♡♬ ေရာေရာသမေမႊ ဘေလာ့ဂ္မွ♪♪ ႀကိဳပါဆိုတယ္♪♪ မိတ္ေဆြမ်ား ကိုယ္စိတ္ႏွစ္ျဖာ ရႊင္လန္းခ်မ္းေျမ့ေတာ္မူၾကပါေစ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 6, 2016

" တစ္ဦးတည္းေသာ အခ်စ္ဆံုးသူျဖစ္ေၾကာင္း သိႏိုင္သည့္ လကၡဏာ(၁၀)ခု "

 
သင့္ရဲ႕ေကာင္မေလးဟာ သင့္အတြက္ အခ်စ္စစ္နဲ႔ခ်စ္ရသူျဖစ္မျဖစ္ဆိုတာကို ေဖာ္ျပထားတဲ့လကၡဏာ (၁၀)ခု နဲ႔ တိုက္ဆိုင္သံုးသပ္ႏိုင္ပါတယ္။

၁။ သူမကလြဲၿပီး အားလံုးကို ဖြဲနဲ႔ဆန္ကြဲလို႔ ထင္ေနရင္
သူမရဲ႕အလွဟာ သာမန္ေလာက္ပဲ ျဖစ္ရင္ျဖစ္ပါလိမ့္မယ္။ ဒါေပမယ့္ သင့္အတြက္ေတာ့ ေတြ႕ဖူးသမွ်ထိမွာ ဆြဲေဆာင္မႈအရွိဆံုးျဖစ္ေနပါသလား။ တျခားမိန္းကေလးေတြေၾကာင့္ သူမအေပၚအခ်စ္ေလ်ာ့တာ ရွိဖူးပါသလား။ မိန္းကေလးေတြအမ်ားႀကီးရွိတဲ့ေနရာမွာေတာင္မွ သင့္ရဲ႕မ်က္လံုးေတြက သင့္ေကာင္မေလးကို ရွာေဖြေနတတ္ပါသလား။ ဒါေတြၾကံဳေတြ႕ေနရၿပီဆိုရင္ သူမက သင့္အတြက္ တစ္ဦးတည္းေသာသူပဲ ျဖစ္ပါတယ္။

၂။ သူမက သင့္ေပ်ာ္ရႊင္မႈေတြရဲ႕ အေၾကာင္းရင္းျဖစ္ေနရင္
သူမနဲ႔ပတ္သက္ၿပီး တစ္စံုတစ္ခုေတြးလိုက္မိခ်ိန္တိုင္းမွာ အနည္းဆံုးျပံဳးမိတာေလာက္ေတာ့ လုပ္မိပါသလား။ သူမဟာ သင့္အတြက္ အရမ္းခ်စ္စရာေကာင္းတယ္၊ သင့္ကို ရယ္ေမာေပ်ာ္ရႊင္ေစတဲ့သူျဖစ္တယ္လို႔ ေတြးမိေနၿပီး သူမရဲ႕အခ်စ္ကို ပိုင္ဆိုင္ခြင့္ရတဲ့အတြက္ အရမ္းကံေကာင္းတယ္၊ သူမက သင့္ကိုၾကည့္ေန႐ုံနဲ႔ သင္ထူးထူးျခားျခားခံစားရၿပီဆိုရင္ေတာ့ သူမဟာ သင့္ရဲ႕အခ်စ္စစ္ပဲျဖစ္ပါတယ္။

၃။ သင့္ကို အရွိအတိုင္းလက္ခံႏိုင္သူျဖစ္ရင္
သူမဟာ သင့္ရဲ႕ေကာင္းတဲ့အပိုင္းကိုမွ မဟုတ္ပါဘူး။ အေကာင္းအဆိုးအားလံုးကို လက္ခံေပးႏိုင္သူ ျဖစ္ပါတယ္။ သင္ဟာ အရွိအတိုင္းကို ဘယ္ေလာက္ျပည့္စံုေနၿပီလဲဆိုတာကို အားေပးေျပာၾကားေလ့ရွိၿပီး သင့္ရဲ႕ခ်ိဳ႕ယြင္းခ်က္ေတြကိုလည္း နားလည္လက္ခံေပးႏိုင္ပါတယ္။ ဒါ့အျပင္ သင့္ရဲ႕စိုးရိမ္ေၾကာင့္က်မႈေတြကို ရင္ဆိုင္ႏိုင္ေအာင္ ကူညီေပးတတ္ပါေသးတယ္။

