတ်ရှိရင်ရပါပြီ။ အဲ့ဒိစိတ်ဓာတ်ကို အားနိုးထက်ပိုအားကိုးပါလိမ့်မယ်။ အောင်မြင်ပြီး ဝင်ငွေကောင်းတဲ့ မိန်းကလေးမျိုးတွေတောင် သူတို့ကိုဂရုတစိုက်ရှိပြီး ကာကွယ်ပေးနိုင်တဲ့သူမျိုးကို သဘောကျကြပါတယ်။

(၅) ဟာသဥာဏ်ရှိမှု
မိန်းကလေးတိုင်း ရယ်ရတာကိုနှစ်သက်ကြပါတယ်။ယောင်္ကျားလေးတွေထက် ကိုပိုပြီးနှစ်သက်လေ့ရှိကြပါတယ်။ ဟာသဥာဏ်ရှိခြင်းက ရှိုးတိုးရှန်းတန်းဖြစ်နေခြင်းကို ဖြိုခွဲဖို့အကောင်းဆုံးလက်နက်ပါပဲ။ လူသားတွေဟာ

" စေတနာရှင် ဆရာဝန် တစ်ဦး နှင့် ဖုတ်ဝင်သည်ဟု ပစ်ပယ်ထားခြင်းခံရသည့် လူနာအဖိုးအို "

 
မနေ့ညနေကဘဝပဲ့ကိုင်ရှင်ဆုံးရှုံးသွားသလိုခံစားရလို့စိတ်ပြေလက်ပြောက် ကားဦးတဲ့ရာ တစ်ယောက်ထဲ စိတ်ညစ်
ညစ်နဲ့ထွက်ခဲ့တာတစ်နာရီလောက်ကြာတော့လမ်းမကောင်းလို့ဆက်မမောင်းပဲဘယ်ရွာလဲမေးတော့ပန်းတနော်ပိုင်။ တူးချောင်းရွာတဲ ကရင်လူမျိုးတွေနေတဲ့ ရွာငယ်လေးပါတဲ့။ ဆက်သွားလို့မရလို့ နောက်ဆုတ်ဖို့ကြည်တုံး တဲအိမ်လေး
ရှေ့မှာလူတစ် သိုက်တိုးတိုး စကားပြောရင်း။ အချို့အမျိုးသမီးတွေကမျက်ရည်သုတ်နေကျ တာမြင်တော့မနေနိုင်တာနဲ့
ဝင်စပ်စုတဲ့အခါ ဦးဝင်းတစ်ယောက် နေမကောင်းဖြစ်ပြီး ဖုတ်ဝင်နေတာ လေးလလောက်ရှိပြီ အခုတော့ အသက်ငင်
နေလို့ မိသားစုတွေစုပြီး အသက်ထွက်တာ စာင့်နေကြတာတဲ့။ ဒါနဲ့ စိတ်ဝင်စားပြီး ကျွန်တော်ခန ကြည့်ပါရစေဆိုတော့
ရှင်က ဘယ်ကတုံး။ ဘာလုပ်မှာလဲတဲ့။ မေးမှာပေါ့လေ ဆရာဝန်ရုပ်မှ မပေါက်ပဲ။ အကျိုးကြောင်းရှင်းပြတော့ သိပ် 
လက်မခံချင်ဖူး။ ဖုတ်ဝင်တယ်လို့ ယူဆကြတော့ ကြောက်ပြီး မြန်မြန်သေစေချင်ပုံရတယ်။ ဒါနဲ့ ဆရာဝန်ဆိုပေမဲ့ 
ဖုတ်လဲ သွင်းတတ်ပါတယ်။ ဖုတ်လဲထုတ်တတ်ပါတယ်၊ ဖုတ်သွင်းတယ်ဆိုတာ သားဆက်ခြားပစ္စည်းတစ်သောင်းကျော်
ထဲ့ခဲ့တာပါ။ ဖုတ်ထုတ်တယ်ဆိုတာက သြဇာရွက်ခုနှစ်ကို ရွက်ဖင်အောက်မှာထား။ ကုလားဖဲသုံးချပ် ကိုကျောအောက်ခု။ ခုံဖနပ်တစ်စုံကို ကျောချင်းကပ်ပြီ လူနာခေါင်းအောက်မှာ ထားရင် ဖုတ်ချက်ချင်းထွက်တယ်လို့ ပြောတော့နဲနဲ ယုံသွားပုံရပြီး
ကြည့်ချင်ကြည့်လေ ဆိုတော့မှ နတ်စင်သာသာ တဲလေးပေါ်လေးဖက ထောက်ပီးကြည်လိုက်တော့ မလှဲနိုင်လို့အိမ်တိုင်
ဖက်ကာ အသက်လုရှူပြီး အသက်ငင်နေတဲ့ အသက်ခြောက်ဆယ်ခန့် လူနာကို စိတ်မကောင်းစွာ တွေ့ရလို့ခနစမ်းသပ်ခွင့်
တောင်းတော့ ခွင့်ပြုတာနဲ့ ကားဆီပြေးပြီး အသက်ကယ်အိပ်နဲ့ တယ်လီဗေးရှင်း ဓါတ်မှန်စက်ပြေးယူပီးကြည့်လိုက်တော့ညာဖက် ရင်ခေါင်းတစ်ခုလုံး ရေတွေပြည့်နေတာ တွေ့တော့လူနာရှင်နဲ့ အနားမှာရှိတဲ့ရွာလူကြီးတွေခေါ်ပြီး ဒီလူနာဟာ
ဖုတ်ဝင်တာမဟုတ်ဖူး။ အဆုပ်ထဲရေဝင်တာ။ ဖေါက်ထုတ်ရင် အသက်ရှင်နိုင်ကြောင်း။ ဒီတိုင်းထားရင်မကြာခင်သေတော့
မည်ဖြစ်ကြောင်း ရှင်းပြတော့ အားလုံးသဘောတူတာနဲ့ လက်မှတ်ထိုးခိုင်းပြီး ပါလာတဲ့ သွေးခံအိပ်က ပိုက်ကိုဖြတ်ပြီးဖေါက်

" ယောက်ျားနဲ့ မိန်းမကြားထဲက စဉ်းစားတွေးခေါ်ပုံ ကွဲပြားခြားနားမှု "

 
မိန်းမတွေဟာ ယောင်္ကျားတွေထက် အများကြီးရှုပ်ထွေးပြီး ယောင်္ကျားတွေက အရမ်းကို ရိုးရှင်းလွန်းတယ်လို့ ပြောကြပါတယ်။ ဒါဟာ ဘာကြောင့်လဲ သင်သိပါသလား။ ဘာကြောင့်လဲဆိုရင် ယောင်္ကျားနဲ့ မိန်းမ ဦးနှောက်ချင်းကအစ မတူညီကြလို့ ဖြစ်ပါတယ်။ ပထမဆုံး ယောင်္ကျားတွေအကြောင်းကို အရင်ဆွေးနွေးချင်ပါတယ်။
ယောင်္ကျားတွေရဲ့ ဦးနှောက်က အရမ်းကို အနှိုင်းမဲ့ဖြစ်ပါတယ်။ ကျွန်တော်တို့ ယောင်္ကျားတွေရဲ့ ဦးနှောက်မှာ သီးခြား
အကန့်လေးတွေနဲ့ ဖွဲ့စည်းထားပါတယ်။ လိင်မှုကိစ္စ၊ အားကစားပွဲ၊ ကားကိစ္စ၊ ငွေရေးကြေးရေးနဲ့ အလုပ်ကိစ္စ၊ အိမ်
ထောင်ဖက်၊ ချစ်သူအတွက်၊ ကလေးတွေအတွက် စသဖြင့် သီးခြားအကန့်လေးတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားပါ
တယ်။ ယောက္ခမအတွက်တောင်မှ သိပ်အရေးမပါတဲ့ အကန့်လေးတစ်ကန့်ကို ပေးထားတတ်ပါသေးတယ်။

ဟုတ်ပါတယ်။ အစစအရာရာ အားလုံးအတွက် သီးခြားအကန့်လေးတွေရှိပါတယ်။ ပြီးတော့ စည်းမျဉ်းတစ်ခုက အကန့်တွေ ထိတွေ့ရောနှောမသွားဖို့ပါပဲ။ ယောင်္ကျားတစ်ယောက်က အကြောင်းအရာတစ်ခုကို ပြောနေပြီးဆိုရင် သက်ဆိုင်ရာ အကန့်
ကိုပဲစဉ်းစားပါတယ်။ ပြောစရာရှိတာပြောပါတယ်။ ပြီးရင်လည်း သေချာပြန်ပိတ်ပြီး အခြားအကန့်တွေနဲ့ ရောမသွားအောင် ဂရုတစိုက်ပြန်သိမ်းထားတတ်ပါတယ်။

မိန်းမတွေရဲ့ ဦးနှောက်ကတော့ ယောင်္ကျားတွေနဲ့ လုံးဝကို ကွဲပြားခြားနားပါတယ်။ မိန်းမတွေရဲ့ ဦးနှောက်က ၀ိုင်ယာကြိုးတွေထွေးချည်ထားတဲ့ ကြိုးလုံးကြီးတစ်ခုနဲ့တူပါတယ်။ ကိစ္စအားလုံးက ဆက်သွယ်မှုရှိနေပါတယ်။ ငွေကြေးကိစ္စက ကားကိစ္စနဲ့ ဆက်နွယ်နေသလို ကားကိစ္စကိုလည်း သင့်ရဲ့အလုပ်အကိုင်နဲ့ ဆက်သွယ်ထားတတ်ပါတယ်။ အားလုံးကို ဆက်သွယ်ထားတာဖြစ်ပါတယ်။ နောက်ထပ်ဥပမာပေးရရင် မိန်းမတွေရဲ့ ဦးနှောက်က အင်တာနက်ဆက်ကြောင်းတွေနဲ့

" လေ့လာသင်ယူသမျှ အမြဲတမ်း မှတ်မိနေစေဖို့ နည်းလမ်း (၄)ခု "


အသိပညာ အတတ်ပညာတစ်ခုခုကို လေ့လာသင်ယူရာမှာ သိထားသင့်တဲ့အရာ နှစ်ခုရှိပါတယ်။ ပထမတစ်ခုက လေ့လာသင်ယူမယ့် အကြောင်းအရာ၊ ဘာသာရပ်နဲ့သက်ဆိုင်တဲ့ အသိပညာဗဟုသုတတွေ ဖြစ်ပြီး နောက်တစ်ခုကတော့ လေ့လာသင်ယူမှု ဘယ်လိုအလုပ်လုပ်သလဲဆိုတာကို သိထားဖို့ပဲ ဖြစ်ပါတယ်။ ကံမကောင်းတာက ကျွန်တော်တို့ အခုလက်ရှိအသုံးပြုနေတဲ့ ပညာရေးစနစ်က ဒီအချက်နှစ်ခုစလုံး မပြည့်စုံတာပဲ ဖြစ်ပါတယ်။ ဒီကိစ္စက ပြဿနာရှိပါတယ်။ ကျွန်တော်တို့အများစုက အတန်းပညာတွေကနေ လုပ်ငန်းခွင်ဝင်တဲ့အထိ လိုအပ်တဲ့ပညာတွေ လေ့လာဆည်းပူးခဲ့ကြပါတယ်။ ဒါပေမယ့် ရေရှည်မှာအောင်မြင်မှုကို ဆုပ်ကိုင်ထားနိုင်ဖို့အတွက် အရည်အချင်းတွေ တစ်ခုပြီးတစ်ခု ဆက်လက်လေ့လာသင်ယူနေဖို့ လိုပါတယ်။ ဒ့ါကြောင့် လေ့လာသင်ယူမှု လုပ်ငန်းစဉ်ကို နားလည်ပြီး အားလုံးကို မှတ်မိနေဖို့ အရေးကြီးပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူသမျှကို မှတ်မိနေစေမယ့် နည်းလမ်း ခုကို ဖော်ပြလိုက်ပါတယ်။

