♡♬ ေရာေရာသမေမႊ ဘေလာ့ဂ္မွ♪♪ ႀကိဳပါဆိုတယ္♪♪ မိတ္ေဆြမ်ား ကိုယ္စိတ္ႏွစ္ျဖာ ရႊင္လန္းခ်မ္းေျမ့ေတာ္မူၾကပါေစ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 2, 2016

" အပ်ဳိႀကီး....တစ္ေယာက္အေၾကာင္း " ( ဟာသ )

 
တစ္ခါတုန္းက ရြာတစ္ရြာမွာ...မေရႊတုတ္ လို႔ေခၚတဲ့ .ေဂၚမစြံ အပ်ဳိႀကီးတစ္ေယာက္ရွိပါတယ္။ သူက ေယာက္်ား ယူဖို႔ေမွ်ာ္
လင့္ေနေပမယ့္... သူ႔ရြာမွာေကာ..ရြာနီးခ်ဳပ္စပ္မွာပါ...သူ႔ကို ယူမယ့္..ေယာက်္ား.. တစ္ေယာက္မွ မရွိဘူးျဖစ္ေနပါတယ္။
ဒီလိုနဲ႔ တစ္ေန႔ေတာ့....အဲဒီအပ်ဳိႀကီး ဟာ..အေပါင္းအေဖာ္တစ္သိုက္နဲ႔...ရန္ကုန္ေရႊၿမိဳ႔ ေတာ္ႀကီးကို ဘုရားဖူးရန္ထြက္
လာခဲ့ပါတယ္။
ဘုရားဖူးခရီးက ျပန္လာၿပီးတဲ့ ေနာက္မွာေတာ့.....အပ်ဳိႀကီးရဲ႕ ေျပာင္းလဲမႈေတြကို တစ္ရြာလံုးကအံ့အားတသင့္နဲ႔ပဲ....ေတြ႔
ျမင္ၾကရပါေတာ့တယ္။
အရင္ကဆိုရင္..အဲဒီအပ်ဳိႀကီး မေရႊတုတ္ ဟာ..... အလွျပင္ဖို႔နဲ႔...ပုရိသတို႔ကို... မ်က္စပစ္ဖို႔ေလာက္ သာ စဥ္းစားေန
တတ္ေပမယ့္...ရန္ကုန္က ျပန္လာၿပီးေနာက္မွာေတာ့ ...ေနပူမေရွာင္မိုးရြာမေရွာင္..လယ္စိုက္ခ်ိန္လယ္၊ ကိုင္းစိုက္ခ်ိန္ ကိုင္း... နဲ႔..အလုပ္မ်ဳိးစံုကို ႀကိဳးစားလုပ္ၿပီး ပိုက္ဆံစုေနပါေတာ့တယ္....။

ဒါ့အျပင္ .. အပ်ဳိႀကီးမေရႊတုတ္ က တစ္ခါတစ္ေလ.. “ေရာင္းေစ်းေမးခဲ့ရင္ေကာင္းသား“.လို႔ ခပ္တိုးတိုး..ေရရြတ္ျငီးတြားေန
သံကိုလဲ..မသဲမကြဲ ၾကားေနၾကရေတာ့. တစ္ရြာလံုးအတြက္..ေစာင့္ၾကည့္စရာ..ပေဟဠိတစ္ခု ျဖစ္လို႔ေနပါေတာ့တယ္။
ေနာက္ဆံုးမွာေတာ့...... ဘယ္လိုမွ သည္းခံ မေစာင့္ၾကည့္ႏိုင္ေတာ့တဲ့...သူတစ္ခ်ိဳ႕ ကအပ်ဳိႀကီးမေရႊတုတ္ ထံ..ခ်ဥ္းကပ္
ေမးျမန္းပါေတာ့တယ္....။ ................