၄။ သင့္ကို ဘယ္အေျခအေနမ်ိဳးပဲျဖစ္ျဖစ္ အားေပးေနသူျဖစ္ရင္
သူမရဲ႕လက္တြဲေနခ်ိန္တစ္ေလွ်ာက္လံုးမွာ သင့္မွာ ေကာင္းေကာင္းဆိုးဆိုး ဘယ္လိုအေျခအေနမ်ိဳးပဲ ၾကံဳေတြ႕ ရသည္ျဖစ္ေစ သူမက သင့္ေနာက္ကေန အျမဲတမ္းအားေပးကူညီေနတတ္ပါတယ္။ သင့္က လက္ေလွ်ာ့ အ႐ႈံးေပးခ်င္ေနရင္ေတာင္မွ သူမက ေရွ႕ဆက္ဖို႔ တိုက္တြန္းအားေပးေနဦးမွာပါ။ သင့္အေပၚကို ဘယ္အခ်ိန္မွာပဲျဖစ္ျဖစ္ ယုံၾကည္မႈ အျပည့္ရွိေနမွာျဖစ္ပါတယ္။

၅။ သူမဟာ သင့္အတြက္ ၿပီးျပည့္စုံတယ္လို႔ ယူဆရင္
သူမနဲ႔ ပတ္သတ္ၿပီး ေျပာင္းလဲေစခ်င္တဲ့အရာ ဘာမွမရွိဘူးလို႔ သင္ယူဆထားပါသလား။ သူမကိုယ္တိုင္က ခ်ိဳ႕ယြင္းခ်က္လို႔ ယူဆတဲ့အရာေတြကိုေတာင္မွ သင့္အေနနဲ႔ အျပစ္လို႔မျမင္တတ္ေတာ့ပါဘူး။ သူမအျပံဳး၊ သူမ စကားေျပာဟန္၊ စသျဖင့္ သူမနဲ႔ပတ္သက္တဲ့အရာအားလံုးက သင့္အတြက္ ၿပီးျပည့္စုံေနတယ္လို႔ ခံစားရရင္ ေတာ့ ေသခ်ာပါၿပီ။ သူမဟာ သင့္အတြက္
အခ်စ္စစ္နဲ႔ခ်စ္ရသူျဖစ္ပါတယ္။

၆။ တူႏွစ္ကိုယ္အနာဂတ္ကို ႀကိဳေတြးေနၿပီဆိုရင္
အနာဂတ္ကိစၥေတြနဲ႔ပတ္သက္ၿပီး ေျပာၾကဆိုၾကတဲ့အခါတိုင္းမွာ သူမအတြက္ပါထည့္သြင္းစဥ္းစားၿပီး ႏွစ္ေယာက္စာေတြးေနမိပါသလား။ သူမမရွိတဲ့ အနာဂတ္ကို မေတြးမိပဲ ဘယ္ကိစၥမဆို သူမအတြက္ပါ စီစဥ္ေနတတ္ၿပီလား။ ဒါဆိုရင္ေတာ့ သင္ဟာ အခုလက္ရွိအခ်ိန္မွာေရာ၊ ေနာင္အနာဂတ္မွာပါ အရာအားလံုးကို သူမနဲ႔အတူေ၀မွ်ခ်င္စိတ္ရွိေနတာျဖစ္ပါတယ္။

၇။ သူမက သင့္အတြက္ အျမဲရွိေနမယ္ဆိုရင္
ဘယ္သူမဆို အေကာင္းဆံုးမလုပ္ေဆာင္ႏိုင္ပဲ က်႐ႈံးရတဲ့အခ်ိန္ေတြ ရွိတတ္ပါတယ္။ ဒီလိုအခ်ိန္ေတြကို သင္ၾကံဳေတြ႕ရၿပီဆိုရင္ သူမက သင့္ကို အျပစ္တင္ေျပာဆိုေနမွာ မဟုတ္ပဲ သင့္ရဲ႕ အေျခအေနကို နားလည္ေပးၿပီး ေဘးနားမွာ အျမဲရွိေနမွာ ျဖစ္ပါတယ္။ သူမကသင့္ကို ဒီအေၾကာင္းနဲ႔ပတ္သက္ၿပီး ၀မ္းနည္းေနေစမွာ မဟုတ္ပဲ တတ္ႏိုင္သမွ်ကူညီေပးဖို႔ပဲ စဥ္းစားမွာျဖစ္ပါတယ္။