၁။ မှတ်ဉာဏ်ကို အားစိုက်အသုံးပြုပါ။
ထိထိရောက်ရောက်လေ့လာသင်ယူနိုင်ဖို့အတွက် ကြိုးစားရာမှာ ပျော်စရာမကောင်းတဲ့အချက်က ခက်ခဲတာပဲဖြစ်ပါတယ်။ ဒါပေမယ့် ခက်ခဲနေချိန်မှာ ကြိုးစားလေ့လာတာက အကောင်းဆုံးလေ့လာသင်ယူမှုဖြစ်ပါတယ်။ အလေးမ အားကစားလုပ်တဲ့အခါမှာ နိုင်တဲ့အလေးချိန်ထက် အနည်းငယ်တိုးမရင်း တဖြည်းဖြည်းသန်စွမ်းလာသလို မှတ်ဉာဏ်ကိုလည်း လေ့ကျင့်ပေးနိုင်ပါတယ်။ ဒါ့ကြောင့် လေ့လာသင်ယူသမျှ မှတ်မိနေစေဖို့ မှတ်ဉာဏ်ကို အားစိုက်အသုံးပြုပါ။


၂။ အလေးအနက်ထားပါ။
သင့်အနေနဲ့ တစ်ခုခုကို ဖတ်လိုက်ရချိန်မှာ မှတ်ရလွယ်ပါတယ်လို့ ခံစားမိရင် စွဲစွဲမြဲမြဲမှတ်မိမှာမဟုတ်ပါဘူး။ ဥပမာ ပြောရရင် လေယာဉ်စီးပြီးခရီးသွားဖို့ လေဆိပ်မှာရောက်နေတယ် ဆိုပါစို့။ သင်စီးနင်းလိုက်ပါမယ့် လေယာဉ်ဘယ်ဂိတ်မှာ ရှိလဲဆိုတာကို ဖတ်လိုက်ပြီး ဂိတ်နံပါတ်က B44 လို့ထားပါ။ ဒါဆိုရင် “B44

March 24, 2016

" သတင်းစာ စက္ကူတွေနှင့် ခြင်းတောင်း လှလှလေးတွေ လုပ်ကြည့်ကြရအောင်လား " (ရုပ်သံ)




youtube link is..  မူရင်း ယူတျူဗ် လင့်မှာ...
https://youtu.be/Av8iBIaG6Nc

ကျေးဇူးတင်ပါတယ် ...
ရောရောသမမွှေ 

" သူ့အချစ်တွေ မပျက်ပြယ်သေးဘူးဆိုတာ သိနိုင်တဲ့အချက် (၇) ချက် "


တချို့အချစ်တွေက အသက်အရွယ် အိုမင်းလာတဲ့အခါ ပျက်ပြယ်သွားတတ်သလို အချို့တွေကတော့ အချိန်ကြာလို့ ငြီးငွေ့သွားကြပါတယ်။ ဒီလိုမဟုတ်ဘဲ အချိန်နဲ့ အသက်အရွယ်ကို အံတုလို့ မြဲမြံတဲ့ အချစ်တွေလည်း ရှိတတ်ပါသေးတယ်။ အချစ်စစ် အချစ်မှန်ဆိုတာ လွယ်လွယ်နဲ့ မပျက်ပြယ်နိုင်ပါဘူး။ ဒီအချက်တွေနဲ့ ကိုက်ညီနေရင်တော့ သူဟာ သင့်ကို ချစ်ခင်မြတ်နိုးနေတုန်းပဲဆိုတာ နားလည်လိုက်ပါ။

၁။ လူကြားထဲမှာ သင့်လက်ကို တွဲထားတုန်းပဲ

၂။ မကြာခဏ ဆိုသလို ပွေ့ဖက်တယ်။


 ၃။ချစ်စနိုးမှည့်ထားတဲ့ နာမည်လေးကို ခေါ်ဝေါ်နေတုန်းပဲဆိုရင်လည်း 
သူ့အချစ်ကတစ်စက်လေးမှမလျော့ပါးသေးပါဘူး။
 
၎။ သင်အကြိုက်ဆုံးအရာတွေကို မှတ်မိနေတယ်။ သင့်အတွက် ယူဆောင်လာပေးတယ်။ ဥပမာ သင်ကြိုက်တဲ့ အစားအစာတို့လိုမျိုးပေါ့။

၅။ တစ်ခါတစ်ရံမှာ အလုပ်ထဲကနေ ဖုန်းခေါ်လေ့ရှိတယ်။ ဘာရယ်မဟုတ်ဘဲ အကြောင်းပြချက် တိတိကျကျမရှိဘဲ ဖုန်းခေါ်တယ်ဆိုရင် သင့်ကို အလုပ်လုပ်နေရင်း လွမ်းလာလို့ပါ။
 
၆။ မနက်ခင်းနှုတ်ဆက်တာမျိုး၊ ညမအိပ်ခင် နှုတ်ဆက်တာမျိုးတွေ ပြုလုပ်နေတုန်းပါပဲ။ Good Morning , Good Night

" သိုက်လောက (ပထမပိုင်း) - ထီးကလေး "


ဒီဇာတ်လမ်းလေးဟာ ဖြစ်ရပ်မှန်ဇာတ်လမ်းလေးတစ်ပုဒ်ပါ။ သူမဟာ ကျွန်တော့အား ရုတ်တရက်နှုတ်မဆတ်ပါပဲ ထွက်ခွာသွားခဲ့သည်မှာ ယခု(၁၁.၁.၂၀၁၆)ဆိုလျင် (၄)နှစ်တင်းတင်းပြည့်ခဲ့ပါပြီ။ ဒီဇာတ်လမ်းအား ကျွန်ုပ်တစ်ယောက် အကောင်းဆုံးဖန်တီးနိုင်ရေးအတွက် သံဃာတော်များ၊ အသက်(၇၀)ဝန်းကျင်ရှိ အဖိုးအဘွားများ၊ အထက်ဂိုဏ်းဆရာများ၊ သိုက်လောကနှင့် ကိုယ်တွေ့ကြုံဆုံခဲ့ဘူးသော မိတ်ဆွေများ၊ ထိုသူများထံချည်းကပ်စေခဲ့ပြီး ပိုင်နိုင်စွာလေ့လာထားခဲ့ရပါတယ်။ အထူးသဖြင့် ကျွန်တော့်ရဲ့ ဖခင်ဖြစ်သူကို ကျွန်တော်ဒီစာလေးအထဲကပဲ ဂါရဝပြုပါရစေ။
                          **********
        ဟင်း … ဟင်း … ဟင်း
      နှမတော်လေးရယ် ဘာရယ်ကြောင့်များ ဒီလောက်ထိ ငိုကြွေးနေရတာလဲ … အစ်ကိုတော်တို့မှာ ပြေးကြည့်မှ ဒီမောင်နှမလေး သုံးယောက်တည်းပဲရှိတာ နှမထွေးလေးက အခုလိုတစ်နေ့နေ့ငိုကြွေးနေတာ မြင်တော့ အစ်ကိုတော်နဲ့ အစ်မတော် ဘယ်လိုလုပ်စိတ်ချမ်းသာနိုင်မှာလဲ
        လူပြည်ကိုသွားချင်တယ် နှမထွေးလေး လူပြည့်ကိုသွားချင်တယ် အစ်ကိုတော် နှမထွေးလေးကို ခွင့်ပြုပါနော်
         နှမလေးရယ် လူပြည်ဆိုတာ သိပ်ကိုမာယာတွေနဲ့ပြည့်နှပ်နေတာ အစ်ကိုတော် ခွင့်မပြုနိုင်ဘူးကွာ
       ဟင်း … ဟင်း … ဟင်း
     နှမထွေးလေး မငိုပါနဲ့ အစ်ကိုတော့်ရင်တွေ ကွဲတော့မယ် မငိုပါနဲ့တော့နော်
     ငိုမှာပဲ နှမထွေးလေး လူပြည့်ကိုခဏလောက် အလည်သွားချင်လို့ပါ အစ်ကိုတော်နဲ့အစ်မတော်ရယ် နှမထွေးလေးကို ခွင့်ပြုပေးပါနော်
     အစ်မတော်လဲ ခွင့်ပြုချင်ပါတယ် နှမထွေးလေးရယ် သို့ပေမယ့်လို့ လူပြည်ဆိုတာ အစ်ကိုတော်ပြောသလိုပဲ မာယာတွေအရမ်းများတယ်
       အစ်မတော်ကလည်း နှမလေး ခဏလောက်ပဲအလည်သွားချင်တာပါ ပြီးကြရင် အစ်ကိုတော်နဲ့ အစ်မတော်ဆီ နှမလေးပြန်လာခဲ့မှာပါ
    မဖြစ်ဘူးနှမတော် အစ်ကိုတော်တို့မောင်နှမတွေက နောင်ပွင့်လာမယ့် အရိမေတ္တယမြတ်စွာဘုရားကို ဖူးခွင့်ရဖို့စောင့်နေတဲ့ ဘုရားသိုက်စောင့်တွေ နှမတော်လေး လူပြည်ကိုသွားဖို့ အစ်ကိုတော်ခွင့်ပြုလိုက်မယ်ဆိုရင် နှမတော်လေး အစ်ကိုတော်တို့သိုက်နန်းကိုပြန်လာဖို့ ခက်ခဲသွားလိမ့်မယ်
      နှမတော်သိပ်နားမလည်ဘူး အစ်ကိုတော်
      ဒီလိုလေ နှမတော်ရဲ့ နှမထွေးလေးကို အစ်ကိုတော်တို့လူပြည့်သွားဖို့ ခွင့်ပြုလိုက်မယ်ဆိုရင် လူပြည်မှာ နှမထွေးလေး သာသနာတွေသာပြုလိုက်ရင် အစ်ကိုတို့ဆီကို ပြန်ရောက်လာနိုင်မှာမဟုတ်တော့ဘူး သာသနာတွေနဲ့လူ့လောကထဲမှာပဲ ကျင်လည်သွားရလိမ့်မယ် နှမထွေးလေးကို အစ်ကိုတို့တွေဘယ်လောက်ထိ ချစ်သလဲဆိုတာ နှမတော်လဲသိတာပဲလေ
       အင်း … အစ်ကိုတော်ပြောပြသလိုဆိုရင် ဟုတ်တယ် နှမထွေးလေးကို နှမတော်တို့ ခွင့်ပြုလို့မဖြစ်ဘူး
      အဲ့ဒါကြောင့်အစ်ကိုတော်လဲ နှမထွေးလေးအခုလိုစိတ်ဆင်းရဲနေတာကို ဇွတ်မှိတ်ကြည့်နေရတာပေါ့
ရွှေရောင်တစ်ဝင်းဝင်းတောက်ပနေသည့် နန်းဆောင်ကြီးများဖြစ်ပြီး နန်းဝတ်နန်းစားများနှင့် သိုက်နန်းရှင်မောင်နှမ သုံးဦးပင်ဖြစ်ချေသည်။ မောင်နှမ သုံးဦးအနက် အထွေးဆုံးဖြစ်သည့် နန်းနွယ်ဟုခေါ်တွင်သော နှမငယ်မလေးမှာ လူပြည်ဆီသို့ ခေတ္တအလည်သွားချင်သောကြောင့် နေစဉ်နှင့်အမျှ ငိုကြွေးနေလေခဲ့သည်။ သိပ်ချစ်ရသည့် နှမထွေးလေး ငိုကြွေးနေခဲ့သည်များကို အစ်ကိုဖြစ်သူနှင့် အစ်မဖြစ်သူတို့မှာ လွန်စွာမှပင် စိတ်မချမ်းမသာဖြစ်ရသော်လည်း မည်သို့မှပင် သွားခွင့်မပြုနိုင်ချေ။ မိမိတို့ဟာ နောင်ပွင့်လာမည့် အရိမေတ္တရမြတ်စွာဘုရားအား ရွှေငွေရတနာများ လှူတန်း၍ ကျွတ်လွတ်စေရန် စောင့်ကြပ်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် ထိုရတနာပစ္စည်းများအား ယခုကဲ့သို့ စောင့်ကြပ်နေခဲ့ပြီး ရွှေရောင်တစ်ဝင်းဝင်းတောက်ပနေသည့် နန်းဆောင်အတွင်း၌ နှစ်ပေါင်းများစွာနေထိုင်နေခဲ့ကြသည်။
လူပြည်သို့ခေတ္တအလည်သွားရန် ငိုကြွေးပြောဆိုနေသော နှမတော်လေးမှာ ယခုဆိုလျင် သုံးလ၊ သုံးရက် တိုင်တိုင်ရှိနေပြီးဖြစ်သည်။ နေ့စဉ်နှင့်အမျှ လွမ်းမောစဖွယ်ငိုကြွေးနေခဲ့ပြီး လူပြည်သို့အလည်သွားရန် မိမိအား လုံးဝခွင့်မပြုသည်ကို သိရှိထားသောလည်း နှမထွေးလေး နန်းနွယ်မှာ အစ်ကိုဖြစ်သူအား အကြိမ်ကြိမ်အခါခါ

