♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 3, 2016

" ဒီလိုစရိုက်မျိုး (၉) ခုကြောင့် စုံတွဲတွေ လမ်းခွဲကြရတယ် "

လူရဲ့စရိုက်တွေကြောင့် ဆက်ဆံရေးအဆုံးသတ်ရပုံတွေကို လေ့လာထားတာဖြစ်ပါတယ်။

Western Sydney နဲ့ Indiana တက္ကသိုလ်တွေအပါအဝင် တက္ကသိုလ် (၅)ခုက သုတေသနပြုခဲ့တဲ့အချက်တွေဖြစ်ပါတယ်။ လူသားရဲ့ အဖြစ်အပျက်ပြဿနာတွေကိုလေ့လာတာမဟုတ် လူရဲ့စရိုက်တွေကြောင့် ဆက်ဆံရေးအဆုံးသတ်ရပုံတွေကို လေ့လာထားတာဖြစ်ပါတယ်။

၁ - လိုအပ်ချက်များခြင်း

လိုအပ်ချက်တွေအရမ်းများနေခြင်းပါ။ ဒီလိုအခြေအနေကြောင့် သူတို့ရဲ့ဆက်ဆံရေးကို အဆုံးသတ်သူတွေမှာ အမျိုးသမီးက ၆၉ ရာခိုင်နှုန်းရှိပြီး အမျိုးသားက ၅၇ ရာခိုင်နှုန်းရှိပါတယ်။

၂ - ဟာသဥာဉ်မရှိတာ

ဟာသညဏ်နည်းပါးတာကြောင့် ဆက်ဆံရေးအဆုံးသတ်သူတွေမှာ အမျိုးသမီးက ၅၈ ရာခိုင်နှုန်းဖြစ်ပြီး အမျိုးသားက ၅၀ ရာခိုင်နှုန်းဖြစ်ပါတယ်။

၃ - ဝေးတာ

အနေဝေးတာကြောင့် ဆက်ဆံရေးအဆုံးသတ်ကြပါတယ်။ အမျိုးသား ၅၁ ရာခိုင်နှုန်းနဲ့ အမျိုးသမီး ၄၇ ရာခိုင်နှုန်းဖြစ်ပါတယ်။

၎ - မလုံခြုံတာ

အတူတွဲရတဲ့အခါမှာ ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုမရတာတွေကြောင့် အဆုံးသတ်ကြပါတယ်။ အမျိုးသမီး ၄၇ ရာခိုင်နှုန်း နဲ့
အမျိုးသား ၃၃ ရာခိုင်နှုန်းဖြစ်ပါတယ်။

၅ - နည်းပညာစွဲလမ်းမှု

ဗီဒီယိုဂိမ်း၊ ကွန်ပြူတာဂိမ်း စတဲ့နည်းပညာကို အလွန်အမင်းစွဲလမ်းနေတာကြောင့် ဆက်ဆံရေးအဆုံးသတ်ကြပါတယ်။ အမျိုးသမီး ၄၁ ရာခိုင်နှုန်း နဲ့ အမျိုးသား ၂၅ ရာခိုင်နှုန်းဖြစ်ပါတယ်။

၆ - ခေါင်းမာတာ

ဘာမဆို ညှိုနှိုင်းလို့မရဘဲ ခေါင်းမာတာကြောင့်ခွဲကြပါတယ်။ အမျိုးသမီး ၃၄၊ အမျိုးသား ၃၂ ရာခိုင်နှုန်းပါ။

၇ - စကားများတာ

တချို့က စကားများလွန်းတာကို မကြိုက်ကြပါဘူး။ အမျိုးသမီး ၂၀၊ အမျိုးသား ၂၆ ရာခိုင်နှုန်းဖြစ်ပါတယ်။

၈ - ပွင့်လင်းလွန်းတာ

ပွင့်လင်းလွန်းတာကြောင့် တချို့ကလမ်းခွဲမိကြပါတယ်။ ဒါပေမဲ့ နည်းပါတယ်၊ အမျိုးသမီးက ၁၇ နဲ့ အမျိုးသားက ၁၁ ရာခိုင်နှုန်းဖြစ်ပါတယ်။

၉ - အားကစားသမားပုံစံ

သူတို့ရဲ့လက်တွဲဖော်တွေဟာ အားကစားသမားပုံစံမျိုး အလွန်အမင်းဖြစ်နေတာကြောင့် အမျိုးသမီး ၁၀ ရာခိုင်နှုန်းနဲ့ အမျိုးသား ၇ ရာခိုင်နှုန်းတို့က လက်တွဲဖြုတ်ကြပါတယ်။

Credit - Duwun

No comments:

Subscribe

လာလည်သူများ

free counters