♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 5, 2016

" တင်းလွန်းရင်ပြတ်သွားမှာပဲ... "


ချစ်သူနှစ်ယောက်မှာ နားလည်မှု လွဲတာ ဂရုစိုက်မှုလို့ခေါ်တဲ့ ဦးစားပေးမှု တစ်ခုကလည်း အပါအဝင်ပါ ။ ဂရုစိုက်မှုလို့ ခေါ်တဲ့ ဦးစားပေးမှုမှာ မိန်းကလေးတွေက အများဆုံး အလေးပေး ခံရလေ့ရှိပါတယ် ။ ဒါကလည်း အားနွဲ့ တဲ့ မိန်းကလေးတွေမို့လို့ ဆိုပြီး ခေါင်းစဉ်တပ်ထားတဲ့ အတွက်ကြောင့်
ပါ ။ မေတ္တာဆိုတာ အလျား ၊ အနံ မရှိပေမယ့် ၊ အသွား အပြန်တော့ရှိတယ် ဆိုသလိုပေါ့ ။

မေတ္တာဆိုတဲ့ သဘောတရားကို ပြန်ပြောမယ်ဆိုရင် ယောင်္ကျားလေးက သက်သက် ၊ မိန်းကလေးက သက်သက်ရယ်လို့ ခွဲလို့ မရတော့ပါဘူး ။ ဘာလို့ လည်းဆိုတော့ လူတိုင်းမှာ ခံစားချက် ရှိတာကိုး ။ ဒါကြောင့် ခုနက ကျွန်တော်ပြောတဲ့ ဂရုစိုက်မှုဆိုတဲ့ အရာက မိန်းကလေးတွေ ချည်းပဲမှ မဟုတ်ပါဘူး ။ တစ်ခါတလေ ယောင်္ကျားရင့်မာကြီးတွေတောင်မှ ကိုယ့်ချစ်သူ မိန်းကလေးတွေ ဆီက ဂရုစိုက်မှုလေးကို ခံစားချင်တတ်ကြတယ် ။

ကိုယ်သူ့ကို စိတ်ပူပေးခဲ့သလို ၊ ကိုယ်သူ့ကို ဦးစားပေးခဲ့သလို ၊ သူဝမ်းနည်းတဲ့အချိန် ကိုယ်ပျော်ရွှင်အောင် လုပ်ပေးခဲ့သလို တစ်ခါတလေကျရင် ယောင်္ကျားတွေမှာလည်းလိုအပ် နေတတ်တယ် ။ ကြိုးရဲ့ သဘော တရားလိုပေါ့ ။ ကြိုးကို လုံးဝ လျော့ထားလို့ချင်ရင် အဝေးဆုံးကိုရောက်သွားမှာပဲ ။ လျော့ထားပေးတဲ့ ကြိုးပိုင်ရှင်လေးကို ကိုယ့်ဆီနီးလာအောင်
တခါတလေ ကိုယ်ဘက် ပြန်ဆွဲပေးတတ်ဖို့လိုတယ် ။ ကြိုးဆိုတာကလည်း သူ့အတိုင်းအတာနဲ့ သူပဲလေ ၊ အဝေးကြီးရောက်သွားလို့မှ မမှီတော့ရင် တင်းပြီး ပြတ်သွားမှာပဲ ။

ခွန်နေ - Khun Nay

Credit : http://www.searchmyanmar.com/#content-49178

No comments:

Subscribe

လာလည်သူများ

free counters