" ပူပြင်းတဲ့နွေရာသီမှာ အပူဒဏ်ကို ဘယ်လိုကာကွယ်မလဲ "

 
မြန်မာနိုင်ငံမှာ မတ်လနဲ့ ဧပြီလတွေက အပူဆုံးလတွေ ဖြစ်ပါတယ်။ ဒီနှစ်ကလည်း မြန်မာနိုင်ငံသမိုင်းတစ်လျှောက် အပူစံချိန်တင်မယ်လို့ မိုးလေ၀သပညာရှင်တွေက ပြောထားပြီး မတ်လရဲ့ နောက်ဆုံးရက်တွေမှာ ခရမ်းလွန်ရောင်ခြည်တွေက ဆက်လက် မြင့်မားနေပြီး အပူချိန်တွေလည်း ဆက်လက်မြင့်တက်နေဦးမှာပါ။

အယ်နီညိုအပူလွန်ကဲတဲ့ ရာသီဥတုနှစ်ဖြစ်တာကြောင့် အပူချိန်မြင့်မားတဲ့ဒဏ်ကို ခံစားနေရတဲ့ ပြည်သူတွေအတွက် ဆောင်ရန်ရှောင်ရန် အချက်တွေကို တင်ပြလိုက်ပါတယ်။

၁။ ရေများများသောက်ပေးပါ

ပူပြင်းတဲ့ ရာသီဖြစ်တာကြောင့် လူတွေမှာ ချွေးတစ်ပြိုက်ပြိုက်နဲ့ ကိုယ်ခန္ဓာမှာ ရေဓာတ်ဆုံးရှုံးမှုတွေ ပိုဖြစ်တတ်ကြပါတယ်။ ဒါကြောင့်ဒီလို ပူအိုက်တဲ့ရာသီတွေမှာ ရေကို များများသောက်ပေးဖို့လိုသလို အပြင်ထွက်ပြီး လှုပ်ရှားနေရသူတွေအနေနဲ့ ဓာတ်ဆားရည်တွေကို ဆောင်ထားသင့်ပါတယ်။

၂။ အပူဒဏ်ကာကွယ်နိုင်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ

အပြင်ထွက်တဲ့အခါ နေပူဒဏ်ကို ကာကွယ်ဖို့ ထီး၊ ဦးထုပ် တို့ဆောင်းဖို့ မမေ့ပါနဲ့။ အဝတ်အထည်တွေကိုလည်း အရောင်ဖျော့တာနဲ့ ချွေးစုပ်လွယ်တဲ့ ချည်သားထည်လေးတွေ ကို ရွေးချယ်ဝတ်ဆင်သင့်ပါတယ်။ အသားအရေတွေကိုနေလောင်ဒဏ်ခံရလွန်းရင် အရေပြားအတွင်းမှာ တစ်ရှုးတွေကိုပျက်စီးစေပါတယ်။ နောက်ပြီး အရေပြားကင်ဆာဖြစ်စေဖို့ အခွင့်အလမ်းများစေပါတယ်။

၃။ အစားအသောက် ဂရုစိုက်ပါ

အပူရှိန် ပြင်းတာကြောင့် အစားအစာတွေဟာ အလွယ်တကူ ပုတ်သိုးလွယ်တတ်ကြပါတယ်။ သစ်သီးဝလံတွေကိုအတတ်နိုင်ဆုံးများများစားပေးသင့်ပါတယ်။ ဒါဟာ အပူရှိန်ဒဏ်ကြောင့် လူတွေရဲ့နွမ်းနယ်မှုဒဏ်ကို ကာကွယ်ပေးစေပါတယ်။ ဒါကြောင့် လတ်ဆတ်တဲ့ရာသီပေါ် သီးနှံတွေ၊ ဟင်းသီးဟင်းရွက်တွေ ၊ အသားငါး နဲ့ ဥတွေဟာ နွေရာသီအတွက် အသင့်တော်ဆုံး အစားအစာတွေပါ။

၎။ အရိပ်အာဝါသအောက်မှာ နေထိုင်ပါ

မြန်မာနိုင်ငံမှာ လူတန်းစားအမျိုးမျိုး နေထိုင်နေကြတာဖြစ်တာကြောင့် မိမိတို့ပတ်ဝန်းကျင်မှာ မိမိတို့တတ်နိုင်တာလေးနဲ့ အေးမြအောင် ကြိုးစားနေထိုင်ရင် အပူဒဏ်ကြောင့် ဖြစ်ပွားတဲ့ ရောဂါတွေကို ကျော်လွှားနိုင်မှာ ဖြစ်ပါတယ်။

၅။ အနေအထိုင် ဆင်ခြင်ပါ

ပူပြင်းတဲ့ရာသီမှာ လူတွေအများကြုံရတာက ရေချိုးမှားတာပါပဲ။ ပူလွန်းတာကြောင့် အကြိမ်ကြိမ် ရေချိုးတာ

" အဝတ်အစားသစ် မဝယ်ခင် သိထားသင့်တဲ့ အချက် (၆) ချက် "


ဒီအဝတ်အစားကို ငါဝယ်သင့်ရဲ့လားဆိုတဲ့ အတွေးနဲ့ ပတ်သတ်ပြီး လူတိုင်းလိုလို တွေးဖူးကြမှာ ဖြစ်ပါတယ်။ ဟုတ်ပါတယ်။ နေ့စဉ်ဘဝမှာ အဝတ်အစားအသစ် ဝယ်ဖို့ စဉ်းစားရတာလည်း အရေးပါတဲ့ ဆုံးဖြတ်ချက်ဖြစ်ပါတယ်။

အဝတ်အစားသစ် ဝယ်မဝတ်ခင် ဒီအချက် (၆) ချက်ကို အရင်စဉ်းစားကြည့်လိုက်ပါ။

၁။ လူတိုင်း ဝတ်နေကြတဲ့ ဒီဇိုင်းလား

လူတိုင်း ဝယ်နေကြတဲ့ ဒီဇိုင်းဆိုရင်လည်း ပြန်စဉ်းစားကြည့်ဖို့ လိုပါတယ်။ အားလုံး ဒါမျိုးပဲ ဝတ်နေကြတဲ့အတွက် သင်ဝတ်လိုက်လို့ သိပ်ထူးခြားသွားမှာမဟုတ်ပါဘူး။ လူဝတ်နည်းတဲ့ ဒီဇိုင်းမျိုးကိုသာ ရှာပါ။

၂။ ကိုယ့်မှာရှိတာတွေနဲ့ လိုက်ဖက်ရဲ့လား

ကိုယ့်မှာရှိပြီးသား ဖြစ်တဲ့အဝတ်တွေနဲ့ လိုက်ပါ့မလားဆိုတာလည်း စဉ်းစားကြည့်ပါ။ အင်္ကျီဝယ်မယ်ဆိုရင် ရှိပြီးသား ဘောင်းဘီအရောင်၊ဘောင်းဘီဝယ်မယ်ဆိုရင် ရှိပြီး အင်္ကျီအရောင်နဲ့ တွဲဖက်စဉ်းစားကြည့်ပါ။

၃။ ခန္ဓာကိုယ် အချိုးအစားနဲ့ လိုက်ရဲ့လား

ခန္ဓာကိုယ် အချိုးအစားကိုလည်း ထည့်မတွက်လို့ မရပါဘူး။ သင့်ခန္ဓာကိုယ်ပါ အနည်းငယ်ပြည့်ပြည့်ဖြိုးဖြိုးဆိုရင် အနက်ရောင် အဝတ်အစားတွေက ပိုသင့်တော်ပါတယ်။ ပခုံးကျယ်တယ်ဆိုရင် ထိပ်ပိုင်းမှာ ကြိုးတွေ ရှုပ်ထွေးနေမယ့် အဝတ်အစားမျိုး ရှောင်ပါ။ ဝတဲ့သူတွေကတော့ အစင်းကျားအဝတ်တွေကို ရှောင်ပါ။

၎။ တော်ရဲ့လား

ဒါအရေးအကြီးဆုံးပါပဲ။ စမ်းဝတ်ကြည့်လို့ မရတဲ့ အရာဆိုရင် ဝယ်ဖို့မစဉ်းစား သင့်ပါဘူး။ ဝယ်လာပြီးမှ ပွနေတာ၊ သေးနေတာ ဖြစ်နေရင် အလကား ပါပဲ။

၅။ ဈေးသက်သာရဲ့လား

ဒါလည်း အရေးကြီးပါတယ်။ ဘယ်အရာမဆို မတန်တဆ ဖြစ်ရင် မကောင်းပါဘူး။ ဝယ်လိုက်တဲ့ ပစ္စည်းက ဈေးမများဖို့

" အင်ဂျင်နီယာလောကကို တုန်လှုပ်သွားစေသော ဇာတ်လမ်းတစ်ပုဒ် "

 
ရန်ကုန်နည်းပညာတက္ကသိုလ်တွင် လေးနှစ်ကျော်ကြာ ဧည့်ပါမောက္ခအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူသည် ဆယ်တန်းပင် မအောင်သူဖြစ်နေသောအခါ...

အင်ဂျင်နီယာလောကအတွင်း အံ့သြစရာသတင်းတစ်ခု ပြီးခဲ့သောရက်သတ္တပတ်အတွင်းက ဖြစ်ပေါ်ခဲ့သည်။ ဟောလိဝုဒ်ရုပ်
ရှင်လောကတွင် အောင်မြင်ခဲ့သော နာမည်ကျော်မင်းသား လီယိုနာဒိုသရုပ်ဆောင်ခဲ့သော Catch Me If You Can ဟောလိဝုဒ်ဇာတ်လမ်းကဲ့သို့ပင် ရင်ခုန်စိတ်လှုပ်ရှားစရာ အပြည့်နှင့်ဖြစ်သည်။

Catch Me If You Can ဇာတ်ကားထဲမှ လီယိုနာဒိုဇာတ်ရုပ်က ဆေးကျောင်း၊ လေယာဉ်မှူးသင်တန်း၊ ဥပဒေကျောင်းများ မတက်ခဲ့ပါဘဲ ဆရာဝန်၊ လေယာဉ်မှူး၊ ရှေ့နေအဖြစ် တစ်လျှောက်လုံး ဟန်ဆောင်လိမ်လည်ခဲ့သည်။

ယခုဇာတ်လမ်းက စိတ်ကူးယဉ်ရုပ်ရှင်၊ ဗီဒီယိုဇာတ်လမ်းမဟုတ်ဘဲ သမိုင်းအစဉ်အလာ ကြီးမားသည့် ရန်ကုန်နည်း
ပညာတက္ကသိုလ် (YTU) ၌ ဖြစ်ပွားခဲ့ပါသည်။ YTU တွင် ဧည့်ပါမောက္ခအဖြစ် လေးနှစ်ကျော် တာဝန်ထမ်းဆောင်ခဲ့သည့်
 ဒေါက်တာ တင်ထွန်း၏ ပညာအရည်အချင်း အစစ်အမှန်မှာ ဒသမတန်းပင် မအောင်မြင်ခဲ့ကြောင်း သိလိုက်ရသောအခါ အားလုံးအံ့သြမှင်တက်သွားသည်။

