♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 2, 2016

" ယနေ့ ခေတ်စားနေသော CoQ-10 ပါဝင်တဲ့ Hovid Q10 plus အထူးအားဆေးကြီး " ဖတ်ကြည့်ကြပါ..

 
နှလုံးကျန်းမာရေးဟာ လူ့ခန္ဓာကိုယ်အတွက် အရေးကြီးပါတယ်။ ငယ်ရွယ်စဉ်မသိသာပေမယ့် အသက်ကြီးပြီး ပျက်ဆီးတဲ့အခါ ၊နှလုံးအလုပ်ကောင်းကောင်းမလုပ်နိုင်တဲ့အခါ သိသာလာတယ်။ ဒီိလိုအခါမျိုးမှာ ရင်တုန်တာ၊
ရင်ဘတ်အောင့်တာ၊ မောတာမျိုး အဖြစ်များတယ်။ နှလုံးအားကောင်းဖို့ဆိုတာ အစာအသောက် တခုတည်းနဲ့ မလုံလောက်သေးဘူး။ တခါတရံ coenzyme Q10ပါဝင်တဲ့ နှလုံးအားဖြည့်တဲ့ ဖြည့်စွက်ဆေးမျိုးလိုအပ်
တယ်။ ဂျပန်နိုင်ငံမှာ နှလုံးရောဂါသည်တွေအတွက် CoQ-10 ပါဝင်တဲ့ ဆေးတွေကို စတင်အသုံးပြုပြီးနောက်
ပိုင်းမှာ  ပိုမိုတွင်ကျယ်လာတယ်။ အမေရိကားမှာ အိုမီဂါသရီးနဲ့ ဗီတာမင်အားဆေးတွေပြီးရင် coenzyme Q-10က ရောင်းအားအကောင်းဆုံး ဖြစ်ပါတယ်။


Hovid Q10 plusမှာ နှလုံးကျန်းမာရေးအတွက် အထောက်အကူပေးတဲ့ CoQ-10 အပါအဝင်အစွမ်းထက်
တဲ့အင်တီအောက်ဆီးဒင့် (၅)မျိုးကို ပေါင်းစပ်ထုတ်လုပ်ထားတယ်။ အထူးသဖြင့် နှလုံးအားနည်းသူ၊သက်လုံ
မကောင်းတဲ့သူတွေအတွက် သင့်တော်တယ်။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့စွမ်းအင်ကိုအပြည့်အဝပေးစွမ်းနိုင်
တယ်။ မလေးရှားနိုင်ငံ Hovidကုမ္ပဏီက ထုတ်လုပ်တယ်။ဆေးပုံစံက အညိုရောင်အားဆေးတောင့်တွေဖြစ်
ပါတယ်။ ဆေးတလုံးကို ၂၀၀ ဝန်းကျင် ရှိနိုင်ပါတယ်။ အလုံး၆၀ပါတဲ့ ဆေးပုလင်းပုံစံနဲ့လာတယ်။

ပါဝင်ပစ္စည်းများ
 
-Caromin                     60mg (equiv to 15mg Mixed Carotenoids)
-Vitamin C                   150mg
-d-Alpha-Tocopherol   50IU (Natural Vitamin E)
-Selenium Yeast          50mg
-Coenzyme Q-10         10mg

တမျိုးချင်းစီရဲ့ အာနိသင်
 
Co-enzyme Q10
-ခန္ဓာကိုယ်မှာတွေ့ရတဲ့ ဗီတာမင်လို ပစ္စည်းတမျိုး ဖြစိပါတယ်။
-နှလုံး၊ အသည်း ၊ကျောက်ကပ်၊ ပန်ကရိယတွေမှာ အဓိကတွေ့ရတယ်။
-ကိုယ်ခန္ဓာမှာ ရှိတဲ့ဆဲလ်တွေ စွမ်းအင်ထုတ်လုပ်ဖို့ Co-enzyme Q10 ကို လိုအပ်ပါတယ်။
-၅၀ ရာခိုင်နှုန်းဟာ ဆဲလ်ရဲ့ အင်နာဂျီအဓိက ထုတ်လုပ်တဲ့ mitochondria ထဲမှာ တည်ရှိနေတယ်။
-အသား၊ ပင်လယ်စာတွေမှာ အနည်းငယ်ပါဝင်တယ်။
-ဇရာဖြစ်စဉ်ကို တားဆီးပေးတယ်။
-ခုခံအားကို ကောင်းစေတယ်။
-နှလုံးကျန်းမာရေးကို အထောက်အကူပေးတယ်။
-Co Q-10 ရဲ့ levelဟာ အသက် ၂၀နောက်ပိုင်းမှာ တဖြည်းဖြည်း ကျဆင်းလာတယ်။ အသက်  ၈၀နောက်
ပိုင်းမှာ မွေးကင်းစအရွယ်ထက် ပိုမိုနည်းပါးလို့ ပြန်လည်ဖြည့်တင်းဖို့ လိုအပ်တယ်။