၈။ သူမက သင့္ကို အခ်ိန္နဲ႔ေနရာေပးထားတယ္ဆိုရင္
သူမအေနနဲ႔ သင္ဟာ အတူေလွ်ာက္လည္ ေလွ်ာက္သြားဖို႔နဲ႔ သူမအတြက္ အခ်ိန္ျပည့္ရွိေနဖို႔ မဟုတ္ဘူးဆိုတာ ကို နားလည္ထားပါလိမ့္မယ္။ သင့္မွာလည္း ကိုယ္ပိုင္အခ်ိန္၊ ကိုယ္ပိုင္ေနရာလိုအပ္တယ္ဆိုတာကို သူမကို သိထားၿပီးသား ျဖစ္ပါလိမ့္မယ္။ ႏွစ္ဦးသားဆက္ဆံေရးအျပင္ တျခားေသာအေၾကာင္းကိစၥေတြ ရွိႏိုင္ေသးတယ္ ဆိုတာကို နားလည္လက္ခံေပးထားမွာပါ။

၉။ သင့္ရဲ႕ႀကိဳးစားအားထုတ္မႈတိုင္းကို အသိျပဳေပးတတ္တယ္ဆိုရင္
သူမအတြက္ သင္လုပ္ေဆာင္ေပးတဲ့အရာ ဘယ္လိုကိစၥမ်ိဳးကိုပဲျဖစ္ျဖစ္ သူမက အသိအမွတ္ျပဳၿပီး ေက်းဇူးတင္ ေပးတတ္သူျဖစ္ပါတယ္။

၁၀။ သူမကို သင္ခ်စ္သလို သင့္မိသားစုကပါ ခ်စ္တယ္ဆိုရင္
ဒီအခ်က္ကေတာ့ နည္းနည္းခက္ခဲပါတယ္။ သင့္ရဲ႕မိသားစုက သင့္ေကာင္မေလးကို သေဘာက်လက္ခံဖို႔ ဆိုတာက လြယ္တဲ့ကိစၥေတာ့မဟုတ္ပါဘူး။ သူမကို သင္ကဘယ္လိုထုတ္ျပသလဲဆိုတာနဲ႔ သင့္မိသားစုကို သူမရဲ႕ဆက္ဆံမႈေတြေပၚမွာ မူတည္ပါတယ္။ ဒါေတြအားလံုးအဆင္ေျပတယ္ဆိုရင္ေတာ့ ကိုယ့္လူတို႔ေရ။ သူမဟာ လက္မလႊတ္သင့္တဲ့ သင္အခ်စ္ရဆံုး တစ္ဦးတည္းေသာသူပဲျဖစ္ပါတယ္။

Credit : http://mmgentleman.com/2015/11/17/8-3/
==============================================

တစ်ဦးတည်သော အချစ်ဆုံးသူဖြစ်ကြောင်း သိနိုင်သည့် လက္ခဏာ(၁၀)ခု

သင့်ရဲ့ကောင်မလေးဟာ သင့်အတွက် အချစ်စစ်နဲ့ချစ်ရသူဖြစ်မဖြစ်ဆိုတာကို ဖော်ပြထားတဲ့လက္ခဏာ (၁၀)ခု နဲ့ တိုက်ဆိုင်သုံးသပ်နိုင်ပါတယ်။
၁။ သူမကလွဲပြီး အားလုံးကို ဖွဲနဲ့ဆန်ကွဲလို့ ထင်နေရင်
သူမရဲ့အလှဟာ သာမန်လောက်ပဲ ဖြစ်ရင်ဖြစ်ပါလိမ့်မယ်။ ဒါပေမယ့် သင့်အတွက်တော့ တွေ့ဖူးသမျှထိမှာ ဆွဲဆောင်မှုအရှိဆုံးဖြစ်နေပါသလား။ တခြားမိန်းကလေးတွေကြောင့် သူမအပေါ်အချစ်လျော့တာ ရှိဖူးပါသလား။ မိန်းကလေးတွေအများကြီးရှိတဲ့နေရာမှာတောင်မှ သင့်ရဲ့မျက်လုံးတွေက သင့်ကောင်မလေးကို ရှာဖွေနေတတ်ပါသလား။ ဒါတွေကြုံတွေ့နေရပြီဆိုရင် သူမက သင့်အတွက် တစ်ဦးတည်းသောသူပဲ ဖြစ်ပါတယ်။
၂။ သူမက သင့်ပျော်ရွှင်မှုတွေရဲ့ အကြောင်းရင်းဖြစ်နေရင်
သူမနဲ့ပတ်သက်ပြီး တစ်စုံတစ်ခုတွေးလိုက်မိချိန်တိုင်းမှာ အနည်းဆုံးပြုံးမိတာလောက်တော့ လုပ်မိပါသလား။ သူမဟာ သင့်အတွက် အရမ်းချစ်စရာကောင်းတယ်၊ သင့်ကို ရယ်မောပျော်ရွှင်စေတဲ့သူဖြစ်တယ်လို့ တွေးမိနေပြီး ၊ သူမရဲ့အချစ်ကို ပိုင်ဆိုင်ခွင့်ရတဲ့အတွက် အရမ်းကံကောင်းတယ်၊ သူမက သင့်ကိုကြည့်နေရုံနဲ့ သင်ထူးထူးခြားခြားခံစားရပြီဆိုရင်တော့ သူမဟာ သင့်ရဲ့အချစ်စစ်ပဲဖြစ်ပါတယ်။

