♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu
February 6, 2016
ကန်ထရိုက်လုပ်ငန်းအချို့ စရန်ငွေအရှုံးခံ၍ ဆောက်လုပ်မှု ရပ်ဆိုင်း
အိမ်ခြံမြေဈေးကွက် ငြိမ်သက်နေမှုနှင့်အတူ တခြမ်းပေး တခြမ်းယူ ကန်ထ ရိုက်စနစ်ဖြင့် ဆောက်လုပ်ရန် သဘော တူစာချုပ်ချုပ်ဆိုမှုများကို ကန်ထရိုက်များ မှ စရန်ငွေများအရှုံးခံ၍ ရပ်ဆိုင်းမှုများရှိလာ ကြောင်း စုံစမ်းသိရသည်။
သာကေတ၊ တောင်ဥက္ကလာပ၊ မြောက်ဥက္ကလာပ၊ သင်္ဃန်းကျွန်းမြို့နယ် များတွင် ဆောက်လုပ်မှုများခဲ့သည့် တခြမ်းပေး တခြမ်းယူ ကန်ထရိုက်ဆောက် လုပ်မှုများသည် အိမ်ခြံမြေဈေးကွက် ငြိမ် သက်နေချိန်၌ မူလသဘောတူညီခဲ့သည့် စရန်ငွေများ အရှုံးခံကာ ဆောက်လုပ်မှုများ ရပ်ဆိုင်းခြင်းများရှိလာသည်ဟု သိရသည်။
" ထိုင်း ခရမ်းသီး အုန်းနို့ချက်လေး ဒီစနေနေ့မှာ ချက်းစားကြရအောင် " ( Wut Yee Food House )
ထိုင်းစတိုင် ခရမ်းသီး သက်သက်လွတ် ဟင်းလျာလေးပါ။ ခရမ်းသီးကို အုန်းနို့၊ ငရုတ်သီးအနှစ်၊ ပင်စိမ်း၊ ရှောက်ရွက်
 ရောချက်ထားတာမို့ အရသာရော၊ အနံ့ပါ ပျော်ဖွယ်ရာ မရှိအောင် ကောင်းမွန်ပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်အောင် ဆီကိုလည်း အနည်းငယ်သာ သုံးထားပါတယ်။ လုပ်ရလွယ်တဲ့ ခရမ်းသီး အုန်းနို့ချက်လေးကို လုပ်စားကြည့်ရအောင်…
ပါဝင်ပစ္စည်းများ
  • ခရမ်းသီး – ၁လုံး (တကိုက်စာ အတုံးများတုံးပေးပါ)
  • ဟင်းရွက်ဆီ – စားပွဲတင်ဇွန်း ၁ဇွန်း
  • ကြက်သွန်ဖြူ – ၃မွှာ (နှုတ်နှုတ်စဉ်းပါ)
  • ကြက်သွန်နီ – ၁လုံး (နှုတ်နှုတ်စဉ်းပါ)
  • ငရုတ်သီးခြောက်နီ – ၂ခု
  • ငရုတ်သီးပွပု – ၂ခု (အစေ့ထုတ်ကာ ရေနွေးဖြင့် နူအောင်ပြုတ်ပြီ ငရုတ်ဆုံဖြင့် ညက်အောင်ထောင်းပါ)
  • ဆား – လက်ဖက်ရည်ဇွန်း ၂ဇွန်း
  • သကြား – စားပွဲတင်ဇွန်း ၁ဇွန်း
  • အုန်းနို့နှစ် – ၁၆၀ ဂရမ်
  • ရေ – ၁ခွက်
  • ရှောက်ရွက် – ၄ရွက်
  • ပင်စိမ်း – ၅ရွက်
  • သံပရာသီး – ၂လုံး (အစေ့ထုတ်ထားပါ)
" သင့်ကို မိန်းကလေးတွေ သိစေချင်ဆုံး အရာ ၁၀ ခု "
မိန်းမတွေဟာ ကျွန်တော်တို့ကို မပြောရပဲ သူတို့စိတ်ကို အလိုလို သိစေချင်ကြပါတယ်။ ဒါမဖြစ်နိုင်ဘူးဆိုတော့ အနည်းဆုံး သူတို့အကြောင်းကိုတော့ သိနေစေချင်ကြပါသေးတယ်။ အဲဒါကြောင့် သူတို့စိတ်ထဲ ဘယ်လိုရှိလဲ ဆိုတာကို ကျွန်တော်တို့ရဲ့ ပါတ်ဝန်းကျင်က မိန်းကလေး မိတ်ဆွေတွေနဲ့ ရည်းစားတွေကို မေးကြည့်ခဲ့ပါတယ်။ သူတို့ပြောတဲ့အထဲက အပြောများဆုံး အရာ ၁၀ ခုကို ဖော်ပြလိုက်ရပါတယ်။
၁၀. မိန်းကလေးတွေ အထင်ကြီးအောင် မကြိုးစားပါနဲ့
သင် မိန်းကလေးတွေကို အထင်ကြီးအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် သင့်သူငယ်ချင်းတွေကို အထင်ကြီးစေတဲ့ နည်းလမ်းတွေနဲ့တော့ မဟုတ်ပါဘူး။ ဆဲတာ၊ ရန်ဖြစ်တာ၊ အရက် အများကြီးသောက်နိုင်တာ၊ သင့်သူငယ်ချင်းယောက်ျားတွေ ကြားထဲမှာတော့ အဲဒါက အထင်ကြီးစရာပါ။ ဒါပေမယ့် မိန်းကလေးတွေကတော့ သင့်ကို လူမိုက်တစ်ယောက်လို့ ထင်သွားကြပါလိမ့်မယ်။
၉. မိန်းကလေးတွေဟာ သူတို့ခြေထောက်တွေကို ညတိုင်းအမွှေးမရိတ်ပါဘူး
မိန်းမတွေဟာ သူတို့ခြေထောက်တွေမှာ အရမ်းအရေးမကြီးရင် အမွှေးမရိတ်တတ်ကြပါဘူး။ ညတိုင်း ရိတ်ဖို့လဲ မလိုကြပါဘူး။ 
 မှတ်ချက်။ ။  မြန်မာ မိန်းကလေးများ ခြေသားလုံးမွေး မရှိပါ။
၈. မိန်းကလေးတွေဟာ သူမအပေါ် ဂျီကျသူတွေကို မကြိုက်ကြပါဘူး
မူကြိုမှာတုန်းကတော့ တခြား ကောင်မလေးတွေကို မြင်ရင် စလိုက်ရမှ၊ နာမည်ပြောင် ခေါ်လိုက်ရမှ၊ အရုပ် ခိုးလိုက်ရမှ ကျေနပ်ကြတာပါ။ ဒါပေမယ့် အခု အသက်ကြီးတဲ့ အခါမှာတော့ အဲဒါတွေလုပ်နေလို့ မရပါဘူး။ နောက်တတ်ပြောင်တတ်တဲ့ ချစ်စရာ ကလေး ငယ်ငယ်လေးနဲ့ ယဉ်ကျေးမှုမရှိတဲ့ လူတစ်ယောက်ဆိုတာ အရမ်းကွာပါတယ်။
၇. မိန်းကလေးတွေအတွက် ပိုက်ဆံဟာ အရေးမကြီးပါဘူး
တချို့လူတွေက မိန်းကလေးတွေက ဆင်းရဲသူနဲ့ ချမ်းသာသူမှာ ချမ်းသာသူကို ရွေးတယ်လို့ ထင်တတ်ကြပါတယ်။ ချမ်းသာလေ မိန်းကလေးတွေ ပိုစိတ်ဝင်စားလေ ထင်တတ်ကြပါတယ်။ တခြား အချက်အလက်တွေ အားလုံးတူနေရင်တော့ ချမ်းသာသူကို အိုးမဲ့အိမ်မဲ့ထက် ဦးစားပေး ရွေးကြမှာပါ။ ဒါပေမယ့် မိန်းကလေးတွေအတွက် ပိုက်ဆံချမ်းသာတာထက် ပိုပြီး အလေးထားတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ သူကြိုက်ရင်တော့ သင့် စီးပွားရေးအခြေအနေ ဘယ်လိုရှိရှိ ကြိုက်မှာပါပဲ။ သင်က
" Scabo (Ivermectin 6mg) ဝဲသံသရာ ကင်းဝေးပါစေ "
ဝဲဆိုတာမျိုးက ပါရာဆိုက်(parasite) ကပ်ပါးကောင်ကြောင့် ဖြစ်စေပါတယ်။ ဒါ့ပြင် သန်း၊လှေးမွှား
၊ဆင်ခြေထောက် စတာတွေဟာလည်း အင်းဆက် ကပ်ပါးပိုးကြောင့် ဖြစ်စေတယ်။ ကပ်ပါးပိုးသဘောက ယားယံတတ်တယ်။ အနီစက်ထွက်တာ ရှိတယ်။ တနေရာတည်းမဟုတ်ပဲ တခြားနေရာတွေမှာလည်း ယားယံတတ်တယ်။ ကပ်ပါးပိုးတွေကို နှိမ်နင်းဖို့ သောက်ဆေး၊လိမ်းဆေး လိုအပ်ပါတယ်။ Scaboဆိုတာ ဝဲကိုနှိမ်နင်းတဲ့ သောက်ဆေးတမျိုး ဖြစ်ပါတယ်။ ဝဲဆေးဆိုတာထက် ကပ်ပါးကောင်ကို နှိမ်းနင်းတဲ့ဆေးဆိုရင် ပိုမှန်တယ်။ scabo ဝဲဆေးထဲမှာ ပါဝင်တာက Ivermectin 6mg ဖြစ်ပါတယ်။ Ivermectin 3mg ဆိုတာ လည်း ရှိသေးတယ်။ 6mgကို လိမ္မော်ရောင်၊3mgကို ခရမ်းရောင်ကဒ်ပုံစံနဲ့ ထုတ်လုပ်ထားတယ်။ တဗူးတကဒ်ဖြစ်ပြီး ဆေးတကဒ်မှာ ဆေးလုံး(၁၀)လုံး ပါဝင်တယ်။
Scabo သောက်ဆေးက တခြားဝဲလိမ်းဆေးတွေလို အာနိသင်ထိရောက်ပြီး အသုံးဝင်တယ်။ ကပ်ပါးကောင်းတွေ ပွားများခြင်းကို တားဆီးပြီး ကပ်ပါးကောင်ရဲ့ ကြွက်သားစနစ်နဲ့ အာရုံကြောစနစ်ထဲထိဝင်ရောက်ပြီး တိုက်ဖျက်နိုင်စွမ်းရှိတယ်။ ကပ်ပါးကောင်းရဲ့ အာရုံကြောစနစ်မှာရှိတဲ့ glutamate gated ion channelကို သွားရောက်ပေါင်းစပ်ပြီး ကပ်ပါးကောင်တွေကို အကြောသေစေတယ်။ သေဆုံးစေတယ်။ ဒါ့ပြင် မမျိုးစိတ် သားအိမ်တွင်းရှိ ကပ်ပါးကောင်ရဲ့ ကြီးထွားမှုကို အဟန့်အတားဖြစ်စေ၊ပျက်စီးစေတယ်။ ကပ်ပါးမျိုးစိတ်ပွားများမလာအောင် တားဆီးပေးတယ်။
ဘယ်နေရာတွေမှာ အသုံးကျလဲ
-ဝဲရောဂါအမျိုးမျိုး(sarcoptes scabiei)
-ဆင်ခြေထောက်ရောဂါ(filariasis)
-ခေါင်းသန်း(head lice)
-ကပ်ပါးပိုးအမျိုးမျိုး(Strongloidosis,Trichuriasis,Onchocerciasis)
ဆေးညွှန်း
ခန္ဓာကိုယ်အလေးချိန်ပေါ်မူတည်ပြီး ဆေးပမာဏ ကွာခြားသွားတယ်။ ပုံမှန်အားဖြင့် 200mcg/kg နဲ့
" တစ်ဦးတည်းသော အချစ်ဆုံးသူဖြစ်ကြောင်း သိနိုင်သည့် လက္ခဏာ(၁၀)ခု "
သင့်ရဲ့ကောင်မလေးဟာ သင့်အတွက် အချစ်စစ်နဲ့ချစ်ရသူဖြစ်မဖြစ်ဆိုတာကို ဖော်ပြထားတဲ့လက္ခဏာ (၁၀)ခု နဲ့ တိုက်ဆိုင်သုံးသပ်နိုင်ပါတယ်။
၁။ သူမကလွဲပြီး အားလုံးကို ဖွဲနဲ့ဆန်ကွဲလို့ ထင်နေရင်
သူမရဲ့အလှဟာ သာမန်လောက်ပဲ ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက်တော့ တွေ့ဖူးသမျှထိမှာ ဆွဲဆောင်မှုအရှိဆုံးဖြစ်နေပါသလား။ တခြားမိန်းကလေးတွေကြောင့် သူမအပေါ်အချစ်လျော့တာ ရှိဖူးပါသလား။ မိန်းကလေးတွေအများကြီးရှိတဲ့နေရာမှာတောင်မှ သင့်ရဲ့မျက်လုံးတွေက သင့်ကောင်မလေးကို ရှာဖွေနေတတ်ပါသလား။ ဒါတွေကြုံတွေ့နေရပြီဆိုရင် သူမက သင့်အတွက် တစ်ဦးတည်းသောသူပဲ ဖြစ်ပါတယ်။
၂။ သူမက သင့်ပျော်ရွှင်မှုတွေရဲ့ အကြောင်းရင်းဖြစ်နေရင်
သူမနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုတွေးလိုက်မိချိန်တိုင်းမှာ အနည်းဆုံးပြုံးမိတာလောက်တော့ လုပ်မိပါသလား။ သူမဟာ သင့်အတွက် အရမ်းချစ်စရာကောင်းတယ်၊ သင့်ကို ရယ်မောပျော်ရွှင်စေတဲ့သူဖြစ်တယ်လို့ တွေးမိနေပြီး သူမရဲ့အချစ်ကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် အရမ်းကံကောင်းတယ်၊ သူမက သင့်ကိုကြည့်နေရုံနဲ့ သင်ထူးထူးခြားခြားခံစားရပြီဆိုရင်တော့ သူမဟာ သင့်ရဲ့အချစ်စစ်ပဲဖြစ်ပါတယ်။
၃။ သင့်ကို အရှိအတိုင်းလက်ခံနိုင်သူဖြစ်ရင်
သူမဟာ သင့်ရဲ့ကောင်းတဲ့အပိုင်းကိုမှ မဟုတ်ပါဘူး။ အကောင်းအဆိုးအားလုံးကို လက်ခံပေးနိုင်သူ ဖြစ်ပါတယ်။ သင်ဟာ အရှိအတိုင်းကို ဘယ်လောက်ပြည့်စုံနေပြီလဲဆိုတာကို အားပေးပြောကြားလေ့ရှိပြီး သင့်ရဲ့ချို့ယွင်းချက်တွေကိုလည်း နားလည်လက်ခံပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့စိုးရိမ်ကြောင့်ကျမှုတွေကို ရင်ဆိုင်နိုင်အောင် ကူညီပေးတတ်ပါသေးတယ်။
၎။ သင့်ကို ဘယ်အခြေအနေမျိုးပဲဖြစ်ဖြစ် အားပေးနေသူဖြစ်ရင်
သူမရဲ့လက်တွဲနေချိန်တစ်လျှောက်လုံးမှာ သင့်မှာ ကောင်းကောင်းဆိုးဆိုး ဘယ်လိုအခြေအနေမျိုးပဲ ကြုံတွေ့ ရသည်ဖြစ်စေ သူမက သင့်နောက်ကနေ အမြဲတမ်းအားပေးကူညီနေတတ်ပါတယ်။ သင့်က လက်လျှော့ အရှုံးပေးချင်နေရင်တောင်မှ သူမက ရှေ့ဆက်ဖို့ တိုက်တွန်းအားပေးနေဦးမှာပါ။ သင့်အပေါ်ကို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ယုံကြည်မှု အပြည့်ရှိနေမှာဖြစ်ပါတယ်။
၅။ သူမဟာ သင့်အတွက် ပြီးပြည့်စုံတယ်လို့ ယူဆရင်
သူမနဲ့ ပတ်သတ်ပြီး ပြောင်းလဲစေချင်တဲ့အရာ ဘာမှမရှိဘူးလို့ သင်ယူဆထားပါသလား။ သူမကိုယ်တိုင်က ချို့ယွင်းချက်လို့ ယူဆတဲ့အရာတွေကိုတောင်မှ သင့်အနေနဲ့ အပြစ်လို့မမြင်တတ်တော့ပါဘူး။ သူမအပြုံး၊ သူမ စကားပြောဟန်၊ စသဖြင့် သူမနဲ့ပတ်သက်တဲ့အရာအားလုံးက သင့်အတွက် ပြီးပြည့်စုံနေတယ်လို့ ခံစားရရင် တော့ သေချာပါပြီ။ သူမဟာ သင့်အတွက်