Caromin
-သဘာဝအတိုင်းတွေ့ရတဲ့ ကာရိုတင်းနွိုက်(carotenoids)တမျိုး ဖြစ်ပါတယ်။
-စားအုန်းဆီတမျိုးကနေ အဆီအနှစ်တွေ ထုတ်ယူထားတယ်။
-pro-vitamin A အမျိုးအစားမှာ ပါဝင်တယ်။
-pro-vitamin Aဆိုတာ ခန္ဓာကိုယ်မှာ ရှိတဲ့ ဗီတာမင်အေ ပမာဏလျှော့နည်းတဲ့အခါ အရန်သင့်ပြောင်း
  လဲပေးနိုင်တာမျိုးကို ခေါ်ပါတယ်။
-လိုတဲ့အခါမှာ ပြောင်းလဲပေးတာကြောင့် ဗီတာမင်အေပမာဏ များတာမျိုး မဖြစ်စေနိုင်ဘူး။

Selenium
-အစွမ်းထက် အင်တီအောက်ဆီးဒင့်တမျိုး ဖြစ်ပါတယ်။
-ကျန်းမာတဲ့ဆဲလ်တွေဖြစ်ဖို့ seleniumလိုအပ်ပါတယ်။
-coronary artery နံရံပျက်ဆီးခြင်းကို ကာကွယ်ပေးတယ်။

Vitamin C
-အင်တီအောင်ဆီးဒင့်တွေထဲမှာ နာမည်အကြီးဆုံးဖြစ်တယ်။
-လေထုညစ်ညမ်းမှုကြောင့်ဖြစ်တဲ့ ဓာတ်တိုးမှုကို ကာကွယ်ပေးတယ်။
-ရေမှာအလွယ်တကူ ပျော်ဝင်နိုင်တယ်။
-ဆဲလ်တွေ သန့်ရှင်းဖို့ ဗီတာမင်စီလိုအပ်တယ်။
-ခုခံအားတက်စေသလို အရောင်ကျတဲ့ အာနိသင်ရှိတယ်။

Vitamin E
-အဆီမှာပျော်ဝင်တဲ့ အင်တီအောက်ဆီးဒင့် ဖြစ်ပါတယ်။
-အင်တီအောက်ဆီးဒင့်တွေထဲမှာ အစွမ်းထက်တယ်။
-ဆဲလ်မျက်နှာပြင်ဓာတ်တိုးမှုကို ဆန့်ကျင်ကာကွယ်ပေးတယ်။

အသုံးဝင်ပုံ
 
-နှလုံးအားနည်းရောဂါ
-နှလုံးရပ်ခြင်း
-မိုက်ဂရိန်း ခေါင်းကိုက်ခြင်း
-ကင်ဆာရောဂါ
-သွေးတိုးရောဂါ
-သွားဖုံးရောဂါ
-ပါကင်ဆန်ရောဂါ (ခြေလက် ဦးခေါင်းများ တုံယင်သော ရောဂါ)
-ဓာတ်ရောင်ခြည်သင့်ရောဂါ
-မိုက်တိုကွန်ဒရီးယား ရောဂါ

တခြားကောင်းကျိုးများ
 
ရောဂါအတွက် သာမက သက်လုံကောင်းစေနိုင်တယ်။ အိုမင်းမှုကို တားဆီးပေးတယ်။ ဇရာဖြစ်စဉ်ကို
နှေးကွေးစေတယ်။ နှလုံးရောဂါ၊အာရုံကြောရောဂါလက္ခဏာတွေကို သက်သာလျှော့ပါးစေတယ်။
ခုခံအားတက်ဖို့၊ အမျိုးသား ပန်းသေပန်းညှိုးရောဂါ၊ ကြွက်သားအားနည်းခြင်းတွေမှာ အသုံးပြုနိုင်တယ်။

