♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 16, 2016

" မိန်းကလေးတွေ မုန်းစေနိုင်တဲ့ အချက် ၁၀ ချက် "

 
ယောက်ျားလေးများ သတိထားလို့ရအောင် တင်ပေးလိုက်တာပါ။
မိန်းကလေးတွေရှေ့မှာ ကိုယ့်ကို ကြိုက်အောင်ဆိုပြီး လိုသည်ထက် ပိုပြီးပြောဖူးတဲ့ အတွေ့အကြုံရှိမှာပါ။
ကိုကြွားတွေရဲ့ စကားတွေကို စိတ်ပါဝင်စားနားထောင်တာထက် ရယ်ချင်တာကို မနည်းအောင့်ထားရတဲ့ အချိန်လေးတွေလည်း ရှိမှာပါ။
ဂျပန်မှာ မိန်းကလေး အယောက် ၅၀၀ ကို စစ်တမ်းကောက်ခဲ့တဲ့ အဖြေကတော့ အောက်ပါအတိုင်းပါပဲ။
၀၁. အရင်တုန်းက ကျောင်းမှာဆိုရင် အရမ်းဆိုးခဲ့တာလေ။
ဆိုးသွမ်းခဲ့တဲ့ အတိတ်ကို ဂုဏ်ယူပြီးပြောနေရင်လည်း မိန်းကလေးတွေအနေကတော့ ကြိုက်ဖို့မပြောနဲ့ ကြောက်လာပါလိမ့်မယ်။
၀၂. ၃ယောက်လောက် တပြိုင်နက် ကိုယ့်ကို ကြိုက်တဲ့သူရှိခဲ့တယ်။
အတိတ်မှာ ဘယ်လောက်ပဲစွန်ခဲ့နေပင်မဲ့လည်း ပစ္စုန်ပန်မှာတော့ မိန်းကလေးတွေရှေ့မှာ ရည်းစားဟောင်းတွေ အကြောင်းကိုပြောရင်တော့ အပြောခံရတဲ့ မိန်းကလေးအနေနဲ့ကတော့ ဒီယောင်္ကျား ဟုတ်ကော ဟုတ်သေးရဲ့လားလို့ ထင်မှာပါ။
၀၃. အလုပ်များလွန်းလို့ ၂ ရက်လောက် မအိပ်ရသေးဘူး။
ကိုယ်က အရမ်းကြိုးစားနေတဲ့အကြောင်းကို အကြောင်းပြပြီး အလုပ်မှာလည်းတော်တယ်လို့ အရိပ်အရောင်ပြချင်ပင်မဲ့လည်း မိန်းကလေးဘက်ကကြည့်ရင်တော့ ကျန်းမားရေးကို ဂရုမစိုက်ပဲ အတူတူနေရင်ရော ကိုယ့်ကို အလေးထားပါ့မလားဆိုပြီး

" ဘယ်တော့မှ ရန်မဖြစ်တဲ့ စုံတွဲတွေရဲ့ အလေ့အကျင့်များ "


စုံတွဲတစ်တွဲကိုကြည့်ပြီး တစ်ချိန်လုံး သူတို့ရန်မဖြစ်ဘဲ ဘယ်လိုများ ပျော်အောင်နေကြလဲ မသိဘူးဆိုပြီး တွေးမိဘူးပါသလား။ သူတို့ရဲ့ လျှို့ဝှက်ချက်ကိုရော သိချင်မိပါသလား။ ကိုယ်ကတော့ အမြဲ ချစ်သူနဲ့ ရန်ဖြစ်နေရတဲ့ ဆက်ဆံရေးမျိုးဖြစ်နေမယ်ဆိုရင်တော့ သူတို့လို အဆင်ပြေတဲ့ ဆက်ဆံရေးမျိုး ရနိုင်ဖို့ သူတို့ရဲ့ လျှို့ဝှက်ချက်လေးတွေကို သိချင်နေမှာပါ။ ဒီအချက်လေးတွေကိုသတိပြုမိပြီး သူနဲ့ကိုယ့်ကြားက ဆက်ဆံရေးကို ပြန်ပြီး ဆင်ခြင်နိုင်အောင် သိထားသင့်တဲ့အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။
-သူတို့က အချင်းအချင်း ဦးစားပေးတယ်
ဘဝမှာ ရည်မှန်းချက်တွေ မျှော်လင့်ချက်တွေ ရှိဖို့၊ဒီရည်မှန်းချက်တွေ အောင်မြင်အောင်လုပ်ဖို့  အရေးကြီးတာမှန်ပေမဲ့  ပျော်ရွှင်တဲ့စုံတွဲတွေက သူတို့ချစ်သူတွေကလည်း သူတို့ဘဝရဲ့ အရေးပါတဲ့ မျှော်လင့်ချက်တစ်ခုလို သဘောထားပြီး ဦးစားပေးကြလေ့ရှိပါတယ်။ လူနှစ်ယောက်ရဲ့ ဆက်ဆံရေးဆိုတာကလည်း ဘဝရဲ့ တခြားအရာတွေလိုပဲ ဂရုစိုက်ပြီး ပြုစုပျိုးထောင်ရတယ်ဆိုတာ နားလည်သူတိုင်းအတွက် ချစ်တဲ့သူအတွက် အချိန်ပေးဖို့ဆိုတာ အပိုအလုပ်တစ်ခုလို့ မယူဆကြပါဘူး။
-အချင်းချင်း ချီးကျုးနှစ်သိမ့်တတ်ကြတယ်။
ချီးမွမ်းစကားဆိုတာကို လူတိုင်း နှစ်သက်တတ်ကြပါတယ်။ကိုယ်ချစ်တဲ့သူက အလေးပေး ချီးမွမ်းတာဆိုရင်တော့ ဘာနဲ့မှ မတူတဲ့ ခံစားချက်မျိုး ခံစားရတတ်ပါတယ်။ ကိုယ့်အပေါ်သူလုပ်ပေးလိုက်တဲ့ အလိုက်သိတတ်မှုလေးတွေ၊ ကိုယ်ချင်းစာနာမှုလေးတွေ၊ချစ်ခင်ကြင်နာမှုလေးတွေပေးတဲ့အခါတိုင်း  လေးလေးနက်နက် အသိအမှတ်ပြုလိုက်ပါ။ 
-ခွင့်လွှတ်နိုင်ဖို့ကို အရင်စဉ်းစားကြတယ်။
ဘယ်စုံတွဲမှာ မဆို ပြဿနာ အနည်းနဲ့ အများ ဖြစ်လေ့ရှိပါတယ်။ပြဿနာကို ကိုင်တွယ် ဖြေရှင်းပုံခြင်းမတူလို့ ပြဿနာတစ်ခုရဲ့ ပြင်းအား၊ကြာချိန်နဲ့ အတိမ်အနက် ကွဲပြားသွားရတာ ဖြစ်ပါတယ်။ ဒေါသကို