" အလှဆုံး မိန်းကလေးတွေမှာ ဘာ့ကြောင့် ရည်းစားမရှိတာလဲ "
အမျိုးသမီးတစ်ယောက်က ဘယ်လောက်ထိ တန်ဖိုးရှိလဲ ဘယ်လောက်ထိ ကြည်ညိုလေးစားစရာကောင်းသလဲဆိုတာကို သူ့မှာ အိမ်ထောင်ရှိမရှိ ရည်းစားရှိမရှိဆိုတဲ့အချက်နဲ့ ဆုံးဖြတ်တတ်ပါတယ်။အဲ့ဒီအချက်ကို သက်သေပြတဲ့အတွေးတစ်ခုကတော့ မိန်းကလေးတစ်ယောက် အရမ်းလှတယ်ဆိုရင် သူ့မှာ ရည်းစားရှိတယ်လို့ တွေးတတ်ကြပါတယ်။အကယ်၍ သူ့မှာ ရည်းစားမရှိဘူးဆိုရင် သူက ဘာများချို့ယွင်းနေတာလဲ သူက တွဲလို့မရလောက်အောင် ခပ်ဆိုးဆိုးကောင်မလေးလားဆိုပြီး တွေးတတ်ကြပါတယ်။လှပချောမောထက်မြက်တဲ့မိန်းကလေးတိုင်းမှာ ရည်းစားရှိတယ် မရှိတဲ့မိန်းကလေးတွေက ခပ်ကြောင်ကြောင်တွေပါ လို့သိကြတယ်။ရည်းစားတစ်ယောက်တောင်မရှိဘူးဆိုရင် သူက မလှလို့ပါပဲ။ဒါပေမယ့် သူက ရည်းစားမထားချင်လို့ရော မဖြစ်နိုင်ဘူးလား။သူ့အချိန်ကို ပေးဖို့ ထိုက်တန်တဲ့တစ်စုံတစ်ယောက်ကို ရှာမတွေ့လို့ရော မဖြစ်နိုင်ဘူးလား။ခပ်လှလှမိန်းမတစ်ယောက်က တစ်ယောက်ထဲနေလို့ မဖြစ်ဘူးလို့များ တွေးနေကြတာများလား။ထက်မြက်လှပတဲ့အမျိုးသမီးတစ်ဦးအနေနဲ့ ရည်းစားမရှိ တစ်ကိုယ်တည်းအပျိုကြီးဖြစ်နေတဲ့အကြောင်းက ပုံသေကားချအလုပ်တွေကို မလုပ်ချင်ကြလို့ပါ။သူတို့ဘဝကို တစ်ကိုယ်တည်းရုန်းကန်လှုပ်ရှားနေတာက ပိုပြီး လွယ်ကူအောင်မြင်နေတာမို့လို့ပါ။ပြီးတော့ သူတို့အချိန်ပေးထိုက်တဲ့ သူတို့အတွက် သင့်တော်တဲ့ အမျိုးသားတစ်ဦးအတွက် စောင့်ဆိုင်းနေကြတာမို့လို့ပါ။ထက်မြက်တဲ့အမျိုးသမီးတစ်ဦးက သူတို့ကိုယ်သူတို့ထက် အခြားဘယ်သူကမှ သူတို့ကို မသိဘူးလို့တွေးထားကြလို့ပါ။သူတို့ဘာကြောင့် တစ်ယောက်ထဲနေကျလဲဆိုတဲ့ အကြောင်းတွေကို ကြည့်မယ်ဆိုရင်
၁။သူတို့က ယောက်ကျားတွေရဲ့ ရည်မှန်းချက်တွေကို မယုံကြဘူး။
သူတို့တွေ့ခဲ့တဲ့ယောက်ကျားတွေအများစုက ခပ်ကြောင်ကြောင်တွေ ဖြစ်နေတတ်ပါတယ်။သူတို့အတွက် ထိုက်တန်တဲ့ တစ်စုံတစ်ယောက်ရလာတာတောင်မှ အတိတ်က အတွေ့အကြုံဆိုးတွေကြောင့် သူတို့ရဲ့ချစ်သူကို ယုံကြည်နိုင်စွမ်းလျော့နည်းနေပါလိမ့်မယ်။အဲ့ဒီလို ထက်မြက်လှပတဲ့မိန်းကလေးတွေအတွက် သူတို့ရှေ့မှာ ရပ်တည်ပြီး သူတို့မှီခိုအားထားရမယ့်ယောက်ကျားဆိုတာ အတော်ရှာရခက်နေပါလိမ့်မယ်။
၂။လူတွေက သူတို့မှာ ချစ်သူရှိပြီးသားလို့ ယူဆထားတာကြောင့်ပါ။
ခပ်မိုက်မိုက်အမျိုးသားတစ်ယောက်ကို မိန်းကလေးတစ်ယောက်အနေနဲ့ တွဲချင်စိတ်နည်းကျပါလိမ့်မယ်။အဲ့ဒီအမျိုးသားမှာ
" ဒီ ၇ ယောက်ကို ဘယ်တော့မှ မမေ့နဲ့ " (Ko Pauk)
(၁) အမေ ။ ။ အမေဆိုတာ ဒီလောကထဲရောက်လာအောင် မင်းကို ပထမဆုံး ခေါဆောင်လာခဲ့တဲ့ သူပေါ့။
(၂) အဖေ ။ ။ အဖေဆိုတာ မင်းအတွက် အခက်အခဲတွေ၊ ဆင်းရဲဒုက္ခတွေကို အပြုံးလေးနဲ့ ဖြတ်ကျော်ပေးတဲ့ ပထမဆုံး သူပေါ့။
(၃) မောင်နှမတွေ ။ ။ မောင်နှစ်မတွေဆိုတာ အကောင်းအဆိုးတွေ အားလုံးကို အတူတကွ ဖြေရှင်းခဲ့တဲ့ ပထမဆုံးသော သူတွေပေါ့။
(၄) သူငယ်ချင်း ။ ။ သူငယ်ချင်းတွေဆိုတာဟာ မတူညီတဲ့ အမြင်တွေ၊ မတူညီတွေ အတွေးအခေါ်များနဲ့အတူ အခြားသူတွေကို ဘယ်လိုလေးစားရမယ်ဆိုတာကို သင်ကြားပေးခဲ့သော ပထမဆုံးသော သူတွေပေါ့။
(၅) မိတ်ဆွေကောင်း ။ ။ မိတ်ဆွေကောင်းတွေဟာ လူ့လောကမှာ ရှိတဲ့ စွန့်လွှတ်အနစ်နာ ခံမူနဲ့ အတူပူပေါင်း လက်တွဲမူတွေကို သင်ကြားပေးသူတွေပေါ့။
(၆) မင်းရဲ့သားသမီးများ ။ ။ သားသမီးးတွေဆိုတာ ကိုယ့်ထက် အခြားသူကို ဘယ်လို ကြင်နာဂရုစိုက်ရမလဲ ဆိုတာကို
February 5, 2016
" လျှပ်စစ်မော်တာအား တုန်စက်အဖြစ် အသုံးပြုရာမှ စအိုအားဓာတ်လိုက်သေဆုံး "
https://blogger.googleusercontent.com/img/b/R29vZ2xl/AVvXsEiUJN34KFm8KJMTOlu4t9iBMXOgxEEwiw-r0b67gQ_YSPA7AUmu2fiJGN1PgPIwaH0LYrniB_i86rIvcpJaY8Ta0IVcqzRc1_ouhCTumzHJxGLXtSHYTl07uz-TpsHZH6mKkLXrG1NtqYWP/s1600/%25E1%2581%2582%25E1%2581%2581%25E1%2581%2585.jpg
   ဖဘပေါ်မှာသူငယ်ချင်း အချင်းချင်းဆေးထိုးပြီး ဖွတာ အောင်မြင်သွားတဲ့ပို့ စ်တစ်ခု
Credit : http://www.themeltingpot4u.com/2016/01/blog-post_638.html?m=1
" မျက်စိပါဝါကို ဆေးနဲ့ချခြင်း "
ဆရာ ကျန်တော်မျက်စိက ပါဝါ ၁၅၀ရှိပါတယ်။ ဘယ်ဖက်က ၁၂၅ပါ။မနေ့က မျက်စိသွားစမ်းတော့ ပါဝါနဲနဲ
တက်တယ်ပြောပါတယ်။ အစိတ်တက်သွားပြီတဲ့။အဲဒါမျက်မှန်ထပ်လုပ်ရမယ်ဆိုလို့လုပ်ခဲ့ပါတယ်။ သိချင်တာ
က မျက်စိပါဝါက ဒီလိုဘဲအမြဲတက်နေမှာလား။ မတက်အောင်ဘာလုပ်ရမလဲ။ဆောင်ရန်၊ရှောင်ရန်သာမက
ဘယ်လိုမျက်စိအားဆေးမျိုးသောက်ရမလဲ။ကျွန်တော်အသက်က အခုမှ ၁၉နှစ်ပဲ ရှိပါတယ်။GTCတက်နေ
တာပါ။ ကွန်ပျူတာတော့ နှိပ်ဖြစ်ပါတယ်။ မျက်စိပါဝါကျအောင် ဘာလုပ်သင့်လဲ ဖြေကြားပေးပါခင်ဗျာ။
(မျက်စိအဖြေစာရွက်ကိုပါ ပူးတွဲပေးပို့လိုက်ပါတယ်။)
လေးစားစွာဖြင့်
_ညီညီလင်း
ဟုတ်ကဲ့ ကို_ရေ။ စာရွက်ပါပူးတွဲ ပို့ပေးတဲ့အတွက် ပိုအဆင်ပြေပါတယ်။ အရင်ဆုံးဝန်ခံလိုတာတစ်ခုက ကျွန်တော်က မျက်စိဆရာဝန်တစ်ယောက် မဟုတ်ပါဘူး။ ကျွမ်းကျင်ပညာရှင်မဟုတ်လို့ အကြံလောက်ပဲပေးနိုင်ပါမယ်။ 
စာရွက်ထဲမှာ ODကော၊OSကောမှာ -1.50လို့ ရေးထားတာကြောင့် နှစ်ဖက်လုံးဟာ ပါဝါ၁၅၀ဆီ ညီတူရှိတယ်လို့ သိရပါတယ်။ ဒါ့ကြောင့် ပါဝါတက်တာက ဘယ်ဖက်တစ်ဖက်ထဲပိုတက်လာတာပါ။ အရင်က ဘယ်ဖက် ၁၂၅ပဲရှိတယ်ဆိုလို့ အခုအစိတ်လောက် တက်လာပါတယ်။ စလင်ဒါ မပါဘူး။ အနှုတ်သကေတက အဝေးမှုန်တဲ့ သဘောကို ဆောင်ပါတယ်။ short sightednessအနီးမြင်ပြီး အဝေးမှုန်တဲ့သဘောကို ဆိုလိုတယ်။ ဆေးပညာလိုတော့ myopiaလို့ ခေါ်ပါတယ်။ ပါဝါတက်တယ်ဆိုတာ မျက်စိကြွက်သားတွေ အလုပ်လုပ်ပုံ မမှန်တာ၊မညီမျှတာနဲ့ သက်ဆိုင်တတ်တယ်။ ငယ်ရွယ်စဉ်အာရုံစိုက်ရတဲ့အလုပ်လုပ်သူတွေဟာ ပါဝါတက်ကြတယ်။ မျက်စိဆိုတာ ပြောရခက်ပါတယ်။ တခါတရံလည်း လပိုင်းလောက်ခြားပြီး ၁၀၀၊၂၀၀လောက် တက်တာမျိုးလည်း ရှိတတ်တယ်။ ထူးဆန်းတာတခုက ငယ်ရွယ်စဉ်အဝေးမှုန်ပေမယ့် တချို့ဟာ အသက်၄၀ကျော်လောက်မှာ အနီးမှုန်ပြီး အဝေးပြန်မြင်ကြတယ်။ တချို့က ကံကောင်းတဲ့မျိုးရိုးဗီဇရှိတယ်။ မိဘ၊အဖိုးအဘွားက မျက်မှန်မတပ်ရရင် ကလေးတွေလည်း မျက်မှန်မတပ်ရဘူး။ဂိမ်းဘယ်လောက်ဆော့ဆော့၊စာဖတ်ဖတ် မျက်မှန်မတက်ရသူတွေလည်းရှိလို့ ပြောရတော့ခက်ပါတယ်။ အကြံတောင်းတဲ့ထဲမှာ ပါဝါမတက်အောင် ဘယ်လိုနေရမလဲဆိုတာ ပါပါတယ်။ အကောင်းဆုံးက အာရုံစိုက်ရတဲ့အလုပ်မှန်သမျှ နားထားပါ။ ကွန်ပျူတာနှိပ်တာ၊ဂိမ်းဆော့၊အခွေကြည့်တာ ရှောင်ထားပါ။ ကြည့်မိရင် မျက်စိကို ၁၅မိနစ်တိုင်း ၅မိနစ်လောက် နားပေးပါ။ တချိုက စိမ်းတဲ့သစ်ပင်တွေ ကြည့်ပါလို့ဆိုပါတယ်။ မြို့ပြတွေမှာ ဒီလိုအရာတွေရှားသွားပြီဖြစ်လို့ လက်တွေ့တော့ သိပ်မကျဘူး။ စိမ်းတဲ့အရွက်မှာပါတဲ့ ကလိုရိုဖီးလ်က အမြင်အားကောင်းစေတယ်။ ဒါ့ကြောင့် စိမ်းတဲ့အသီးအရွက်များများစားသင့်တယ်။ ဝါတဲ့၊နီတဲ့ သစ်သီးတွေမှာ မျက်စိအားကောင်းစေတဲ့ဓာတ်တွေပါဝင်လို့ စားပေးသင့်တယ်။ မျက်စိအားဆေးဆိုတာတော့ မျိုးစုံရှိပါတယ်။ ii careတို့၊ optica ၊opticomeစသည်ဖြင့် မျိုးစုံရှိကြတယ်။ ဆေးကြောင့် သိပ်အကျိုးထူးတာမျိုးတော့ မတွေ့ရဘူး။ သို့သော် ကွန်ပျူတာနှိပ်နေရင်တော့သောက်တာ မမှားလောက်ပါဘူး။ အာရုံကြောဆေး betex(သို့)neurobionအပြာကဒ် သောက်ပေးနိုင်တယ်။ မျက်စိပါဝါကျအောင် လုပ်တဲ့နည်းတွေရှိတယ်ဆိုပေမယ့် သိပ္ပံနည်းကျ သက်သေပြနိုင်တာမျိုး မတွေ့ရသေးဘူး။ အဓိကက မျက်စိလေ့ကျင့်ခန်းလုပ်ခိုင်းတာပါ။ တချို့ကလည်း မျက်ရိုးကိုနှိပ်ခိုင်းတယ်။ ယောဂကျင့်ဆိုသူလည်း ရှိတယ်။ အပ်စိုက်ကုထုံးတွေလည်း ရှိပေမယ့် မသေချာပါဘူး။ သေချာတာက အာရုံစိုက်တာရှောင်ကြဉ်ပြီး ကံကောင်းရင် မျက်စိပါဝါကျသွားပါတယ်။ ရှိတော့ရှိတယ် ရှားတယ်ပေါ့။ မျက်စိပါဝါရှိရင် ၆လတခါလောက် ပြန်စစ်နေသင့်တယ်။ ဘာ့ကြောင့်လဲဆိုတော့ ဆေးခန်းကို နာတာရှည် မျက်ရိုး၊ခေါင်းကိုက်ပြီး ရောက်လာတဲ့လူငယ်အများစုဟာ ပါဝါတက်နေတာမသိပဲ စာတွေဖတ်နေလို့ပါ။ ခေါင်းကိုက်၊နောက်စေ့ကိုက်ရင် မျက်စိပါဝါစစ်သင့်ပါတယ်။ လိုအပ်ရင်တော့ မျက်မှန်တပ်ပါ။ တချို့ပါဝါများပေမယ့် မြင်နေရတာမျိုးလည်း ရှိသေးတယ်။ မျက်ကပ်မှန်တပ်တာတော့
" သင်မကြားဖူး မသိဖူးသေးတဲ့ အလှအပ လျို့ဝှက်ချက်များ "
သာမန်အလှအပလျို့ဝှက်တွေ အကြောင်း သင် ကြားဖူး၊ ဖတ်ဖူးပါလိမ့်မယ်။ ဒါပေမယ့် ခုပြောပြပေးမယ့် အသေးအဖွဲအလှအပ
ကိစ္စရပ်လေးတွေမှာလည်း စိတ်ဝင်စားစရာ အချက်တချို့ရှိနေပါတယ်။
(၁) နှုတ်ခမ်းနီကြာရှည်ခံအောင်
နှုတ်ခမ်းကို လွယ်ကူ ညီညာစွာ အရောင်တင်ဖို့ နှုတ်ခမ်းကို တိုက်ရိုက်ဆိုးမယ့်အစား လက်ချောင်းကို အသုံးပြုနိုင်တယ်။ လက်ထိပ်လေးတွေနဲ့ နှုတ်ခမ်းကို တို့တို့ပေးလိုက်ပါ။ နှုတ်ခမ်းနီဆိုးပြီးတဲ့အခါ အပေါ်က coat လေးတစ်ခု ထပ်ဆိုးဖို့လည်း မမေ့ပါနဲ့။ ဒါမှ နှုတ်ခမ်းနီကြာရှည် ခံပါလိမ့်မယ်။
(၂) သကြားနဲ့ ပွတ်ပါ
သကြားများလွန်းတာဟာ ခန္ဓာကိုယ်အတွက်တော့ မကောင်းပါဘူး။ သို့သော် အရေပြားအတွက် သကြားက အကောင်းဆုံးလို့ သိရပြန်ပါတယ်။ တိုက်ချွတ်ဆေးအဖြစ် သုံးဖို့ ပုံမှန်အတိုင်း မျက်နှာသစ်ပြီးနောက် မျက်နှာချွတ်လို မျက်နှာကို သကြားနဲ့ တိုက်ချွတ်ပေးပါ။ သကြားက ရေထဲ အလွယ်တကူ ပျော်ဝင်တာကြောင့် sensitive ဖြစ်တဲ့ အသားအရေ ရှိရင်တောင် ဘာပြသနာမှ ရှိမှာမဟုတ်ပါဘူး။