၁၉၈၁ တွင် ရန်ကုန်နည်းပညာတက္ကသိုလ်မှ မြို့ပြဘာသာရပ်ဖြင့် BE ဘွဲ့ရပြီးနောက် M.Sc, Ph.D (Project Management) NTU ဘွဲ့ရရှိထားသည်ဟု ဦးတင်ထွန်းက ၎င်း၏ဖေ့စ်ဘွတ်ခ်စာမျက်နှာတွင် ဖော်ပြထားသည်။ သို့သော် မော်လမြိုင်မြို့ အထက(၅)တွင် နဝမတန်း တက်ရောက်ခဲ့ပြီးနောက် ရန်ကုန်မြို့၌ ဒသမတန်းလာရောက်ဖြေဆိုခဲ့သော်လည်း မအောင်မြင်ခဲ့ဘဲ ၁၉၈၁ မှစကာ ဆောက်လုပ်ရေးလုပ်ငန်းများတွင် ဝင်ရောက်လုပ်ကိုင်ခဲ့သူတစ်ဦးဖြစ်ကြောင်း ၎င်းနှင့်နီးစပ်သည့် အင်ဂျင်နီယာများကပြောသည်။

ထို့အပြင် ၎င်းသည် ပြည်တွင်း ဆောက်လုပ်ရေးလုပ်ငန်းများအပြင် နိုင်ငံရပ်ခြားသို့ပါ သွားရောက်၍ ဆောက်လုပ်ရေးလုပ်ငန်းများတွင် လုပ်ကိုင်ခဲ့ဖူးသူတစ်ဦးဖြစ်ပြီး နှစ်ပေါင်း ၃၀ ကျော်ကြာ လုပ်ငန်းအတွေ့အကြုံရှိသူ တစ်ဦးဖြစ်သည်။

ရန်ကုန်နည်းပညာတက္ကသိုလ်တွင် ၂၀၁၂ အတွင်း ပြုလုပ်ခဲ့သည့် ဟောပြောပွဲတစ်ခုသို့ လာရောက်ခဲ့ပြီးနောက်

March 23, 2016

" အူတက်အောင် ရီရသော ဟာသပုံများ "


" ဆင်နှာမောင်းနှင့်ကိုင်ပေါက်ပြီး ဆင်နင်းခံလိုက်တဲ့ အမျိုးသား "

 The short video clip, filmed by fellow villagers in rural West Bengal, shows Prakash Boyra, 40, being thrown in the air by a wild elephant
အိန္ဒိယနိုင်ငံ အရှေ့ပိုင်းမှာ ဆင်ရိုင်းတွေ ဝင်မွှေနေတဲ့သေဆုံးသူလေးဦး ရှိသွားပြီဖြစ်ပြီး နောက်ဆုံး သေဆုံးခဲ့ရသူရဲ့ ဗီဒီိယိုဖိုင်လည်း အွန်လိုင်းမှာ ပျံ့နှံ့နေပါတယ်။


 အရှေ့ဘန်ဂေါနယ်တစ်ဝိုက်မှာ ဆင်ရိုင်းမွှေလို့ သေဆုံးသူတွေရှိနေတာပါ။ ဗီဒီယိုဖိုင်ထဲမှာ မှာတော့ ဆင်ရိုင်းက အမျိုးသားတစ်ဦးကို လေထဲမြောက်တက်သွားအောင် အစွယ်နဲ့ ထိုးကော်လိုက်တာတွေ့ရမှာပါ။ အဆိုပါ အမျိုးသားကို နင်းခြေသတ်ပစ်လိုက်တယ်လို့ ဆိုပါတယ်။


သေဆုံးသူ လေးဦးနဲ့အတူ ဒဏ်ရာရသူ နှစ်ဦးလည်း ရှိတယ်လို့ ဆိုပါတယ်။ သောင်းကျန်းတဲ့ ဆင်ရိုင်းကြောင့် လူတွေတစ်ဦးနဲ့ တစ်ဦး မကူညီနိုင်ပဲ အပြေးအလွှား အော်ဟစ်နေကြရပါတယ်။

 အဆိုပါဒေသရဲ့ သစ်တောဦးစီးမှူးအဆိုအရ မကြာသေးခင် ရက်ပိုင်းအတွင်းမှာ ဒယ်လ်မာတောထဲက ဆင်ရိုင်းငါးကောင်ဟာ

" အသက်မဲ့နေတဲ့ ရင်သွေးဘေးမှာ မျက်ရည်ကျခဲ့တဲ့ ပင်လယ်ဖျံ မိခင် "

 
သေသွားတဲ့ ရင်သွေးအတွက် ၀မ်းနည်း ပူဆွေးပြီး မျက်ရည်ကျနေတဲ့ ပယ်လယ်ဖျံ မိခင်ရဲ့ ဖြစ်ရပ်ကို ဒေးလီးမေးလ် သတင်းဌာနက ရုပ်သံ မှတ်တမ်းနဲ့ တကွ ဖော်ပြခဲ့ပါတယ်။

အဲ့ဒီ ရုပ်သံ မှတ်တမ်းမှာ ပင်လယ်ဖျံ မိခင်က အသက်မဲ့နေတဲ့ ရင်သွေးရဲ့ ခန္ဓာကိုယ်ကို ပွတ်သပ်ပြီး ပြန်နိုးထလာအောင် ကြိုးပမ်းခဲ့သလို သူ့ရင်သွေးကိုကြည့်ပြီး အသံ တစာစာပြုလို့ မျက်ရည်တွေ စီးကျနေတာ တွေ့ရပါတယ်။ ပင်လယ်ဖျံ အမဟာ ပစိဖိတ် သမုဒ္ဒရာ မြောက်ပိုင်းမှာ မြင်တွေ့ရလေ့ရှိတဲ့ ပင်လယ်ဖျံ မျိုးစိတ်ဖြစ်ပါတယ်။









 
ဆန်ဒီယာဂို ကမ်းခြေမှာ ဖြစ်ပွားခဲ့တဲ့ ဒီဖြစ်ရပ်ကို သားရဲ တိရစ္ဆာန်အရေး တက်ကြွ လှုပ်ရှားသူ အေ့စ်ဟားန်က ရုပ်သံ မှတ်တမ်း ရိုက်ကူးခဲ့တာဖြစ်ပါတယ်။ အေ့စ်ဟားန်က ရုပ်သံ မှတ်တမ်း ရိုက်ပြီး နောက်တစ်နေ့မှာ အဲဒီနေရာကို ထပ်သွားကြည့်ခဲ့တော့လည်း ပင်လယ်ဖျံ သားပေါက် အသေကောင်နားမှာ တဝဲဝဲ လည်လည်လုပ်နေတဲ့ ပင်လယ်ဖျံ

" ကြာကြာထိုင်ရင် သင့်ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ "

 
၁ - အကြာကြီးထိုင်ခြင်းဟာ အစာခြေဖျက်မှုကို နှေးကွေးစေပါတယ်။ စားပြီးပြီးချင်းထိုင်တာကြောင့်လည်း အစာခြေဖျက်မှု စနစ်ဟာ ပိုမိုနှေးကွေးသွားပါတယ်။
၂ - လည်ပင်း၊ ကြောရိုးနဲ့ ပခုံးတွေကို နာကျင်စေပါတယ်။ အချိန်ကြာကြာထိုင်လေ ခန္ဓာကိုယ်ပုံစံဟာ ညွတ်ကျသွားလေဖြစ်ပြီး ပုံသဏ္ဌာန်ပျက်သွားပါတယ်။
၃ - အထိုင်များခြင်းဟာ သွေးလည်ပတ်မှု အားနည်းခြင်း၊ အရိုးတွေအားနည်းခြင်းနဲ့ စတဲ့ပြဿနာတွေကို ဖြစ်စေပါတယ်။
၎ - ကြွက်သားတွေ အားနည်းလာပါတယ်။ လှုပ်လှုပ်ရှားရှားနေခြင်းဟာ ကြွက်သားတွေ မာကြောခြင်းမရှိဘူးဆိုပေမဲ့ ကွေးလွယ် ညွတ်လွယ်ရှိပါတယ်။ အထိုင်များရင်တော့ ဒီလို မဟုတ်တော့ပါဘူး။

 ရှောင်ရန်နည်းများ


၁ - ဓာတ်လှေကားအစား ရိုးရိုးလှေကားသုံးပါ။
၂ - သွားမယ့်နေရာရဲ့ ဝေးဝေးမှာ ကားရပ်တာ၊ ဝေးတဲ့မှတ်တိုင်မှာ ဆင်းတာမျိုးတွေ လုပ်ပြီး လမ်းလျှောက်

" ရှုးဖိနပ် အနံ့ဆိုးထွက်ခြင်းကို ဒီနည်းတွေနဲ့ ပျောက်ကင်းစေနိုင် "


သင့်ဖိနပ်က ချွတ်လိုက်ရင် အနံ့ဆိုးတွေ ထွက်နေလို့ စိတ်ညစ်နေတယ် ဟုတ်။ ခြေထောက် ဘယ်လောက်သန့်ရှင်းနေပါစေ၊ ခြေအိတ်တွေ ဘယ်လောက် သစ်လွင်နေပါစေ ခြေထောက်နံဟောင်၊ အပုပ်နံ့ထွက်ခြင်း ရင်ဆိုကြုံတွေနိုင်ဖွယ် ရှိပါတယ်။ အောက်ပါအချက်တို့က ပုပ်စော်နံ့ထွက်တဲ့ ဖိနပ်တွေ ထိရောက်စွာ အနံ့အသက်ပျောက်ကင်းစေမယ့် နည်းလမ်းတစ်ချို့ ဖြစ်ပါတယ်။ အဲ့ဒါတွေကတော့

မုန့်ဖုတ်ဆော်ဒါ baking soda

လက်ဖက်ခြောက်အိတ်ငယ် Black tea bags

အရက်ပြန်

အခြောက်သုတ်စာရွက်

ကလေးသုံး ပေါင်ဒါ

ရနံ့အဆီ

သံပုရာသီး ညှစ်ပြီးသားအခွံကို တညတာဖိနပ်ထဲ ထည့်ထားခြင်းနှင့်

" ၂၀၁၆ ဒီဇင်ဘာကစပြီး ဥရောပသား မွေးကင်းစ ကလေးအားလုံး microchip ထည့်သွင်းခံရမယ်လို့သိရ "

 
၂၀၁၆ ခုနှစ် ဒီဇင်လကပြီး ဥရောပမှာ မွေးကင်းစကလေးငယ်အားလုံး microchip ထည့်သွင်းခံရမှာ ဖြစ်ပါတယ်။ မွေးဖွားတဲ့ အချိန်ကနေ မသေမချင်း သူတို့လှုပ်ရှားမှုတိုင်း ခြေရာခံစောင့်ကြည့်ခံရမယ့် အဓိပ္ပါယ်ပဲ ဖြစ်ပါတယ်။ 
၂၀၁၆ ခုနှစ်ကစပြီး ဥရောပတစ်ခုလုံး မွေးကင်းစကလေးတိုင်း အရေပြားအောက် RFID chip ကို မဖြစ်မနေ ထည့်သွင်းခံရမှာဖြစ်ကြောင်း မရေတွက်နိုင်တဲ့ သတင်းအရင်းအမြစ်များက ဖော်ပြထားပါတယ်။ 
 
အဆိုပါ chip ဟာ တစ်ခါသုံး ဘက်ထရီးအသေးစားတစ်ခု တပ်ဆင်ထားတဲ့ GPS ဆင်ဆာ တစ်ခုကဲ့သို့ အလုပ်လုပ်မှာ ဖြစ်ပြီး လူတိုင်း သက်ဆိုင်ရာပြည်နယ်ဆေးခန်းတစ်ခုခုမှာ ၂ နှစ်တစ်ခါ အစားထိုးလှဲလှယ် ရမှာ ဖြစ်ပါတယ်။ ၄င်းမှ ထုတ်လွင့်တဲ့ ဒေတာကို သိမ်းဆည်းပြီး အထူးပြုလုပ်ထားတဲ့ app ရှိတဲ့ tablet နဲ့ smartphone သို့ ပေးပို့မှာ ဖြစ်ပြီး မိဘများနဲ့ ဆရာဝန်များအား သူတို့ကလေးများရဲ့ ကျန်းမာရေးနဲ့ အခြေအနေ အရပ်ရပ်အားလုံး အချိန်နဲ့ တပြေးညီ စောင့်ကြည့်နိုင်စေမှာ ဖြစ်ပါတယ်။
 