"မြန်မာ့ အနုပညာ ပန်းဆယ်မျိုး "


Image result for ပန်းဆယ်မျိုးမြန်မာတို့သည် ရှေးပဝေဏသီကပင် မြန်မာမူမြန်မာ့ဟန် ကိုယ်ပိုင်ယဉ်ကျေးမှု အနုသုခုမပညာ လက်ရာများဖြင့် တင့်တင့်တယ်တယ် ဝင့်ဝင့်ထယ်ထယ် နေထိုင်လာခဲ့သော လူမျိုးတစ်မျိုးဖြစ်သည်။ မြို့ပြ နိုင်ငံငယ်လေးများအဖြစ် ရပ်တည်ခဲ့ကြစဉ်မှစ၍ ကိုယ့်ထီးကိုယ့်နန်း ကိုယ့်ကြငှန်းဖြင့် ခေတ်အဆက်ဆက်ကို ဖြတ်သန်းပြီးနေထိုင်လာခဲ့ကြရာတွင် အစဉ်အလာအဆင့်အတန်း မြင့်မားသော ကိုယ်ပိုင်ယဉ်ကျေးမှုတို့ကို မပျောက်မပျက် မကွယ်မပအောင် ပြုစုထိန်းသိမ်းလာခဲ့ကြပါသည်။ ထိုယဉ်ကျေးမှုအနုပညာလက်ရာများကား ယနေ့တိုင် ကမ္ဘာ့အလယ်ဝင့်ထည်စွာ ရပ်တည်လာနိုင်ခဲ့သည်ကို တွေ့ရှိရပါသည်။ မြန်မာတို့မြတ်နိုး တန်ဖိုးထားရာ အနုပညာ အတတ်ပညာဆယ်မျိုးရှိပါသည်။ အလွန်နူးညံ့သိမ်မွေ့ပြီး ခက်ခဲနက်နဲ့သော အနုပညာများကို ပန်းနဲ့ တင်စားခေါ်ဝေါ်ခဲ့ကြသည်။ “ဘုရားမတင် နတ်မဝင် လူတွင်ဆယ်ပွင့်ပန်း” ဟူသော စကားအရ အနုပညာလက်ရာ ပန်းဆယ်မျိုးရှိကြောင်း တွေ့ရမည် ဖြစ်ပါသည်။ “ပဲထိမ်တဉ်းတော့ ရံပုမော့ (မှတ်လော့) ပွတ်ချီယွန်း” ဟု အတိုကောက်အားဖြင့် မှတ်ယူခဲ့ကြရာ ပန်းပဲ၊ ပန်းထိမ်၊ ပန်းတဉ်း၊ ပန်းတော့၊ ပန်းရံ၊ ပန်းပု၊ ပန်းတမော့၊ ပန်းပွတ်၊ ပန်းချီ၊ ပန်းယွန်း ဟူ၍ အကျယ်မှတ်သားရပါသည်။

    ပန်းပဲ။ သံကိုထုရိုက်၍ သံထည်ကိရိယာတန်ဆာပလာများပြုလုပ်သော အတတ်ပညာဖြစ်ပါသည်။ ဓား၊ ပုဆိန်၊ စူး၊ ဆောက် စသည့် ပစ္စည်းများ၊ စိုက်ပျိုးရေးသုံး၊ ထွန်၊ ထယ်၊ သံဇဉ်များ ကိုလည်း လုပ်ကိုင်ကြရသည် ဟု “ရာဇဝံသံ” ကျမ်းအလာရှိကြောင်း မှတ်သားရပါသည်။ ပျူခေတ်မြို့ပြနိုင်ငံများခေတ်မှ စတင်ခဲ့ပြီး ယနေ့တိုင်လည်း အသုံးတွင်ကျယ်လျှက်ပင် ရှိပါသည်။
    ပန်းထိမ်။ ရွှေငွေတို့ဖြင့် လူ့အသုံးအဆောင် လက်ဝတ်ရတနာများ ပြုလုပ်သော လုပ်ငန်းဖြစ်ပါသည်။ ပန်းထိမ်ပညာရပ်သည်လည်း ပျူခေတ်မှအစပြုခဲ့ကြောင်း ရှေးဟောင်းမြို့ပြနိုင်ငံများမှ တူးဖော်တွေ့ ရှိရသည့် လက်ဝတ်ရတနာပစ္စည်းများက သက်သေခံလျှက် ရှိပါသည်။
    ပန်းတဉ်း။ သံထည်၊ ကြေးထည်တို့ကို နိဗ္ဗာန်ကုန်လုပ်ငန်းများပြုလုပ်သော အတတ်ပညာဖြစ်ပါသည်။ ကြေးစည်၊ ထီးတော်၊ ငှက်မြတ်နားတော် စသည့် ဘာသာရေးဆိုင်ရာများတွင် အသုံးပြုသည့် ပစ္စည်းများကို ထုတ်လုပ်သည်။ ပန်းတဉ်းပညာကို ယနေ့ခေတ် ပဒင်းလုပ်ငန်းဟု အခေါ်များကြောင်း သိရှိရပါသည်။ ပန်းတဉ်းအတတ်ပညာသည်လည်း ပျူခေတ်နှောင်းပိုင်းတွင် စတင်ထွန်းကားနေပြီဖြစ်ကြောင်း မှတ်တမ်းများအရ သိရှိရပါသည်။
    ပန်းတော့။ အုတ်၊ အင်္ဂတေတို့ဖြင့် ဘုရားကျောင်းတော်၊ ဘုန်းတော်ကြီးကျောင်းတို့၏ မုခ်ဦး ပန်းဆွဲများ၊ နတ်၊ သိကြား၊ ဘီလူး၊ ဆင်၊ ခြင်္သေ့ စသည်တို့ကို ပြုလုပ်သော အတတ်ပညာဖြစ်ပါသည်။ ပန်းတော့ အတတ်ပညာသည် ဗိဿနိုး၊ သရေခေတ္တရာခေတ်များမှ စတင်ပြုလုပ်ခဲ့ပြီး ပုဂံခေတ်တွင် အထွန်းကားဆုံးဖြစ်ခဲ့သည်ကို တွေ့ရှိပါသည်။ ယနေ့တိုင်လည်း အသုံးတွင်ကျယ်ဆဲ အနုပညာလက်ရာတစ်မျိုးဖြစ်ပါသည်။
    ပန်းရံ။ အုတ်၊ သဲ၊ ကျောက်၊ အင်္ဂတေ တို့ဖြင့် ဘုရားစေတီမှအစ လူနေအဆောက်အဦးအဆုံး တည်ဆောက်ရသော လုပ်ငန်းဖြစ်ပါသည်။ သရေခေတ္တရာ ပျက်စီးချိန်မှစ၍ ယနေ့တိုင် အသုံးတွင်ကျယ်နေသော လုပ်ငန်းတစ်ခု ဖြစ်ပါသည်။
    ပန်းပု။ မြေစေး၊ သစ်စေး တို့ဖြင့်ရောစပ်၍ သစ်သား၊ ဆင်စွယ်၊ ဖယောင်း တို့ဖြင့် ရုပ်လုံး၊ ရုပ်ခုံး၊ ရုပ်ကြွ ပြုလုပ်သော အတတ်ပညာရပ် ဖြစ်သည်။ ပျူခေတ်မှစတင်ကာ ထွန်းကားခဲ့ပြီး ယနေ့ခေတ်တွင် ခေတ်မီပစ္စည်းများဖြင့် ပန်းပုအတတ်ပညာကို လုပ်ကိုင်လျှက်ရှိပါသည်။ အထင်ရှားဆုံးမှာ ရေခဲပန်းပု၊ သဲပန်းပုများပင် ဖြစ်သည်။
    ပန်းတမော့။ ပန်းတမော့အတတ်ပညာသည် ကို ကျောက်ဆစ်ပညာဟုလည်း ခေါ်ကြသည်။ ကျောက်သားကို ထွင်းထု၍ လှပသေသပ်အောင် ပြုလုပ်ရသော လုပ်ငန်းဖြစ်သည်။ မြတ်စွာဘုရားဆင်းတုတော်များ ထွင်းထုလုပ်ရာတွင်အသုံးပြုခဲ့ပြီး ခေတ်နှင့်လျှော်ညီစွာ ပြောင်းလဲလုပ်ကိုင်လာကြသည်များကိုလည်း တွေ့ရပါသည်။ အထင်ရှားဆုံးမှာ စကျင်ကျောက်သားဖြင့် ထွင်းထုထားသော အဘယလာဘမုနိ ကျောက်တော်ကြီးဘုရားကြီး ပင် ဖြစ်ပါသည်။ ဗိဿနိုး၊ သရေခေတ္တရာမှစတင်ထွန်းကားခဲ့ပြီး ယနေ့တိုင်လည်း အသုံးတွင်ဆဲ အတတ်ပညာတစ်ခု ဖြစ်ပါသည်။
    ပန်းပွတ်။ သစ်သား၊ ဆင်စွယ် စသည့် ကုန်ကြမ်းပစ္စည်းများကို အခြေတည်၍ ပွတ်လုံးထိုးကာ ထီးသုံးနန်းသုံး