(၃) ရေမွှေးနံ့ကြာရှည်ခံအောင်
ရေမွှေးနံ့ကြာရှည်ခံစေဖို့ ရေမွှေးမဖျန်းမီ အလှဆီတစ်ခုခု လိမ်းပေးပါ။ ခုလို လိမ်းခိုင်းတာက ရေမွှေးဟာ အရက်ပြန်နဲ့ အဓိက ဖော်စပ်ထုတ်လုပ်ထားတာကြောင့် ခြောက်သွေ့တဲ့အရေပြားပေါ် ဒီအတိုင်း ဖျန်းမယ်ဆိုရင် လျင်မြန်စွာခမ်းသွားနိုင်တာကြောင့်ပါ။
(၄) မျက်တောင်တွေပေါ်ကို ပေါင်ဒါနည်းနည်း တို့ပေးပါ
mascara သုံးပြီးတဲ့နောက် မျက်တောင်ပေါ် ပေါင်ဒါတို့ပေးတာဟာ သုံးလိုက်တဲ့ mascara ဆေးတွေစုစုပြီး ကပ်နေတဲ့
" သင် လေယာဉ်ပေါ်မှာ အိပ်နေချိန် လေယာဉ်မယ်မမတွေ ဘယ်သွားငြိမ့်နေကြသလဲ ဆိုတာ သိလားလိုစ် "
ကာလရှည်ခရီးသွားရတဲ့အခါမျိုးတွေမှာ အချိန်အတော်ကြာ လေယာဉ်စီးရမှာမို့ လေယာဉ်မယ်တွေက မီးရောင်မှိန်မှိန်လေး
ထွန်းပြီး ထိုင်ခုံမှာ ခဏတာ အိပ်စက်ဖို့ မီးအလင်းရောင်ကို လျှော့ချပေးလေ့ ရှိပါတယ်။ ခရီးသည်တွေ အိပ်နေချိန်မှာ
 လေယာဉ်မယ်တွေဟာလည်း စင်္ကြန်လမ်းကနေ ပျောက်ကွယ်သွားလေ့ ရှိပါတယ်။
ဒါကို ဘိုးရင်းလေယာဉ်ကြီးတွေမှာ ပါဝင်တဲ့ အစိတ်အပိုင်းတွေက ကောင်းကောင်း အဖြေပေးနိုင်ပါလိမ့်မယ်။ လေယာဉ်မယ်တွေဟာ ခရီးစဉ်တွေမှာ လိုက်ပါတဲ့အခါ တစ်ပတ်လောက် တောက်လျှောက် အလုပ်လုပ်ရလေ့ ရှိပါတယ်။ ဒီလိုအခြေအနေမှာ သူတို့အတွက် အဆင်ပြေပြေ နားနေနိုင်အောင် အံဝှက်ဆိုတဲ့ ပုံစံမျိုးနဲ့ လေယာဉ် မှာ နားနေခန်းတွေ တည်ဆောက်ပေးထားပါတယ်။ လေယာဉ်မယ်တွေရဲ့ နားနေခန်းဟာ အကျယ်အားဖြင့် သိပ်မရှိပေမယ့် ကော်ဖီသောက်ပြီး ခြေညောင်းလက်ဆန့် လုပ်လို့ရနိုင်တဲ့ အခြေအနေတော့ ရှိပါတယ်။ တချို့ သော ဘိုးရင်းလေယာဉ်ကြီးတွေမှာ လေယာဉ်မယ်တွေအတွက် နားနေခန်းဟာ ခရီးသည်တွေ ထိုင်တဲ့ အခန်းရဲ့ အပေါ်ဘက်မှာ တည်ရှိပါတယ်။ တချို့သော လေယာဉ်တွေမှာကတော့ ခရီးသည်ထိုင်ခုံတွေရဲ့ အဆုံးမှာ ရှိတဲ့ တံခါးကနေ ကြောင်လိမ်လှေကားနဲ့ တက်သွားလို့ရတဲ့ နားနေခန်းတွေ တည်ဆောက် ပေးထားပါတယ်။ လေယာဉ်မယ်တွေအတွက် အိပ်ရာဟာ အနံ ခြောက်ပေ၊ အလျား ၂ ပေခွဲ ရှိတာမို့ တစ်ယောက်စာ ကောင်းကောင်းအိပ်စက်နိုင်ပါတယ်။ ဘေးမှာ ရှိတဲ့အဖော်က ဟောက်တတ်ခဲ့မယ်ဆိုရင် အသံ မကြားစေဖို့ အိပ်ရာတစ်ခုနဲ့ တစ်ခုကြားမှာ ခပ်ထူထူ လိုက်ကာတွေ တပ်ဆင်ပေးထားပါတယ်။
တခြားလေယာဉ် လိုင်းတွေဆိုရင် လေယာဉ်မယ်တွေကို အိပ်ရာဝင်ဝတ်စုံတွေနဲ့ တီဗွီကြည့်တာလို ဖျော်ဖြေမှုမျိုးတွေနဲ့ပါ
" မန္တလေးနန်းတွင်းထဲက လူအရောက်အပေါက် နည်းသေးတဲ့ သမိုင်းဝင် ကိုးနေရာ "
မြန်မာနိုင်ငံရဲ့ နောက်ဆုံးမင်းဆက်တွေ ဖြစ်တဲ့ မင်းတုန်းမင်းနဲ့ သီပေါမင်းတို့ စိုးစံခဲ့တဲ့ နေရာ။ သက်တမ်း အားဖြင့် နှစ်ပေါင်း (၁၅၀) ကျော် ရှိခဲ့ပြီး သမိုင်းဝင် အဆောက်အဦတွေနဲ့ ရှေးဟောင်းလက်ရာ အမွေအနှစ်တွေ ပြည့်နှက်နေတဲ့ နေရာ။ မန္တလေးမြို့ကို လာရောက်လည်ပတ်ကြသူ ပြည်တွင်းပြည်ပ ခရီးသွား အများစု မသွားမဖြစ် သွားရောက် လေ့လာတတ် ကြတဲ့နေရာ။ အဲဒီလို သမိုင်းဝင်ပြီး အများပြည်သူနဲ့ သက်ဆိုင်တဲ့ နေရာ တခုဖြစ်ပေမယ့် စစ်တပ်ရဲ့ အဝန်းအဝိုင်းထဲမှာ ရှိနေလို့ အဝင်အထွက်တွေ တင်းကြပ်ထားပြီး မြို့နေ လူထုကိုယ်တိုင်က ဝင်ရောက် လည်ပတ် လေ့လာဖို့ တွန့်ဆုတ်တတ် ကြတဲ့နေရာ လည်း ဖြစ်နေပါတယ်။
ဟုတ်ပါတယ်၊ အဲဒါ မန္တလေးနန်းတွင်း ပါ။ နန်းတွင်းထဲကို လာရောက်လည်ပတ်သူ အများစုဟာ မြနန်းစံကျော်
 ရွှေနန်းတော်ကိုသာ သွားရောက် လည်ပတ်ကြတယ်၊ ဓာတ်ပုံရိုက်ကြတယ်၊ နန်းတော်နားက သမိုင်းဝင် နေရာ တချို့ကိုတော့ ဝင်ရောက်ခြင်း မရှိဘဲ ကပ်ကပ်ပြီး ကျော်သွားတတ်ကြတယ်၊ အရောက်အပေါက် နည်းကြပါ တယ်။ စစ်တပ်အဝန်းအဝိုင်း ထဲမှာရှိလို့ တချို့နေရာတွေကို ဝင်ခွင့် ကန့်သတ်ထားပေမယ့် အောက်မှာ ဖော်ပြမယ့် နေရာ ၉ နေရာ ကတော့ လူတွေအလွယ်တကူ ဝင်ရောက် လေ့လာနိုင်တဲ့ နေရာတွေပါ။
မြနန်းစံကျော် ရွှေနန်းတော် အနီးတဝိုက်မှာပဲ ရှိနေပြီး ဝင်ရောက်လေ့လာဖို့ သင့်တဲ့ သမိုင်းဝင်နေရာ ၉ ခုကို ဖော်ပြ ပေးလိုက်ပါတယ်။
(၁) စွယ်တော်စင်
စွယ်တော်စင်ဆိုတာ ဦးထိပ်လမ်း (နန်းတွင်း အရှေ့ဘက် ဝင်ပေါက်ကနေ ဝင်ရင် မြနန်းစံကျော် ရွှေနန်းတော် ဆီကို တိုက်ရိုက် ရောက်နိုင်တဲ့လမ်း) ရဲ့ တောင်ဘက်ခြမ်းမှာ ရှိပါတယ်။ မင်းတုန်းမင်း နန်းစတည် ကတည်းက ရှိခဲ့တဲ့ သာသနိက အဆာက်အဦပါ။ လက်ရှိအချိန်မှာတော့ ဆေးအဖြူသုတ်ထားပြီး ရွှေဆေးတွေ ကွပ်ထားပါ တယ်။ အပေါ်တက်ဖို့ စတီးလှေကား တစင်းကိုတွေ့ရတယ်။ ဓာတ်တော်မွေတော် အပေါင်း ကိန်းအောင်းပြီး အုတ်နဲ့ တည်ဆောက်ထားလို့ စွယ်တော်ကျောင်း (စွယ်တော်စင်) လို့ခေါ်တာ ဖြစ်တယ် လို့ ရတနာဘိုးမှတ်စုမှာ ရေးသားထားပါတယ်။
(၂) ပဟိုရ်စင်
စွယ်တော်စင်ရဲ့လမ်းတဖက်က မြောက်ဘက်ခြမ်းမှာ ရှိနေတာကတော့ ပဟိုရ်စင်ပါ။ အချိန်နာရီ တောက် လျှောက် ကြားဖို့ တီးခတ်ရတဲ့ ပဟိုရ်စည်ကြီးနဲ့ ခေါင်းလောင်းကြီး ရှိခဲ့တဲ့ ပဟိုရ်စင်ပါ။ မင်းတုန်းမင်း မြို့တည် ကတည်းက ရှိခဲ့တဲ့ ပဟိုရ်စည်ကြီးဟာ အင်္ဂလိပ်လက်ထက်မှာ မီးလောင်ပျက်စီးသွားခဲ့လို့ အောက်ခြေက အုတ်မြစ်ကြီးသာ ကျန်ခဲ့ပါတယ်တဲ့။ လက်ရှိ အချိန်မှာတော့ ပြုပြင်ထားတဲ့ ပဟိုရ်စဉ်ကိုပဲ တွေ့မြင်ရပါမယ်။ ဝါကျင့်ကျင့် စတုရန်းပုံလေးထောင့် အုတ်ထုကြီး အပေါ်မှာ တိုင်လုံးဖြူကြီး လေးတိုင်၊ အပေါ်မှာမှတခါ ပြာသာဒ်ဆောင် တင်ထားတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ ပဟိုရ်စဉ်ရဲ့ မြောက်ဘက်မှာ အပေါ်ကိုတက်ဖို့ လှေကား ပေါက် ပါပေမယ့် လှေကားရင်းမှာ သော့ခတ်ထားတဲ့ အတွက်
" တင်းလွန်းရင်ပြတ်သွားမှာပဲ... "
ချစ်သူနှစ်ယောက်မှာ နားလည်မှု လွဲတာ ဂရုစိုက်မှုလို့ခေါ်တဲ့ ဦးစားပေးမှု တစ်ခုကလည်း အပါအဝင်ပါ ။ ဂရုစိုက်မှုလို့ ခေါ်တဲ့ ဦးစားပေးမှုမှာ မိန်းကလေးတွေက အများဆုံး အလေးပေး ခံရလေ့ရှိပါတယ် ။ ဒါကလည်း အားနွဲ့ တဲ့ မိန်းကလေးတွေမို့လို့ ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ အတွက်ကြောင့်
ပါ ။ မေတ္တာဆိုတာ အလျား ၊ အနံ မရှိပေမယ့် ၊ အသွား အပြန်တော့ရှိတယ် ဆိုသလိုပေါ့ ။
မေတ္တာဆိုတဲ့ သဘောတရားကို ပြန်ပြောမယ်ဆိုရင် ယောင်္ကျားလေးက သက်သက် ၊ မိန်းကလေးက သက်သက်ရယ်လို့ ခွဲလို့ မရတော့ပါဘူး ။ ဘာလို့ လည်းဆိုတော့ လူတိုင်းမှာ ခံစားချက် ရှိတာကိုး ။ ဒါကြောင့် ခုနက ကျွန်တော်ပြောတဲ့ ဂရုစိုက်မှုဆိုတဲ့ အရာက မိန်းကလေးတွေ ချည်းပဲမှ မဟုတ်ပါဘူး ။ တစ်ခါတလေ ယောင်္ကျားရင့်မာကြီးတွေတောင်မှ ကိုယ့်ချစ်သူ မိန်းကလေးတွေ ဆီက ဂရုစိုက်မှုလေးကို ခံစားချင်တတ်ကြတယ် ။
ကိုယ်သူ့ကို စိတ်ပူပေးခဲ့သလို ၊ ကိုယ်သူ့ကို ဦးစားပေးခဲ့သလို ၊ သူဝမ်းနည်းတဲ့အချိန် ကိုယ်ပျော်ရွှင်အောင် လုပ်ပေးခဲ့သလို တစ်ခါတလေကျရင် ယောင်္ကျားတွေမှာလည်းလိုအပ် နေတတ်တယ် ။ ကြိုးရဲ့ သဘော တရားလိုပေါ့ ။ ကြိုးကို လုံးဝ လျော့ထားလို့ချင်ရင် အဝေးဆုံးကိုရောက်သွားမှာပဲ ။ လျော့ထားပေးတဲ့ ကြိုးပိုင်ရှင်လေးကို ကိုယ့်ဆီနီးလာအောင်
February 4, 2016
" ချစ်သူများနေ့ကို တစ်ကိုယ်တော် ဖြတ်သန်းတာ ပိုမိုကောင်းမွန်တဲ့ အကြောင်းအရင်း (၄) ချက် "
မကြာခင်မှာ ချစ်သူများနေ့ ရောက်လာတော့မှာပါ။ ချစ်သူများနေ့မှာ ချစ်သူစုံတွဲတွေထက် တစ်ကိုယ်ရေ တကာယသမားတွေမှာ ပိုသာတဲ့ အချက်တချို့ရှိပါတယ်။ သင်ဟာ တစ်ယောက်တည်း သမားဖြစ်လို့ အဲဒီနေ့ရဲ့  တောင်းဆိုချက်ဖြစ်တဲ့ ရိုမန်တစ်ဆန်ဆန် လှုပ်ရှားဆောင်ရွက်မှု အစီအစဉ်များ အပြင်မှာ တွေ့မြင်နေရမှာ ကြောက်နေမိပါလိမ့်မယ်။ ဒါပေမယ့် သင်မသိသေးတာက တစ်ကိုယ်ရေ တကာယသမားများက ဒီနေ့မှာ သာတဲ့ အချက်တစ်ချို့ရှိတယ် ဆိုတာကိုပါ။ ဖေဖော်ဝါရီလ ၁၄ ရက်နေ့မှာ single ဖြစ်ရလို့ တစ်ပန်းသာစေတဲ့ အကြောင်းရင်း (၄) ချက်ရှိပါတယ်။
၁။ လက်ဆောင်ပစ္စည်းကောင်းကောင်းလေးတစ်ခုပေးဖို့ကိစ္စအတွက် စိတ်မပူရတော့ပါ
ချစ်သူများနေ့မှာ သက်ဆိုင်သူရှိနေတဲ့အခါ မိမိရဲ့စိတ်ခံစားချက်များနဲ့ ပတ်သက်လို့ ရိုမန်တစ်ဆန်ဆန် ဖွင့်ဟပြောဆိုမှုပြုဖို့ သင့်ကို မျှော်လင့်ထားပါတယ်။ မျှော်လင့်ချက်တွေ ရှိတဲ့နေရာမှာ လက်တွေ့ဖြစ်လာမတတ်တဲ အခြေအနေလည်း ရှိတတ်ပြန်ပါတယ်။ ပန်းကို အရောင်မှား ဝယ်မိရင်၊ သင် ချက်ပြုတ်ပြင်ဆင်ထားတဲ့ အစားအစာ သူ မကြိုက်ရင် ဒါမှမဟုတ် သင် ရွေးချယ်လိုက်တဲ့ လက်ဝတ်ရတနာလေးကို သူမ သဘောမကျခဲ့ရင် ဘယ်လိုလုပ်မလဲ။ စိတ်ကူးယဉ်ခဲ့သမျှ အကောင်းဆုံးဖြစ်လာဖို့ မျှော်လင့်ယူဆထားတဲ့ တစ်နေ့ဟာ မနှစ်မြို့ဖွယ် စိတ်ဖိစီးမှုဖြစ်စေတဲ့ နေ့တစ်နေ့သို့ ပြောင်းသွားနိုင်ပါတယ်။
၂။ ပိုက်ဆံ အကုန်အကျများများစားစားမရှိတော့ပါ
မိမိခံစားမှုကို သူသိအောင်ပြသဖို့ ပိုက်ဆံတွေ ကုန်ရပါတယ်။ တကယ်လို့ မိမိတစ်ဦးတည်းသာဖြစ်ရင် ပိုက်ဆံကို ကောင်းကောင်း စုလို့ရပါတယ်။ အတွဲမရှိသူတွေ ရုပ်ရှင်အတွက် သို့မဟုတ် အရက်သေစာအတွက် ပိုက်ဆံအများကြီးပေးကောင်းပေးနိုင်ပေမယ့် ဆွဲကြိုးတစ်ကုံး သို့မဟုတ် ညနေစာ တစ်ခါ စတိုင်ကျကျ စီစဉ်စားသောက်ရတာထက် များစွာ သက်သာနေပါသေးတယ်။
၃။ တက်ကြွနေသယောင် ဟန်ဆောင်ဖို့ မလိုတော့ပါ
