♡♬ ေရာေရာသမေမႊ ဘေလာ့ဂ္မွ♪♪ ႀကိဳပါဆိုတယ္♪♪ မိတ္ေဆြမ်ား ကိုယ္စိတ္ႏွစ္ျဖာ ရႊင္လန္းခ်မ္းေျမ့ေတာ္မူၾကပါေစ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 6, 2016

" သင့္ကို မိန္းကေလးေတြ သိေစခ်င္ဆံုး အရာ ၁၀ ခု "


မိန္းမေတြဟာ ကြၽန္ေတာ္တို႔ကို မေျပာရပဲ သူတို႔စိတ္ကို အလိုလို သိေစခ်င္ၾကပါတယ္။ ဒါမျဖစ္ႏိုင္ဘူးဆိုေတာ့ အနည္းဆံုး သူတို႔အေၾကာင္းကိုေတာ့ သိေနေစခ်င္ၾကပါေသးတယ္။ အဲဒါေၾကာင့္ သူတို႔စိတ္ထဲ ဘယ္လို႐ွိလဲ ဆိုတာကို ကြၽန္ေတာ္တို႔ရဲ႕ ပါတ္ဝန္းက်င္က မိန္းကေလး မိတ္ေဆြေတြနဲ႔ ရည္းစားေတြကို ေမးၾကည့္ခဲ့ပါတယ္။ သူတို႔ေျပာတဲ့အထဲက အေျပာမ်ားဆံုး အရာ ၁၀ ခုကို ေဖာ္ျပလိုက္ရပါတယ္။

၁၀. မိန္းကေလးေတြ အထင္ႀကီးေအာင္ မႀကိဳးစားပါနဲ႔
သင္ မိန္းကေလးေတြကို အထင္ႀကီးေအာင္ လုပ္ႏိုင္ပါတယ္။ ဒါေပမယ့္ သင့္သူငယ္ခ်င္းေတြကို အထင္ႀကီးေစတဲ့ နည္းလမ္းေတြနဲ႔ေတာ့ မဟုတ္ပါဘူး။ ဆဲတာ၊ ရန္ျဖစ္တာ၊ အရက္ အမ်ားႀကီးေသာက္ႏိုင္တာ၊ သင့္သူငယ္ခ်င္းေယာက္်ားေတြ ၾကားထဲမွာေတာ့ အဲဒါက အထင္ႀကီးစရာပါ။ ဒါေပမယ့္ မိန္းကေလးေတြကေတာ့ သင့္ကို လူမိုက္တစ္ေယာက္လို႔ ထင္သြားၾကပါလိမ့္မယ္။

၉. မိန္းကေလးေတြဟာ သူတို႔ေျခေထာက္ေတြကို ညတိုင္းအေမႊးမရိတ္ပါဘူး
မိန္းမေတြဟာ သူတို႔ေျခေထာက္ေတြမွာ အရမ္းအေရးမႀကီးရင္ အေမႊးမရိတ္တတ္ၾကပါဘူး။ ညတိုင္း ရိတ္ဖို႔လဲ မလိုၾကပါဘူး။ 
 မွတ္ခ်က္။ ။  ျမန္မာ မိန္းကေလးမ်ား ေျခသားလံုးေမြး မရွိပါ။

၈. မိန္းကေလးေတြဟာ သူမအေပၚ ဂ်ီက်သူေတြကို မႀကိဳက္ၾကပါဘူး
မူႀကိဳမွာတုန္းကေတာ့ တျခား ေကာင္မေလးေတြကို ျမင္ရင္ စလိုက္ရမွ၊ နာမည္ေျပာင္ ေခၚလိုက္ရမွ၊ အ႐ုပ္ ခိုးလိုက္ရမွ ေက်နပ္ၾကတာပါ။ ဒါေပမယ့္ အခု အသက္ႀကီးတဲ့ အခါမွာေတာ့ အဲဒါေတြလုပ္ေနလို႔ မရပါဘူး။ ေနာက္တတ္ေျပာင္တတ္တဲ့ ခ်စ္စရာ ကေလး ငယ္ငယ္ေလးနဲ႔ ယဥ္ေက်းမႈမ႐ွိတဲ့ လူတစ္ေယာက္ဆိုတာ အရမ္းကြာပါတယ္။