" အန္တရာယ်ရှိ ဆိုးဆေး ၄ မျိုး ကျန်းမာရေး ၀န်ကြီးဌာန ထုတ်ပြန် "


မြန်မာနိုင်ငံက စားသောက်ကုန် တွေမှာ အများဆုံး အသုံးပြု ကြတဲ့ ဆိုးဆေး ၄ မျိုးနဲ့ အဲ့ဒီ ဆိုးဆေးတွေရဲ့ အန္တရာယ် ကြီးမား ပုံတွေကို ကျန်းမာရေး ၀န်ကြီးဌာန၊ အစား အသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနက အသိပေး ထုတ်ပြန် ပါတယ်။

ဖိနပ်သားရေ တွေကို အရောင်ဆိုးတဲ့ Sudan Dyes အနီရောင် ဆိုးဆေးကို ငရုတ်သီးမှုန့်၊ အရောင် တင်မှုန့်တွေမှာ အများဆုံး အသုံးပြုနေကြောင်း တွေ့ရှိ ရပြီး အဲ့ဒီ ဆိုးဆေးကြောင့် အသည်းနဲ့ ကျောက်ကပ် ပျက်စီးနိုင် တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန၊ အစား အသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနရဲ့ ပညာပေး လက်ကမ်း စာစောင်မှာ ဖော်ပြ ပါတယ်။

ချည်ထည် ပိုးထည်တွေကို အရောင်ဆိုးတဲ့ Auramine O အော်ရာမင်းအို အ၀ါရောင် ဆိုးဆေးကို လက်ဖက်မှာ အများဆုံး အသုံးပြုကြပြီး လတ်တလော အဆိပ် အတောက် မဖြစ်နိုင်ပေမယ့် ရေရှည်မှာ ဆန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေတယ်၊ အသည်းနဲ့ကျောက်ကပ် ပျက်စီးစေနိုင်ပြီး ကင်ဆာရောဂါဖြစ်စေနိုင်တယ်လို့ စာစောင်မှာ သတိပေး ထားပါတယ်။

တခါ ဓာတ်ခွဲခန်းသုံး ဆိုးဆေးတမျိုးဖြစ်သလို ချည်ထည် ပိုးထည်တွေမှာ အရောင်ဆိုးတဲ့နေရာမှာ အသုံးပြုတဲ့ Rhodamine B အနိရောင်ဆိုးဆေးကို ငါးပိအမြင်လှအောင် အရောင်တင်ရာမှာ သုံးနေကြတယ်၊

အဲ့ဒီဆိုးဆေးသုံး ငါးပိကို စားမိသူတွေဟာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျိ့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော

" အင်တာနက် မှာ ခြိမ်းခြောက်ခံရရင် ဘာတွေ လုပ်မလဲ ( မိန်းကလေးများ အထူးသတိ ) "

အခုတစ်လော Viber ကနေ ခြိမ်းခြောက်စာပို့တာတို့၊ Facebook ကနေ ခြိမ်းခြောက်စာပို့တာတို့ ရှိလာတာ တွေ့ရပါတယ်။ အရင်တုန်းကတော့ E-mail (သို့မဟုတ် G-mail) ခေတ်ဆိုတော့ မေးလ်တွေကနေ ခြိမ်းခြောက်စာတွေ ပို့တတ်ကြပါတယ်။


ခိမ်းခြောက်ခံရတဲ့ထဲမှာ အမျိုးသမီးတွေ များပါတယ်။ ဒါကြောင့်မို့လို့ ခြိမ်းခြောက်ပြီးရင်လည်း ငွေ (သို့မဟုတ်) လိင်မှုကိစ္စတွေ တောင်းဆိုတတ်ကြပါတယ်။ ငွေပေးလိုက်ရတာ ပြဿ        နာမရှိပေမယ့် နောက်တစ်ခုကတော့ ပြဿ        နာရှိပါတယ်။ ဒါပေမယ့် ဘယ်ဟာပဲဖြစ်ဖြစ် တစ်ခါလိုက်လျောမိရင် ထပ်ခါထပ်ခါ တောင်းဆိုလာမှာ ကျိန်းသေပါတယ်။ ဒါကြောင့်မို့လို့ ဘယ်ဟာမှ

»»» ကျွန်မ «««


မိန်းကလေးတော့ မိန်းကလေးပဲ
မှန်တင်ခုံရှေ့မှာ အချိန်မကုန်တတ်ဘူး..