လူအများစု မြင်တွေ့ခွင့်မရတဲ့အရာက ဒီနည်းပညာက သိပ္ပံစိတ်ကူးယဉ်ဇာတ်လမ်းမဟုတ်ပါ။ တကယ့်အဖြစ်မှန်နဲ့ လူတွေ အသုံးပြုဖို့ Food and Drug Administration မှ အတည်ပြုထားပြီး ဖြစ်ပါတယ်။ ပိုကြောက်စရာကောင်းတာက

March 22, 2016

" လုံးကြမယ်ဟေ့ ကောင်းကောင်း "


အတာသင်္ကြန်ကာလမှာ သူမလည်း မုံ့ လုံးလေးတွေ လုံးမယ်နော်။ မုံ့ လုံးရေပေါ် လုပ်ဖို့ အတွက် လိုအပ်တာကတော့ -

  • ကောက်ညှင်းမှုန့် 
  • ဆန်မှုန့် 
  • ထန်းလျှက်
  • အုန်းသီးဆံ
ကောက်ညှင်း ၅၀၀ ဂရမ် အထုပ်သေး တဝက် ကို ဆန်မှုန့် rice cooker ခွက်ကြီး နဲ့ ၁ ခွက် ရောပါတယ် (မုန့် သားမာတာ ကြိုက်ရင်တော့ ဆန်မှုန့် ပိုထည့်ပေါ့နော် )။ သူမက မုန့် သားပျော့တာ ကြိုက်လို့ ကောက်ညှင်းပိုထည့်ပါတယ်။ မုန့် သားတွေ နယ်ပြီးပြီဆို လက်ပေါ်တင် မုံးလုံးလုံးပြီး စိပ်ထားတဲ့ ထန်းလျှက်တွေ ဌာပနာခါ ရေနွေး ဆူဆူထဲ ထည့်လိုက်ရုံပါပဲ ။ မုန့် လုံးလေးတွေ ကျတ်ပြီဆို ရေပေါ် ပေါ်လာရင် ဆယ်ယူပြီး ရေအေးထဲထည့်ပါ။ ပြီးရင် စားမယ့် ပန်းကန်ထဲဆယ်၊ အုန်းသီးဆံဖြူးကာ အတာတကူးမှာ ပျော်ရွှင်စွာ

" သင့်အချစ်ရေး ပိုမိုခိုင်မြဲစေဖို့ သင့်ချစ်သူကောင်လေးကို ဒီလိုလေးတွေ ချီးမွမ်းစကားဆိုသင့် "

 
လေ့လာချက်တွေအရ စုံတွဲတွေဟာ တစ်ယောက်နဲ့တစ်ယောက် ယုံကြည်မှုပိုလာစေဖို့၊ ပိုမိုရင်းနှီးချစ်ခင်လာစေဖို့ မပျက်မကွက် ပြောဆိုပေးသင့်တဲ့ စကာလေးတွေ ရှိကြပါတယ်။ အထူးသဖြင့် စုံတွဲတစ်တွဲမှာ ကိုယ့်ချစ်သူကောင်လေးကို သူ့ကိုယ်သူ ယုံကြည်မှုပိုတိုးလာစေဖို့ မိန်းကလေးတွေဘက်က ပြောပေးသင့်တဲ့ စကားလေးတွေ ရှိပါတယ်။ ဒီစကားလေးတွေ ပြောပေးခြင်းဖြင့် နှစ်ဦးသား ပျော်ရွှင်ကြည်နူးဖွယ်ကောင်းတဲ့ ချစ်ခရီးလမ်းကို အတူလျှောက်လှမ်းနိုင်မှာ ဖြစ်တယ်လို့လည်း သိရပါတယ်။ ကဲ သင့်ချစ်သူကောင်လေးကို ဘယ်လိုစကားမျိုးလေေးတွ ဆိုပေးသင့်သလဲ ကြည့်ရအောင်။
 
၁။ သူ့ရဲ့လုပ်ဆောင်ချက်တွေထဲက ဘယ်လိုအရာတွေက သင့်အတွက် လေးစားစရာ ကောင်းကြောင်းပြောပါ။ 
 
၂။ သူ့ကြောင့် သင့်ကိုယ်သင် ဘယ်လိုယုံကြည်မှုရှိလာကြောင်း ပြောပါ။
 
၃။ သူချက်ကျွေးတဲ့ ထမင်း၊ ဟင်းက ဘယ်လောက် အရသာကောင်းကြောင်း ပြောပေးပါ။
 
၎။ သင့်ရဲ့ သူငယ်ချင်းတွေ၊ မောင်နှမတွေ၊ မိဘတွေက သူနဲ့အတူရှိရတာ သဘောကျကြောင်း ပြောပေးပါ။ သူ့ကို အားလုံးက ခင်မင်နှစ်လိုကြတယ်ဆိုတာ သူသိပါစေ။
 
၅။ သူ ဟာသနှောပြီး ပြောတတ်တဲ့စကားတွေကြောင့် သင့်တစ်နေ့တာ ဘယ်လောက် အပန်းပြေရကြောင်း ချီးမွမ်းပါ။
 
၆။ သူနဲ့အတူ ရှိချိန် သင်ဘယ်လောက် လုံခြုံနွေးထွေးမှုခံစားရကြောင်း ဖွင့်ဟပါ။
 
၇။ သူ ဘယ်အချိန်မျိုးမှာ ဆက်စီကျပြီး ဘယ်လိုအချိန်မျိုးမှာ ချစ်စရာအသွင်အပြင်ရှိကြောင်း သေချာဖွင့်ဟပြောဆိုပါ။ သင့်ချစ်သူဟာ သင်ဒီလိုပြောလိုက်တဲ့အချိန်မှာ သူ့ကိုယ်သူယုံကြည်မှု ပိုမိုလာတတ်ကြပါတယ်။ 
 
၈။ အရေးကြီးတဲ့ ဆုံးဖြတ်ချက်တွေမှာ သူ့အကြံလိုချင်ကြောင်း ပြောပါ။ တစ်ခုခုကို ဆုံးဖြတ်တော့မယ်ဆိုရင်

" နယူးဇီလန်မှ ထူးထူးဆန်းဆန်း အတွင်းခံသူခိုး "

 
နယူးဇီလန်တွင် အမျိုးသား အတွင်းခံ အဝတ်အထည်များကို လိုက်လံခိုးယူသည့် ထူးထူးဆန်းဆန်း သူခိုးကို ဖော်ထုတ် သိရှိလာခဲ့သည်။ ထူးဆန်းသည် ဆိုခြင်းမှာ ယင်းသူခိုးသည် လူမဟုတ်ဘဲ ကြောင်လေးတစ်ကောင်
ဖြစ်နေသောကြောင့်ဟု သိရသည်။

ပြီးခဲ့သည့် နှစ်လအတွင်းက ဟယ်လ်မီတန်မြို့တွင် အမျိုးသား အတွင်းခံဘောင်းဘီများ၊ ခြေအိတ်များ ပျောက်ဆုံးမှုများ ရှိခဲ့သည်။ ယင်းနောက်တွင်မူ အဆိုပါ ပျောက်ဆုံးမှုများ၏ လက်သည်မှာ ၆ နှစ်အရွယ်ရှိ တွန်ကင်နီဆီ
မျိုးနွယ် ကြောင်ကလေး ဘရီဂျစ် ဖြစ်နေကြောင်း ဖော်ထုတ်လာနိုင်သည်။

ကြောင်မလေး၏ ပိုင်ရှင်ဖြစ်သူ ဆာရာနေသန်က အတွင်းခံ ဘောင်းဘီ ၁၁ ထည်နှင့် ခြေအိတ် အစုံ ၅၀ တို့ကို မူလပိုင်ရှင်များထံ ပြန်လည် ပေးအပ်လိုကြောင်း ကြေညာခဲ့သည်။ သူမက ကြောင်မလေး၏ ထူးထူးဆန်းဆန်း စွဲလမ်းမှုကိုလည်း Facebookပေါ်တွင် ရေးသား မျှဝေခဲ့သေးသည်။

“ကျွန်မတော့ ရူးချင်ချင် ဖြစ်လာပြီ။ ဒီပစ္စည်းတွေ ပျောက်နေတဲ့သူတွေများ ရှိမလား”ဟုဆိုကာ သူမက ကြောင်မလေးနှင့် ခိုးရာပါ ပစ္စည်းများ အတူတွဲရိုက်ထားသည့် ဓာတ်ပုံကို Facebookပေါ် တင်ခဲ့သည်။ အဝတ်လျှော်ရန်
ပြင်ဆင်ချိန်တွင် သူမ၏ အဝတ်ပုံထဲ၌ မမြင်ဖူးသည့် ယောက်ျားဝတ် အတွင်းခံများကို တွေ့မြင်မိရာမှ ဘရီဂျစ်၏ အကျင့်ဆိုးကို သတိပြုမိလာခြင်းဟု နေသန်က ဖွင့်ဟခဲ့သည်။

“အိမ်မှာ ဘယ်သူမှ အဲဒီဟာတွေ မဝတ်ကြဘူးလေ။ တစ်နေ့တော့ ဘရီဂျစ်က ကြောင်ပေါက်လေးတစ်ကောင် တွေ့သမျှ လျှောက်ကိုက်နေသလို အကျင့်မျိုးနဲ့ ခြေအိတ်တစ်စုံ ကိုက်ချီပြီး

" ဆံပင်ဖြူတွေ တစ်ခါပြန်နက်ဖို့ (ဆေးမြီးတို) "

 

ကြောင်လျှာသီးကို ပေါ်သောရာသီတွင်နှစ်လခန့်နေ့စဉ်ပြုပ်၍အတို့အမြှုပ်လုပ်၍၄င်း။ကြော်ချက်အဖြစ်
၎င်း။မီးဖုတ်ပြီးကြက်ဥနှင့်ရောကြော်၍၄င်းတစ်နည်းနည်းဖြင့် နေ့စဉ်စားသုံးပေးလျှင်ဆံပင်ဖြူများပြန်နက်
လာစေနိုင်သည်။
ကြောင်လျှာပွင့်ခြောက်များကိုပေါသောရာသီတွင်ဝယ်ယူစုဆောင်းပြီးစဥ့်အိုးငယ်တွင်သိပ်၍ တစ်နှစ်လုံး
သိမ်းဆည်းထားနိုင်သည် ။ အပွင့်ကိုရေနွေးဖျော၍သုပ်စားလျှင်လေဆက်စေသည်ဟုရှေးလူကြီးများပြောသည်။
လေအားကောင်းစေသည်။ နားလေထွက်ခြင်း။နားပင်းခြင်း။
အသက်ကြီး၍နားလေးခြင်းများအတွက်ကောင်းပါသည်။
ဆေးကျမ်းများမှ
၁။ ကြောင်လျှာသီးကိုကြက်သားနှင့်ချက်စားပါကပန်းနာ(ရင်ကြပ်)ရောဂါပျောက်သည်။
၂။ ငါးရံ့ ဖြင့်ချက်စားပါက ကာလဝမ်းရောဂါပျောက်ဧ။်။အားကိုဖြစ်စေပြီးအစာမကြေဝမ်းပျက်ပျောက်ဧ။်။
၃။ ပုဇွန်ဖြင့်ချက်စားပါကနှလုံးလေရိုက်ရောဂါ။ နှလုံးတုန်ရင်တုန်ရောဂါပျောက်ဧ။်။
၎။ ငါးသလောက်ဖြင့်ချက်စားပါကအဖောရောဂါကျစေ၍နှလုံးရောဂါကိုသက်သာစေသည်။
၅။ ငါးမြွေတိုးနှင့်ချက်စားကဒူလာသွေးဝမ်း။မီးယပ်သွေးဝမ်း။မြင်းသရိုက်(လိပ်ခေါင်း) ရောဂါတို့ပျောက်

" မြန်မာ့ရေမြေ လူမြင်ကွင်းမှာ ရေပေါ်မိတ်လိုက်တဲ့ မဖြစ်သင့်သောအရာ "