အပ်ဳိႀကီးမေရႊတုတ္ရဲ႕ အေျဖ ကို ၾကားရအၿပီးမွာေတာ့.....တစ္ရြာလံုး... မၿပံဳးႏိုင္ေတာ့ဘဲ ..၀ါးလံုးကြဲ ကို ရီမိၾကပါေတာ့
တယ္......။ရြာသူအမ်ား - ဟဲ့ အပ်ဳိႀကီး....နင္ ဘာျဖစ္လို႔မ်ား ပိုက္ဆံကိုအသည္းအသန္ရွာေနရတာလဲ။

မေရႊတုတ္ - ၀ယ္စရာရွိလို႔ပါ ဟယ္။
ရြာသူအမ်ား - ဘာ၀ယ္ခ်င္လို႔မ်ား...အဲေလာက္အလုပ္လုပ္ေနရတာလဲ အပ်ဳိႀကီးရယ္။
မေရႊတုတ္ - ရွင္ တို႔ ကၽြန္မကို အဲလို အပ်ဳိႀကီးလို႔..ေခၚ ေခၚေနလို႔လဲ... ကၽြန္မက ပိုႀကိဳးစားေနရတာ ရွင့္။
ဒီရြာမွာသာ ကၽြန္မကို ယူမယ့္သူ မရွိလို႔ မယူရတာ... ၿမိဳ႔ မွာေတာ့ေလ..
ေယာက္်ားေတြမွ ေပါလို႔ေတာ့္။
အဲဒီေယာက်္ားေတြကိုမ်ားေလ....ကားေတြနဲ႔ လည္ေရာင္းေနတာမ်ား..
အမ်ားႀကီးေတြ႔ခဲ့ပါေရာလားေတာ္။
ရြာသူအမ်ား - ဘာ...ဘယ္လို.. မေရႊတုတ္ရဲ႕ ။ နားလည္ေအာင္ေျပာပါဦးေအ။
မေရႊတုတ္ - က်ဳပ္ ရန္ကုန္ကုိ ဘုရားဖူးသြားတုန္းကေပါ့ေအ။က်ဳပ္တို႔ ကားမွတ္တိုင္မွာ ဘတ္စ္ကားေစာင့္ေနတုန္း..
ကားတစ္စီးေရာက္လာပါေရာေအ့့။
ေယာက်္ားေတြမွ ေပါ အားႀကီးပဲေအ။ ကားေခါင္မိုးေပၚမွာေကာ၊ ေနာက္မွာ
တြယ္ထားတာေတြေကာ..အမ်ားႀကီးပါလာပါေကာေအ့။ အဲဒီမွာ ကားစပယ္ယာ က ေအာ္ေနတာေလ.....
“ေယာက်္ား ရမယ္။ ေယာက်္ာေလးရမယ္” ဆိုပဲေတာ္။
က်ဳပ္ျဖင့္ေပ်ာ္လိုက္တာေအ။ဒါေၾကာင့္ပိုက္ဆံရွာေနတာေပါ့ေတာ့္။ ပိုက္ဆံေတြ ရရင္ ၿမိဳ႔ တက္ၿပီးေယာက်္ား၀ယ္မလို႔ေတာ့္။ ခက္တာက က်ဳပ္ တစ္ခါတည္းေစ်းေမးလာခဲ့ရင္ ေကာင္းသားေတာ္..........! ! ! ! !။