မိန်းကလေးတော့ မိန်းကလေးပဲ
ဝတ္ထုဖတ်ကိုရီးယားကားကြည့်ပီး စိတ်ကူးမယဉ်တတ်ဘူး..

မိန်းကလေးတော့ မိန်းကလေးပဲ
ရင်ဖုံးနဲ့ချိတ်ထဘီတော့ အမြဲဝတ်လေ့မရှိဘူး..

မိန်းကလေးတော့ မိန်းကလေးပဲ
ပုံတော်ဖိနပ်စီးပီး ကုဋေတစ်သန်းတန်တဲ့ခြေလှမ်းနဲ့တော့ လမ်းမလျှောက်တတ်ဖူး..

မိန်းကလေးတော့ မိန်းကလေးပဲ
အဆင်ပြေအောင်ချက်ပြုတ်တတ်ပေမယ့် စားဖိုမှူး တစ်ယောက်လိုတော့မကျွမ်းကျင်ဘူး..

မိန်းကလေးတော့ မိန်းကလေးပဲ
အိမ်အလုပ်တွေနဲ့ပဲ အချိန်တွေကိုအကုန်မခံနိုင်ဘူး..

မိန်းကလေးတော့ မိန်းကလေးပဲ
မတုန်မလှုပ်အမူအရာနဲ့ခေါင်းငုံ့မျက်ရည်ကျနေရအောင် မပျော့ညံ့ဘူး..

မိန်းကလေးတော့ မိန်းကလေးပဲ
သူတစ်ပါးကိုချည်းအားကိုးဖို့ စိတ်မကူးဘူး..

မိန်းကလေးတော့ မိန်းကလေးပဲ
ချစ်တတ်ပေမယ့် ကိုးကွယ်တာအချစ်မဟုတ်ဘူး..

မိန်းကလေးတော့ မိန်းကလေးပဲ
ကြင်နာတတ်ပေမယ့် သဲသဲလှုပ်အမူပိုမပြတတ်ဘူး..

မိန်းကလေးတော့ မိန်းကလေးပဲ
မရိုင်းစိုင်းတတ်ပေမယ့် ပတ်ချွဲနှပ်ချွဲလဲမပြောတတ်ဘူး..

April 15, 2016

" ငါပါတဲ့ ..ဟိုဒင်း..ခ်ခ်ခ်.." ( ဟာသ သီချင်း )

https://scontent.xx.fbcdn.net/hphotos-xlf1/v/t1.0-9/s720x720/11430276_407034099499612_2375559280285363001_n.jpg?oh=90c84dab0ffbd198d2135e226face123&oe=57779097



Credit : ရယ်စရာမဂ္ဂဇင်း

" အသက် ၃၀ နဲ့ ၄၀ ကြား မိန်းမတွေရဲ့ အလှကကြည့်လို့အကောင်းဆုံးပဲတဲ့ "

မိန်းမတစ်ယောက်ဟာ အသက် ၃၀ နဲ့ ၄၀ ဝန်းကျင်မှာလှတဲ့အလှက ကြည့်လို့အကောင်းဆုံးပါပဲ...သူဟာ စိတ်ပိုင်းဆိုင်ရာရော, ရုပ်ပိုင်းဆိုင်ရာပါ ပြည့်စုံရင့်ကျက်သင့်သလောက် ရင့်ကျက်နေပါပြီလေ…

ဆယ်ကျော်သက် မိန်းမတစ်ယောက်ရဲ့အလှဟာ တကယ့်အလှ မဟုတ်သေးပါဘူး...သူဟာ ငယ်ဂုဏ်ကြောင့်သာ လှတာဖြစ်မယ်ထင်ပါတယ်။ မိန်းမတယောက် တကယ်...လှတယ် , မလှဘူးဆိုတာ အသက် ၃၀ နဲ့ ၄၀ ဝန်း
ကျင်မှာ အသိသာဆုံးပါပဲ ဆယ်ကျော်သက် မိန်းမတစ်ယောက်ရဲ့ အလှဟာ စွဲမက်ချင်စရာကောင်းတယ်ဆိုပါစို့ ...

အဲဒီလိုဆို ... ၃၀ နဲ့ ၄၀ ဝန်းကျင် မိန်းမတစ်ယောက်ရဲ့ အလှဟာ ရင့်ကျက်တည်ငြိမ်ပြီး လေးစားစရာ ကောင်းပါတယ်…
ဘာကြောင့်လဲဆိုတော့……သူဟာ အချိန်ကာလတခု ကြာအောင် သူ့ရဲ့အလှကို ထိန်းသိမ်းထားနိုင်ခဲ့လို့ပါပဲ

" မီးဖွားပြီးစမိခင်ဖြစ်လျက် နို့ဘာကြောင့်မထွက်တယ် "

 ကလေး လေထုတ်သည့်ပုံစံများ (ကလေးကျောကို အသာပွတ်သပ်ဖိပြီး လေထုတ်ပေးပါ။)