ဆေးညွှန်း
 
-နေ့စဉ် တနေ့ တစ်လုံး ပုံမှန်သောက်သုံးပေးပါ။ လိုအပ်ရင် တခါသောက် ၂လုံး၊တနေ့ ၃-၄ကြိမ်ထိ သောက်
ပေးနိုင်တယ်။ သတိပြုရမှာက ဆရာဝန်ညွှန်ကြားချက်နဲ့ သောက်သုံးရတယ်။ ဆေးအာနိသင်ကောင်းဖို့ အစာစားပြီးမှ သောက်သုံးပေးပါ။

ဘေးထွက်ဆိုးကျိုး
 
-အစာအိမ်နာခြင်း
-ပျို့၊အန်ချင်ဖြစ်ခြင်း
-ဗိုက်နာခြင်း
-ဝမ်းလျှောခြင်း
-အစားအသောက်ပျက်ခြင်း
-သွေးပေါင်ကျခြင်း

ဆေးကြောင့် ဘေးထွက်ဆိုးကျိုး ကြီးကြီးမားမားမတွေ့ရဘူး။ ကလေးငယ်တွေမှာ ဆရာဝန်ညွှန်ကြားချက်နဲ့သာ သုံးစွဲသင့်တယ်။ yeast ( ပွဆေး ) ပါဝင်တဲ့ ဒိန်ချဉ်၊ နို့ချဉ်နဲ့ တွဲမသောက်ရဘူး။ အာနိသင်လျှော့နည်း၊ ပျက်
ပြယ်စေတယ်။ ကိုယ်ဝန်ဆောင်၊ နို့တိုက်မိခင် မသောက်သင့်ဘူး။ 

တွဲမသောက်သင့်သောဆေးများ
 
-သွေးကျဆေး(antihypertensive)
-သွေးမခဲဆေး(warfarin)
-ကင်ဆာဆေး(chemotherapy)

လေ့လာမှုတွေအရ နေ့စဉ်လိုအပ်တဲ့ အင်တီအောက်ဆီးဒင့်ပမာဏတွေက -
-vitamin C (1000 mg), 
-vitamin E (400 i.u), 
-coenzyme Q10 (120 mg) 
-selenium (200 mcg) 
အသီးသီး ဖြစ်ကြပါတယ်။

သမိုင်းကြောင်းကပြောတဲ့ Coenzyme Q-10
 
CoQ-10ကို ၁၉၅၇မှာ စတင်သိရှိခဲ့ကြတယ်။ Q-10ဆိုတာ ဓာတုနည်းနဲ့ လုပ်ထားတဲ့ ပစ္စည်းလို့ အဓိပ္ပါယ်ရ
တယ်။ အထူးထုတ်လုပ်ထားတဲ့ ယီးစ်တ်(တစေး/ ပွဆေး) ကို သုံးပြီး မုန်လာဥ၊ကြံစတာတွေနဲ့ ဓာတ်ခွဲခန်းမှာ အချဉ်ဖောက် ထုတ်လုပ်ထားတယ်။ ဂျပန်နိုင်ငံမှာ နာတာရှည် နှလုံးရောဂါသည်တွေအတွက် စတင်အသုံးပြုခဲ့
ကြတယ်။ နောက်ပိုင်းမှ အနောက်နိုင်ငံ၊ ရုရှား၊ အမေရိကား၊ ကနေဒါ စတဲနိုင်ငံတွေကို ရောက်ရှိလာတယ်။