သင့်မှာ တစ်ယောက်သောသူရှိနေပါက သွားတွေဖြဲပြ၊ စားပွဲပေါ်က အသည်းပုံစက္ကူလေးတွေ သဘောကျသလို ဟန်ဆောင်လုပ်ပြနေရုံကလွဲလို့ ရွေးချယ်စရာမရှိပါ။ အဲဒါထက် ရိုးရိုးသားသားပြုမူနေထိုင်ရတာ များစွာ ပိုပြီးလွယ်ကူ ပေါ့ပါး
" နှုတ်ခမ်းခြောက်သွေ့မှု ဖြေရှင်းပေးမယ့် နည်းလမ်း (၆) ခု "
နှုတ်ခမ်းခြောက်သွေ့  အက်ကွဲခြင်းက ဆွဲဆောင်မှုမရှိ၊ နာကျင်မှုပါဖြစ်စေတဲ့ ဖြစ်နေကျ ပြသနာတစ်ခု ဖြစ်ပါတယ်။ အဖြစ်များဆုံး လက္ခဏာတွေထဲမှာ နီမြန်းခြင်း၊ ခြောက်သွေ့ခြင်း၊ အရေပြားလန်ခြင်း၊ အက်ကွဲခြင်းနဲ့ ကျိန်းစပ်ခြင်းတို့  ပါဝင်ပါတယ်။ အဓိကဖြစ်ပွားရခြင်း အကြောင်းအရင်းတချို့ထဲမှာ ဓာတ်မတည့်ခြင်း၊ ဗီတာမင် ချို့တဲ့ခြင်း၊ ဆေးလိပ်သောက်
ခြင်း၊ ရေဓာတ်ခန်းခြောက်ခြင်း၊ လျာဖြင့် နှုတ်ခမ်းမကြာခဏရက်ခြင်း၊ ရာသီဥတုကြမ်းတမ်းမှု သို့မဟုတ် နေရောင်ခြည်နဲ့ ထိတွေ့ခြင်းတို့ ပါဝင်ကြပါတယ်။ ဒါပေမယ့် အကုန်အကျသက်သာပြီး သဘာဝနည်းလမ်းများဖြင့် လွယ်တကူဖြေရှင်းနိုင်ပါတယ်။
၁။ ပျားရည်
သဘာဝပျားရည်မှာ မယုံနိုင်စရာ အကျိုးကျေးဇူးတွေ ရှိပါတယ်။ နှုတ်ခမ်းကို ပျားရည်စစ်စစ်နဲ့ တစ်နေ့ အကြိမ်အနည်းငယ် လိမ်းပေးပါ။ ပျားရည်က ခြောက်သွေ့မှု မရှိအောင် တားဆီးပေးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ အစိုဓာတ်ကို စုပ်ယူ ထိန်းသိမ်းပေးတယ်။ ဒါ့ကြောင့် ခြောက်သွေ့တဲ့ နှုတ်ခမ်းအတွက် ကျိန်းသေပေါက် အကူအညီဖြစ်စေပါလိမ့်မယ်။
၂။ အုန်းဆီ
အုန်းဆီဆိုတာသဘာဝ အလှဆီတစ်မျိုး ဖြစ်ပါတယ်။ အုန်းဆီကို နှုတ်ခမ်းပေါ် မကြာခဏ ပွတ်လိမ်းပေးပါ။
၃။ အပြားလိုက်လှီးထားသည့် သခွားသီး
သခွားသီးကမှာ ရေဓာတ်ပါဝင်နေပြီးသားဖြစ်ပါတယ်။ ဒီတော့ သခွားသီးက နှုတ်ခမ်းခြောက်ခြင်းအတွက် အကောင်းဆုံး ဖြေရှင်းနည်းတစ်ခု ဖြစ်ပါတယ်။ သခွားသီးရည် သို့မဟုတ် သခွားသီးအပြားကို နှုတ်ခမ်းမှာ လိမ်း သို့မဟုတ်
" သူသင့်ကို တကယ် ချစ်တာလား ..ကြိုက်ရုံလေးပဲလား "
အချစ် နဲ့ အကြိုက် ဆိုတာ မတူပါဘူး။ အချစ်မှာ မျက်စိမရှိပေမဲ့ အကြိုက်မှာတော့ မျက်စိက အဓိက ဇာတ်ဆရာပါ။ အချစ်က အဆိုး၊အကောင်း နှစ်မျိုးလုံးဒဏ်ကို ခံနိုင်ပေမဲ့ ကြိုက်ရုံသက်သက်ဆိုရင်တော့ အဆိုးကြုံလာချိန် မဆိုနဲ့။ ကိုယ့်အကြိုက် မလိုက်နိုင်တော့တာနဲ့ ဇာတ်လမ်း ပြီးဆုံးသွားမှာပါပဲ။ ဘ၀တစ်ခုကို ထူထောင်တဲ့အခါ အကောင်းတွေချည်း၊ ပျော်ရွှင်စရာတွေချည်းကြုံလာမှာ မဟုတ်ပါဘူး။ ဒုက္ခတွေ ၊ပြဿနာတွေကလည်း သူ့အပိုင်း ကဏ္ဍအလိုက်စောင့်နေတတ်ပါတယ်။
တခဏ သာယာရုံ ကြိုက်မိတဲ့စိတ်က ဒီလိုဒုက္ခတွေ ခံနိုင်ဖို့ အင်အား မရှိတတ်ပါဘူး။ ဖယောင်းတိုင်မီးလိုပဲ ထွန်းထားတဲ့ အချိန်လင်းနေပေမဲ့ လေတစ်ချက် တိုက်လိုက်တာနဲ့ ငြိမ်းသွားမှာပါ။ ကြိုက်တယ်ဆိုတာ ဘယ်အချက်ကို ကြည့်ပြီးကြိုက်တယ်လို့ တိတိကျကျ ပြောလို့ရပေမဲ့ ချစ်တာကတော့ ရုပ်ချောတာတွေ၊ စိတ်ကောင်းရှိတာတွေ၊ ပိုက်ဆံချမ်းသာတာတွေဆိုတဲ့ အပေါ်ယံလွှာတွေကြောင့်မဟုတ်ဘဲ ဆွံအနေမယ် ၊နာမည်ပျက်ရှိနေမယ် ၊ဘာသာလူမျိုးမတူတာမျိုးတွေရှိနေလည်း အချစ်နဲ့ဆို ကျော်ဖြတ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘ၀အတွက် အာမခံချက် ရနိုင်ဖို့ အချစ်စစ်လား ။ကောက်ရိုးမီးလို သာယာမှု အကြိုက်သက်သက်လား ဆိုတာသိဖို့ အရေးကြီးပါတယ်။ကိုယ့်ချစ်သူနဲ့ ဆက်ဆံရေးမှာ ဒါတွေ ရှိနေရင် ၊ဒီလိုတွေ ဖြစ်နေရင် ဒါက မှတ်ကျောက်တင်ခံနိုင်တဲ့ အချစ်ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။
-သူ့ရဲ့ ရုပ်ရည် ၊ပုံစံ ၊အပြုအမူတစ်ခုခုကို စွဲလန်းနေတယ်။
-သူ့မှာ ကိုယ်မက်မောလောက်တဲ့ ပိုင်ဆိုင်မှုတွေရှိနေတယ်။
-သူ ကိုယ့်အနားမှာ ရှိနေရင် လူတွေက ကိုယ့်ကို အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်တယ်။
-သူနဲ့ကိုယ့်ရဲ့ ဆက်ဆံရေးမှာ လိင်ကိစ္စက တခြားအရာအားလုံးထက် အရေးကြီးနေတယ်။
-ကိုယ်တို့ နှစ်ယောက်စကားပြောတဲ့အခါ ပွင့်လင်း ရိုးသားမှုမရှိဘဲ ဟန်ဆောင်မှုတွေသာ များနေတယ်။
-တစ်ယောက်ရဲ့ စိတ်ထားကို တစ်ယောက်က နားလည်ဖို့ မကြိုးစားခဲ့ဖူးဘူး။
-သူနဲ့ကိုယ့်ကြားမှာ အခြေအနေမှန်ထက် စိတ်ကူးယဉ်စရာကောင်းတဲ့ အရာတွေကိုပဲ လိုချင်နေတယ်။
-သူ့အတွက် မစိုးရိမ်ပေးဖူးသလို ကိုယ့်အတွက် ပူပင်ပေးဖူးသလားလို့ တွေးတောင် မတွေးဖူးဘူး။
-ပျော်ရွှင်စရာကောင်းတဲ့အချိန်သူနဲ့ အတူရှိနေပေမဲ့ ကိုယ်စိတ်ဓာတ်ကျ အားငယ်နေချိန် အားကိုးတကြီးပြေးသွားခဲ့တဲ့သူက
" အမေရိကန် ပြည်ထောင်စုရဲ့ အဓိပ္ပါယ် မရှိဆုံး ဥပဒေများ "
အမေရိကန် ပြည်ထောင်စုရဲ့ အဓိပ္ပါယ် မရှိဆုံး ဥပဒေတွေကို ဗဟုသုတဖြစ်ဖွယ် အားလုံးသိရအောင် ဖော်ပြပေး
လိုက်ပါတယ်။
အယ်လာဘားမား
ဝက်ဝံ နပန်းသတ်ပွဲများ ကျင်းပခြင်းကို တားမြစ်ထားပါတယ်။
ဝိုင်အိုမင်
ငါးကို ရိုင်ဖယ်သေနတ်နဲ့ပစ်ရင် ဥပဒေ ချိုးဖောက်ရာ ရောက်ပါတယ်။
အလက်စကား
ဆံပင်ညှပ်ဆိုင်ထဲကို ကြိုးကြာငှက်ကို ခေါ်ဆောင်သွားလို့ မရပါဘူး။
ဒါကိုတာ တောင်ပိုင်း
ဒိန်ခဲ စက်ရုံထဲမှာ အိပ်ပျော်သွားတာက ဥပဒေနဲ့မညီပါဘူး။
အရီးဇိုးနား
လူတစ်ယောက်ကို ရေတစ်ခွက်ပေးဖို့ ငြင်းဆန်ရင် ဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ပါတယ်။
ရို့ဒ်အိုင်းလန်း
အဝေးပြေးလမ်းမပေါ်မှာ မြင်းတွေကို အပြေးပြိုင် ခိုင်းလို့မရပါဘူး။
နယူးရော့ခ်
လူထုကြားထဲမှာ မျက်နှာဖုံးတပ်ထားတဲ့ လူအုပ်စုက ဥပဒေနဲ့ မညီပါဘူး။
အာကန်ဆက်စ်
ည ၉ နာရီ နောက်ပိုင်း အသားညှပ် ပေါင်မုန့်ဆိုင်ရှေ့မှာ ကားဟွန်းတီးလို့ မရပါ
" ပုဇွန် အစားကောင်းလို့ ဘဝတပါး ပြောင်းကြွသွားခဲ့ရတဲ့ ထိုင်ဝမ်သူ ..."
shrimp
 သတိ !!! ဗီတာမင် စီ မှီဝဲနေစဉ် ပုဇွန်များ မစားသင့်ပါ
ပုဇွန်ကဲ့သို့  ပါးလွှာနူးညံ့ တဲ့ အခွံတွေပါတဲ့ အစားအစာတွေကို သတိပြုပြီး စားသုံးသင့်ကျွန်တော်တို့ ဟာ တစ်ခါတစ်ရံ
သူငယ်ချင်း အပေါင်းအသင်း မိဘဆွေမျိုးတွေနဲ့ အတူ အနောက်တိုင်းစားသောက် ဆိုင် တွေရောက်ဖြစ်တဲ့အခါ ပုဇွန်၊
ဂဏန်း၊ ငါး အဲဒါတွေ အကုန်ပါဝင်တဲ့ ပင်လယ်စာ ခပ်ကြီးကြီး တစ်ပွဲနဲ့  အတူ ၀ိုင်သောက်တတ်တဲ့ သူက၀ိုင် ၊ ၀ိုင်
မသောက်တတ်တဲ့သူတွေအတွက် Vitamin C ပါဝင်တဲ့ Orange Juice လိုဖျော်ရည်မျိုးကို တွဲဖက်ပြီးစားသုံးခဲ့ကြဖူး
ပါတယ်။ အဲ့ဒီလိုပဲ တစ်ချို့ တရုတ်မင်္ဂလာဆောင်တွေ ညစာစားပွဲတွေမှာဘူဖေးကျွေးတဲ့အခါ ပုဇွန်တစ်ပန်းကန်နဲ့ အတူ Orange Juice တစ်မျိုးကတော့ပါဝင်မှာ သေချာပါတယ်။ ဒီလိုတွဲဘက် စားသုံးမှုမျိုးဟာ ဘာမှမထူးဆန်းတဲ့ အလွန်ကို ဘေးကင်းတဲ့ ရိုးရှင်းမှု့လေးလို့  ကျွန်တော်တို့ ထင်ခဲ့ကြပါတယ်။ တကယ်တော့ ပုဇွန်လို ပါးလွှာတဲ့အခွံပါးလေးတွေ ပါတဲ့ပင်လယ်စာမျိုးနဲ့ Vitamin C ပါဝင်တဲ့ Orange Juice ကိုတစ်ချိန်ထဲမှာ တွဲဘက်စားသုံးတဲ့ အခါ  အခန့် မသင့်ရင် အသက်အန္တရာယ်ကိုပါ စိုးရိမ်ရကြောင်း ကျွန်တော်တို့  အခုသိခဲ့ရပါပြီ ။
ထိုင်ဝမ်နိုင်ငံမှာ အမျိုးသမီးတစ်ဦးဟာ မမျှော်လင့်ဘဲ သူမရဲ့ နား၊နှာခေါင်း၊ ပါးစပ်နဲ့ မျက်လုံး တွေ ကနေ သွေးတွေထွက်ပြီး ရုတ်တရက် သေဆုံးသွားခဲ့ပါတယ်။သူမရဲ့ ရုပ်ကလာပ်ကို ခွဲစိတ်ပြီး စစ်ဆေးတဲ့အခါ အာဆင်းနစ် အဆိပ်သင့်လို့ သေဆုံး
ရကြောင်း အဖြေထွက် လာပါတယ်။ အဲဒီ Arsenic အဆိပ် ဟာ ဘယ်က လာပါသလဲ ။ရဲတွေဟာ သေမှု သေခင်း ဖွင့်ပြီး အပြင်းအထန် စစ်ဆေးမှူ့တွေ လုပ်ပါတော့တယ်။
ဆေးတက္ကသိုလ် တစ်ခု ရဲ့ ပါမောက္ခတစ်ဦး ကိုလည်း ဒီပြဿနာကို ဖြေရှင်းဖို့  ဖိတ်ခေါ်ခဲ့ ပါတယ်။ ပါမောက္ခကြီးဟာ နာရီဝက်
ခန့်  သေသူရဲ့ အစာအိမ်ထဲမှာ ပါဝင်တဲ့အစိတ်အပိုင်းတွေအားလုံး ကို သေသေချာချာစစ်ဆေးပြီးနောက်မှာတော့ ဒီလျှို့
ဝှက်ချက်ကို ဖြေရှင်းနိုင်ခဲ့ပါတယ်။
“သေသူဟာ အသတ်ခံရတာ မဟုတ်သလို ကိုယ့်ကိုယ်ကို သတ်သေခဲ့တာလည်း မဟုတ်ပါဘူး၊ သတိလတ်လွတ်ဖြစ်မှူ့ကြောင့် မတော်တဆသေဆုံးခဲ့ရတာပါ” လို့ ပါမောက္ခကြီး ကပြောခဲ့ပါတယ်။ “ဘာကြောင့် မတော်တဆသေဆုံးရတာလဲ” ဆိုပြီး လူတွေဟာ အံ့ သြကုန်ကြပါတယ် ။
“Arsenic အဆိပ်ဟာ သေသူရဲ့ အစာအိမ်ထဲကနေ ထွက်လာတာပါ။ သေသူဟာ ဗီတာမင်စီကို နေ့တိုင်း မှီဝဲခဲ့ပါတယ် ၊ ဗီတာမင်စီဟာလည်း သူ့ အလိုလိုဆို ပြဿနာ မရှိပါဘူး ၊ သူမဟာ ညစာစားချိန်မှာ ပုဇွန်တွေတော်တော်များများ စားသုံးခဲ့
ပါတယ်၊ ပုဇွန်စားတာကလည်း ပြဿနာမဟုတ်သေးပါဘူး။ သူမနဲ့ အတူတူ ညစာမှာပုဇွန်စားတဲ့သူတွေလည်း ဘာမှမဖြစ်ခဲ့ပါဘူး ၊ ဒါပေမယ့် သူမဟာ ပုဇွန်စားရင်းနဲ့ တချိန်တည်းမှာပဲ ဗီတာမင်စီပါဝင်တဲ့ ဖျော်ရည်တစ်ခုခုကို သောက်ခဲ့ပါတယ်. အဲဒီအ
" ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး စမ်းသပ်တဲ့လူ "
အန်းဒရီးစ် ဝါ့လ် (Andreas Wahl) ဟာ ရူပဗေဒအဆိုကို သက်သေပြနိုင်ဖို့အတွက် ကိုယ့်ကိုယ်ကိုယ် သေနတ်နဲ့ပစ်ပြီး စမ်းသပ်ခဲ့ပါတယ်။ သူက ရူပဗေဒ ပညာရှင်တစ်ဦးပါ။ရေထဲမှာ သေနတ်ပစ်လို့ မရဘူးဆိုတဲ့ ရူပဗေဒ အဆိုကို သူက စမ်းသပ်ဖို့အတွက် ရေကန်တစ်ခုထဲမှာ ကြိုးကိုသုံးပြီး သူ့ကိုယ်သူ ပစ်ခဲ့ပါတယ်။ သူ့ရဲ့ ခန္ဓာကိုယ်နဲ့ သေနတ်ကို ရေထဲမှာ
February 3, 2016
" အိမ်ထောင်မကျသေးတဲ့ ကိုကို မမတွေ ကိုယ့်ဖူးစာဘက်ကို ရှာချင်တယ်ဆိုရင် "
အိမ်ထောင်မကျသေးတဲ့ ကိုကို မမတွေ ကိုယ့်ဖူးစာဘက်ကို ဘယ်လို ရှာရမှာလဲ ဆိုတာကို ဒီအောက်မှာ အမြန် ကြည့်လိုက်ပါ...သေချာမှတ်ထားပါ.....