#ZayLin


Credit : http://www.themeltingpot4u.com/2016/01/blog-post_214.html?m=1

........................................................
အပျိုကြီး....တစ်ယောက်အကြောင်း
တစ်ခါတုန်းက ရွာတစ်ရွာမှာ...မရွှေတုတ် လို့ခေါ်တဲ့ .ဂေါ်မစွံ အပျိုကြီးတစ်ယောက်ရှိပါတယ်။
သူက ယောက်ျား ယူဖို့မျှော်လင့်နေပေမယ့်... သူ့ရွာမှာကော..ရွာနီးချုပ်စပ်မှာပါ...
သူ့ကို ယူမယ့်..ယောကျ်ား.. တစ်ယောက်မှ မရှိဘူးဖြစ်နေပါတယ်။
ဒီလိုနဲ့ တစ်နေ့တော့....အဲဒီအပျိုကြီး ဟာ..အပေါင်းအဖော်တစ်သိုက်နဲ့...
ရန်ကုန်ရွှေမြို့ တော်ကြီးကို ဘုရားဖူးရန်ထွက်လာခဲ့ပါတယ်။
ဘုရားဖူးခရီးက ပြန်လာပြီးတဲ့ နောက်မှာတော့.....အပျိုကြီးရဲ့ ပြောင်းလဲမှုတွေကို တစ်ရွာလုံးက
အံ့အားတသင့်နဲ့ပဲ....တွေ့ မြင်ကြရပါတော့တယ်။
အရင်ကဆိုရင်..အဲဒီအပျိုကြီး မရွှေတုတ် ဟာ..... အလှပြင်ဖို့နဲ့...ပုရိသတို့ကို... မျက်စပစ်ဖို့လောက် သာ စဉ်းစားနေတတ်ပေမယ့်...ရန်ကုန်က ပြန်လာပြီးနောက်မှာတော့ ...နေပူမရှောင်မိုးရွာမရှောင်..
..လယ်စိုက်ချိန်လယ်၊ ကိုင်းစိုက်ချိန် ကိုင်း... နဲ့..အလုပ်မျိုးစုံကို ကြိုးစားလုပ်ပြီး ပိုက်ဆံစုနေပါတော့တယ်....။
ဒါ့အပြင် .. အပျိုကြီးမရွှေတုတ် က တစ်ခါတစ်လေ.. “ရောင်းစျေးမေးခဲ့ရင်ကောင်းသား“.လို့ ခပ်တိုးတိုး..ရေရွတ်ငြီးတွားနေသံကိုလဲ..မသဲမကွဲ ကြားနေကြရတော့. တစ်ရွာလုံးအတွက်..စောင့်ကြည့်စရာ..ပဟေဠိတစ်ခု ဖြစ်လို့နေပါတော့တယ်။ နောက်ဆုံးမှာတော့...... ဘယ်လိုမှ သည်းခံ မစောင့်ကြည့်နိုင်တော့တဲ့...သူတစ်ချို့ က
အပျိုကြီးမရွှေတုတ် ထံ..ချဉ်းကပ် မေးမြန်းပါတော့တယ်....။ 
..............................
အပျိုကြီးမရွှေတုတ်ရဲ့ အဖြေ ကို ကြားရအပြီးမှာတော့.....တစ်ရွာလုံး... မပြုံးနိုင်တော့ဘဲ ..၀ါးလုံးကွဲ ကို ရီမိကြပါတော့တယ်......။
ရွာသူအများ - ဟဲ့ အပျိုကြီး....နင် ဘာဖြစ်လို့များ ပိုက်ဆံကိုအသည်းအသန်ရှာနေရတာလဲ။
မရွှေတုတ် - ၀ယ်စရာရှိလို့ပါ ဟယ်။
ရွာသူအများ - ဘာဝယ်ချင်လို့များ...အဲလောက်အလုပ်လုပ်နေရတာလဲ အပျိုကြီးရယ်။
မရွှေတုတ် - ရှင် တို့ ကျွန်မကို အဲလို အပျိုကြီးလို့..ခေါ် ခေါ်နေလို့လဲ... ကျွန်မက ပိုကြိုးစားနေရတာ ရှင့်။
ဒီရွာမှာသာ ကျွန်မကို ယူမယ့်သူ မရှိလို့ မယူရတာ... မြို့ မှာတော့လေ..
ယောက်ျားတွေမှ ပေါလို့တော့်။
အဲဒီယောကျ်ားတွေကိုများလေ....ကားတွေနဲ့ လည်ရောင်းနေတာများ..
အများကြီးတွေ့ခဲ့ပါရောလားတော်။
ရွာသူအများ - ဘာ...ဘယ်လို.. မရွှေတုတ်ရဲ့ ။ နားလည်အောင်ပြောပါဦးအေ။
မရွှေတုတ် - ကျုပ် ရန်ကုန်ကို ဘုရားဖူးသွားတုန်းကပေါ့အေ။ကျုပ်တို့ ကားမှတ်တိုင်မှာ ဘတ်စ်ကားစောင့်နေတုန်း.. ကားတစ်စီးရောက်လာပါရောအေ့့။
ယောကျ်ားတွေမှ ပေါ အားကြီးပဲအေ။ ကားခေါင်မိုးပေါ်မှာကော၊ နောက်မှာ
တွယ်ထားတာတွေကော..အများကြီးပါလာပါကောအေ့။ အဲဒီမှာ ကားစပယ်ယာ က အော်နေတာလေ.....
“ယောကျ်ား ရမယ်။ ယောကျ်ာလေးရမယ်” ဆိုပဲတော်။
ကျုပ်ဖြင့်ပျော်လိုက်တာအေ။ဒါကြောင့်ပိုက်ဆံရှာနေတာပေါ့တော့်။ ပိုက်ဆံတွေ ရရင် မြို့ တက်ပြီးယောကျ်ားဝယ်မလို့တော့်။ ခက်တာက ကျုပ် တစ်ခါတည်းစျေးမေးလာခဲ့ရင် ကောင်းသားတော်..........! ! ! ! !။
#ZayLin

No comments:

Subscribe

လာလည္သူမ်ား

free counters