 
ဆည်တော်လေး မှာ ဒီလို လူမြင်ကွင်းကြီးမှာ ရေထဲမှာပေါ်တင် မိတ်လိုက် နေတာလူမြင်လို့ကို မကောင်းပါဘူးရှင်။
 အဲဒီမှာ မိကောင်းဖခင်သားသမီးတွေ အပျိုအရွယ်လေးတွေ ကလေးလေးတွေ အများကြီးရှိပါတယ်။
 သူတို့လေးတွေ အတုခိုးမှားကုန်မှာစိုးလို့ တင်ပေးလိုက်ရတာပါ။ ကျွန်မသိချင်တာက ဒီလိုမျိုးဖြစ်ပျက်နေတာကြီးကို တာဝန်ရှိတဲ့လူတွေက မတားမြစ်ပဲနဲ့ ငွေရရင်ပီးရောဆိုပီး ဒီအတိုင်လွှတ်ထားကြသလားဆိုတာကို ပြောချင်တာပါရှင် ။အနီးအနားမှာတွေ့တဲ့ ဆိုင်ကယ်စတန်းက လူတွေမေးကြည့်တော့လဲ လူကြီးတွေက ဘာမှမပြောဘူးတဲ့လေ ။သူတို့က

" ခံတွင်း(အပူကန်)နာများအတွက်အိမ်တွင်းသုံးကုထုံး "

အထူးသဖြင့် ခန္ဓာကိုယ်တွင်း အပူဓာတ်များသူတွေနဲ့  ၀မ်းချုပ်/၀မ်းပုပ်ရှိသူများအဖို့  ယခုလို ရာသီဥတု အကူးအပြောင်းမှာ အပြင်ကအပူအအေးနဲ့ ခန္ဓာကိုယ်တွင်းက အပူအအေးတို့ တိုက်ပွဲဖြစ်လေ့ရှိပါတယ်။ ထို့ နောက်မှာတော့ နှုတ်ခမ်းအတွင်းသာ အောက်ခြေ၊ လျှာအောက်ခြေ၊ နဲ့  နှုတ်ခမ်းအပေါ်တို့ မှာ ခံတွင်း(အပူကန်)နာတွေ ထွက်လာပါတော့တယ်။
ခံတွင်း(အပူကန်)နာတွေကို ယေဘုယျအားဖြင့်အဆင့် (၃)ဆင့်ခွဲခြားထားပါတယ်။

(၁) အသေးစားအပူကန်နာက ရာသီဥတုအ ပြောင်းအလဲမှာ ဖြစ်လေ့ရှိပြီး၊ ၁-ပတ် (သို့ မဟုတ်) ၁၀-ရက်လောက်အကြာမှာ သူ့ အလိုလိုပျောက်သွားတတ်ပါတယ်။

(၂) အကြီးစားအပူကန်နာက ရံဖန်ရံခါမှဖြစ်တတ်ပြီး၊ သူက အသေးစာအနာထက်ပိုကြီးကာ ပိုလည်းနာကျင်လေ့ရှိပြီး ဆေးသိပ္ပံနည်း အရ stomatis အနာလို့ ခေါ်ကြပါတယ်။

(၃) herpetiform ulcers (ခေါ်)ရေယုန်နာတမျိုးကတော့ ကူးစက်ရောဂါပိုး ကြောင့်ဖြစ်လာကာ အလွန်နာကျင် ယားယံလေ့ရှိပါတယ်။

ခံတွင်း(အပူကန်)နာရဲ့ ရောဂါလက္ခဏာများမှာ ခံတွင်းထဲယားယံခြင်း၊ နီရဲရောင်ကိုင်းလာခြင်း၊ သွားတိုက်တဲ့အခါ (သို့ မဟုတ်) အစာဝါးတဲ့အခါ နာကျင်ခြင်း၊ အစားစားချင်စိတ်မရှိခြင်း တို့ ဖြစ်ပါတယ်။ ရောဂါဖြစ်ရတဲ့အဓိက အကြောင်းရင်းကတော့ ရာသီ ဥတုရုတ်တရက်ပြောင်းလဲလားခြင်းကြောင့် ခန္ဓာကိုယ်တွင်း အပူအအေးဓာတ်ဖောက်ပြန်လာခြင်းဖြစ်၍ ရာသီနာဖြစ်လို့ မစိုးရိမ် ရဘဲ ရေ၀၀သောက် ၀မ်းနှုတ်ဆေးစားလိုက်ရုံနဲ့  အနာပျောက်ကင်းသွားပါတယ်။

အကယ်၍ ရာသီဥတုပြောင်းလဲခြင်းကြောင့် မဟုတ်ဘဲ သံဓာတ်-ဗီတာမင်စီ-ဗီတာမင်ဘီ၁၂ တို့  ချို့ တဲ့ခြင်း၊ အစာဓာတ် မတဲ့ခြင်း၊ စိတ်ဖိစီးမှုများခြင်း၊ ဟိုမုန်းမျှတမှုမရှိခြင်း၊ ခံတွင်းသန့် ရှင်းမှုအားနည်းခြင်း၊ မတော်တဆသွားနဲ့ ကိုက်မိခြင်း၊ ကူးစက် ရောဂါရခြင်း၊ သွားတိုက်စဉ် ထိခိုက်မိခြင်း စသည် တို့ ကြောင့်လဲ ခံတွင်းနာဖြစ်တတ်ပါတယ်။

(၁)
အုန်းနို့ ရည်က ခံတွင်းအပူကန်နာများနဲ့  ခံတွင်းနာအမျိုးမျိုးတို့ အတွက် လွန်စွာဆေးဖက်ဝင်ပါတယ်။
အုန်းသီးကို ညှစ်၍ရ လာသော အုန်းနို့ လတ်တ်ဆတ်ဆတ်ဖြင့် တနေ့ ကို ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၂)
တရုပ်နံနံပင် လတ်လတ်ဆတ်ဆတ်ကိုပြုတ်၍ ခပ်နွေးနွေးအနေအထားမှာ တစ်နေ့ လျှင် ၅-ကြိမ်လောက် ပလုပ်(အာလုပ်) ကျင်းပေးပါ။

(၃)
တိုင်းရင်းဆေးသမားတော်ကြီးတွေရဲ့ အဆိုအမိန့် အရ၊ ပင်စိမ်းရွက်က ခံတွင်းပူနာများအတွက် အကောင်းဆုံးဆေးမြီးတို လေးပါ။
ပင်စိမ်းရွက်လတ်လတ်ဆတ်ဆတ် ၆-ရွက်ခန့် ကို တနေ့  ၄-ကြိမ်မျှဝါးစားပြီး ရေသောက်ပါ (သို့ မ ဟုတ်) ပဲနံ့ သာပင် အစေ့ နဲ့ ပင်စိမ်းရွက်တို့ ကို ရော၍၀ါးစားပေးပါ (သို့ မဟုတ်) ထို ၂-မျိုးကို ပြုတ်၍ ရလာသော ပြုတ်ရည်နွေးနွေးဖြင့် တနေ့ 

March 21, 2016

" ကားသမားများအတွက် ကားအတွင်းရှိ စက်ပစ္စည်းများဆိုင်ရာ အရေးကြီးတဲ့ သင်္ကေတပုံများ "


" အိပ်ယာထ မျက်နှာလေးကို ဘယ်လိုပြင်မလဲ "

 
မနက်အိပ်ယာကနိုးရင် မျက်နှာက ဖောင်းကားနေတတ်တယ်။

အလုပ်များတာရယ်၊ ပင်ပန်းတာရယ်ကြောင့် မျက်နှာက ရောင်နေသလို အမ်းနေသလို ခံစားရတယ်။ မနက်ကတည်းက ဒီလိုမျက်နှာဆိုရင်တော့ စိတ်ထဲမှာနေရာ တမျိုးပဲ။

ကဲ မျက်နှာလေးကို လှလှပပ ဖြစ်သွားအောင် ဘယ်လိုနည်းလမ်းတွေ ရှိသလဲ။

★ အကြိမ် ၁၀၀ လောက်ခုန်ပါ။

အကြိမ် ၁၀၀ ဆိုလို့ အရမ်းများတယ်လို့ မထင်ပါနဲ့။ ၂ မိနစ်လောက်နဲ့ ပြီးပါလိမ့်မယ်။ အိပ်နေချိန်မှာ မျက်နှာမှာ စုနေတဲ့ အဆိပ်အတောက်တွေကို ကိုယ်ခန္ဓာအောက်ပိုင်းကို ရောက်စေတဲ့အတွက် မျက်နှာအန်းနေတာက ချက်ချင်းဆိုသလို ပျောက်သွားမှာပါ။ မနက်ကတည်းက အားကစားလုပ်တယ်ဆိုတော့ အိပ်ချင်နေတာလည်း ပျောက်ပြီး လန်းဆန်းနေမှာပါ။

★ အပူနဲ့အအေး ပေးလိုက်ပါ။

ပါးနဲ့ နဖူးပြင်၊ မျက်လုံး စသည်ဖြင့် နည်းနည်းအန်းနေတဲ့နေရာကို ရေခဲနဲ့ ပွတ်ပေးလိုက်ပါ။ ရေစွပ်ထားတဲ့ မျက်နှာသုတ်ပဝါကိုလည်း စက္ကန့် ၃၀ ကနေ ၁ မိနစ် လောက် Microwave ထဲထည့် အပူပေးပြီး မျက်နှာသုတ်ပဝါပူပူလေးကို မျက်နှာတစ်ခုလုံးကို အုပ်ပေးလိုက်ပါ။ နှစ်ကြိမ်၊ သုံးကြိမ်လောက်လုပ်ပေးလိုက်ရင်

" ဆန်အတုတွေကို နေပြည်တော်မှာ စစ်ဆေးနေ "

ဆန်အတုတွေအပါအဝင် စားသောက်ကုန်တွေကို နေပြည်တော် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာန (FDA) ဓာတ်ခွဲခန်းမှာ စစ်ဆေးမှုတွေ ပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆန်အတု ၁၄ မျိုးကို မန္တလေးတိုင်း FDA ရုံးခွဲက ဖေဖော်ဝါရီလလယ်က ပေးပို့ထားတာကြောင့် စစ်ဆေးမှုတွေပြုလုပ်နေ
တာဖြစ်ကြောင်း နပြည်တော် FDAမှစီမံကိန်းဌာန ဒုညွှန်ကြားရေးမှူး ဒေါက်တာ ထွန်းလင်းအောင်က ပြောကြားထားတယ်လို့ 7Day Daily ကဖော်ပြပါတယ်။

ဆန်အတုတွေအပြင် စားသုံးဆီ အမှတ်တံဆိပ် ၈၈ မျိုး၊ သောက်ရေ သန့် ၃၆ မျိုး၊ ကော်ဖီမစ်အမှတ် တံဆိပ် ၂၇ မျိုးကိုလည်း စစ်ဆေးနေတယ်လို့ သိရပါတယ်။ စစ်ဆေးတဲ့ရလဒ်အရ စားသုံးဖို့ မသင့်ဘူးဆိုရင် ရောင်းချခွင့်ပိတ်ပင်ပြီး အရေးယူမှုတွေ

" ဖုန်းဘက်ထရီ ပေါက်ကွဲပြီး မီးစွဲလောင်ခံရသူ "


ပါကစ္စတန်နိုင်ငံမှာ အင်္ကျီအိတ်အတွင်းမှ ဖုန်းရဲ့ ဘက်ထရီ ပေါက်ကွဲပြီး လူတစ်ဦး မီးစွဲလောင်ခံခဲ့ရပါတယ်။ လမ်းလျှောက်သွားနေတဲ့ လူတစ်ဦးရဲ့ ရင်ဘတ်နေရာမှာ ရုတ်တရက် မီးထလောင်ခဲ့ပြီးနောက် ၎င်းတစ်ကိုယ်လုံးဟာ မီးတုတ်တစ်ချောင်းသဖွယ် ဖြစ်သွားခဲ့ကြောင်း မျက်မြင်တွေက ပြောပါတယ်။

ခန္ဓာကိုယ်အပေါ်ပိုင်း တစ်ခုလုံး မီးစွဲလောင်ခံရသူဟာ သွေးရူးသွေးတန်း အော်ဟစ်ပြေးနေခဲ့ပါတယ်။ နောက်ဆုံးမှာ

" ယောက်ျားကောင်းတွေက မိန်းမတွေစိတ်ကြိုက် မဟုတ်ဘူး "