" မိန်းကလေးတွေ မုန်းတဲ့ ၁၀ ချက် "
မိန်းကလေးတွေရှေ့မှာ ကိုယ့်ကို ကြိုက်အောင်ဆိုပြီး လိုသည်ထက် ပိုပြီးပြောဖူးတဲ့ အတွေ့အကြုံရှိမှာပါ။
ကိုကြွားတွေရဲ့ စကားတွေကို စိတ်ပါဝင်စားနားထောင်တာထက် ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့အချိန်လေးတွေလည်း ရှိမှာပါ။
ဂျပန်မှာ မိန်းကလေး အယောက် ၅၀၀ ကို စစ်တမ်းကောက်ခဲ့တဲ့ အဖြေကတော့ အောက်ပါအတိုင်းပါပဲ။
၀၁. အရင်တုန်းက ကျောင်းမှာဆိုရင် အရမ်းဆိုးခဲ့တာလေ။
ဆိုးသွမ်းခဲ့တဲ့ အတိတ်ကို ဂုဏ်ယူပြီးပြောနေရင်လည်း မိန်းကလေးတွေအနေကတော့ ကြိုက်ဖို့မပြောနဲ့ ကြောက်လာပါလိမ့်မယ်။
၀၂. ၃ယောက်လောက် တပြိုင်နက် ကိုယ့်ကို ကြိုက်တဲ့သူရှိခဲ့တယ်။
အတိတ်မှာ ဘယ်လောက်ပဲစွန်ခဲ့နေပင်မဲ့လည်း ပစ္စုန်ပန်မှာတော့ မိန်းကလေးတွေရှေ့မှာ ရည်းစားဟောင်းတွေအကြောင်းကိုပြောရင်တော့
အပြောခံရတဲ့ မိန်းကလေးအနေနဲ့ကတော့ ဒီယောင်္ကျား ဟုတ်ကော ဟုတ်သေးရဲ့လားလို့ ထင်မှာပါ။
၀၃. အလုပ်များလွန်းလို့ ၂ ရက်လောက် မအိပ်ရသေးဘူး။
ကိုယ်က အရမ်းကြိုးစားနေတဲ့အကြောင်းကို အကြောင်းပြပြီး အလုပ်မှာလည်းတော်တယ်လို့ အရိပ်အရောင်ပြချင်ပင်မဲ့လည်း
" ဒီလိုစရိုက်မျိုး (၉) ခုကြောင့် စုံတွဲတွေ လမ်းခွဲကြရတယ် "
လူရဲ့စရိုက်တွေကြောင့် ဆက်ဆံရေးအဆုံးသတ်ရပုံတွေကို လေ့လာထားတာဖြစ်ပါတယ်။
Western Sydney နဲ့ Indiana တက္ကသိုလ်တွေအပါအဝင် တက္ကသိုလ် (၅)ခုက သုတေသနပြုခဲ့တဲ့အချက်တွေဖြစ်ပါတယ်။ လူသားရဲ့ အဖြစ်အပျက်ပြဿနာတွေကိုလေ့လာတာမဟုတ် လူရဲ့စရိုက်တွေကြောင့် ဆက်ဆံရေးအဆုံးသတ်ရပုံတွေကို လေ့လာထားတာဖြစ်ပါတယ်။
၁ - လိုအပ်ချက်များခြင်း
လိုအပ်ချက်တွေအရမ်းများနေခြင်းပါ။ ဒီလိုအခြေအနေကြောင့် သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်သူတွေမှာ အမျိုးသမီးက ၆၉ ရာခိုင်နှုန်းရှိပြီး အမျိုးသားက ၅၇ ရာခိုင်နှုန်းရှိပါတယ်။
၂ - ဟာသဥာဉ်မရှိတာ
ဟာသညဏ်နည်းပါးတာကြောင့် ဆက်ဆံရေးအဆုံးသတ်သူတွေမှာ အမျိုးသမီးက ၅၈ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားက ၅၀ ရာခိုင်နှုန်းဖြစ်ပါတယ်။
၃ - ဝေးတာ
အနေဝေးတာကြောင့် ဆက်ဆံရေးအဆုံးသတ်ကြပါတယ်။ အမျိုးသား ၅၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၇ ရာခိုင်နှုန်းဖြစ်ပါတယ်။
၎ - မလုံခြုံတာ
အတူတွဲရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရတာတွေကြောင့် အဆုံးသတ်ကြပါတယ်။ အမျိုးသမီး ၄၇ ရာခိုင်နှုန်း နဲ့
" အင်တာနက် မင်းသမီး မဖြစ်စေဖို့ (မိန်းကလေးများ ဖတ်ပေးပါရန်) "
အခုခေတ်မှာ လူတိုင်းနဲ့ ရင်းနှီးကျွမ်းဝင် နေပြီဖြစ်တဲ့ အင်တာနက်ရဲ့ ကောင်းကျိုး တွေကတော့ ဖော်ပြလို့ မကုန်နှိုင်အောင် များတာကို တွေ့ရပါတယ်။ အင်တာနက် နည်းပညာ တိုးတက်လာတာနဲ့ အမျှ ဘေးထွက် ဆိုးကျိုးတွေလဲ မခွဲမခွာတွဲပါ လာတာကိုလဲ မြင်နေရ ပြန်ပါတယ်။
ကျွန်တော်နဲ့ အဆင့် အလှမ်းကွာနေတဲ့ spyware, mailware, virus စတာတွေကို မပြောလိုပါဘူး။ ကျွန်တော့ မျက်စိထဲ ကန့်လန့်ဝင်နေတဲ့ အကြောင်းအရာက အမျိုးကောင်းသမီး တွေရဲ့ ဘာညာကိစ္စ ဓါတ်ပုံ/ဗီဒီယို များစွာကို ကာယကံရှင် မသိပဲ အင်တာနက်ပေါ်မှာ စေတနာ ကြီးမားစွာနဲ့ ဝေငှ (share) အလုပ်ခံနေရတဲ့ ကိစ္စပါ။ ဒါကို ဒီအတိုင်း ထိုင်ကြည့် နေ လို့တော့ မဖြစ်တော့ ဘူးထင်ပါတယ်။
နာမည်ကြီးချင်လို့၊ လူသိများချင်လို့ (ဒါမှမဟုတ်) ၀ါသနာအရ ကိုယ့်ပုံကိုယ်တင် တာဆိုရင်တော့ လုပ်ပါ။ ကျွန်တော်တို့လဲ ကြည့်ရှု အားပေးပါ့မယ်။ ဒါပေမယ့် တချို့ဆို ရိုးရိုးသားသား နေတာကို ချောင်းရိုက်ခံရတာတို့၊ ကိုယ့်ချစ်ချစ်နဲ့ လွပ်လွပ် လပ်လပ် နေတာကို မှတ်တမ်းတင် ခံရတာတို့ကတော့ မဖြစ်သင့်ပါ။
အဆိုးဝါးဆုံး ကတော့ ကိုယ့်ချစ်သူကို ယုံမှတ်လို့ ပုံ အပ်မိကာမှပဲ ကျောချမှ ဓါးပြမှန်း သိရတဲ့ကိစ္စပါ။ ကိုယ့်ချစ်သူကကို ဖော်ကောင်လုပ်ပြီး အင်တာနက်ပေါ် တင်ပေးတာပါ။ ဒီကိစ္စကို အမျိုးသမီးများ ကျပ်ကျပ် သတိထား စေချင်တယ်။ တချို့ ဆို ဒီကိစ္စကြောင့် အလုပ် အကိုင်ထိခိုက်၊ ပတ်ဝန်းကျင်မှာ မျက်နှာ မပြရဲအောင် ဖြစ်ရပါတယ်။
ဒါတွေရဲ့ အရင်းခံကတော့ မသိနားမလည်မှု၊ နည်းပညာ မကျွမ်းကျင်မှု ကြောင့်ဆိုတာ တွေ့နေရပါတယ်။ အမျိုးကောင်း သမီးများ အနေနဲ့ ဒီလို အဖြစ်မျိုးတွေက ရှောင်လွဲနှိုင်အောင် နည်းလမ်းကောင်းလေးတွေ ပေးချင်တယ်။ ကျွန်တော်က
"ဖုန်း အကျင့်ဆိုးလေးတွေ ပြင်ပါ"
ယနေ့အင်တာနက်ခေတ် လူသားများ အဖို့ စမတ်ဖုန်း၊ တက်ဘလက်၊ ကွန်ပျူတာ၊ တီဗွီစသဖြင့် အီလက်ထရောနစ် ပစ္စည်း တစ်ခုမဟုတ်တစ်ခုနဲ့ မထိမတို့ဘဲ ဖြတ် သန်းဖြစ်သည့်နေ့မျိုး ရှိမည်ပင် မထင်။ အီလက်ထရောနစ် ပစ္စည်းများက လူသားတို့ဘဝ ပိုအဆင်ပြေချောမွေ့အောင်ကူပေးသည်။ တစ်ချိန်တည်းမှာပင် လူသားတို့ ကျန်းမာရေးကိုလည်း ဆိုးကျိုးဂယက် ရိုက်ခတ်နေပြန်၏။ တန်ဆေးလွန်ဘေး ဆိုသောစကားနှင့်အညီ စမတ်ဖုန်း၊ တက်ဘလက် စသည့်အီလက်ထရောနစ်ပစ္စည်း များကို ကိုယ့်အတွက်ဆေးအဖြစ် အကျိုး ရှိအောင် သုံးတတ်ဖို့တော့လိုမည်။
မျက်တောင်ခတ်ဖို့ မမေ့နဲ့။
စမတ်ဖုန်း၊ တက်ဘလက်၊ တီဗွီ၊ ကွန်ပျူတာစသဖြင့် တောက်ပသော ဖန်သားပြင်များကိုစိုက်ကြည့်နေသည့်အခါ မျက်လုံးသည် မျက်တောင် မခတ်ဘဲပြူးကျယ် နေတတ်သည်။ ထိုသို့ မျက်လုံးပြူးကျယ်ကာ စိုက်ကြည့်ပါ များလာပါက မျက်လုံးသည် မျက်ရည်ခန်းခြောက်ကာနီရဲလာပြီး စပ်ဖျဉ်းဖျဉ်းဖြစ်လာတော့သည်။ အမြင်တွေလည်းဝေဝါးလာကာ ကြည့်မကောင်းဘဲ ဖြစ်လာတတ်သည်။ မျက်လုံးသည် ပုံမှန်အတိုင်း မကြာမကြာမျက်တောင်ခတ်နေပါမှ မျက်ရည်လည်ကာစိုစွတ်ပြီး ကောင်းစွာ မြင်နိုင်နေမည်ဖြစ်သည်။
“ပုံမှန်အတိုင်းဆိုရင်တော့ မျက်တောင်က သူ့ဘာသာခတ်နေတာပါပဲ။ ဖန်သားပြင်တောက်တောက်ကိုစိုက်ကြည့်နေရင်တော့ မျက်လုံးက မျက်တောင် အခတ် လျော့သွားတယ်။ ဒါကို ကိုယ်က ကိုယ့်ဘာသာ သတိလေးထားပြီး မျက်တောင်ခတ်ဖို့ မမေ့နဲ့ မမေ့နဲ့လို့ ကိုယ့်ကိုယ်ကိုယ် သတိပေးနေရမယ်” ဟု မျက်စိအထူးကု ဆရာဝန်ကြီး ကာဆန်ဒရာချန်းကပြောသည်။ ဖန်သားပြင်ကို နီးကပ်စွာ စိုက်ကြည့်ပါများလာပါက မျက်လုံးသည် အကြောထိုင်းသွားကာ အဝေးမြင်ကွင်းများကို
February 2, 2016
" အပျိုကြီး....တစ်ယောက်အကြောင်း " ( ဟာသ )
တစ်ခါတုန်းက ရွာတစ်ရွာမှာ...မရွှေတုတ် လို့ခေါ်တဲ့ .ဂေါ်မစွံ အပျိုကြီးတစ်ယောက်ရှိပါတယ်။ သူက ယောက်ျား ယူဖို့မျှော်
လင့်နေပေမယ့်... သူ့ရွာမှာကော..ရွာနီးချုပ်စပ်မှာပါ...သူ့ကို ယူမယ့်..ယောက်ျား.. တစ်ယောက်မှ မရှိဘူးဖြစ်နေပါတယ်။
ဒီလိုနဲ့ တစ်နေ့တော့....အဲဒီအပျိုကြီး ဟာ..အပေါင်းအဖော်တစ်သိုက်နဲ့...ရန်ကုန်ရွှေမြို့ တော်ကြီးကို ဘုရားဖူးရန်ထွက်
လာခဲ့ပါတယ်။
ဘုရားဖူးခရီးက ပြန်လာပြီးတဲ့ နောက်မှာတော့.....အပျိုကြီးရဲ့ ပြောင်းလဲမှုတွေကို တစ်ရွာလုံးကအံ့အားတသင့်နဲ့ပဲ....တွေ့
မြင်ကြရပါတော့တယ်။
အရင်ကဆိုရင်..အဲဒီအပျိုကြီး မရွှေတုတ် ဟာ..... အလှပြင်ဖို့နဲ့...ပုရိသတို့ကို... မျက်စပစ်ဖို့လောက် သာ စဉ်းစားနေ
တတ်ပေမယ့်...ရန်ကုန်က ပြန်လာပြီးနောက်မှာတော့ ...နေပူမရှောင်မိုးရွာမရှောင်..လယ်စိုက်ချိန်လယ်၊ ကိုင်းစိုက်ချိန် ကိုင်း... နဲ့..အလုပ်မျိုးစုံကို ကြိုးစားလုပ်ပြီး ပိုက်ဆံစုနေပါတော့တယ်....။
ဒါ့အပြင် .. အပျိုကြီးမရွှေတုတ် က တစ်ခါတစ်လေ.. “ရောင်းဈေးမေးခဲ့ရင်ကောင်းသား“.လို့ ခပ်တိုးတိုး..ရေရွတ်ငြီးတွားနေ
သံကိုလဲ..မသဲမကွဲ ကြားနေကြရတော့. တစ်ရွာလုံးအတွက်..စောင့်ကြည့်စရာ..ပဟေဠိတစ်ခု ဖြစ်လို့နေပါတော့တယ်။
နောက်ဆုံးမှာတော့...... ဘယ်လိုမှ သည်းခံ မစောင့်ကြည့်နိုင်တော့တဲ့...သူတစ်ချို့ ကအပျိုကြီးမရွှေတုတ် ထံ..ချဉ်းကပ်
မေးမြန်းပါတော့တယ်....။ ................
အပျိုကြီးမရွှေတုတ်ရဲ့ အဖြေ ကို ကြားရအပြီးမှာတော့.....တစ်ရွာလုံး... မပြုံးနိုင်တော့ဘဲ ..၀ါးလုံးကွဲ ကို ရီမိကြပါတော့
တယ်......။ရွာသူအများ - ဟဲ့ အပျိုကြီး....နင် ဘာဖြစ်လို့များ ပိုက်ဆံကိုအသည်းအသန်ရှာနေရတာလဲ။
မရွှေတုတ် - ၀ယ်စရာရှိလို့ပါ ဟယ်။
ရွာသူအများ - ဘာဝယ်ချင်လို့များ...အဲလောက်အလုပ်လုပ်နေရတာလဲ အပျိုကြီးရယ်။
မရွှေတုတ် - ရှင် တို့ ကျွန်မကို အဲလို အပျိုကြီးလို့..ခေါ် ခေါ်နေလို့လဲ... ကျွန်မက ပိုကြိုးစားနေရတာ ရှင့်။
ဒီရွာမှာသာ ကျွန်မကို ယူမယ့်သူ မရှိလို့ မယူရတာ... မြို့ မှာတော့လေ..
ယောက်ျားတွေမှ ပေါလို့တော့်။
အဲဒီယောက်ျားတွေကိုများလေ....ကားတွေနဲ့ လည်ရောင်းနေတာများ..
အများကြီးတွေ့ခဲ့ပါရောလားတော်။
ရွာသူအများ - ဘာ...ဘယ်လို.. မရွှေတုတ်ရဲ့ ။ နားလည်အောင်ပြောပါဦးအေ။
မရွှေတုတ် - ကျုပ် ရန်ကုန်ကို ဘုရားဖူးသွားတုန်းကပေါ့အေ။ကျုပ်တို့ ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတုန်း..
" ယနေ့ ခေတ်စားနေသော CoQ-10 ပါဝင်တဲ့ Hovid Q10 plus အထူးအားဆေးကြီး " ဖတ်ကြည့်ကြပါ..