၇. မိန္းကေလးေတြအတြက္ ပိုက္ဆံဟာ အေရးမႀကီးပါဘူး
တခ်ိဳ႕လူေတြက မိန္းကေလးေတြက ဆင္းရဲသူနဲ႔ ခ်မ္းသာသူမွာ ခ်မ္းသာသူကို ေရြးတယ္လို႔ ထင္တတ္ၾကပါတယ္။ ခ်မ္းသာေလ မိန္းကေလးေတြ ပိုစိ္တ္ဝင္စားေလ ထင္တတ္ၾကပါတယ္။ တျခား အခ်က္အလက္ေတြ အားလံုးတူေနရင္ေတာ့ ခ်မ္းသာသူကို အိုးမဲ့အိမ္မ့ဲထက္ ဦးစားေပး ေရြးၾကမွာပါ။ ဒါေပမယ့္ မိန္းကေလးေတြအတြက္ ပိုက္ဆံခ်မ္းသာတာထက္ ပိုၿပီး အေလးထားတဲ့ အရာေတြ အမ်ားႀကီး ႐ွိပါေသးတယ္။ သူႀကိဳက္ရင္ေတာ့ သင့္ စီးပြားေရးအေျခအေန ဘယ္လို႐ွိ႐ွိ ႀကိဳက္မွာပါပဲ။ သင္က
အရမ္းကပ္စီးကုပ္ေနၿပီး သူမအတြက္ တစ္ျပားမွ မသံုးခ်င္ရင္ေတာ့ တစ္မ်ိဳးပါ။

၆. သင့္သူငယ္ခ်င္းေတြနဲ႔ မိတ္ဆက္ေပးရင္ သင့္ရည္းစားလို႔ မိတ္ဆက္ေပးပါ
ကဲ စဥ္းစားၾကည့္ၾကရေအာင္။ သင္က သင့္ေကာင္မေလး အိမ္မွာပါ။ သင္တို႔ႏွစ္ေယာက္ ရည္းစားျဖစ္တာ ၾကာပါၿပီ။ စံုတြဲ Profile ေတြလဲ ေျပာင္းၿပီးပါၿပီ။ အဲဒိအခ်ိန္ သူ႔သူငယ္ခ်င္းေတြ လာပါတယ္။ သူကသင့္ကို သူတို႔ကို မိတ္ဆက္ေပးပါတယ္။ ” ဟဲ့ ဒါငါ့သူငယ္ခ်င္း ေက်ာ္ေက်ာ္ေလ” သင္ ဘယ္လို ခံစားရပါသလဲ။ သူမလဲ တူတူပါပဲ။ သင့္ ရည္းစားအေနနဲ႔ မိတ္ဆက္ေပးပါ။

၅. လ်ိႈ့ဝွက္ထားတာဟာ ေဖာက္ျပန္တာပါပဲ
သင္ တျခားေကာင္မေလးတစ္ေယာက္နဲ႔ အဆက္အဆံ ႐ွိတာ ရင္းရင္းႏွီးႏွီးေနတာ ဟာ ေဖာက္ျပန္မွာ မဟုတ္ပါဘူး။ ဒါေပမယ့္ အဲ့ဒါကို သူမကို ေျပာျပမထားပဲ လ်ိႈ့ဝွက္ထားရင္ေတာ့ သူမက သင့္ကို ေဖာက္ျပန္ေနတယ္လို႔ ယူဆသြားမွာပါ။

၄. သင္ သူမကို စာျပန္မပို႔ရင္ စိုးရိမ္တတ္ၾကပါတယ္
Message ေတြပို႔တာဟာ လြယ္ကူတဲ့အရာေတြပါ။ ဒါေပမယ့္ သူတို႔မွာ အဓိပၸါယ္ေတြ ႐ွိၾကပါတယ္။ တကယ္လို႔ သင္ သင့္ေကာင္မေလးရဲ႕ စာေတြကို ျပန္မပို႔ရင္ သင္ သူမစာေတြကို ဂ႐ုမစုိက္တာပဲ ျဖစ္ျဖစ္၊ အေရးမႀကီးဘူးလို႔ ေျပာတာနဲ႔ တူတူပါ။ အဲဒါေၾကာင့္ တတ္ႏိုင္သမ်ွ စာျပန္ပါ။ ကားေမာင္းေနစဥ္ေတာ့ မလုပ္ပါနဲ႔။