ယောက်ျားကောင်းတွေက မိန်းမတွေစိတ်ကြိုက် မဟုတ်ဘူးလား

မိန်းမကို အလိုလိုက်လွန်းသူတွေ ဘာကြောင့် လမ်းခွဲရတာလဲ

မဟုတ်ပါဘူး။ မိန်းမတွေက ယောက်ျားကောင်းတွေကို မလိုချင်တာ မဟုတ်ပါဘူး။ ယောက်ျားကောင်း
ဟန်ဆောင်နေတာကို မလိုချင်တာပါ။

ယောက်ျားတစ်ယောက်က ကောင်းလွန်းနေရင်၊ ကြင်နာလွန်းနေရင်၊ အလျော့ပေးလွန်းနေရင် မိန်းမတွေ မနှစ်မျို့တတ်ပါဘူး။ မိန်းမတွေဟာ အလွန်အကျွံ နှစ်သိမ့်သူတွေတွေ၊ ပေးဆပ်လွန်းသူတွေနဲ့ Mr. Nice Guy တွေကို မကြိုက်ကြပါဘူး။ အစစ်အမှန် စိတ်သဘောထားကိုပဲ ကြိုက်ကြတာပါ။

ယောက်ျားတစ်ယောက်ဟာ အဲဒီ လူမျိုးတွေထဲမှာ ပါဝင်နေရင် အစပိုင်းမှာ တော့ ပျော်စရာကောင်းပုံ ရပေမယ့် အမှန်တကယ်က သူဟာ ကိုယ့်ဘာသာ လိမ်ညာနေသူ တစ်ယောက် ဖြစ်နေလို့ပါ။

Mr. Nice Guy ဆိုတာ အရမ်း အလျော့ပေးတတ်ပြီး ဘယ်တော့မှ ပြန်မငြင်းဆန်သူမျိုးပါ။ သူ့ကိုယ်သူ Gentleman တစ်ယောက်ဆိုပြီး ကိုယ့်ဘာသာ ပြန်လေးစားစေဖို့ သင့်ကို လေးစားပြနေတာပါ။ အစစ်အမှန် မဟုတ်ပါဘူး။

Mr. Nice Guy တစ်ယောက်နဲ့ အတူနေရခြင်းဟာ အစစ်အမှန်မဟုတ်ပဲ အမြဲ အလျော့ပေးနေလို့ ပျင်းစရာ ကောင်းလှပါတယ်။ ကိုယ့်ဘာသာ ပြန်ပြီး Date လုပ်ထားရသလိုပဲ ပြန်ငြင်းစရာ မရှိပါဘူး။ အဖော်မပါပဲ တစ်ယောက်ထဲ ကနေရသလိုပါပဲ။

မိန်းမတွေဟာ လူ့ကန့်လန့်တွေကို မလိုချင်ပေမယ့် ကိုယ်ပိုင် အယူအဆ ခြေခြေမြစ်မြစ် ရှိတဲ့ ယောက်ျားကို လိုချင်ပါတယ်။ တကယ်လို့ လူတစ်ယောက်ဟာ အမြဲ သဘောတူနေမယ်ဆိုရင် သူလိမ်နေတာပါ။ ဘယ်တော့မှ အမြဲ သဘောမတူနိုင်ပါဘူး။

နှစ်သိမ့်သူ တွေကျတော့ သင့်ကို ဂရုစိုက်ပြီး သင် သဘောတူတာတွေကိုပဲ လုပ်လွန်းလို့ သူတို့ ဘာလိုချင်လဲ ဘာဖြစ်နေလဲဆိုတာ မပြကြပါဘူး။ သူတို့ဟာ သူတို့ကိုယ်သူတို့ ဘာလိုချင်မှန်း မသိသူတွေပါ။ ပြောရရင် ကိုယ့်ဘာသာ ပြန်လိမ်တတ်သူတွေပါ။

နှစ်သိမ့်သူတွေဟာ သူတို့ လိုချင်သူတစ်ယောက် ဆုံးရှုံးမှာကြောက်လို့ သူတို့ကိုယ်ပိုင်ဆန္ဒတွေနဲ့ ခံစားချက်တွေကို ချိုးနှိမ်ပြီး သင်ကျေနပ်အောင် လုပ်ပေးသူတွေပါ။ သူတို့ရဲ့ စိတ်ထား နောက်ကွယ်က အမှန်တရားကတော့ သူတို့ဟာ ကြောက်တတ်ပြီး

" သင့်ကို လူတွေ ချက်ချင်း စိတ်ပျက်သွားစေနိုင်သည့် အချက်(၉)ခု "

 
လူတွေ စိတ်ပျက်သွားစေနိုင်မယ့် နည်းလမ်းတွေ အများကြီးရှိပါတယ်။ တချို့ဆိုရင် သိပ်တောင် အားစိုက်စရာ မလိုပါဘူး။ တစ်ခါတစ်လေမှာ သင့်ရဲ့ လူမှုကွန်ယက်ပေါ်က အကြောင်းအရာတစ်ခုခုကို တွေ့ရချိန် ဒါမှမဟုတ် လူချင်း မိတ်ဆက်တဲ့အချိန်မှာပဲ တဖက်လူက လုံးဝစိတ်ပျက်သွားနိုင်ပါတယ်။ ဒါ့ကြောင့် လူမှုကွန်ယက်တွေမှာနဲ့ လူချင်းတွေ့ဆုံကြချိန်မှာ သင့်ကိုလူတွေ စိတ်ပျက်သွားစေနိုင်တဲ့ အချက်တွေကို သိရှိဆင်ခြင်နိုင်ဖို့ ဝေမျှပေးလိုက်ပါတယ်။

၁။ Facebook ပေါ်တွင် ဓာတ်ပုံတွေ အများကြီး ရှဲလုပ်ခြင်း
သင့်အနေနဲ့ သင့်ရဲ့Wall ပေါ်မှာ ဓာတ်ပုံတွေ များနိုင်သလောက် များများ တင်ချင်မှာသေချာပါတယ်။ ဒါပေမယ့် လေ့လာမှုတွေအရ Facebook ပေါ်မှာ ဓာတ်ပုံတွေ တင်လွန်းတာက အပြင်လောကထဲက ဆက်ဆံရေးကို ထိခိုက်စေနိုင်တယ်လို့ ဆိုပါတယ်။ အထူးသဖြင့် မိသားစု၊ ဆွေမျိုးတွေနဲ့ ပုံတွေကို တင်လွန်းတဲ့အခါ သူငယ်ချင်းတွေက မကြိုက်တတ်သလို သူငယ်ချင်းတွေနဲ့ ပုံတွေချည်းပဲတင်ပြန်တော့လည်း မိသားစုဆွေမျိုးတွေက အမြင်မကြည်တတ်ကြတာကြောင့် ဖြစ်ပါတယ်။ ဒါ့ကြောင့် ဓာတ်ပုံတွေ တင်တာက ဆက်ဆံရေးကို ပိုမိုကောင်းမွန်စေနိုင်သလို ထိခိုက်ပျက်စီးစေနိုင်တယ်ဆိုတာကို သတိပြုဆင်ခြင်ပါ။

၂။ Facebook ပေါ်မှာ သူငယ်ချင်း များလွန်းခြင်း၊ နည်းလွန်းခြင်း
လေ့လာမှုတစ်ခုအရ Facebook မှာ သူငယ်ချင်းဦးရေ (၃၀၀)၀န်းကျင်ပဲ ရှိတာက အကောင်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ Facebook သူငယ်ချင်း (၁၀၀)အောင်နည်းသူတွေကိုလည်း အခြားသူတွေက သဘောကျလေ့ သိပ်မရှိသလို (၃၀၀)ထက်များလွန်းနေရင်လည်း စိတ်မ၀င်စားတတ်တော့ကြတာကို စစ်တမ်းကောက်ယူပြီး သိရှိခဲ့တာဖြစ်ပါတယ်။ Facebook ပေါ်မှာ သူငယ်ချင်းတွေ အများကြီးရှိနေတာက အမှန်တကယ် မိတ်ဆွေ အပေါင်းအသင်းရှာဖွေတာမျိုးမဟုတ်ပဲ ထင်ပေါ်ကျော်ကြားလိုစိတ်များတာဖြစ်တယ်လို့ ယူဆတတ်ကြပါတယ်။

၃။ ကနဦးဆက်ဆံရေးအခြေအနေမှာ မိမိအကြောင်းတွေ အလွန်အကျွံထုတ်ပြောခြင်း
ယေဘုယျအားဖြင့် လူတွေက တစ်ဦးနဲ့တစ်ဦး အပြန်အလှန်ယုံကြည်မှုရှိလာပြီးမှ နှစ်သက်ခင်မင် သွားတတ်ကြတာဖြစ်ပါတယ်။ ဒါ့ကြောင့် အရွယ်ရောက်သူတွေအနေနဲ့ မိမိအကြောင်းကို ဖွင့်ဟပြောဆိုပြီး ယုံကြည်မှုတည်ဆောက်တာက မိတ်ဆွေဖွဲ့ဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ့်အကြောင်းကို ပြောရာမှာ

March 20, 2016

" စိတ်ချမ်းသာအောင်ထားတဲ့ ချစ်သူဆိုတာ "

 
၁။ အလိုလိုက်တယ်
တစ်ခုခုဆိုရင် သူ့အတွက်ကို မကြည့်ဘဲ ကိုယ်စိတ်ချမ်းသာ ဖို့ကိုသာ ကြည့်တဲ့ ချစ်သူမျိုး ဖြစ်ပါတယ်။

၂။ ဘယ်တော့မှ စိတ်ဆင်းရဲအောင် မလုပ်ဘူး
မိမိစိတ်ဆင်းရဲစေမယ့် အကြောင်းကိစ္စတွေကို ဘယ်တော့မှ မလုပ်တာဟာ စိတ်ချမ်းသာအောင် ထားတဲ့ ချစ်သူပါ။

၃။ ပျော်အောင်လုပ်ပေးတယ်
မိမိစိတ်ညစ်နေတဲ့ အခါမှာ ပျော်အောင် လုပ်ပေးတဲ့ ချစ်သူများကတော့ စိတ်ချမ်းသာအောင် ထားတဲ့ ချစ်သူမျိုးတွေ ဖြစ်ပါတယ်။

၎။ ဘယ်လောက် အလုပ်များများ အချိန်ပေးတယ်
မိမိချစ်သူ အတွက် ဘယ်လောက်အလုပ်တွေ များနေပါစေ အချိန်ပေးတဲ့ ချစ်သူမျိုးက ချစ်သူကို စိတ်ချမ်းသာအောင် ထားခြင်း ဖြစ်ပါတယ်။

၅။ အမြဲရိုးသားတယ်
မိမိချစ်သူ၏ နောက်ကွယ်ရောက်ရင်လည်း မရိုးမသား ဘာမှ မလုပ်ဘူး။ ရှေ့မှာရော ကွယ်ရာမှာရော ရိုးသားတဲ့ ချစ်သူဟာ စိတ်ချမ်းသာစေချင်လို့ ဖြစ်ပါတယ်။

၆။ အဝေးရောက်သော်လည်း အဆက်မသွယ် မပြတ်ဘူး
ချစ်သူဟာ အဝေးမှာ ရောက်နေသော်လည်း အဆက်အသွယ် အပြတ်မခံဘဲ အချိန်တိုင်း ဆက်သွယ်နေတဲ့ ချစ်သူမျိုး ဆိုရင်

"ဟေးးး!!! မိန်းမရေ့... ကိုယ်တို့ အိမ်သာ မီးလုံးတွေက အော်တိုမက်တစ် ဖြစ်နေသလိုပဲကွ..."

အရက် အလွန်အကျွံမူးနေတဲ့ ခင်ပွန်းသည်ဟာ ဇနီးဖြစ်သူကို အာလေးလျှာလေး လေသံနဲ့...
"ဟေးးး!!! မိန်းမရေ့... ကိုယ်တို့ အိမ်သာ မီးလုံးတွေက အော်တိုမက်တစ် ဖြစ်နေသလိုပဲကွ..."

ဇနီး...
"ဘယ်လိုဖြစ်နေလို့လဲတော်..."

ခင်ပွန်း...
"ဒီလိုကွ!!! အိမ်သာတံခါး ဖွင့်လိုက်ရင် မီးတွေက သူ့အလိုလို လင်းလာတယ်... အပေါ့သွားပြီးလို့ တံခါးပြန်ပိတ်လိုက်ရင်လည်း သူ့အလိုလို ပြန်ပိတ်သွားတယ်ကွ..."

