♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

January 31, 2016

" အောင်မြင်သော အိမ်ထောင်သည်ဘဝ ပိုင်ဆိုင်လိုသူများ ပြင်ဆင်ထားရမယ့် အရာများ "


မင်္ဂလာမဆောင်ခင် ကြိုတင်ဆောင်ရွက်ရမယ့် အရာတွေ ထည့်စဉ်းထားဖို့ အချိန်သင့်ပါပြီ။ ကျွမ်းကျင်ပညာရှင်များရဲ့ အဆိုအရ အိမ်ထောင်မပြုမီ လပိုင်းအလိုမှာ မိမိရဲ့ စိတ်ဆန္ဒအမှန် သိအောင်လုပ်ခြင်းနဲ့ အောင်မြင်မှုအတွက် ဆောင်ရွက်မယ့်အရာတွေ သိထားသင့်ပါတယ်။ မင်္ဂလာဆောင်မယ့် ရက်မတိုင်မီ ကြိုတင်ပြင်ဆင်းထားရမယ့် အချက် (၈) ချက်မှာတော့

၁။ ဘဝမှာ လိုချင်တာကို သိအောင်လုပ်ပါ
မိမိဘဝဟာ ဘယ်လိုပုံစံမျိုးဖြစ်စေချင်လဲဆိုတာ သတ်မှတ်ချက်တွေ မရှိသေးသ၍ သင့်တော်မှန်ကန်တဲ့ အဖော်အဖက်ရွေးချယ်ဖို့ ခက်ခဲနိုင်ပါတယ်။
ချစ်ကြိုက်ဖို့ လွယ်ပေမယ့် ကိုယ့်ကို အကူအညီပေးမယ့်သူကို ရှာတွေ့ဖို့ အရမ်းခက်ခဲပါတယ်။ ဘဝမှာ ကိုယ်လိုချင်တာ၊ ဖြစ်ချင်တာသိတဲ့အခါ ကိုယ်ချစ်တဲ့သူ နောက်ပြီး အဲဒီဘဝကို ကူညီပုံဖော် ပေးမယ့် လက်တွဲဖော်ကောင်းတစ်ယောက်ကို ရွေးချယ်မိဖို့ အလားလာပိုများပါတယ်။

၂။ အချင်းချင်း နားလည်မှုရှိပါ
နှစ်ဦးစလုံး နားလည်မှုရှိကြတဲ့အခါ အဓွန့်ရှည် ပျော်ရွှင်ဖွယ်ကောင်းတဲ့ အိမ်ထောင်ဘဝအတွက် အလားလာပိုများစေပါတယ်။ စုံတွဲများအနေနဲ့ အပြန်အလှန်စကားပြောဆိုမှုမရှိလည်း အဆင်ပြေမယ် ယူဆထားကြတဲ့အခါ ဘဝနဲ့ ထောင်အိမ်သည်ဘဝက ပို၍ ခက်ခဲလာပါတယ်။

၃။ ခိုင်မာတဲ့ အသိုင်းအဝိုင်းတစ်ခု ဖန်တီးပါ
သင် သိကောင်းမသိနိုင်ပေမယ့် သင့်ရဲ့ မိန်းကလေးသူငယ်ချင်းများမှာ သင့်အချစ်ရေးအောင်မြင်မှုအပေါ် ပြင်းထန်တဲ့ သက်ရောက်မှုတစ်ခု ရှိနေကြတာပါ။
ညီမ၊ အစ်မ ဆွေမျိုးတွေရဲ့  ထောက်ခံအားပေးမှုမရှိဘဲ အိမ်ထောင်ပြုပါက သင့်လက်တွဲဖော်ကို မှီခို လိုအပ်သည်ထက် မှီခိုလွန်းပြီး သူ့ကိုပဲ အားကိုးတကြီး ကြည့်နေရပါလိမ့်မယ်။ သူငယ်ချင်းအသိုင်းအဝန်းကောင်းကောင်းလေးတစ်ခု ရှိထားခြင်းက တစ်ယောက်တည်းဖြစ်နေချိန်နဲ့ အိမ်ထောင်ပြိုကွဲမယ့် အခြေအနေမှာ အဆက်အသွယ် ရရှိစေပါလိမ့်မယ်။