၃။ သင့်ကို အရှိအတိုင်းလက်ခံနိုင်သူဖြစ်ရင်
သူမဟာ သင့်ရဲ့ကောင်းတဲ့အပိုင်းကိုမှ မဟုတ်ပါဘူး။ အကောင်းအဆိုးအားလုံးကို လက်ခံပေးနိုင်သူ ဖြစ်ပါတယ်။ သင်ဟာ အရှိအတိုင်းကို ဘယ်လောက်ပြည့်စုံနေပြီလဲဆိုတာကို အားပေးပြောကြားလေ့ရှိပြီး သင့်ရဲ့ချို့ယွင်းချက်တွေကိုလည်း နားလည်လက်ခံပေးနိုင်ပါတယ်။ ဒါ့အပြင် သင့်ရဲ့စိုးရိမ်ကြောင့်ကျမှုတွေကို ရင်ဆိုင်နိုင်အောင် ကူညီပေးတတ်ပါသေးတယ်။
၄။ သင့်ကို ဘယ်အခြေအနေမျိုးပဲဖြစ်ဖြစ် အားပေးနေသူဖြစ်ရင်
သူမရဲ့လက်တွဲနေချိန်တစ်လျှောက်လုံးမှာ သင့်မှာ ကောင်းကောင်းဆိုးဆိုး ဘယ်လိုအခြေအနေမျိုးပဲ ကြုံတွေ့ ရသည်ဖြစ်စေ သူမက သင့်နောက်ကနေ အမြဲတမ်းအားပေးကူညီနေတတ်ပါတယ်။ သင့်က လက်လျှော့ အရှုံးပေးချင်နေရင်တောင်မှ သူမက ရှေ့ဆက်ဖို့ တိုက်တွန်းအားပေးနေဦးမှာပါ။ သင့်အပေါ်ကို ဘယ်အချိန်မှာပဲဖြစ်ဖြစ် ယုံကြည်မှု အပြည့်ရှိနေမှာဖြစ်ပါတယ်။
၅။ သူမဟာ သင့်အတွက် ပြီးပြည့်စုံတယ်လို့ ယူဆရင်
သူမနဲ့ ပတ်သတ်ပြီး ပြောင်းလဲစေချင်တဲ့အရာ ဘာမှမရှိဘူးလို့ သင်ယူဆထားပါသလား။ သူမကိုယ်တိုင်က ချို့ယွင်းချက်လို့ ယူဆတဲ့အရာတွေကိုတောင်မှ သင့်အနေနဲ့ အပြစ်လို့မမြင်တတ်တော့ပါဘူး။ သူမအပြုံး၊ သူမ စကားပြောဟန်၊ စသဖြင့် သူမနဲ့ပတ်သက်တဲ့အရာအားလုံးက သင့်အတွက် ပြီးပြည့်စုံနေတယ်လို့ ခံစားရရင် တော့ သေချာပါပြီ။ သူမဟာ သင့်အတွက် အချစ်စစ်နဲ့ချစ်ရသူဖြစ်ပါတယ်။
၆။ တူနှစ်ကိုယ်အနာဂတ်ကို ကြိုတွေးနေပြီဆိုရင်
အနာဂတ်ကိစ္စတွေနဲ့ပတ်သက်ပြီး ပြောကြဆိုကြတဲ့အခါတိုင်းမှာ သူမအတွက်ပါထည့်သွင်းစဉ်းစားပြီး နှစ်ယောက်စာတွေးနေမိပါသလား။ သူမမရှိတဲ့ အနာဂတ်ကို မတွေးမိပဲ ဘယ်ကိစ္စမဆို သူမအတွက်ပါ စီစဉ်နေတတ်ပြီလား။ ဒါဆိုရင်တော့ သင်ဟာ အခုလက်ရှိအချိန်မှာရော၊ နောင်အနာဂတ်မှာပါ အရာအားလုံးကို သူမနဲ့အတူဝေမျှချင်စိတ်ရှိနေတာဖြစ်ပါတယ်။
၇။ သူမက သင့်အတွက် အမြဲရှိနေမယ်ဆိုရင်
ဘယ်သူမဆို အကောင်းဆုံးမလုပ်ဆောင်နိုင်ပဲ ကျရှုံးရတဲ့အချိန်တွေ ရှိတတ်ပါတယ်။ ဒီလိုအချိန်တွေကို သင်ကြုံတွေ့ရပြီဆိုရင် သူမက သင့်ကို အပြစ်တင်ပြောဆိုနေမှာ မဟုတ်ပဲ သင့်ရဲ့ အခြေအနေကို နားလည်ပေးပြီး ဘေးနားမှာ အမြဲရှိနေမှာ ဖြစ်ပါတယ်။ သူမကသင့်ကို ဒီအကြောင်းနဲ့ပတ်သက်ပြီး ဝမ်းနည်းနေစေမှာ မဟုတ်ပဲ တတ်နိုင်သမျှကူညီပေးဖို့ပဲ စဉ်းစားမှာဖြစ်ပါတယ်။