ဇနီး...
(ဒေါသထွက်တဲ့ လေသံနဲ့) "အရက်သမား!!! ရှင် ရေခဲသေတ္တာထဲမှာ အပေါ့ သွားစွန့်လိုက်ပြန်ပြီပေါ့...ဟုတ်လား!!!"

ကိုမျိုး ©google
Credit : http://lwanmapyay.blogspot.co.uk/2016/03/peeing-in-refrigerator-again.html

" အချစ်ဦးမို့ ရစ်မူးကာချစ်ရသည် ( အမူးသမား တစ်ဦး မူးလာရင် သူပြောပြသမျှတွေကို စုစည်းမိတော့ )

 

ဇာတ်လမ်းကတော့ဒီလိုပါ...
ဟိုးလွန်ခဲ့တဲ့နှစ်ပေါင်း.......
xxxxxxxxxxxx
     xxxx
      xxx
       xx
        x
အောက်မှာဆက်ကြည့်ပါ...
အထက်ကပြောပြထားတဲ့အတိုင်းဟိုးလွန်ခဲ့တဲ့
နှစ်ပေါင်းဆယ်နှစ်ကျော်ကပေါ့...
အဲဒိဆယ်နှစ်ကျော်ဆိုတာ...
ဟိုအရင်တုန်းကပြီးခဲ့တဲ့...
ကုန်လွန်ပြီးတဲ့နှစ်တွေ....
ကာလတွေကိုပြောတာ...
အဲဒိနှစ်တွေထဲမှာလတွေလဲရှိတယ်...
အဲဒိနှစ်တွေထဲမှာဥတုတွေရာသီတွေလဲရှိတယ်...
အဲဒိဥတုရာသီတွေထဲမှာရက်လတွေလဲရှိတယ်..
အဲဒိလတွေထဲမှာရက်သတ္တတပတ်တွေလဲရှိတယ်...
အဲဒိရက်သတ္တတပတ်တွေထဲမှာရက်တွေရှိတယ်...
အဲဒိရက်တွေထဲမှာနေ့တွေညတွေလဲရှိတယ်...
အဲဒိနေ့တွေညတွေထဲမှာအချိန်နာရီတွေလဲရှိတယ်..
အဲဒိအချိန်နာရီတွေထဲမှာမိနစ်တွေလဲရှိတယ်..
အဲဒါမိနစ်တွေထဲမှာစက္ကန့်တွေလဲရှိသေးတယ်....
အဲဒိမိနစ်တွေစက္ကန့်တွေထဲမှာလုပ်စရာကိုင်စရာတွေ
ဆက်ဖတ်ပါ..ဆက်ဖတ်ပါဆိုတာရှေ့ကိုဆက်ဖတ်သွားပါလို့ပြောတာ...
အဲဒိလိုလုပ်စရာကိုင်စရာ..အဟွတ်အဟွတ်..ချောင်းကအရေးထဲဆိုးလာတယ်..
အဟွတ်အဟွတ်...ဟွတ်ဟွတ်ဖွတ်...
ဒါနဲ့..ဒါနဲ့..ဘာတဲ့..ခုနကဘာပြောနေတာလဲ...အင်း..သြော်..ဟိုဒင်း..သတိရပြီ..
ဖွတ်ဆိုတာချောင်းနှင့်အတူလေလည်သွားတဲ့အသံပါ..မရှက်ပါဘူး....ဒါကကျန်းမာရေးပဲ..

" ရွှေကွန်ရက် Travels & Tours ဧ။် ပြည်တွင်းခရီးစဉ်များကို သွားရောက်အပန်းဖြေလိုသော လူကြီးမင်းများအတွက် မြိတ်ကျွန်းစု ခရီးစဉ်‬ "

‪#‎မြိတ်ကျွန်းစုခရီးစဉ်‬ ‪#‎Amazing‬ Price ‪#‎Discount‬ Coupon
ရွှေကွန်ရက် Travels & Tours ဧ။် ပြည်တွင်းခရီးစဉ်များကို သွားရောက်အပန်းဖြေ လိုသော လူကြီးမင်းများအတွက်စိတ်ကျေနပ်စေသည့်ဝန်ဆောင်မှူနှင့်အတူ သက်သာသော အထူး လျော့ဈေးများဖြင့်သွားရောက်နိုင်ရန်ယခုဘဲGroupbuyy သို့ဆက်သွယ်လိုက်ပါ ။
Groupbuyyဖုန်း 09450067677သို့SMS ပေးပို့၍ သော်လည်းကောင်း ( သို့) groupbuyy. com.mmသို့တိုက်ရိုက်ဝင်ရောက်ပြီးသော် လည်းကောင်း Discount Coupon Code များရယူနိုင်ပါသည် ။
==Discount Code ရရန် ‪#‎Groupbuyy‬ ဖုန်းနံပါတ် 09-450067677 သို့ ပို့ ရမည့် SMS နမူနာပုံစံ==
• Product Code – GNS 001 ( မိမိသွားလိုသော ခရီးစဉ် )
• Qty – 1 ( သွားရောက်မည့် လူအရေအတွက် )
• DTG – 13 . 3 .2016 ( သွားရောက်မည့် နေ့ရက် )
=======လက်တလော ရရှိနိုင်သော ခရီးစဉ် ========
(1) Product Code – GNS 001 ( မြိတ် - လေးကျွန်း (၄ညအိပ်၅ရက်ခရီးစဉ် )
(2) Product Code – GNS 002 ( မြိတ် - နတ်သမီးကျွန်း - ဒုံးရေတံခွန်ကျွန်း (၄ညအိပ်၅ရက် ခရီးစဉ် )
=====ခရီးစဉ် တစ်ခုဆီ ၏ ဈေးနူန်း အသေးစိတ် ========
(1) Product Code – GNS 001 ( မြိတ် - လေးကျွန်း ( ၄ညအိပ်၅ရက် ခရီးစဉ် )
• Normal Price – 190,000 Ks
• Groupbuyy Price – 187,000 Ks
• Save Your Money – 3,000 Ks
---------------------------------------------
(2) Product Code – GNS 002 ( မြိတ် - နတ်သမီးကျွန်း - ဒုံးရေတံခွန်ကျွန်း (၄ညအိပ်၅ရက်ခရီးစဉ် )

" မြန်မာ့ သနပ်ခါး "

အညာသားပြီပြီ ကျနော် သနပ်ခါးသိပ်ကြိုက်ခဲ့တာ ။ နောက်တော့လည်း ယောက်ျားလေးဆိုတော့ သနပ်ခါးနဲ့ဝေး သွားခဲ့တယ် ။ ဒါပေမယ့် ဟိုတလောကမှ သူငယ်ချင်းအစ်မ တစ်ယောက်နဲ့ စကားစပ်ရင်း သနပ်ခါးအကြောင်း ရောက်သွား မှ ဒါလေးအကြောင်း ခံစားကြည့်ဦးမယ် ဆိုပြီးရေးကြည့်မိခဲ့တာ ။ သူကိုယ်တိုင် ကလည်း ကျနော်ကို သနပ်ခါးတစ်တုံး လက်ဆောင်ပေးလို့ တော်တော်ကြီးကို မေ့နေခဲ့တဲ့ သနပ်ခါးလိမ်းရတဲ့ အရသာကိုရော ၊ သနပ်ခါးရနံ့ကိုရော ပြန်သတိရသွားစေခဲ့တာ ။ ( အစ်မကိုလည်း သိပ်ကျေးဇူးတင်ပါတယ်။)
ကျတော်တို့ သည်မှာတော့ သနပ်ခါးလိမ်းတဲ့သူ ကိုတွေ့နိုင်ဖို့အတော့်ကို ရှားတာ ၊ မြန်မာအမျိုးသမီး စစ်စစ်တွေကိုယ်တိုင် သနပ်ခါးကိုကျောခိုင်းကျတော့ သနပ်ခါးရနံ့ဆိုရင် မူးလို့ရှုစရာကိုမရှိတာပါ ။
ကျတော့် ယောက်ျားလေးသူငယ်ချင်း တစ်ယောက်ကတော့ ကျတော်သနပ်ခါးလိမ်းမယ် ဆိုတော့ အသားမည်းတဲ့ကျတော့်ကို “သနပ်ခါးလိမ်းရင် မင်းအသားနည်းနည်းဖြူလာမှာပေါ့ကွ” ဆိုပြီးစတော့တာပဲ (အေးလေ… သူကတော့ တရုတ်ဆိုတော့ ခရုသင်းစွဲတယ်ထင်ရလောက်အောင် ကိုဖြူတာ :D ) ။ သူကတော့ “ရန်ကုန်သူ” သီချင်းကို ဖျက်ဆိုပြီးတော့တောင် ကျတော့်ကိုနောက်နေသေးတယ် ။ ဘာပဲပြောပြောလေ ရန်ကုန်သူ ဖြူဖြူနုနုလေးတွေပဲဖြစ်ဖြစ် ၊ အညာသူ ညိုပြာညက်တွေပဲ ဆိုဆို သနပ်ခါးလိမ်းထားတဲ့ မိန်းကလေး တစ်ယောက်ဟာ လှတာပဲ မဟုတ်လား ။ ခံစားကြည့်ပါ ။

ဝေးခဲ့ရသူမို့
ချစ်သူ့ပါးနုနု ကို ပထမဆုံးနမ်းခွင့်ရခဲ့တုန်းက ယစ်မူးသွားစေခဲ့တဲ့ အနောက်တိုင်း မိတ်ကပ်နံ့ကို ရင်ခုန်စွာ ပြန်လည်အောက်မေ့ရင်း အဖွားရဲ့ပါးက သနပ်ခါးနံ့ကြူကြူကို သူသတိရမိခဲ့တယ် ။ နောက်ပိုင်းတစ်လျှောက်လုံး သနပ်ခါနံ့ သင်းသင်းလေးကို သူ့ခမျာ လွမ်းနေရဆဲဖြစ်သည်။
ဟုတ်ခဲ့သည်ပဲလေ ။ သူ့အဖွားအညာသူကြီးက သနပ်ခါးသိပ်ကြိုက်ခဲ့တာမဟုတ်လား ။ ရေကြဲကြဲနဲ့သွေးထားတဲ့ သနပ်ခါးကို သူငယ်ငယ်တုန်းကဆို နံနက်မျက်နှာသစ်ပြီးတိုင်း သူ့အဖွားကိုယ်တိုင်လိမ်းပေးနေကြ ။ သနပ်ခါးလိမ်းပေးတိုင်းလည်း ရှေးလူကြီးများ ထုံးစံ `ဗုဒ္ဓံသရဏံ ဂစ္ဆာမိ´ ၊ `ဓမံ္မသရဏံ ဂစ္ဆာမိ´ ၊ `သံဃံသရဏံ ဂစ္ဆာမိ´ လို့ သရဏဂုံ (၃) ပါးရွတ်ဆိုပြီး နဖူးနဲ့ ပါးတစ်ဖက်တစ်ချက်စီက စပြီးလိမ်းပေးနေကျ။ သူကလည်း သနပ်ခါးနံ့မွှေးမွှေး ၊ အသားတအေးအေးနဲ့ နေရတာကို သိပ်သဘောကျခဲ့တာ ။ ဒါပေမယ့် ဆောင်းနံနက်ခင်းတွေကျရင်တော့ အဖွားနဲ့စိတ်ကောက်မြဲ ။ အညာရဲ့ဆောင်းရဲ့ နံနက်ခင်းအေးအေးနဲ့ သနပ်ခါးရေနဲ့ အေးမြတဲ့ အထိအတွေ့ဟာ

" မ နဲ့ မောင် "



မ နဲ့ မောင်
စကားအပြောအဆိုတေ
အေးဆက်လာတယ်

မ နဲ့ မောင်
အနေအထိုင်တွေ
ပြောင်းလဲလာတယ်

မ နဲ့ မောင်
ဂရုစိုက်ခြင်းတေ
နည်းပါးလာတယ်

မ နဲ့ မောင်
စကားမများတော့ဘူ
Subscribe

လာလည်သူများ

free counters