♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 4, 2016

" သူသင့်ကို တကယ် ချစ်တာလား ..ကြိုက်ရုံလေးပဲလား "

အချစ် နဲ့ အကြိုက် ဆိုတာ မတူပါဘူး။ အချစ်မှာ မျက်စိမရှိပေမဲ့ အကြိုက်မှာတော့ မျက်စိက အဓိက ဇာတ်ဆရာပါ။ အချစ်က အဆိုး၊အကောင်း နှစ်မျိုးလုံးဒဏ်ကို ခံနိုင်ပေမဲ့ ကြိုက်ရုံသက်သက်ဆိုရင်တော့ အဆိုးကြုံလာချိန် မဆိုနဲ့။ ကိုယ့်အကြိုက် မလိုက်နိုင်တော့တာနဲ့ ဇာတ်လမ်း ပြီးဆုံးသွားမှာပါပဲ။ ဘ၀တစ်ခုကို ထူထောင်တဲ့အခါ အကောင်းတွေချည်း၊ ပျော်ရွှင်စရာတွေချည်းကြုံလာမှာ မဟုတ်ပါဘူး။ ဒုက္ခတွေ ၊ပြဿနာတွေကလည်း သူ့အပိုင်း ကဏ္ဍအလိုက်စောင့်နေတတ်ပါတယ်။
တခဏ သာယာရုံ ကြိုက်မိတဲ့စိတ်က ဒီလိုဒုက္ခတွေ ခံနိုင်ဖို့ အင်အား မရှိတတ်ပါဘူး။ ဖယောင်းတိုင်မီးလိုပဲ ထွန်းထားတဲ့ အချိန်လင်းနေပေမဲ့ လေတစ်ချက် တိုက်လိုက်တာနဲ့ ငြိမ်းသွားမှာပါ။ ကြိုက်တယ်ဆိုတာ ဘယ်အချက်ကို ကြည့်ပြီးကြိုက်တယ်လို့ တိတိကျကျ ပြောလို့ရပေမဲ့ ချစ်တာကတော့ ရုပ်ချောတာတွေ၊ စိတ်ကောင်းရှိတာတွေ၊ ပိုက်ဆံချမ်းသာတာတွေဆိုတဲ့ အပေါ်ယံလွှာတွေကြောင့်မဟုတ်ဘဲ ဆွံအနေမယ် ၊နာမည်ပျက်ရှိနေမယ် ၊ဘာသာလူမျိုးမတူတာမျိုးတွေရှိနေလည်း အချစ်နဲ့ဆို ကျော်ဖြတ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ့်ဘ၀အတွက် အာမခံချက် ရနိုင်ဖို့ အချစ်စစ်လား ။ကောက်ရိုးမီးလို သာယာမှု အကြိုက်သက်သက်လား ဆိုတာသိဖို့ အရေးကြီးပါတယ်။ကိုယ့်ချစ်သူနဲ့ ဆက်ဆံရေးမှာ ဒါတွေ ရှိနေရင် ၊ဒီလိုတွေ ဖြစ်နေရင် ဒါက မှတ်ကျောက်တင်ခံနိုင်တဲ့ အချစ်ဖြစ်နိုင်ဖို့ ရာခိုင်နှုန်းနည်းပါတယ်။

-သူ့ရဲ့ ရုပ်ရည် ၊ပုံစံ ၊အပြုအမူတစ်ခုခုကို စွဲလန်းနေတယ်။

-သူ့မှာ ကိုယ်မက်မောလောက်တဲ့ ပိုင်ဆိုင်မှုတွေရှိနေတယ်။

-သူ ကိုယ့်အနားမှာ ရှိနေရင် လူတွေက ကိုယ့်ကို အထင်ကြီးတဲ့ မျက်လုံးတွေနဲ့ ကြည့်တတ်တယ်။

-သူနဲ့ကိုယ့်ရဲ့ ဆက်ဆံရေးမှာ လိင်ကိစ္စက တခြားအရာအားလုံးထက် အရေးကြီးနေတယ်။

-ကိုယ်တို့ နှစ်ယောက်စကားပြောတဲ့အခါ ပွင့်လင်း ရိုးသားမှုမရှိဘဲ ဟန်ဆောင်မှုတွေသာ များနေတယ်။

-တစ်ယောက်ရဲ့ စိတ်ထားကို တစ်ယောက်က နားလည်ဖို့ မကြိုးစားခဲ့ဖူးဘူး။

-သူနဲ့ကိုယ့်ကြားမှာ အခြေအနေမှန်ထက် စိတ်ကူးယဉ်စရာကောင်းတဲ့ အရာတွေကိုပဲ လိုချင်နေတယ်။

-သူ့အတွက် မစိုးရိမ်ပေးဖူးသလို ကိုယ့်အတွက် ပူပင်ပေးဖူးသလားလို့ တွေးတောင် မတွေးဖူးဘူး။

-ပျော်ရွှင်စရာကောင်းတဲ့အချိန်သူနဲ့ အတူရှိနေပေမဲ့ ကိုယ်စိတ်ဓာတ်ကျ အားငယ်နေချိန် အားကိုးတကြီးပြေးသွားခဲ့တဲ့သူက
သူမဟုတ်ဘူး။
ဒီ အချက်တွေနဲ့ ကိုက်ညီနေရင် ဆိုးတူ ကောင်းဖက် အိမ်ထောင်ဖက် အဖြစ်ရွေးချယ်ဖို့ သေချာစဉ်းစားဖို့ တိုက်တွန်းလိုက်ချင်ပါတယ်။
Ref:timesofindia.indiatimes 

Credit : http://www.trend.com.mm/2016/02/03/relationships-8744

No comments:

Subscribe

လာလည်သူများ

free counters