၈။ သူမက သင့်ကို အချိန်နဲ့နေရာပေးထားတယ်ဆိုရင်
သူမအနေနဲ့ သင်ဟာ အတူလျှောက်လည် လျှောက်သွားဖို့နဲ့ သူမအတွက် အချိန်ပြည့်ရှိနေဖို့ မဟုတ်ဘူးဆိုတာ ကို နားလည်ထားပါလိမ့်မယ်။ သင့်မှာလည်း ကိုယ်ပိုင်အချိန်၊ ကိုယ်ပိုင်နေရာလိုအပ်တယ်ဆိုတာကို သူမကို သိထားပြီးသား ဖြစ်ပါလိမ့်မယ်။ နှစ်ဦးသားဆက်ဆံရေးအပြင် တခြားသောအကြောင်းကိစ္စတွေ ရှိနိုင်သေးတယ် ဆိုတာကို နားလည်လက်ခံပေးထားမှာပါ။
၉။ သင့်ရဲ့ကြိုးစားအားထုတ်မှုတိုင်းကို အသိပြုပေးတတ်တယ်ဆိုရင်
သူမအတွက် သင်လုပ်ဆောင်ပေးတဲ့အရာ ဘယ်လိုကိစ္စမျိုးကိုပဲဖြစ်ဖြစ် သူမက အသိအမှတ်ပြုပြီး ကျေးဇူးတင် ပေးတတ်သူဖြစ်ပါတယ်။
၁၀။ သူမကို သင်ချစ်သလို သင့်မိသားစုကပါ ချစ်တယ်ဆိုရင်
ဒီအချက်ကတော့ နည်းနည်းခက်ခဲပါတယ်။ သင့်ရဲ့မိသားစုက သင့်ကောင်မလေးကို သဘောကျလက်ခံဖို့ ဆိုတာက လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ သူမကို သင်ကဘယ်လိုထုတ်ပြသလဲဆိုတာနဲ့ သင့်မိသားစုကို သူမရဲ့ဆက်ဆံမှုတွေပေါ်မှာ မူတည်ပါတယ်။ ဒါတွေအားလုံးအဆင်ပြေတယ်ဆိုရင်တော့ ကိုယ့်လူတို့ရေ။ သူမဟာ လက်မလွှတ်သင့်တဲ့ သင်အချစ်ရဆုံး တစ်ဦးတည်းသောသူပဲဖြစ်ပါတယ်။


Credit : http://mmgentleman.com/2015/11/17/8-3/

No comments:

Subscribe

လာလည္သူမ်ား

free counters