ပုံမှန်အားဖြင့် ကလေးမီးဖွားပြီးတဲ့ မိခင်တိုင်းဟာ နို့ထွက်လာမှာဖြစ်ပါတယ်။ နို့တိုက်သတ္တဝါတိုင်းဟာ မီးဖွားပြီးရင် နို့ထွက်တာ ဓမ္မတာမဟုတ်လား။ ဒါကြောင့် နို့တိုက်သတ္တဝါလို့ သတ်မှတ်ထားကြတာပါ။ မီးဖွားပြီးလျက်မှ နို့မထွက်တဲ့မိခင်ဟာ ဘာကြောင့်များလဲ လေ့လာရအောင်နော်။
၁။ ကိုယ်ဝန်ဆောင်ချိန်တလျောက်လုံး ရင်သားကို ကျပ်ကျပ်တည်းတည်း စည်းနှောင်ထားတတ်သော မိခင်လောင်းများဟာ ကလေးမွေးပြီးရင် နို့မထွက်တဲ့အခက်အခဲ ကြုံရတတ်ပါတယ်။
၂။ နို့သီးခေါင်းအထဲဝင်နေတဲ့ မိခင်လောင်းဟာ ကိုယ်ဝန်ဆောင်စဉ်ကတည်းက နို့သီးခေါင်းအပြင်ကို ဆွဲမထုတ်ခဲ့ရင် ကလေးဟာ မိခင်နို့သောက်စို့ခွင့်ရရှိနိုင်မှာ မဟုတ်ပါဘူး။
၃။ ဘယ်လိုနို့တိုက်ရမှန်းမသိလို့ မိခင်ကစိတ်ရှုပ်ပြီး စိတ်ဖိစီးမှု ဖြစ်နေရင်လည်း နို့မထွက်တတ်ပါဘူး။
၎။ ပထမဆုံးနို့တိုက်ရမယ့် သားဦးမိခင်တွေဟာ နို့တိုက်ဖို့ အစိုးရိမ်လွန် ၊ အကြောက်လွန်နေခဲ့ရင်လည်း နို့ထွက်ရာမှာ အနှောင့်အယှက် ဖြစ်စေပါတယ်။
၅။ မိမိကလေးအား နို့တိုက်ချင်စိတ်မရှိသော မိခင်တွင် မိခင်နို့ကောင်းစွာ မထွက်ပါ။

နို့ထွက်များအောင် ဘာလုပ်မလဲ
ပထမဆုံး မိခင်ဟာ ကလေးကို နို့တိုက်ချင်တဲ့ဆန္ဒရှိရပါမယ်။ နို့တိုက်မိခင်ဟာ အာဟာရပြည့်ဝစွာ စားသုံးရမှာမို့ အစားရှောင်တာတွေကို မပြုဘဲ ကျန်းမာစေတဲ့ အစာမှန်သမျှကို စားသုံးရမှာပါ။ ဘယ်လိုပဲ လက်ရှိအခြေအနေတွေက ရှုပ်ထွေးလို့ စိတ်ဖိစီးစရာ ၊ စိတ်ဆင်းရဲစရာတွေ ရှိနေနေ သားသမီးနို့ဝဝ သောက်စို့ခွင့်ရဖို့ စိတ်မချမ်းသာစရာတွေကို

" ပါးစပ်က ထုတ်မပြောပေမဲ့ မိန်းကလေးတွေ အလိုရှိသော အရာ "

 
တခါတလေမှာ မပြောဘဲ သိနေသင့်တဲ့ အရာတွေကို ပါးစပ်ကနေ ထုတ်ပြောလိုက်ရတဲ့အတွက် တန်ဖိုးကျသွားတာတွေ ရှိပါတယ်။ ပြောမှလုပ်တာထက် အလိုလို နားလည်ပေးတဲ့ စိတ်နဲ့ ပြုလုပ်ပေးတဲ့ အရာကို လူတွေက ပိုအလေးထားတတ်ပါတယ်။ မိန်းကလေးတစ်ယောက်က သူ့ချစ်သူအပေါ်ကို ယုယကြင်နာမှုပေးသလို သူ့ဘက်ကလည်း ပြန်ပြီး ယုယခံချင်ပါတယ်။ မိန်းကလေးတစ်ယောက် နှုတ်က ကိုယ်တိုင် ဖွင့်မပြောပေမဲ့ တောင့်တနေတဲ့ အရာတွေ ရှိပါတယ်။
 
သူ့ကို ရမ္မက်ပြင်းတဲ့ အချစ်တွေနဲ့နမ်းတာထက် သူ့နဖူးလေးကို တယုတယနဲ့ ကြင်ကြင်နာနာ အနမ်းခြွေတာကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ ရမ္မက်နဲ့ ဆန္ဒက တဒင်္ဂသာယာမှုအတွက် လုံလောက်ပေမဲ့ တစ်ဘဝစာ ချစ်ခြင်းမေတ္တာမှာတော့ ဖြူစင်တဲ့ နွေးထွေးမှုလေးတွေ ရှိဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်က သူ့ချစ်သူကပေးတဲ့ အံ့သြစရာတွေကို မျှော်လင့်တတ်ပါတယ်။ ငွေကုန်ကြေးကျ အများကြီးခံပြီး အံ့သြသွားအောင် လုပ်ပြရမယ်လို့ မဆိုလိုပါဘူး။သူ အရမ်းကြိုက်တဲ့ သီချင်းကို ဂစ်တာတီးပြီး ဆိုပြတာမျိုး၊သူ ကြိုက်တဲ့ စာရေးဆရာရဲ့ စာအုပ်တစ်အုပ်ဝယ်ပြီး လက်ဆောင်ပေးတာမျိုး၊ ချိန်းမထားဘဲ ကိုယ့်ရုံးကို လာကြိုတာမျိုးလေးတွေက အသေးအဖွဲလေးတွေပေမဲ့ သူ့ကို အသေးစိတ်ကအစ ဂရုစိုက်တတ်တယ်ဆိုတာကို ပြရာရောက်ပါတယ်။
 
ချစ်တယ်ဆိုတဲ့ စကားကို အချိန်အခါ နေရာမရွေး ကြားချင်တတ်ပါတယ်။ သူ့ကိုယ်သူ မလှဘူးလို့ ထင်ထားတဲ့အချိန်တွေမှာ

" အင်တာနက်လိုင်း ပိုမိုမြန်ဆန်စေဖို့ Wi-fi Router အကြောင်း သိကောင်းစရာ အချက် (၅) ချက် "

 
ရေဒီယိုလှိုင်းတွေဟာ မိုဘိုင်းလ်ဖုန်းမှ ဖမ်းယူတဲ့ လျှပ်စစ်သံလိုက်လှိုင်းနဲ့ အလားသဏ္ဍာန် တူညီပါတယ်။ ပြသနာတစ်ခုက Wi-fi လှိုင်းတွေဟာ ဝေးဝေးမရောက်ဘဲ လမ်းခုလတ်မှာ ဖြတ်မိတဲ့ အရာများမှ ဖမ်းစုပ်ခြင်းခံရပါတယ်။ အဲဒီတော့ အင်တာနက်ကို နှေးကွေးစေပါတယ်။ ပိုမိုမြန်ဆန်တဲ့ အင်တာနက် သေချာပေါက်ရစေမယ့် အံ့သြဖွယ်ကောင်းပြီး အရမ်းလွယ်ကူတဲ့ နည်းလမ်း (၅) ချက်ရှိပါတယ်။