နှလုံးကျန်းမာရေးဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ ငယ်ရွယ်စဉ်မသိသာပေမယ့် အသက်ကြီးပြီး ပျက်ဆီးတဲ့အခါ ၊နှလုံးအလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အခါ သိသာလာတယ်။ ဒီိလိုအခါမျိုးမှာ ရင်တုန်တာ၊
ရင်ဘတ်အောင့်တာ၊ မောတာမျိုး အဖြစ်များတယ်။ နှလုံးအားကောင်းဖို့ဆိုတာ အစာအသောက် တခုတည်းနဲ့ မလုံလောက်သေးဘူး။ တခါတရံ coenzyme Q10ပါဝင်တဲ့ နှလုံးအားဖြည့်တဲ့ ဖြည့်စွက်ဆေးမျိုးလိုအပ်
တယ်။ ဂျပန်နိုင်ငံမှာ နှလုံးရောဂါသည်တွေအတွက် CoQ-10 ပါဝင်တဲ့ ဆေးတွေကို စတင်အသုံးပြုပြီးနောက်
ပိုင်းမှာ  ပိုမိုတွင်ကျယ်လာတယ်။ အမေရိကားမှာ အိုမီဂါသရီးနဲ့ ဗီတာမင်အားဆေးတွေပြီးရင် coenzyme Q-10က ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။
Hovid Q10 plusမှာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပေးတဲ့ CoQ-10 အပါအဝင်အစွမ်းထက်
တဲ့အင်တီအောက်ဆီးဒင့် (၅)မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားတယ်။ အထူးသဖြင့် နှလုံးအားနည်းသူ၊သက်လုံ
မကောင်းတဲ့သူတွေအတွက် သင့်တော်တယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုအပြည့်အဝပေးစွမ်းနိုင်
တယ်။ မလေးရှားနိုင်ငံ Hovidကုမ္ပဏီက ထုတ်လုပ်တယ်။ဆေးပုံစံက အညိုရောင်အားဆေးတောင့်တွေဖြစ်
ပါတယ်။ ဆေးတလုံးကို ၂၀၀ ဝန်းကျင် ရှိနိုင်ပါတယ်။ အလုံး၆၀ပါတဲ့ ဆေးပုလင်းပုံစံနဲ့လာတယ်။
ပါဝင်ပစ္စည်းများ
-Caromin                     60mg (equiv to 15mg Mixed Carotenoids)
-Vitamin C                   150mg
-d-Alpha-Tocopherol   50IU (Natural Vitamin E)
-Selenium Yeast          50mg
-Coenzyme Q-10         10mg
တမျိုးချင်းစီရဲ့ အာနိသင်
Co-enzyme Q10
-ခန္ဓာကိုယ်မှာတွေ့ရတဲ့ ဗီတာမင်လို ပစ္စည်းတမျိုး ဖြစိပါတယ်။
-နှလုံး၊ အသည်း ၊ကျောက်ကပ်၊ ပန်ကရိယတွေမှာ အဓိကတွေ့ရတယ်။
-ကိုယ်ခန္ဓာမှာ ရှိတဲ့ဆဲလ်တွေ စွမ်းအင်ထုတ်လုပ်ဖို့ Co-enzyme Q10 ကို လိုအပ်ပါတယ်။
-၅၀ ရာခိုင်နှုန်းဟာ ဆဲလ်ရဲ့ အင်နာဂျီအဓိက ထုတ်လုပ်တဲ့ mitochondria ထဲမှာ တည်ရှိနေတယ်။
-အသား၊ ပင်လယ်စာတွေမှာ အနည်းငယ်ပါဝင်တယ်။
-ဇရာဖြစ်စဉ်ကို တားဆီးပေးတယ်။
-ခုခံအားကို ကောင်းစေတယ်။
-နှလုံးကျန်းမာရေးကို အထောက်အကူပေးတယ်။
-Co Q-10 ရဲ့ levelဟာ အသက် ၂၀နောက်ပိုင်းမှာ တဖြည်းဖြည်း ကျဆင်းလာတယ်။ အသက်  ၈၀နောက်
"သားသမီးဇောကပ်နေတဲ့ ဆင်မကြီးတစ်ကောင်ရဲ့ ဒေါသ "
ဒီ ဓာတ်ပုံတွေကို အင်တာနက်မှာ မြင်တွေ့ ကြည့်ရှုရသူတွေက မိခင်မေတ္တာဖြင့် သားသမီးတွေကို ကာကွယ် စောင့်ရှောက်
လိုစိတ် ပြင်းထန်တဲ့ ဖြစ်ရပ်လို့ မှတ်ချက်ပြုခဲ့ကြပါတယ်။
ကင်ညာနိုင်ငံရှိ မက်စ်ဆိုင်း မာရာ အမျိုးသားဥယျာဉ်အတွင်းမှ ဆင်မကြီးတစ်ကောင်က ကျွဲရိုင်းတစ်ကောင်ကို အစွယ်နဲ့ထိုး
ပြီး လေထဲမှာ ဝှေ့ရမ်းကာ တိုက်ခိုက် သတ်ဖြတ်ခဲ့တဲ့ ပုံရိပ်တွေကို အပျော်တမ်း ဓာတ်ပုံဆရာ ကမ်ဘာလေ မာအူရာက အမိအရ မှတ်တမ်းတင်ထားခဲ့တဲ့ အံ့မခန်း ဓာတ်ပုံတွေ ဖြစ်ပါတယ်။
ကြီးမားလှတဲ့ ဆင်မကြီးတစ်ကောင်နဲ့ ဆင်ပေါက်လေး ၃ ကောင်ဟာ ဥယျာဉ်အတွင်း သွားလာနေစဉ်မှာကျွဲရိုင်းတစ်ကောင်
က အနားကပ်လာခဲ့ပါတယ်။
ဒီအချိန်မှာ ဆင်မကြီးက သူတို့မိသားစုကို ရန်ပြုမယ်ထင်တာကြောင့် ကျွဲရိုင်းကို အစွယ်နဲ့ထိုးကာ တစ်ဟုန်ထိုး တိုက်ခိုက်
ပါတော့တယ်။
ဆင်မကြီးက ကျွဲရိုင်းကို အစွယ်နဲ့ထိုး လေထဲမှာ ဝှေ့ရမ်းပြီး မြေပြင်ကို ပစ်ပေါက်ကာ အပြင်းအထန် တိုက်ခိုက်ခဲ့တာကို
 တွေ့ရပါတယ်။
အသက် ၅၆ နှစ်အရွယ် ဓာတ်ပုံဆရာက အမျိုးသားဥယျာဉ်ထဲကို အားလပ်ရက် အလည်အပတ် ရောက်ရှိခဲ့စဉ်မှာ ဒီ ဖြစ်ရပ်
ကို မြင်တွေ့ခဲ့ပြီးနောက် ချက်ချင်းပဲ မှတ်တမ်းတင်ခဲ့တာ ဖြစ်ပါတယ်။
ဒီ ဓာတ်ပုံတွေကို အင်တာနက်မှာ မြင်တွေ့ ကြည့်ရှုရသူတွေက မိခင်မေတ္တာဖြင့် သားသမီးတွေကိုကာကွယ် စောင့်ရှောက်
" အသက်ရှည် ကျ​န်း​မာေ​စ​မ​ည့်ြ​မ​င်း​ခွာ​ရွက်သုပ်ဟ​င်းလျာ "
မြင်းခွာရွက်ပင်လေးများ ပေါက်ရောက်ရာဇစ်မြစ်ဟာ အိန္ဒိနိုင်ငံဖြစ်တာကြောင့် သူ့ရဲ့အမည်ကို Indian Pennywort လို့ခေါ်ပါတယ်။ အရွက်ဟာ မြင်းခွာပုံသဏ္ဌာန်နှင့်ဆင်တူလို့ မြန်မာပြည်မှာတော့ မြင်းခွာ ရွက်ဟူ၍ အလွယ်ခေါ်ကြပါ
တယ်။ မြင်းခွာရွက်တို့ကို မြင်းခွာရွက်ရိုးရိုး၊ အညာမြင်းခွာ၊ ကုလားမြင်းခွာ၊ ဆေးမြင်းခွာဟူ၍ မြန်မာပြည်အနှံ့အပြားတွင် တွေ့မြင်နိုင်ပြီး အမျိုးအစားအားလုံး ဆေးဖက်ဝင်ကြပါ တယ်။ မြင်းခွာရွက်ရိုးရိုးနှင့် အညာမြင်းခွာတို့မှာ အရွယ်အစားပုံစံဆင်တူပြီး ကုလားမြင်းခွာ၊ ဆေးမြင်း ခွာဟူ၍ မြန်မာပြည်အနှံ့အပြားတွင် တွေ့မြင်နိုင်ပြီး အမျိုးအစားအားလုံး ဆေးဖက်ဝင်ကြပါတယ်။ မြင်း ခွာရွက်ရိုးရိုးနှင့် အညာမြင်းခွာတို့မှာ အရွယ်အစားပုံစံဆင်တူပြီး ကုလားမြင်းခွာ၏ အရွယ်မှာ အမွှေးရှိ ကာ၊ ဆေးမြင်းခွာကတော့ အရွယ်အစားအလွန်သေးငယ်ပါတယ်။ မြင်းခွာရွက်ရိုးရိုးကို ဟင်းချို၊ ဟင်း ခါး၊ အသုပ်စသည်ဖြင့် နှုတ်မြိန်အရန်ဟင်းလျာအဖြစ် စားသုံးလေ့ရှိကြသလို၊ ရေစင်စင်ဆေးကာ ငါးပိ ရည်အတို့ အမြှုပ်အဖြစ် အစိမ်းလိုက်ဝါးစားကြပါတယ်။ သူ့ရဲ့မဆိုသလောက် ဖန်ခါးတဲ့ အရသာလေး ကခံတွင်းရှင်းပြီး နှုတ်မြိန်စေပါတယ်။
ဟင်းလျာအဖြစ်စားသုံးလေ့ရှိတဲ့ မြင်းခွာရွက်ရိုးရိုးဟာ နှလုံးသွေးကြောရောဂါ၊ ဦးနှောက်နှင့် အာရုံ ကြောရောဂါ၊ အာသီးရောင်ဖျားနာခြင်း၊ နှင်းခူယားနာအဖုအပိမ့်များ၊ မျက်စိရေတိမ်ရောဂါ၊ သွေးတိုး ရောဂါ၊ ဆီးရောဂါအမျိုးမျိုး၊ သွေးမသန့်ခြင်း၊ အဆစ်အမြစ်ကိုက်ခဲ ရောင်ရမ်းခြင်း၊ ဖောရောင်ခြင်း၊ ရင် သားကင်ဆာစတဲ့ ရောဂါတို့အတွက် ဆေးဖက်ဝင်ပါတယ်။ ဒါ့ပြင် နာတာရှည်ဖျားနာပြီးနောက် မြင်းခွာ ရွက်လက်တစ်ဆုပ်စာပမာဏကို အမြစ်ပါဆွဲနှုတ်၍ ရေစင်စင်ဆေးပြီး နွားနို့ ၂၅ ကျပ်သားဖြင့် သုံးခွက် တစ်ခွက်တင်ကြိုသောက်ခြင်းဖြင့် ချက်ချင်းအားပြည့်လာစေသလို၊ ခံတွင်းကောင်းလာစေမှာ ဖြစ်ပါ တယ်။
ဈေးနှုန်းချိုသာပြီး အလွယ်တကူဝယ်ယူရရှိနိုင်ခြင်းကလည်း မြင်းခွာရွက်၏ အားသာချက်တစ်ခုလို့ ဆိုနိုင်ပါတယ်။ သက်ရှည်ကျန်းမာ ဆေးဖက်ဝင်မြင်းခွာရွက်သုပ် လုပ်စားနည်းလေးကို မျှဝေလိုက်ပါရ စေ။ မိသားစုငါးဦးစာ တစ်နပ်စာဟင်းလျာ အသုပ်တစ်ပွဲ ပြင်ဆင်ဖို့အတွက် ပါဝင်ရမည့် ပစ္စည်းများမှာ-
(၁) မြင်းခွာရွက် သုံးစီး၊ (၂) ကြက်သွန်နီငါးလုံး (၃) ကြက်သွန်ဖြူ အမြွှာကြီးနှစ်မြွှာ (၄) ဂေါ်ဖီထုပ် တစ်ဆိပ် (၅) သံပုရာသီးတစ်လုံး (၆) ဟင်းခတ်မှုန့်သင့်ရုံ (၇) ခရမ်းချဉ်သီး နှစ်လုံး (၈) အခွံချွတ်၍ မညက်တညက်ထောင်ထားပြီး လက်တစ်ဆုပ်ပမာဏရှိတဲ့ မြေပဲဆန်လှော် (၉) ပဲဆီဖြင့်ချက်ထား သော ဆီချက် (၁၀) ငရုတ်သီးစိမ်း ၁၀ တောင့် (၁၁)
" မိန်းကလေးတွေ ပြောကြတဲ့ ယောက်ျားမပီသစေတဲ့ အရာ ၂၀ ခု "
ဘယ်လို လူမျိုးတွေဟာ ယောက်ျား မပီသဘူးလဲ ဆိုတာ မိန်းကလေး အယောက် ၂၀ ကို မေးခဲ့ပါတယ်။ သူတို့ရဲ့  
အဖြေတွေကတော့
. သူ့ရဲ့ ချစ်သူကို မလေးစားတဲ့ ယောက်ျားတစ်ယောက်ဟာ ယောက်ျားမပီသပါဘူး။ ယောက်ျားပီသတဲ့သူ တစ်ယောက်ဟာ သူ့ရဲ့ ချစ်သူကို အလေးထားပါတယ်။ ဘယ်တော့မှ မထိန်းချုပ်ပါဘူး။
. ယောက်ျားတွေက မျက်နှာပြောင်ရင် ယောက်ျားမပီသတော့ပါဘူး။
. တခြားသူကို ဆုံးဖြတ်ချက် ချခိုင်းတဲ့၊ ပါတ်ဝန်းကျင်ကလူတွေရဲ့ လွှမ်းမိုးမှု ခံရတဲ့ ယောက်ျားတွေဟာ ဆွဲဆောင်မှု မရှိပါဘူး။
. အပျင်းထူသူ၊ တက်ကြွမှု မရှိသူ၊ ဦးတည်ချက်မရှိသူ ယောက်ျားတွေဟာ ယောက်ျား မပီသပါဘူး။
. သူတို့ကိုယ် သူတို့ ဘာလိုချင်မှန်း မသိတဲ့ ယောက်ျားတွေဟာ ဆွဲဆောင်မှု မရှိပါဘူး။ သူငယ်ချင်းနဲ့ မိသားစုအပေါ်   ရိုင်းတဲ့ ယောက်ျားတွေ၊ လေးစားမှု မရှိတဲ့ ယောက်ျားတွေဟာ ယောက်ျား မပီသပါဘူး။
. လိင်ခွဲခြားဆက်ဆံသူ၊ သူရဲဘောကြောင်သူ၊ ဖင်ပိတ်ငြင်းသူတွေဟာ ယောက်ျားမပီသပါဘူး။
. သူငယ်ချင်းတွေ၊ ချစ်တဲ့ သူတွေအတွက် ရှေ့ကနေ ရပ်မပေးနိုင်သူတွေဟာ ယောက်ျား မပီသပါဘူး။
. ပိုက်ဆံရှိချင်ယောင်ဆောင်၊ ဂုဏ်ရှိချင်ယောင်ဆောင် ကြွားဝါတတ်သူတွေဟာ ယောက်ျားမပီသပါဘူး။
. ရှေးထုံးစဉ်လာကို ဖောက်ဖျက်ရမှာ ကြောက်သူတွေ၊ ဖောက်ဖျက်သူတွေကိုလဲ အပြစ်ပြောသူတွေဟာ ယောက်ျား မပီသပါဘူး။
၁၀. ညည်းညူသူတွေဟာ ယောက်ျား မပီသပါဘူး။
၁၁. ကိုယ်ကြမ်း နှုတ်ကြမ်းရင်၊ မိန်းမချော ချောလွန်းရင် ယောက်ျား မပီသပါဘူး။
၁၂. အပြစ်တစ်ခုကို ဖုံးကွယ်ဖို့ လိမ်ညာတတ်သူတွေဟာ ယောက်ျား မပီသပါဘူး။
၁၃. လေးစားမှု၊ ယဉ်ကျေးမှု၊ ဝန်ခံမှု၊ ကိုယ့်ဘာသာ ယုံကြည်မှု မရှိသူတွေ၊ အလှအပ ဂရုစိုက်လွန်းသူတွေဟာ ယောက်ျား
February 1, 2016
" လွန်ခဲ့သည့် အနှစ် (၂၀) ကျော်က ဘီလူးသုံးမြွှာပူး အကြောင်း "
လွန်ခဲ့သည့် အနှစ် (၂၀) ကျော်က ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာလေးတစ်ခု ဖြစ်ပါသည်။ မြန်မာပြည် အလယ်ပိုင်း
 ရေနံချောင်းမြို့နယ်ထဲက ကျေးရွာလေးတစ်ခုတွင် မခင်ကြည် ဆိုသည့် အမျိုးသမီး တစ်ဦး ရှိခဲ့ဖူးလေသည်။ (အခုထိလည်း သက်ရှိထင်ရှား ရှိဆဲဖြစ်သည်။ သို့ရာတွင် ၎င်းကျေးရွာမှ မြို့ကို ပြောင်းခဲ့ရွှေ့ သွားခဲ့သည်မှာ အတော်ကြာခဲ့ပါပြီ။) ထိုအမျိုးသမီး၏ ယောက်ျားဖြစ်သူမှာ ကိုအောင်မော် ဟူ၍ ဖြစ်လေသည်။
၎င်းတို့၏ အိမ်ထောင်သက်တမ်း ၂ နှစ်အကြာတွင် ပထမဆုံး သား ရတနာ တစ်ဦးကို မွေးဖွားခဲ့သည်။ နောက်ထပ် ၃ နှစ်ခန့်အကြာ၊ ၎င်းတို့၏ အိမ်ထောင်သက် ၅ နှစ်ခန့် အကြာတွင်မူ မခင်ကြည်မှာ ထူးခြားသည့် ကိုယ်ဝန်ကို စတင် လွယ်ထားခဲ့ရသည်။ ထိုကိုယ်ဝန် တဖြည်းဖြည်း ရင့်မှည့်လာသည်နှင့်အမျှ မခင်ကြည်မှာ ထူးခြားသည့် ချဉ်ခြင်းများကို တောင့်တခဲ့လေသည်။ ထိုချဉ်ခြင်းများအား သူမ၏ ယောက်ျားဖြစ်သူ ကိုအောင်မော် မှတစ်ပါး အခြားသူများအား မပြောရဲခဲ့ပေ။