၃. မိန္းကေလးေတြဟာ သူမတို႔ကိုယ္သူမ အရမ္း ဂ႐ုစိုက္တတ္ၾကပါတယ္
ေၾကာ္ျငာေတြ၊ Billboard ေတြမွာ အရမ္းလွတဲ့ ေမာ္ဒယ္ေတြရဲ႕ ပံုနဲ႔ ေနရာတိုင္းမွာ ဝန္းရံခံေနရတဲ့အခါ ေကာင္မေလးေတြဟာ သူမတို႔ကိုယ္သူမ အရမ္းဂ႐ုစိုက္ၾကပါတယ္။ သူမကို လွတယ္လို႔ ခဏခဏ ေျပာေပးပါ။ သူမကို အာရံုစိုက္ေပးပါ။ အေရးႀကီးဆံုးက သူမနဲ႔ တူတူ ႐ွိေနတုန္း တျခားမိန္းမေတြကို မ်က္စိအရသာ မခံပါနဲ႔။

၂. သင္ ခ်စ္တယ္လို႔ ေျပာတဲ့ပံုစံက အေရးႀကီးပါတယ္
သူမ က သင့္ကို I love you လို႔ေျပာရင္ Me too လို႔ေျပာတာဟာ အဆင္ေျပပါတယ္။ ဒါေပမယ့္ luv u 2 ဆိုရင္ေတာ့ မဟုတ္ေသးပါဘူး။ ေလးေလးစားစား စကားအျပည့္ေျပာပါ။

၁. သူမ စိတ္ဆိုးတာ သင့္ကို ဂ႐ုစိုက္ေစခ်င္လို႔ပါ
ဒီဟာက အျမင္နဲ႔ ေျပာင္းျပန္ျဖစ္ေနပါလိမ့္မယ္။ ဒါေပမယ့္ သူမ သင့္ကို ဆူတာ၊ ေျပာတာ၊ ငိုေနတာဟာ သူမကို နမ္းေစခ်င္လို႔ ျဖစ္ၿပီး သင္ သူမကိုအရမ္းခ်စ္တယ္ဆိုတာ ေျပာေစခ်င္လို႔ပါ။ သူမ သင့္ကို ဥေပကၡာ ျပဳထားရင္ သူမကို ဂ႐ုစိုက္ေပးပါ။ ရန္ပြဲေတြ၊ သေဘာမတူညီခ်က္ေတြဟာ ဝန္ခံျခင္း၊ ခြင့္လႊတ္ျခင္းနဲ႔ ခ်စ္ေမတၱာနဲ႔ ေျဖ႐ွင္းရတာပါ။ တိတ္ဆိတ္ျခင္းနဲ႔ ေျဖ႐ွင္းလို႔ မရပါဘူး။


Credit : http://mmgentleman.com/2015/11/01/209/
==============================================
သင့်ကို မိန်းကလေးတွေ သိစေချင်ဆုံး အရာ ၁၀ ခု
မိန်းမတွေဟာ ကျွန်တော်တို့ကို မပြောရပဲ သူတို့စိတ်ကို အလိုလို သိစေချင်ကြပါတယ်။ ဒါမဖြစ်နိုင်ဘူးဆိုတော့ အနည်းဆုံး သူတို့အကြောင်းကိုတော့ သိနေစေချင်ကြပါသေးတယ်။ အဲဒါကြောင့် သူတို့စိတ်ထဲ ဘယ်လိုရှိလဲ ဆိုတာကို ကျွန်တော်တို့ရဲ့ ပါတ်ဝန်းကျင်က မိန်းကလေး မိတ်ဆွေတွေနဲ့ ရည်းစားတွေကို မေးကြည့်ခဲ့ပါတယ်။ သူတို့ပြောတဲ့အထဲက အပြောများဆုံး အရာ ၁၀ ခုကို ဖော်ပြလိုက်ရပါတယ်။