နေ့စဉ်လိုအပ်တဲ့ CoQ-10 ဆေးပမာဏအမျိုးမျိုး ဖြစ်ပါတယ်။ 

-Co Q-10ချိုတဲ့ရောဂါမှာ 150 mgနေ့စဉ်လိုအပ်တယ်။
-mitochondrialရောဂါမှာ 150-160 mg(သို့)2 mg/kg/dayလိုအပ်တယ်။ပိုဆိုးတဲ့ရောဂါတွေမှာ 3000 mg ထိ သုံးစွဲနိုင်တယ်။
-နှလုံးရောဂါ(heart failure)မှာ 100 mg per dayလိုအပ်ပါတယ်။ တနေ့၂ကြိမ်ခွဲသောက်ပေးသင့်တယ်။
-လတ်တလောနှလုံးကြွက်သားပျက်ဆီး(AMI)တဲ့အခါ 120 mg dailyလိုအပ်တယ်။
-သွေးတိုးရောဂါအတွက် 120-200 mg သောက်ပေးရတယ်။ တနေ့နှစ်ကြိမ်ခွဲပြီးသောက်ပေးသင့်တယ်။
-အပေါ်သွေးတက်တဲ့အခါ 60mg တနေ့နှစ်ကြိမ်သောက်ပေးသင့်တယ်။
-မိုက်ဂရိန်းခေါင်းကိုက်ရောဂါအတွက် 100mg တနေ့သုံးကြိမ် သောက်ပေးနိုင်တယ်။
-ပါကင်ဆန်ရောဂါမှာ 300-2400mgထိ လိုအပ်နိုင်တယ်။ ဆေးပမာဏကို ၃-၄ကြိမ်ခွဲသောက်ပေးသင့်တယ်။
-HIVရောဂါသည်တွေမှာ 200mgနေ့စဉ်လိုအပ်တယ်။
-အမျိုးသားတွေ ကလေးမရဘဲမြုံတဲ့အခါ 200-300mgနေ့စဉ်လိုအပ်တယ်။
-ကြွက်သားအားနည်းရောဂါတွေမှာ 100mgနေ့စဉ် သောက်သုံးနိုင်တယ်။
-ကိုယ်ဝန်ဆိပ်တက်တဲ့လူနာမျိုးမှာ ကိုယ်ဝန်၅လကစပြီး 100mg တနေ့ နှစ်ကြိမ်သောက်ပေးနိုင်တယ်။
(ဘေးထွက်ဆိုးကျိုးနည်းအောင် တနေ့၂-၃ကြိမ် ခွဲသောက်ပေးသင့်တယ်)

လေ့လာမှု အမျိုးမျိုး
၁၉၉၃လေ့လာမှုအရ CoQ-10ဟာ နှလုံးရဲ့လုပ်ဆောင်ချက်ကို မြှင့်မားစေတယ်။ နှလုံးခွဲစိတ်လူနာတွေမှာ အနာကျက်ချိန်၊နလံထချိန်ကို မြန်ဆန်စေတယ်။၂၀၀၃လေ့လာမှုအရ နေ့စဉ် 120mgသောက်သုံးရင် ရုတ်
တရက် နှလုံးအမောဖောက်ခြင်းကို ကာကွယ်ပေးတာ တွေ့ရတယ်။ ဗီတာမင် စီနဲ့အီးက DNAပျက်ဆီးမှု
ကို ကာကွယ်ပေးတယ်။ နောက်ဆုံးတွေ့ရှိချက်တွေအရ အင်တီအောက်ဆီးဒင့် အားဆေးတွေဟာ သွေး
လွတ်ကြောရဲ့ ရုန်းဆန့်နိုင်စွမ်းကို ပိုမိုကောင်းမွန်စေတယ်။ ဆိုလိုချင်တာက အသက်ကြီးလာလို့  မာကျောလာ
နိုင်တဲ့ သွေးကြောနံရံတွေကို ကာကွယ်ပေးနိုင်တာ ဖြစ်ပါတယ်။ တချို့က warfarin သွေးကျဲဆေးကြောင့် ဆံပင်ကျွတ်ခြင်းကို ကာကွယ်ကုသဖို့ Co Q-10ကို အသုံးပြုကြတယ်။ Co Q-10ကို နှလုံးရောဂါအတွက်
သာမက တခြားသောရောဂါတွေအတွက်ပါ အကျိုးပြုနိုင်မလားဆိုတာ ဆက်လက်လေ့လာရမှာ ဖြစ်ပါတယ်။

ဒေါက်တာ အေးမင်းထူး
၎.၁၂.၁၃
 

No comments:

Subscribe

လာလည်သူများ

free counters