၁။ Router ကို အိမ်ရဲ့ အလယ်ဗဟိုမှာ ထားပါ
Wi-fi လှိုင်းတွေဟာ ဖမ်းစုပ်ခံရတာမို့ အိမ်ရဲ့ ဗဟိုအကျဆုံးနေရာမှာ ထားပါ။ ဒီနည်းက အိမ်ပတ်ပတ်လည်မှာ အားအင် ညီတူညီမျှ ထုတ်လွတ်စေပါလိမ့်မယ်။

၂။ ရှုပ်ပွနေတဲ့ အဝတ်ဗီရိုမှာ မထားပါနဲ့
Router ကို အဝတ်ဗီရို သို့မဟုတ် အံဆွဲစတဲ့ ပိတ်ထားနေရာတွေမှာ ဘယ်တော့မှ မထားပါနဲ့။ ရှင်းပါတယ်။ Signal အား အများစုကို သစ်သားအဝတ်ဗီရိုမှ ဖမ်းစုပ်ထားလို့ပါ။ ဒါ့ကြောင့် အင်နက်မြန်နှုန်းက အရမ်းစိတ်ပျက်စရာ ကောင်းပါတယ်။

၃။ Router ကို ကြမ်းပြင်ပေါ်ထားခြင်း ရှောင်ပါ
အိမ်သုံး Routers တွေ လုပ်ထားတဲ့ပုံစံက signal ကို နိမ့်ရာသို့ ထုတ်လွှတ်အောင် လုပ်ထားတာပါ။ Wi-fi လှိုင်းတွေက

" မိုဘိုင်းဖုန်း အသုံးပြုသူတိုင်း သိထားရမယ့် မိုဘိုင်းဖုန်း ရေဒီယိုလှိုင်း (ဖတ်ဖြစ်အောင်ဖတ်ပါ) " (Mg Pauk)

 
ပုံကို ပြလို့ ကြောက်မသွားပါနဲ့။ ပုံကတော့ နည်းနည်းပိုပါတယ်။ ဒါပေမယ့် SAR rating လွန်ကဲတဲ့ ပစ္စည်းတွေနဲ့ နေ့စဉ်ထိတွေ့ လုပ်ကိုင်ရင်တော့ ပုံမှာ ပြထားတာထက်လည်း ဆိုးကောင်းဆိုးသွား ပါလိမ့်မယ်။ ဒီတော့ SAR အကြောင်းလေး မျှဝေပါရေစေ။
SAR ဆိုတာ ဘာလဲ
SAR ဆိုတာ Specific Absorption Rate ဖြစ်ပါတယ်။ ဦးနှောက်နဲ့ ခန္ဓာကိုယ်ရဲ့ တစ်ရှုး (အသားက) က လျှပ်စစ်သံလိုက်ဓာတ်အားကို ဆွဲငင်ယူတဲ့ နှုန်းထား ဖြစ်ပါတယ်။ သူ့ရဲ့ တိုင်းတာမှုက တစ်ကီလိုဂရမ်သော တစ်ရှူးဟာ လျှပ်စစ်သံလိုက်ဓာတ်အား (Electro Magnetic Wave) လှိုင်း Watt ပမာဏ ဘယ်လောက်ထိကို ဆွဲယူ စားသုံးတယ်ဆိုတာနဲ့ ဖြစ်ပါတယ်။ ဒီတော့ အင်္ဂလိပ်လို ရေးမယ်ဆိုရင် Watt/Kilogram ပါ။
ကမ္ဘာ့ မိုဘိုင်းဖုန်း ကျန်းမာရေးနဲ့ ကော်မရှင် အဖွဲ့ အနေနဲ့ မိုဘိုင်းဖုန်းတွေအတွက် အမြင့်ဆုံး SAR ကို 1.6 လို့ သတ်မှတ်ထားပါတယ်။ အဲ့ဒီထက် SAR ပိုတဲ့ မိုဘိုင်းဖုန်းများ မထုတ်ရလို့ တားမြစ်ထားတာကြောင့် Officially register လုပ်ပြီး ကမ္ဘာ အနှံ့ဖြန့်တဲ့ ဖုန်းတွေဆိုရင်တော့ စိတ်ချစွာ အသုံးပြုနိုင် ပါတယ်။
SAR ဆိုးကျိုး
SAR များရင် ဘာဖြစ်မလဲလို့ မေးကောင်းမေးချင်ပါလိမ့်မယ်။ ဟုတ်ကဲ့။ SAR တန်ဖိုး ထောင်ဂဏန်း၊ သောင်းဂဏန်းတို့ကို ဓာတ်မှန်ရိုက်တဲ့ ဓာတ်ခွဲခန်းတွေ၊ ရေဒီိယို သတ္တိကြွ ဗုံးနဲ့ လက်နက် ထုတ်တဲ့ နေရာတွေမှာ တွေ့မြင်နိုင်မှာ ဖြစ်ပါတယ်။ ဒီတော့ နေ့တိုင်း ဖုန်းသုံးနေခြင်းဟာ မိမိရဲ့ ဦးနှောက် နဲ့ ခန္ဓာကိုယ် တစ်ရှူးစများကို Electromagnetic wave စားသုံးခွင့်ပေးထားခြင်း ဖြစ်ပါတယ်။
SAR က ဘာ အကျိုးပြုသလဲ
သူ့အနေနဲ့ ဖုန်းအားနည်းရင် radiation ပိုများသလားလို့ မေးကြပါတယ်။ အဲ့ဒါတော့ မသိပါ။ ဒါပေမယ့် ဖုန်းနဲ့ ဖုန်းလိုင်း ဆက်သွယ်ရာ တာဝါတိုင်နဲ့ ဝေးလေလေ Radtion များလေလေ ဖြစ်ပါတယ်။ SAR က ဘာကို အကျိုးပြုသလဲ ဆိုတော့ ဆက်သွယ်ရေး wave ကို ပိုလို့ သန်မာစေဖို့ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ပြောရင် SAR မြင့်တဲ့ ဖုန်းတွေက နိမ့်တဲ့ဖုန်းတွေထက် များသော အားဖြင့် ဖုန်းလိုင်းဆွဲအား ကောင်းပါလိမ့်မယ်။ ဒါကြောင့်မို့ အရင်က ကီးဘုတ်ဖုန်းတွေ၊ တရုတ်ပြည်လာ ကီးဘုတ်နဲ့ အခြားသော brand လူသိနည်း ဖုန်းတွေ လိုင်းဆွဲအား ကောင်းခြင်းပါ။ ဒီတော့ SAR က 1 လို့ ဖုန်းမှာ ပါထားရင် သူ့အနေနဲ့ base station နဲ့ အရမ်းဝေးနေရင် value 1 အထိ radiation လွတ်ပြီး အဲ့ဒီထက်လွတ်ရင် လိုင်းပိုဆွဲမှာ ဖြစ်ပေမယ့် သူ့အနေနဲ့ ကျန်းမာရေးထိခိုက်မှာ ဖြစ်တာကြောင့် လိုင်း ဆွဲခွင့် မပေးတော့ ပါဘူး။ ဒါကြောင့်မို့ No