၁၀. မိန်းကလေးတွေ အထင်ကြီးအောင် မကြိုးစားပါနဲ့
သင် မိန်းကလေးတွေကို အထင်ကြီးအောင် လုပ်နိုင်ပါတယ်။ ဒါပေမယ့် သင့်သူငယ်ချင်းတွေကို အထင်ကြီးစေတဲ့ နည်းလမ်းတွေနဲ့တော့ မဟုတ်ပါဘူး။ ဆဲတာ၊ ရန်ဖြစ်တာ၊ အရက် အများကြီးသောက်နိုင်တာ၊ သင့်သူငယ်ချင်းယောက်ျားတွေ ကြားထဲမှာတော့ အဲဒါက အထင်ကြီးစရာပါ။ ဒါပေမယ့် မိန်းကလေးတွေကတော့ သင့်ကို လူမိုက်တစ်ယောက်လို့ ထင်သွားကြပါလိမ့်မယ်။

၉. မိန်းကလေးတွေဟာ သူတို့ခြေထောက်တွေကို ညတိုင်းအမွှေးမရိတ်ပါဘူး
မိန်းမတွေဟာ သူတို့ခြေထောက်တွေမှာ အရမ်းအရေးမကြီးရင် အမွှေးမရိတ်တတ်ကြပါဘူး။ ညတိုင်း ရိတ်ဖို့လဲ မလိုကြပါဘူး။  
မြတၡ္က္။ ။  ်မႏၼာ မိႏ္းေကလးမ္ား ေ်ခသားလံုးေျမး မရြိပါ။

၈. မိန်းကလေးတွေဟာ သူမအပေါ် ဂျီကျသူတွေကို မကြိုက်ကြပါဘူး
မူကြိုမှာတုန်းကတော့ တခြား ကောင်မလေးတွေကို မြင်ရင် စလိုက်ရမှ၊ နာမည်ပြောင် ခေါ်လိုက်ရမှ၊ အရုပ် ခိုးလိုက်ရမှ ကျေနပ်ကြတာပါ။ ဒါပေမယ့် အခု အသက်ကြီးတဲ့ အခါမှာတော့ အဲဒါတွေလုပ်နေလို့ မရပါဘူး။ နောက်တတ်ပြောင်တတ်တဲ့ ချစ်စရာ ကလေး ငယ်ငယ်လေးနဲ့ ယဉ်ကျေးမှုမရှိတဲ့ လူတစ်ယောက်ဆိုတာ အရမ်းကွာပါတယ်။

၇. မိန်းကလေးတွေအတွက် ပိုက်ဆံဟာ အရေးမကြီးပါဘူး
တချို့လူတွေက မိန်းကလေးတွေက ဆင်းရဲသူနဲ့ ချမ်းသာသူမှာ ချမ်းသာသူကို ရွေးတယ်လို့ ထင်တတ်ကြပါတယ်။ ချမ်းသာလေ မိန်းကလေးတွေ ပိုစိ်တ်ဝင်စားလေ ထင်တတ်ကြပါတယ်။ တခြား အချက်အလက်တွေ အားလုံးတူနေရင်တော့ ချမ်းသာသူကို အိုးမဲ့အိမ်မဲ့ထက် ဦးစားပေး ရွေးကြမှာပါ။ ဒါပေမယ့် မိန်းကလေးတွေအတွက် ပိုက်ဆံချမ်းသာတာထက် ပိုပြီး အလေးထားတဲ့ အရာတွေ အများကြီး ရှိပါသေးတယ်။ သူကြိုက်ရင်တော့ သင့် စီးပွားရေးအခြေအနေ ဘယ်လိုရှိရှိ ကြိုက်မှာပါပဲ။ သင်က အရမ်းကပ်စီးကုပ်နေပြီး သူမအတွက် တစ်ပြားမှ မသုံးချင်ရင်တော့ တစ်မျိုးပါ။

၆. သင့်သူငယ်ချင်းတွေနဲ့ မိတ်ဆက်ပေးရင် သင့်ရည်းစားလို့ မိတ်ဆက်ပေးပါ
ကဲ စဉ်းစားကြည့်ကြရအောင်။ သင်က သင့်ကောင်မလေး အိမ်မှာပါ။ သင်တို့နှစ်ယောက် ရည်းစားဖြစ်တာ ကြာပါပြီ။ စုံတွဲ Profile တွေလဲ ပြောင်းပြီးပါပြီ။ အဲဒိအချိန် သူ့သူငယ်ချင်းတွေ လာပါတယ်။ သူကသင့်ကို သူတို့ကို မိတ်ဆက်ပေးပါတယ်။ ” ဟဲ့ ဒါငါ့သူငယ်ချင်း ကျော်ကျော်လေ” သင် ဘယ်လို ခံစားရပါသလဲ။ သူမလဲ တူတူပါပဲ။ သင့် ရည်းစားအနေနဲ့ မိတ်ဆက်ပေးပါ။