၎င်းချဉ်ခြင်းများမှာ အသားများကို အစိမ်းလိုက် စားလိုခြင်း၊ သွေးတို့ကို သောက်လိုခြင်း စသည်တို့ဖြစ်ပြီး တစ်ခါတစ်ရံ ကိုအောင်မော်အား တရှုပ်ရှုပ် နမ်းရင်း ကိုအောင်မော်အား ” အောင်မော် နင့်အသားတွေက မွှေးနေတာပဲ။ ငါ စားချင်လိုက်တာဟာ ” ဟူ၍ ပြောတတ်လေသည်။ ထိုအခါမျိုး၌ကား ကိုအောင်မော်မှာမူ မျက်လုံးပြူး ၊ မျက်ဆံပြူး ဖြစ်သွားကာ “ဟာ … နင်ကလည်း” ဟူ၍ ပြောပြီး မခင်ကြည်၏ ဘေးမှ ကမန်းကတန်း ထွက်သွားရတတ်၏။
ထိုကဲ့သို့ ထူးခြားနေသော မခင်ကြည်၏ ချဉ်ခြင်းများအား ကိုအောင်မော်မှာ ရွာထဲရှိ ခေါင်းသုံးလုံး ပညာရှိများထံသို့ လည်းကောင်း၊ လူကြီးသူမများ ထံသို့လည်းကောင်း သွားရောက် ပြောပြရလေသည်။ မပြောလို့လည်း မဖြစ်။ ၎င်း၏ အသားကိုပင် စားချင်လောက်သော ချဉ်ခြင်းကို ကိုအောင်မော်တစ်ယောက် လန့်နေရသည် မဟုတ်ပါလော။ ထိုချဉ်ခြင်းအား ကြားသိရချိန်မှစ၍ ကိုအောင်မော်မှာ မခင်ကြည်နှင့် မအိပ်ရဲတော့ပေ။
ခေါင်းသုံးလုံး ပညာရှိများနှင့် လူကြီးသူမ များက ၎င်းတို့၏ အတွေ့အကြုံ နှင့် ဗဟုသုတ များအရ ထိုကဲ့သို့ ထူးခြား ကြမ်းကြုပ်သော ချဉ်ခြင်းများကို ထောက်ဆ၍ မခင်ကြည်မှာ စင်စစ် ဘီလူးကဲ့သို့ ရက်စက်၊ ကြမ်းကြုပ်မည့်သူကို ကိုယ်ဝန်လွယ်ထားရသည်ဟု မှတ်ချက်ပြုကြလေသည်။ ဤသို့ဖြင့် မခင်ကြည်၏ ကိုယ်ဝန်မှာ ရင့်မှည့်ရာမှ မွေးဖွားချိန်သို့ ရောက်ရှိ လာခဲ့လေတော့သည်။
+++++++++++++++++++++++++++++++
” အူဝဲ … အူဝဲ … အူဝဲ “
” အောင်မလေး ….. “
" အန္တရာယ်ကင်းတဲ့ CRYSTAL TOMATO အသားဖြူဆေး "
၁) တစ်ချိန်တုန်းက အစ်မကလည်း CRYSTAL TOMATO ရဲ့ Customer တစ်ယောက်ပါ။
-
ဘယ်က စလုပ်ဖြစ်ခဲ့လဲဆိုတော့ ဒီ CRYSTAL TOMATATO က မြန်မာနိုင်ငံကို ၂၀၁၄ ခုနှစ်လောက်မှာစရောက်ခဲ့တာပါ။
 ရန်ကုန်ရုံးချုပ်ကို စရောက်တာပေါ့။ ရန်ကုန်ရုံးချုပ်မှာက အစ်မ နဲ့ သိတဲ့ မိတ်ဆွေတွေက အစ်မကို လှမ်းညွှန်တယ် ။ CRYSTAL TOMATO သောက်ကြည့်ပါလားတဲ့။ အစ်မမှာက သားဦးကိုယ်ဝန်ဆောင်တဲ့ အတွက် အသားအရေပေါ်မှာ အမဲစက်တွေ ထွက်လို့ ဆေးကောင်းရှာနေတုန်း CRYSTAL TOMATO ကိုတွေ့ခဲ့ပါတယ်။ အစ်မ အနေနဲ့ကလည်း အဲ့ဒီအချိန်တုန်းက သားသားလေး ကိုယ်ဝန်ဆောင်ထားတော့ ဘာဆေးမှ မသောက်ရဲဘူး ဖြစ်နေတာ ။ သူတို့ကတော့ ရှင်းပြပါတယ်။
ကိုယ်ဝန်ဆောင်မိခင်တွေလည်း သောက်လို့ရပါတယ်ပေါ့။ ဒါနဲ့ အစ်မလည်း သူတို့ ရဲ့ CRYSTAL TOMATO အကြောင်းရေးထားတဲ့ စာလေးကို ဖတ်ပြီး ဆရာ ဖြိုးမောင်သော် နဲ့ တိုင်ပင်ကြည့်ခဲ့တယ်။ ဆရာက ကိုယ်ဝန်ဆောင်တွေလည်း သောက်လို့ရတယ် လို့ ပြောပြတာနဲ့ အစ်မလည်း ဒီဆေးလေးကို စသောက်ဖြစ်ခဲ့ ပါတယ်။ ကိုယ်တိုင်သောက်ကြည့်တဲ့ အချိန်မှာ သိသိသာသာထူးခြားမှုလေးတွေ ရှိတာကြောင့် စီးပွားရေး လုပ်ငန်းတစ်ခု အဖြစ် ဖန်တီးကြည့်မယ်ဆိုတဲ့ စိတ်ကူးနဲ့ ၂၀၁၄ ခုနှစ် ၆လပိုင်းလောက်မှာ စလေ့လာခဲ့ပါတယ်။ ကိုယ်တိုင်သုံးကြည့်လိုက်ပြီး ကျေနပ် အားရမှု ရခဲ့တဲ့ ဒီ ပစ္စည်းကို လူအများကိုလည်း Sharing လုပ်ပေးချင်တဲ့ ဆန္ဒလည်း ပါတာပေါ့ ။ဒီဆိုင်လေးကိုတော့ ၂၀၁၄ ခုနှစ် ၆ လပိုင်း ၂၇ ရက်နေ့မှာ စဖွင့် ဖြစ်ခဲ့တာပါ ။
-
၂) CRYSTAL TOMATO က သောက်ဆေးနဲ့ လိမ်းဆေးရယ်လ အမျိုးအစား နှစ်မျိုးကို ခွဲခြားထားပါတယ်။
-
CRYSTAL TOMATO ဆိုတဲ့ သောက်ဆေးနဲ့ CRYSTAL CLEAR ဆိုတဲ့ လိမ်းဆေးပါ ။ဆေးရဲ့အာနိသင်တွေကတော့ ၂ လလောက် သောက်ပြီးတဲ့ အခါမှာ အသားအရေကို ဖြူသွားစေတာမျိုးတင် မဟုတ်ပဲ သိသိသာသာကြည်သွားစေမှာပါ ။ အမဲစက်ရှိသူတွေဆိုလည်း အမဲစက်တွေ ရော့သွားစေပြီး အသားအရေ မညီတဲ့ သူတွေ၊ အသားကွက်တဲ့သူတွေဆိုလည်း အသားအရေ ညက်ညောသွားစေပါတယ်။ ၂ လလောက်သောက်ပြီးလို့ အသားအရေကြည်ပြီးတဲ့နောက် ၃ လမြောက်လောက်မှာတော့ အသားအရေက ဖြူဝင်းလာစေမှာပါ။ ဒီဆေးက မိန်းကလေးတွေ အတွက် သီးသန့်ထုတ်ထားတာမျိုး မဟုတ်လို့ ယောက်ျားလေးတွေလည်း သောက်သုံးနိုင်ပါတယ်။ 
စတင်သောက်သုံးနိုင်တဲ့ အရွယ်ကတော့ ခရမ်းချဉ်သီးစစားတတ်တဲ့ အရွယ် ကလေးငယ်တွေကအစ သောက်လို့ ရပါပြီ ။လူကြီးပိုင်းတွေမှာဆိုလည်း သောက်ဆေးရော၊ လိမ်းဆေးရော နှစ်မျိုးလုံးကို ယှဉ်မတွဲသုံးချင်လည်း ရပါတယ်။ အစ်မဆို တင်းတိပ် ၊ မှဲ့ခြောက်နဲ့ နေလောင်ကွက်တွေ မရှိဘူး ။သွေးသားကြောင့်အသားအရေ မညီတာပဲ ရှိတာ။ ဒါကြောင့် လိမ်းဆေးကူပေးစရာ မလိုပါဘူး။ သောက်ဆေးနဲ့ တင်လုံလောက်ပါတယ်။ အမဲစက်တွေ အရမ်းများတဲ့ လူဆိုရင်တော့ လိမ်းဆေးရော ၊ သောက်ဆေးရော နှစ်မျိုးလုံးကို တွဲ သုံးသင့် ပါတယ်။
-
၃) အသားအရေကို ထိန်းသိမ်းချင်တဲ့ အိမ်ရှင်မတွေ အတွက် အချိန်ပေးစရာမလိုတဲ့ ဆေးကောင်းတစ်လက်ပါ။
-
အချိန်အများကြီး ပေးနိုင်တဲ့ လူလွတ် ညီမလေး တွေ အပြင် အိမ်ထောင်သည် အစ်မတွေကလည်း အချိန်ပေးရလွယ်ကူစေတဲ့ ဆေးတစ်မျိုးပါ ။ အစ်မတို့လို အိမ်ထောင်သည်တွေဆိုတာက ကိုယ့် အသားအရေကို လှချင်တာမှန်ပေမယ့် အချိန်ကျတော့ အများကြီး မပေးနိုင်ဘူးလေ။SPA လုပ်တာမျိုးတွေလို နာရီပိုင်းအထိ အချိန်ပေးစရာမလိုပဲ ဒီဆေးကတော့ တစ်ရက်မှာ ဆေးတစ်ကြိမ်သောက်လိုက်ရုံနဲ့ အသားအရေကို လှပလာစေမှာပါ
" မိန်းကလေးများ ချင့်ချိန်ပြီးမှ ယုံကြပါ ..ဒီအဖြစ်အပျက်လေးကတကယ့်အဖြစ်အပျက်လေးပါ"
သူငယ်ချင်းတွေအားလုံးသင်ခန်းစာယူသင့်တယ်ထင်လို့ မျှဝေပေးတာပါကျောင်းသင်ခန်းစာဆိုတာကိုယ်တိုင်ကအချိန်အကုန်ခံပြီး လေ့လာသင်ယူကျက်မှတ်ရပါတယ်.
ဘ၀နဲ့ ပက်သက်တဲ့ သင်ခန်းစာကိုတော့ မိမိပတ်ဝန်းကျင်မှာ တွေ့ နေ မြင်နေရတဲ့ အဖြစ်အပျက်ကိုကြည့်ပြီး ကိုယ်တိုင်က အဲ့ ဒီလိုအမှားမျိုးမဖြစ်အောင် သတိနဲ့ ဆင်ခြင်နိုင်ရင်တော့..ကိုယ့်ဘ၀အတွက် အရင်းအနှီး စိုက်ထုတ်စရာမလိုပဲနဲ့ အလကားရတဲ့ အမြတ်ပေါ့နော်...ဒီခေတ်ကြီးထဲမှာအလကားရတယ်ဆိုတာခပ်ရှားရှားရယ်..
မနှစ်ထိုင်းနိုင်ငံမှာနာမည်ကြီးခဲ့တဲ့ ဖြစ်ရပ်မှန်လေးပါ....ကောင်မလေးကတက္ကသိုလ်ကျောင်းသူတစ်ဦးပါ နယ်ကနေလာပြီး
ဘန်ကောက် မြို့ ပေါ်မှာကျောင်းလာတက်ရင်းနဲ့ Online ပေါ်မှာ အမေရိကန်နိုင်ငံသားတစ်ယောက်နဲ့ ချစ်သူဖြစ်ခဲ့ပါတယ်
..နောက်တော့ချစ်သူအမေရိကနိန်င်ငံသားကဘန်ကောက်ကိုအလည်ရောက်လာပါတယ်..အတူသွားအတူအတူတူနေ
ပြီးသိပ်မကြာခင်မှာဘဲ ဗီဇာသက်တန်းကုန်တော့အမေရိကားကိုပြန်ရတော့မှာမို့ ကောင်မလေးက မပြန်ခင်သူမကို တရားရုံး
မှာ ဇနီးမယားအဖြစ်လက်မှတ်ထိုးသွားပါလို့ တောင်းဆိုတော့ ကောင်လေးက သူလက်မှတ် မထိုးပေးနိုင်ပါဘူးတဲ့ သူ့ မှာ
ဇနီးရှိပါတယ် လို့ ပြောတော့ကောင်မလေးက နင်ငါ့ကိုတရားရုံးမှာ လက်မှတ်မထိုးပေးဘူးဆိုရင် အခုချက်ချင်းရဲ ကိုကြောင်း
ကြားပြီး ငါ့ကိုမတရားစော်ကားပါတယ်ဆိုပြီးတိုင်မယ်ပြောတော့အဲ့ ဒီနိုင်ငံခြားသားလဲ ကြောက်လို့ နှူတ်ပိတ်တဲ့ အနေနဲ့ 
တိုင်းကျန်နေနေတာပေါ့ နောက်နေ့ အမှိုက်တွေ လိုက်ကောက်တဲ့ သူကအလောင်းကိုတွေ့ တော့ ရဲကိုအကြောင်းကြားပြီးရဲ
ကအမှူစ်တော့ကောင်မလေးနေခဲ့တဲ တိုက်ခန်းပိုင်ရှင်ကိုမေးတာ ကောင်မလေးဆီကို နိုင်ငံခြားသားတစ်ယောက်အမြဲလာ
ကြောင်း သက်သေအနေနဲ့  တိုက်ခန်းရဲ့ လူသွားတဲ့ စင်္ကြန်တိုင်းမှာဗွီဒီယိုကင်မရာ တပ်ထားတော့လူသတ်ရားခံကိုလွယ်
လွယ်နဲ့ ပဲ ပြန်ဖမ်းမိခဲ့ပါတယ်..အဲ့ဒီနိုင်ငံခြားသားဟာ အဲ့လိုမျိုးဆိုဒ်တွေမှာ နိုင်ငံပေါင်းစုံက အမျိုးသမီးတွေနဲ့ ရင်းနှီးအောင်
မိတ်ဆွေဖွဲ့ ချစ်ရေးဆိုပြီးအမျိုးသမီးတွေကိုဖျက်ဆီးနေတဲ့  ကမ္ဘာလှည့်ကြာကူလီလူလိမ်တစ်ယောက်ပါ..
နောက်ထပ်သတင်း တစ်ခုက အလယ်တန်းကျောင်းသူလေးပါ..ကျောင်းပိတ်ရက်မှာ သူငယ်ချင်းတွေနဲ့ လေ့လာရေးခရီး
၃ ရက်လောက်သွားချင်တယ်ဆိုပြီး မိဘတွေဆီမှာခွင့်တောင်းပါတယ် မိဘတွေကလည်းကျောင်းနေဘက်သူငယ်ချင်းတွေ
နဲ့ သွားမယ်ထင်ပြီး ကြည်ကြည်ဖြူဖြူပဲ ခွင့်ပေးလိုက်ပါတယ်..နောက်၃ ရက်လောက်ကြာတော့ သမီးဖြစ်တဲ့ သူအိမ်ကို
ပြန်မရောက်သေးလို့  ကျောင်းနေဘက်သူငယ်ချင်းတွေဆီလိုက်မေးတာသူငယ်ချင်းတွေအကုန်လုံး တစ်ယောက်မှ လေ့လာ
" အေးဓမြတွေကို အားလုံး သတိရှိကြပါ "
ဖုန်း ၁ call ဝင်လာပါတယ် ....
သူတို့ကုမ္ပဏီကနေ ကျွန်မဖုန်းနံပါတ်ကို .....random ရွေးပြီး မဲပေါက်ပါသဖြင့် သူတို့အရောင်းဆိုင်တွေမှာ လက်ဆောင်
ပစ္စည်းလာထုတ်ပါတဲ့ပုလဲကွန်ဒိုကိုသွားလိုက်ပါတယ် ။ သူတို့က msg လဲပို့ပါတယ်ကဲသွားကြည့်မယ်ဆိုပြီး သွားတာပေါ့။
ဆိုင်ကိုရောက်တော့ msg လဲရတယ် ဖုန်းလဲဆက်ထားလို့ လာတဲ့အကြောင်း ပြောပြီး သူတို့က နံမည်ရေးမှတ် msg ကိုကြည့်ပြီး ဖျက်လိုက်ပါတယ်။ ပြီးတော့ သူတို့ပစ္စည်းတွေအကြောင်း ရှင်းပြပါတယ်။
ရေသန်ု့စက် .....လေသန့်စက် ......မီးဖို ....air fryer......ဖုန်စုပ်စက် ....ဟော့ပေါ့အိုး .....အဆီချခါးပတ် .....အနှိမ့်ခုံ .....
ကောင်းပါတယ် သူတို့ပစ္စည်းတွေက ဂျပန်ပစ္စည်းတွေပေါ့ ပြီးတော့ဈေးတွေ ပြောပါတယ်။ ၂ သိန်းကျော်က အနည်းဆုံး။
ပြီးတော့ ဘယ်ပစ္စည်းကို စိတ်ဝင်စားပါသလဲတဲ့ အတင်းမေးပါတယ်။ ကိုယ်စိတ်ဝင်စားတာက air fryer လို့ပြောလိုက်တော့ ၆ သိန်းကျော်။
မဝယ်နိုင်ပါဘူး စိတ်ဝင်စားလားမေးလို့ဖြေတာ.... ပြောတော့ ကံစမ်းမဲ ခဲခြစ် တခုရွေးခိုင်းပါတယ်။ သူတို့က ကိုယ်ရွေးပေးတဲ့ တခုကို ခဲခြစ်လိုက်တယ်။
အဲဒီအချိန်မှာ ဆိုင်ထဲက ဝန်ထမ်း ၃ ယောက်လောက်က.....ဟာ.....ကံစမ်းမဲ ခဲခြစ်တာလား ပျော်စရာကြီး ....ဘာပေါက်လဲ မသိဘူး ဆိုပြီး ဝိုင်းအုံလာပါတယ်။
မဲက ဆယ်သိန်းအထက် ပစ္စည်းတခုဝယ်ရင် ၃၂ လက်မ TV တလုံးလက်ဆောင်ပေးပြီး နောက် ဟော့ပေါ့အိုးတလုံး တခုပေး
ပါမယ်တဲ့။
အဲဒီမှာ သူတို့အားလုံးက ဝိုင်းလက်ခုတ်တီးပြီး .....အရမ်းကံကောင်းတာဘဲ ဆိုပြီး အော်ကြပါတယ်။ ကိုယ်လဲကြောင်တောင်တောင်ဖြစ်နေတာပေါ့။
ကျွန်မတို့က ပစ္စည်းဝယ်ဖို့လာသူမဟုတ်ဘူး ပြောတော့ ....စရံပေးခဲ့ပြီး နောက်မှငွေလာပေးရင်လဲ ရပါတယ်တဲ့။ စရံပေးလိုက်ရင် မုန့်စားဖို့ ငွေမရှိတော့ဘူးဆိုတော့ အိမ်လိုက်ယူပါ့မယ်တဲ့ .....
အော် အတင်းအဓမ္မအေးဓားမြ နဲ့လာတိုးနေပါလား .....