April 14, 2016

" မီးဘေးအန္တရာယ်ကာကွယ်ရန် ကြိုတင်သတိထားသင့်သည့် အချက်များ "

 
အိမ်ဆိုတာကိုယ့်ရဲ့ တန်ဖိုးအရှိဆုံးနဲ့ အဖိုးတန်ဆုံးအရာတွေ စုစည်းနေတဲ့နေရာတစ်ခုပါ။ ကိုယ်ပိုင်ဆိုင်သမျှ အရာဝတ္တုပစ္စည်း တွေထဲကမှ အရေးအကြီးဆုံးအရာ ဆိုလည်းမမှားပါဘူး။ ဒါကြောင့် ကိုယ့်အိမ်နဲ့ကိုယ့်မိသားစုကို မီးဘေးအန္တရာယ်လို အဖျက်ရယ်စွယ်တွေကနေ ကာကွယ်ဖို့ ကြိုတင်ပြင်ဆင်မှုတွေ လုပ်ဆောင်ထားသင့်ပါ တယ်။

မီးဘေးအန္တရယ်ကြောင့် အိမ်အတော်များများ ပျက်စီးခဲ့ကြရတာလည်း ကျွန်ုပ်တို့မြင်နေရ၊ ကြားနေရတာပါပဲ။ မီးလောင်မှုဆိုတာ မဆင်မခြင်ဖြစ်ကတတ်ဆန်း လုပ်ရပ်တွေ၊ ပေါ့ဆမှုတွေကြောင့် ဖြစ်ပွားတတ်ပါတယ်။ အဲဒါကြောင့်လည်း ကိုယ့်အိမ်ကိုမီးဘေး အန္တရာယ်ကကာကွယ်ဖို့ သိထားသင့်တဲ့အချက်တွေ ကိုအနည်းငယ် တင်ပြလိုပါတယ်။

၁။ မီးခိုးအာရုံခံစက်တပ်ဆင်ပါ။

ဖြစ်နိုင်ရင် အထပ်တိုင်းမှာတပ်ထားပါ။ မီးခိုးအာရုံခံစက်တွေကမီးခိုးထွက်တာနဲ့ စောစောစီးစီးအချက် ပေးနိုင်လို့ လူ့အသက်တွေ မဆုံးရှုံးရသေးခင်၊ ပစ္စည်းဥစ္စာတွေ မဆုံးရှုံးရသေးခင်မှာ မီးငြှိမ်းသတ်နိုင်ပါလိမ့်မယ်။ မီးခိုးအာရုံခံစက်မှာ ညွှန်ကြားတဲ့ အချက်အလက်တွေကိုတော့ သေချာဖတ်ရှုပါ။

၂။ မီးခိုးအာရုံခံစက်တွေကိုအမြဲစစ်ဆေးပါ။

မီးခိုးအာရုံခံစက်က ဓာတ်ခဲကို အမြဲလဲထည့်ပေးပါ။ စက်အများစုကတော့ ဓာတ်ခဲအားနည်းနေပြီဆိုရင် လဲဖို့မေ့နေမှာစိုးလို့ အချက်ပေးတတ်ကြပါတယ်။

၃။ မီးလောင်နိုင်မယ့်အရာတွေကိုအမြဲသတိထားကြည့်ပါ။

တီဗီ၊ စတူရီယိုစနစ်တွေ၊ မီးအိမ်၊ မီးချောင်းတွေနဲ့ ကွန်ပျူတာတို့လို လျှပ်စစ်ပစ္စည်းတွေက ၀ါယာကြိုး တွေပြတ်ထွက်နေတာ၊ ဖွာထွက်နေတာမျိုးတွေ ရှိ၊မရှိအမြဲစစ်ဆေးပါ။ အပူပေးစက်တွေကိုလည်း အ၀တ်အစား၊ အမျှင်ပါတဲ့အရာတွေ၊ စာအုပ်မဂ္ဂဇင်းနဲ့ သတင်းစာအဟောင်းတို့လိုမီးလောင်လွယ်တဲ့ အရာတွေနဲ့ ဘယ်တော့ မှ နီးနီးကပ်ကပ်မထားပါနဲ့။

၎။ မီးခြစ်ဆံဘူးတွေနဲ့ မီးခြစ်တွေကိုကလေးတွေ လက်လှမ်းမမီနိုင်တဲ့ နေရာမှာထားပါ။

ကလေးတွေကမီးဆိုရင် သိပ်ကိုစိတ်ဝင်စားတတ်ကြလွန်းလို့ သူတို့ရဲ့စပ်စုလိုစိတ်က အန္တရာယ်ဖြစ်စေတတ်ပါတယ်။ အဲဒါကြောင့် မီးခြစ်ဆံဘူးတွေနဲ့ မီးခြစ်တွေကို ကလေးတွေ မမြင်နိုင်တဲ့နေရာမှာထားပါ။ ဖြစ်နိုင်ရင် ဗီရိုထဲထည့်ပြီးသော့ခတ်ထားတာ အကောင်းဆုံးပါပဲ။

၅။ တစ်ခုခုချက်ပြုတ်နေပြီဆိုရင် မီးဖိုချောင်မှာလူရှိပါစေ။

မီးလောင်မှုအများစုကမီးဖိုချောင်ထဲကစတာပါ။ အဲဒါကြောင့်လည်း မီးဖိုချောင်လို မီးလောင်လွယ်တဲ့ နေရာတွေမှာ အမြဲတမ်းသတိထားနေပြီး ဂရုစိုက်တတ်တဲ့အကျင့်လေးလုပ်ပေးတာ အကောင်းဆုံးပါပဲ။

၆။ မီးလောင်ရင်အချိန်မရွေးအသုံးပြုနိုင်မယ့် အရေးပေါ်အစီအစဉ်တစ်ခုထားပါ။

မိသားစုဝင်တိုင်း မီးလောင်ရင်အရေးပေါ် အသုံးပြုလို့ရမယ့် အစီအစဉ်တစ်ခုစီ ကြိုတွေးထားသင့် ပါတယ်။ အရေးပေါ်အစီအစဉ်ကို ကြိုတွေးထားတော့ မီးလောင်ပြီဆိုတာနဲ့ ပျာယာခတ်မနေတော့ဘဲမီးထဲကအေးအေးဆေးဆေး လွတ်မြောက်နိုင်မှာ ဖြစ်ပါတယ်။ အခုလိုအရေးပေါ်အစီအစဉ်တစ်ခုစီစဉ်းစားထားတာဟာ မိသားစုဝင်တိုင်းအတွက် မီးဘေးအန္တရာယ်က လုံခြုံစေမှာပါ။