၅. လျိှု့ဝှက်ထားတာဟာ ဖောက်ပြန်တာပါပဲ
သင် တခြားကောင်မလေးတစ်ယောက်နဲ့ အဆက်အဆံ ရှိတာ ရင်းရင်းနှီးနှီးနေတာ ဟာ ဖောက်ပြန်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် အဲ့ဒါကို သူမကို ပြောပြမထားပဲ လျိှု့ဝှက်ထားရင်တော့ သူမက သင့်ကို ဖောက်ပြန်နေတယ်လို့ ယူဆသွားမှာပါ။

၄. သင် သူမကို စာပြန်မပို့ရင် စိုးရိမ်တတ်ကြပါတယ်
Message တွေပို့တာဟာ လွယ်ကူတဲ့အရာတွေပါ။ ဒါပေမယ့် သူတို့မှာ အဓိပ္ပါယ်တွေ ရှိကြပါတယ်။ တကယ်လို့ သင် သင့်ကောင်မလေးရဲ့ စာတွေကို ပြန်မပို့ရင် သင် သူမစာတွေကို ဂရုမစိုက်တာပဲ ဖြစ်ဖြစ်၊ အရေးမကြီးဘူးလို့ ပြောတာနဲ့ တူတူပါ။ အဲဒါကြောင့် တတ်နိုင်သမျှ စာပြန်ပါ။ ကားမောင်းနေစဉ်တော့ မလုပ်ပါနဲ့။

၃. မိန်းကလေးတွေဟာ သူမတို့ကိုယ်သူမ အရမ်း ဂရုစိုက်တတ်ကြပါတယ်ယ
ကြော်ငြာတွေ၊ Billboard တွေမှာ အရမ်းလှတဲ့ မော်ဒယ်တွေရဲ့ ပုံနဲ့ နေရာတိုင်းမှာ ဝန်းရံခံနေရတဲ့အခါ ကောင်မလေးတွေဟာ သူမတို့ကိုယ်သူမ အရမ်းဂရုစိုက်ကြပါတယ်။ သူမကို လှတယ်လို့ ခဏခဏ ပြောပေးပါ။ သူမကို အာရုံစိုက်ပေးပါ။ အရေးကြီးဆုံးက သူမနဲ့ တူတူ ရှိနေတုန်း တခြားမိန်းမတွေကို မျက်စိအရသာ မခံပါနဲ့။

၂. သင် ချစ်တယ်လို့ ပြောတဲ့ပုံစံက အရေးကြီးပါတယ်
သူမ က သင့်ကို I love you လို့ပြောရင် Me too လို့ပြောတာဟာ အဆင်ပြေပါတယ်။ ဒါပေမယ့် luv u 2 ဆိုရင်တော့ မဟုတ်သေးပါဘူး။ လေးလေးစားစား စကားအပြည့်ပြောပါ။

၁. သူမ စိတ်ဆိုးတာ သင့်ကို ဂရုစိုက်စေချင်လို့ပါ
ဒီဟာက အမြင်နဲ့ ပြောင်းပြန်ဖြစ်နေပါလိမ့်မယ်။ ဒါပေမယ့် သူမ သင့်ကို ဆူတာ၊ ပြောတာ၊ ငိုနေတာဟာ သူမကို နမ်းစေချင်လို့ ဖြစ်ပြီး သင် သူမကိုအရမ်းချစ်တယ်ဆိုတာ ပြောစေချင်လို့ပါ။ သူမ သင့်ကို ဥပေက္ခာ ပြုထားရင် သူမကို ဂရုစိုက်ပေးပါ။ ရန်ပွဲတွေ၊ သဘောမတူညီချက်တွေဟာ ဝန်ခံခြင်း၊ ခွင့်လွှတ်ခြင်းနဲ့ ချစ်မေတ္တာနဲ့ ဖြေရှင်းရတာပါ။ တိတ်ဆိတ်ခြင်းနဲ့ ဖြေရှင်းလို့ မရပါဘူး။

Credit : http://mmgentleman.com/2015/11/01/209/

No comments:

Subscribe

လာလည္သူမ်ား

free counters