ငါတို့ကိုဖုန်းဆက်ခေါ် msg ပို့ ငါတို့မှာ ကားဓာတ်ဆီအကုန်ခံပြီးလာရ......ပြီးတော့ အေးဓားမြနဲ့တွေ့ ....ဘာမှမဝယ်ဘူး
" မြန်မာနိုင်ငံ စားသုံးသူ ကာကွယ်ရေးအသင်းမှ ထုတ်ပြန်လိုက်သော သတိပေးကြေညာချက် "
၁- စားသောက်ဆိုင်တွေမှာ အသုံးပြုနေတဲ့ ဖေါ့ဘူးတွေဟာလည်း စတိုင်းရင်း(styrene)ဓါတ်ပါတဲ့ 2B ပလပ်စတစ်အုပ်စု
ဝင်တွေဖြစ်လို့  ဖေါ့ဘူးတွေတစ်ခါသုံးပလပ်စတစ်တွေ လုံးဝ အသုံးမပြုကြရန်။
၂-ကြက်သားမှုန့် တွင်လည်း အချိုမှုန့် နှင့် တာရှည်ခံမှိုသတ်ဆေးများ ဓာတုပစ္စည်းများပါဝင်သဖြင့် အချိုမှုန့် ထက်ပင်
ပိုမိုဆိုးရွာစေပါသည်။
၃- ဆာဖျူရစ်အက်ဆစ်ပြင်း H2SO4 ရောစပ်ထားတဲ့ အချဉ်ရည်လို့ ခေါ်တဲ့ အဆိပ်ရည်တွေပါပဲ ဆာလ်ဖျူရစ်အက်ဆစ်က နည်းနည်းလေးထည့်ရုံနဲ့အချဉ်ရည်အရသာကို
ဖြစ်ပေါ်စေပြီး ဘက်ထရီအိုးမှာသုံးတဲ့ အက်ဆစ်ပါ။ထို့ ကြောင့် အသုပ်ဆိုင် အကြော်ဆိုင် အကင်ဆိုင် တုတ်ထိုးဆိုင်တွေမှာ
သုံးစွဲနေသော တားမြစ်ဆိုးဆေး နီနီရဲရဲတွေကိုရှောင်ကြဉ်သင့်ပါတယ်။
၎-ခြင်ဆေးခွေတစ်ခွေ၏ အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၅၁)လိပ် ဖွာရှိုက်သည်နှင့်ညီမျှသည်။ခြင်ဆေးခွေ
တစ်ခွေမှ ထွက်လာသည့် အဆိပ်ဓာတ်သည် စီးကရက်အလိပ်ပေါင်း(၁၃၇)လိပ်မှ ထွက်ရှိသော အဆိပ်မှုန့် ပမာဏနှင့်
ညီမျှ၍ ဝေးဝေးကရှောင်ကြဖို့  အမွှေးတိုင်များသည်လည်း ခြင်ဆေးခွေကဲ့သို့ ပင် အန္တယ်ရာယ်ရှိ၍ လုံးဝ မသုံးအပ်ပေ။
၅- အချိုရည်ဗူးများတွင် တားမြစ်ဆိုးဆေး တာရှည်ခံဆေး သကြားထက်အဆ ၂၀၀ ပိုမိုချိုစေသော ပါဝါသကြားနှင့်ကာဗွန်
ဒိုင်အောက်ဆိုဒ်ကဖိန်းဓါတ်များပါဝင်၍ ခံတွင်းကင်ဆာ ကျောက်ကပ်ရောဂါ ဆီးချိုရောဂါနှင့်အဝလွန်ရောဂါ အသည်းကင်
ဆာရောဂါတို့ ကိုဖြစ်ပွားစေသည်။ထို့ အတူဂျယ်ရီဗူးများတွင် လည်း တရုတ်မှလာသောဂျယ်ရီပေါင်ဒါ ဆီထရစ်အက်ဆစ် Sodium Benzorate ခေါ်တာရှည်ခံဆေးပါဝင်၍ ကင်ဆာရောဂါများကိုဖြစ်ပွားသဖြင့် ကလေးများကို လုံးဝမကျွေးသင့် မရောင်းသင့်ပါ။
၆- မယ်လမင်း(ဖိုက်ဘာ)ပစ္စည်းများသည် အပူနှင့်ထိတွေ့လျှင် ဓါတ်ပြု၍ ကျောက်ကပ်ပျက်စီးခြင်းနှင့်ကင်ဆာရောဂါများကို
ဖြစ်ပွားစေသဖြင့် လုံးဝအသုံးမပြုသင့်ပါ။
၇- တရုတ်နှို့မှုန့်နှင့်၎င်းနှင့်ပြုလုပ်သောမုန့် များသည် ခွေပေါက်စများ ကြောင်ပေါက်စများ တိုက်ကျွေးရာ အကြောဆွဲ၍ ၁၈ ကောင်ထက်မနည်းသေဆုံးကုန်ကြောင်းတွေ့ရှိရပါသည်။ထို့ ကြောင့် တရုတ်ပြည်မှ တံဆိပ်မျိုးစုံနှင့် တင်သွင်းသော
" ကြက်ကင်တဲ့နည်းလမ်း .. သောက်ရေအိုး မြေအိုးကိုလည်း အသုံးပြုနိုင်ပါတယ် "
မြန်မာပြည်မှာတော့မဟုတ်ပါဘူး။
အိန္ဒိယနိုင်ငံတို့ ဒူဘိုင်းတို့ အီဂျစ်တို့မှာ ကြက်ကိုအခုလိုကင်တာတွေ့ရပါတယ် ။
သေချာစနစ်တကျတော့ပြုလုပ်ထားကြပါတယ်။ ပုံမှာမြင်တွေ့ရသည့်အတိုင်းပါပဲ အောက်ခြေမှာ စတီး သို့မဟုတ် သံခွက်ထဲမှာ ကြက်သွန် အနီ အဖြူ အလုံးလိုက်ထည့်ပြီး ခရမ်းချဉ်သီးအလုံးလိုက် ငရုတ်အပွတောင့်အသီး အလုံးလိုက်တို့နှင့် ဆား ဟင်းချိုမှုန့်အနည်းအငယ်တို့ထည့်၍ အောက်ခံအဖြစ်ထားရှိပြီး။
အလည်မှာထောင်လျှပ်ပါရှိသော သံချောင်းမှာ ကြက်ကိုထိုးဖောက်တင်လျှက်ပါ အားလုံးအဆင်သင့်ဖြစ်သွားချိန်ကြမှ သံဖုံးတစ်ခုနှင့်ဖုံးအုပ်ပြီး ထင်းသားများဘေးတစ်ဝှိုက်ပတ်ပတ်လည်မှာ စီထားပြီး မီးမွှေးလိုက်ကြပါတယ် ထည့်ထားသည့်ထင်းမီးများ လောင်ကျွမ်းကုန်သွားချိန်အထိ ထားပြီိး ခဏအကြာတွင် သံပုံးကိုအသာအယာမှပြီး
 ဘေးဖယ်ကြည့်လိုက်တော့။
ကြည်သားဟာ ကင်ပြီးလျက်တွေ့ရပြီး အောက်မှာခံထားသော အသီးများကိုလည်း ဇွန်းနဲ့ပေါက်ပြီး ဆော့အဖြစ်
January 31, 2016
" အပျင်းပြေ အိပ်လုပ်ကားတွေကို ထိုင်ကြည့်ကြရအောင်လား "
" အောင်မြင်သော အိမ်ထောင်သည်ဘဝ ပိုင်ဆိုင်လိုသူများ ပြင်ဆင်ထားရမယ့် အရာများ "
မင်္ဂလာမဆောင်ခင် ကြိုတင်ဆောင်ရွက်ရမယ့် အရာတွေ ထည့်စဉ်းထားဖို့ အချိန်သင့်ပါပြီ။ ကျွမ်းကျင်ပညာရှင်များရဲ့ အဆိုအရ အိမ်ထောင်မပြုမီ လပိုင်းအလိုမှာ မိမိရဲ့ စိတ်ဆန္ဒအမှန် သိအောင်လုပ်ခြင်းနဲ့ အောင်မြင်မှုအတွက် ဆောင်ရွက်မယ့်အရာတွေ သိထားသင့်ပါတယ်။ မင်္ဂလာဆောင်မယ့် ရက်မတိုင်မီ ကြိုတင်ပြင်ဆင်းထားရမယ့် အချက် (၈) ချက်မှာတော့
၁။ ဘဝမှာ လိုချင်တာကို သိအောင်လုပ်ပါ
မိမိဘဝဟာ ဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲဆိုတာ သတ်မှတ်ချက်တွေ မရှိသေးသ၍ သင့်တော်မှန်ကန်တဲ့ အဖော်အဖက်ရွေးချယ်ဖို့ ခက်ခဲနိုင်ပါတယ်။
ချစ်ကြိုက်ဖို့ လွယ်ပေမယ့် ကိုယ့်ကို အကူအညီပေးမယ့်သူကို ရှာတွေ့ဖို့ အရမ်းခက်ခဲပါတယ်။ ဘဝမှာ ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာသိတဲ့အခါ ကိုယ်ချစ်တဲ့သူ နောက်ပြီး အဲဒီဘဝကို ကူညီပုံဖော် ပေးမယ့် လက်တွဲဖော်ကောင်းတစ်ယောက်ကို ရွေးချယ်မိဖို့ အလားလာပိုများပါတယ်။
၂။ အချင်းချင်း နားလည်မှုရှိပါ
နှစ်ဦးစလုံး နားလည်မှုရှိကြတဲ့အခါ အဓွန့်ရှည် ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ဘဝအတွက် အလားလာပိုများစေပါတယ်။ စုံတွဲများအနေနဲ့ အပြန်အလှန်စကားပြောဆိုမှုမရှိလည်း အဆင်ပြေမယ် ယူဆထားကြတဲ့အခါ ဘဝနဲ့ ထောင်အိမ်သည်ဘဝက ပို၍ ခက်ခဲလာပါတယ်။
၃။ ခိုင်မာတဲ့ အသိုင်းအဝိုင်းတစ်ခု ဖန်တီးပါ
သင် သိကောင်းမသိနိုင်ပေမယ့် သင့်ရဲ့ မိန်းကလေးသူငယ်ချင်းများမှာ သင့်အချစ်ရေးအောင်မြင်မှုအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုတစ်ခု ရှိနေကြတာပါ။
ညီမ၊ အစ်မ ဆွေမျိုးတွေရဲ့  ထောက်ခံအားပေးမှုမရှိဘဲ အိမ်ထောင်ပြုပါက သင့်လက်တွဲဖော်ကို မှီခို လိုအပ်သည်ထက် မှီခိုလွန်းပြီး သူ့ကိုပဲ အားကိုးတကြီး ကြည့်နေရပါလိမ့်မယ်။ သူငယ်ချင်းအသိုင်းအဝန်းကောင်းကောင်းလေးတစ်ခု ရှိထားခြင်းက တစ်ယောက်တည်းဖြစ်နေချိန်နဲ့ အိမ်ထောင်ပြိုကွဲမယ့် အခြေအနေမှာ အဆက်အသွယ် ရရှိစေပါလိမ့်မယ်။
၎။ ကိုယ့်ကိုယ်ကို ငွေကြေးပြည့်စုံအောင်လုပ်ပါ
အကြွေးတင်လျက် အိမ်ထောင်ပြုတာ မရှိဘူးမဟုတ်ပေမယ့် အိမ်ထောင်မပြုမီ အကြွေးတွေကြေအောင် ရှင်းနိုင်ပြီး ပိုက်ဆံ
" iPhone ကိုင်တဲ့ သူတွေ သတိထားရမယ့် သူခိုး app များ "
iPhone ကိုင်တဲ့ သူတွေ သတိထားရမယ့် အရေးကြီးတဲ့ သတင်းအချက်အလက်တစ်ခုကို ပြောပြပေးချင်ပါတယ်။ ဆော့ဖ်
ဝဲလ်မှ user တွေရဲ့ အီးမေးလ်လိပ်စာနဲ့ device serial number တွေ စုဆောင်း သိမ်းဆည်းနေတာရှာဖွေတွေ့ရှိပြီး
နောက် ဒီတစ်ပတ်မှာ Apple က app စုစုပေါင်း ၃၀၀ ကို iTunes ကနေ ရှင်းထုတ်ပစ်ခဲ့ပါတယ်။
အဲဒီ app တွေအားလုံးဟာ တရုတ်နိုင်ငံမှာ လုပ်ထားတာဖြစ်ပြီး ကြေငြာကုမ္ပဏီတစ်ခုဖြစ်တဲ့ Youmi ကို app ထဲမှာ
ကြော်ငြာဖော်ပြခွင့်ပေးထားပါတယ်။ ဒါပေမယ့် အဲဒီကုမ္ပဏီက သုံးစွဲသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေ လျို့ဝှက် သိမ်း
ယူနေတာခဲ့ပါတယ်။ Apple မှ ဒီ app တွေအားလုံး ဖယ်ရှားခဲ့ပေမယ့် developer သစ် တစ်ယောက်ယောက်နဲ့ မကြာ
ခင် restore ပြန်လုပ်ဖို့ မျှော်လင့်ထားပါတယ်။ သို့သော် လုံခြုံစိတ်ချမှုရှိစေဖို့ အကယ်၍ အောက်ပါ app တွေသင့်ဖုန်းထဲ
မှာရှိနေသေးပါက uninstall လုပ်ထားသင့်ပါတယ်။
အန္တရာယ်ဖြစ်စေတဲ့ app များ
• air2
• AmHexinForPad
• Angry Birds 2
• baba
• BiaoQingBao
• CamCard
• CamScanner
• CamScanner Lite
• CamScanner Pro
• Card Safe
• China Unicom Mobile Office
• ChinaUnicom3.x
• CITIC Bank move card space
• CSMBP-AppStore
• CuteCUT
• DataMonitor
• Didi Chuxing
• Eyes Wide
• FlappyCircle
• Flush
• Freedom Battle
• golfsense
• golfsensehd
• guaji_gangtai en
" ဘယ်ဘက်စောင်းအိပ်ပေးသင့်တဲ့ အကြောင်းအရင်း တချို့ "
လူအများစုက သူတို့အိပ်တဲ့ ကိုယ်နေဟန်ထားက အစာခြေချက်မှုစနစ်ကို သိသိသာသာ အကျိုးသက်ရောက်မှုဖြစ်စေတဲ့ အချက်ကို သတိမမူမိကြပါ။ ဒီလို အခိုင်အမာပြောဆိုခြင်းအတွက် ပထမဆုံး သက်သေ အထောက်အထားကတော့ အစာခြေချက်မှု ပိုမိုကောင်းမွန်စေရန် ဘုန်းကြီးများ ထမင်းစားပြီး တစ်မှေးလောက် အိပ်စက်အနားယူတဲ့အချိန် ဟိုး ရှေးယခင်ကတည်းကနေ ဖြစ်ပါတယ်။
ဒီအချက်ကို Ayurvedic Medicine လို့ခေါ်တဲ့ ဟိန္ဒူတိုင်းရင်းဆေးပညာတစ်မျိုးမှ အတည်ပြုထောက်ခံထားပြီး ဘယ်ဘက်စောင်းအိပ်ပေးတာ အကောင်းဆုံးဖြစ်ကြောင်း အကြံပြုထားပါတယ်။ ဘာကြောင့် ဘယ်ဘက်စောင်း
" အမဲသားအစိမ်း စားသူ အမျိုးသားထံမှ ပေ ၂၀ ကျော်ရှည်သည့် တုတ်ပြားကောင် ကို တွေ့ရှိ "
ပေကျင်း ၊ ၂၄-၁-၂၀၁၆
အမဲသားအစိမ်းစားပြီး နှစ်နှစ်ကျော်ကြာ ဗိုက်အောင့်ရောဂါ ခံစားနေရသည့် တရုတ်အမျိုးသား တစ်ဦးထံမှ ပေ ၂ဝ ကျော် (၆ ဒသမ ၂ မီတာ) အရှည်ရှိ တုတ်ပြားကောင်ကို ဆရာဝန်များက တွေ့ရှိ ခဲ့ကြောင်း သိရသည်။
အသက် ၃၈ နှစ်အရွယ်ရှိ အဆိုပါ အမျိုးသားသည် အန်ခြင်းနှင့် အားနည်းသည့် ဝေဒနာများ ခံစား နေရသောကြောင့်
 ဆေးရုံသို့ လာရောက်ပြသ ခဲ့ခြင်းဖြစ်ပြီး ဆေးရုံသို့ ရောက်ရှိချိန်၌ ၄င်းသည် လွန်ခဲ့သော နှစ်နှစ်ကျော် မှစ၍ အစာအိမ်နှင့် ဝမ်းဗိုက်တို့တွင် နာကျင်သည့် ဝေဒနာများ ခံစားရကြောင်း၊ အစာစားချင်စိတ် မရှိကြောင်း၊ ကိုယ်အလေးချိန် ကျဆင်း လာကြောင်းနှင့် သံဓာတ် အားနည်းခြင်းကြောင့် နှစ်ရှည် လများစွာကြာ သွေးအားနည်း ရောဂါခံစား နေရကြောင်း ဆရာဝန် များကို ပြောကြားသည်။
ဟူပေး ဆေးတက္ကသိုလ်မှ ဆရာဝန်များသည် အဆိုပါ အမျိုးသားအား စမ်းသပ်မှုများ ပြုလုပ် ခဲ့သော်လည်း မည်သည့်အရာမျှ ထူးထူးခြားခြား မတွေ့ရှိကြောင်း မှတ်ချက်ပြု ခဲ့ပြီးနောက် ၄င်း၏မစင်ကို အဏုကြည့် မှန်ပြောင်းဖြင့် ပြန်လည် စစ်ဆေး
ကြည့်ရှု ရာတွင် တုတ်ပြားကောင် ၏ ဥကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
ထို့နောက် အမျိုးသားသည် ၄င်းအနေဖြင့် အမဲသားအစိမ်း စားခြင်းကို နှစ်သက် သူဖြစ် ကြောင်းထုတ်ဖော် ပြောကြားခဲ့ပြီး ဆရာဝန်များက ၄င်းအား ဆေးဝါး တိုက်ကျွေးမှုများ လုပ်ဆောင်ပေးခဲ့ရာ နှစ်နာရီခွဲခန့် ကြာသောအခါ ယင်း အမျိုးသားသည်
" သြော် ဖြစ်မှဖြစ်ရလေ ကိုနှာဘူးရယ်.. မလုပ်သင့်တာတွေ သွားလုပ်တာကိုး "
သင့်အနေနဲ့ ကားမောင်းနေမယ်ဆိုရင်တော့ အနီးနားပတ်ဝန်းကျင်ကို အာရုံစိုက်ပြီး မောင်းနှင်နေရတာကြောင့် ကားထဲမှာ သီချင်းနားထောင်တာလောက်ကိုပဲ ပြုလုပ်နေမိမှာပါ။ ကားပေါ်မှာဆိုတာကတော့ တစ်ခုခုအမှားပြုလုပ်မိတာနဲ့  သေစေနိုင်
တဲ့အထိဖြစ်သွားနိုင်ပါတယ်။ သင့်အနေနဲ့ ဖုန်းတောင်မပြောသင့်တဲ့ ကားမောင်းတဲ့အချိန်မှာ လူကို မွှန်စေတဲ့ညစ်ညမ်းဗီဒီယို
ကို ကြည့်ရှုပြီး ကားမောင်းရင်တော့ ပိုဆိုးသွားပါပြီ။
ဒီလူဟာဆိုရင်တော့ မီချီဂန်ဒေသက အဝေးပြေးလမ်းမကြီးပေါ်မှာတစ်ယောက်တည်းမောင်းနှင်လာပြီးယာဉ်မတော်တဆမှု
ဖြစ်ခဲ့ချိန်မှာတော့ ကားပေါ်မှာ ညစ်ညမ်းဗီဒီယိုတွေကြည့်နေခဲ့တယ်ဆိုတာကို အထောက်အထားနဲ့ တွေ့ခဲရပါတယ်။ အ
သက် ၅၈ နှစ်အရွယ် အမျိုးသားဟာဆိုရင်တော့ ယာဉ်မတော်တဆမှုဖြစ်ပွားတဲ့အချိန်မှာ ဘောင်းဘီကို ဝတ်မထားခဲ့ဘဲနဲ့ သူ့ရဲ့ထိုင်ခုံခါးပတ်ကိုလည်း ဖြုတ်ထားခဲ့ပါတယ်။  အဲ့ဒါသာကြည့်တော့ ကဲချက်က ၉ကျော်တယ်။
မီချီဂန်က ရဲအရာရှိတစ်ဦးဖြစ်တဲ့ Mike Shaw ကတော့ သူ့ရဲ့ ရဲသက်တမ်းတစ်လျှောက်မှာ ထူးဆန်းတဲ့ဖြစ်ရပ်ကို ပထမ
ဆုံးတွေ့ခဲ့ရတယ်လို့ပြောပါတယ်။ " ကျွန်တော်တွေ့ဖူးတဲ့ ယာဉ်မတော်တဆမှုတွေမှာတော့ ကားပေါ်မှာ မိတ်ကပ်ပြင်နေ
တာ ၊ စာအုပ်ဖတ်ရင်းကားမောင်းနေတာနဲ့ တခြားနည်းပညာပိုင်းဆိုင်ရာ ပစ္စည်းတွေကို အာရုံစိုက်နေလို့ အဲ့လို့အကြောင်း
တွေကြောင့် ထိခိုက်ဒဏ်ရာရတဲ့အပြင် အသက်ဆုံးရှုံးတဲ့အထိတောင် ဖြစ်ခဲ့ကြတာဗျ။ အခုသေဆုံးသူကတော့ ကားပေါ်မှာ တဏှာစိတ်နဲ့ ညစ်ညမ်းဗီဒီယိုကိုကြည့်ရင်း ကားမောင်းခဲ့လို့ပါ။ ကျွန်တော့် ရဲလုပ်တဲ့ သက်တမ်းတစ်လျှောက်မှာတော့ မမြင်
Subscribe
လာလည်သူများ
free counters