၎။ ကိုယ့်ကိုယ်ကို ငွေကြေးပြည့်စုံအောင်လုပ်ပါ
အကြွေးတင်လျက် အိမ်ထောင်ပြုတာ မရှိဘူးမဟုတ်ပေမယ့် အိမ်ထောင်မပြုမီ အကြွေးတွေကြေအောင် ရှင်းနိုင်ပြီး ပိုက်ဆံ
များများစုထားနိုင်လေ၊ ပို၍ အဆင်ပြေလေ ဖြစ်ပါတယ်။ ငွေရေးကြေးရေး အခက်အခဲ လျော့နည်းစေရုံတင်မက သင့်လက်တွဲဖော်နဲ့ တစ်ခုခုဖြစ်ခဲ့ရင် သို့မဟုတ် အိမ်ထောင်မမြဲခဲ့ဘူးဆိုရင် အမြဲတမ်း ကိုယ်နဲ့ပဲ သက်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။

၅။ နိုင်ငံခြားခရီးတစ်ခုခု ထွက်ပါ
ဒါက မိမိအသိအမြင်ကို ကျယ်ပြန့်စေပါတယ်။ လွှတ်လပ်မှု ပိုမိုခံစားရရှိစေပြီး မိမိကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကမ္ဘာကြီးက မိမိထင်မှတ်သည်ထက် များစွာကျယ်ပြန့်နေပါလားဆိုတဲ့အသိကို သွတ်သွင်းပေးပါလိမ့်တယ်။

၆။ မသေချာမရေရာမှုနဲ့ နေထိုင်တတ်အောင် သင်ယူပါ
အိမ်ထောင်ပြုခြင်းက မတူညီကွဲပြားတဲ့ ဘဝခရီးတစ်ခု စတင်ခြင်း ဖြစ်ပါတယ်။ သဘောထား ကွဲလွဲမှုတစ်ခု၊ ဘာဖြစ်မယ်ဆိုတာ မသိခြင်းနဲ့ လတွေ နှစ်တွေ ကုန်ဆုံးတာနဲ့အမျှ ပြောင်းလဲစေနိုင်တဲ့ အင်အားကနေတဆင့်  ဖြစ်လာတဲ့ မရေရာမှုကို ရောင့်ရဲကျေနပ်နေအောင် နေတတ်ဖို့ လိုအပ်တဲ့ အရာတစ်ခု ဖြစ်ပါတယ်။ ဒီမရေရာ၊ မသေချာမှုနဲ့ အဆင်ပြေအောင် နေတတ်ခြင်းက အမျိုးသမီးတိုင်းကို စိတ်သောက ကင်းစင်မှု ခံစားစေပြီး အပြောင်းအလဲကို လက်ခံစေမှာ ဖြစ်ပါတယ်။

၇။ ဘာကြောင့် အိမ်ထောင်ပြုချင်လဲ ကိုယ့်ကိုယ်ကို မေးခွန်းထုတ်ပါ
ဒီမေးခွန်းကို ရိုးသားစွာ ဖြေပါ။ အိမ်ထောင်ပြုတာ လူမှုရေးဆိုင်ရာ ဖိအားများစွာရှိပါတယ်။ သမိုင်းမှတ်တိုင်တစ်ခု ရအောင်စွမ်းဆောင်ဖို့ အိမ်ထောင်ပြုမယ်ဆိုရင် ဒါက ဝမ်းနည်းကြေကွဲဖွယ် ကောင်းတဲ့အကြောင်းအရင်းတစ်ခု ဖြစ်ပါတယ်။

၈။ ကိုယ်ဘယ်သူလဲဆိုတာ သိပါ
ကိုယ်ဘယ်သူလဲဆိုတဲ့ အဓိကအချက်ကို ကိုယ်ကိုယ်ကို သိရမှာ ဖြစ်ပါတယ်။ မိမိတန်ဖိုး၊ မိမိအဖို့ အရေးကြီးဆုံးအရာနဲ့ မိမိနယ်ပယ်ဘောင်ကို အလေးထားခြင်းဖြစ်ပါတယ်။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိပြီး မိမိတန်ဖိုးကို သိရတဲ့အခါ သင့်ဆီကနေထွက်တဲ့ စွမ်းဆောင်ရည်က အလွန်နှစ်သက်ဖွယ်ကောင်းပြီး သင့်လက်တွဲဖော်အနေနဲ့ မလွှမ်းမိုးနိုင်မှာ ဖြစ်ပါတယ်။
Ref: Yourtango

Credit : http://www.trend.com.mm/2016/01/29/relationships-8709

No comments:

Subscribe

လာလည်သူများ

free counters