၇။ ဖယောင်းတိုင်ထွန်းရင် သတိထားပါ။

ဖယောင်းတိုင်ဆိုတာ သတိမထားမိရင် တခြားအရာတွေကိုမီးကူးလွယ်စေတဲ့အရာပါ။ ဒါကြောင့် ဖယောင်းတိုင်ထွန်းမယ်ဆိုရင် ဖယောင်းတိုင်ခွက်နဲ့ အကာအကွယ်အဖုံးကိုအသုံးပြုပြီးတော့ မီးသတ်ဆေးဘူးကိုပါဆောင်ထားပါ။

၈။ လျှပ်စစ်ပစ္စည်းတွေကိုအသုံးပြုပြီးရင် ပလပ်ဖြုတ်ပါ။

လျှပ်စစ်ပစ္စည်းတွေကိုအသုံးပြုပြီးတဲ့နောက် အချိန်အကြာကြီး ပလပ်မဖြုတ်ဘဲထားခဲ့တာဟာ မီးလောင်ဖို့အတွက်

" ကျိုးပဲ့တဲ့ လက်သည်းကို နာကျင်မှုမရှိဘဲ ပြန်ဖာနည်း " (ပြုလုပ်နည်း ဗီဒီယိုကိုလည်း ထည့်ပေးထားပါသည်)

လက်သည်းဆိုးဆေး သုံးပါက လက်သည်းကျိုးပဲ့တာမျိုး သို့မဟုတ် ပဲ့ထွက်တာမျိုးတွေ ကြုံဖူးမှာပါ။ အထူးသဖြင့် ကျိုးပဲ့ရာဟာ လက်သည်းရင်း အရေမာအရစ်နဲ့ ပိုနည်းကပ်ပြီး ဖြစ်တဲ့အခါ တကယ်နာကျင်မှု ခံစားရနိုင်ပါတယ်။ ကြည့်လို့ လည်း မလှတော့တာမျိုးပေါ့၊ စိတ်အနှောင့်အယှက်လည်း အရမ်းဖြစ်ရပြီး အကျီင်္ သို့မဟုတ် အိပ်ရာခင်းတို့လိုဟာမျိုးနဲ့ ငြိရင်တော့ လုံးဝ ကျိုးသွားနိုင်ပါတယ်။ ဒီလို လက်သည်းပြန်လည် ပြုပြင်ကုသဖို့ ရိုးရှင်းတဲ့ နည်းလမ်းတစ်ခုရှိပါတယ်။ 
လိုအပ်တာဆိုလို့ လက်ဖက်ခြောက် အိတ်ငယ်လေးတစ်ခုနဲ့ လက်သည်းကော်စေးပဲ ဖြစ်ပါတယ်။ လက်ဖက်ခြောက်အိတ်လေးကို ကျိုးပဲ့ရာ ဖုံးအုပ်နိုင်လောက်အောင် ဖြတ်ပေးပါ။ ကျိုးပဲ့တဲ့နေရာမှာ လက်သည်းကော်စေး အနည်းငယ်ထည့်ပြီး လက်ဖက်ခြောက်အိတ်အစလေးကို ဇာဂနာနဲ့ နေရာချပေးရပါမယ်။ ခြောက်ပြီဆိုတာနဲ့

" ယောက်ျားတွေဆီကနေ မိန်းမတွေ သင်ယူရမယ့် အဝှါနည်းလမ်းများ "

 
ယောက်ျားနဲ့ မိန်းမဆိုတာ ဒင်္ဂါးပြားရဲ့ မျက်နှာနှစ်ဖက်လို အကောင်းဆုံး တွဲဖက်တွေ ဖြစ်ပါတယ်။ ဆန့်ကျင်ဘက် လိင်နှစ်မျိုး ဆိုတာကြောင့် အရာရာမှာ မတူညီတာ များပါတယ်။ ဒါပေမဲ့ တစ်ယောက်ဆီကနေ တစ်ယောက်သင်ယူနိုင်မယ့် အရာတွေရှိပါတယ်။ ဒီလို အပြန်အလှန်သင်ယူနိုင်မယ်ဆိုရင် ဘဝတစ်ခု ဖြတ်သန်းဖို့အတွက် အဖိုးတန်တဲ့

" ကမ်းခြေ အလွမ်းမပြေ ခေါင်းလောင်းပန်းတစ္ဆေ "

 
အတွေ့အကြုံတစ်ခုလေးကိုပြောပြချင်ပါတယ်..အဲ့ဒါကဘာလည်းဆိုတော့သရဲခြောက်ခံရတာပေါ့နော် ကျမ ၆တန်း၊၇တန်း
 နွေရာသီကျောင်းပိတ်ရက် တစ်နှစ်နှစ်ပဲ..သေချာတော့မမှတ်မိတော့ဘူး ခုနှစ်ကို..
ကျမအမေကငွေဆောင်ကဟော်တယ်မှာတာဝန်ကျတာပေါ့နော်..နာမည်တော့ပြောပြတော့ဖူး
ပုံတော့ပေးလိုက်မယ်ရှာလို့ရသလောက်.. (သွားရင်ကို့ဘာသာရအောင်ရှာ)
ကျမလည်းနွေရာသီကျောင်းသုံးလပိတ်လို့ အမေ့ဆီကိုအလည်သွားတာပေါ့
အဲ့မှာ၂လလောက်နေခဲ့ပါတယ်..အဲ့တော့ကျမလည်းအမေ့လက်အောက်ကတပည့်တွေ အမေ့သူငယ်ချင်းတွေ
တစ်ဟော်တယ်လုံးနဲ့ရင်းနှီးနေတာပေါ့..၀န်ထမ်းလေးတွေကလည်းအားလပ်ချိန်ဆိုကျမနဲ့ဆော့ဆော့ပေးပါတယ်
ဟော်တယ်တစ်ခုလုံးကိုပတ်ပီးလျောက်ဆော့တာ..


ဟော်တယ်ရဲ့ဘန်ဂလိုလေးတွေကရှေ့ရောနောက်ရောတံခါးပေါက်နဲ့
ကော်ရစ်ဒါလေးပါပါတယ်..တစ်ထပ်အဆောက်အဦးလေးပါပဲ..ဟော်တယ်ရဲ့အဓိက
Bar,Reception,Business Centre ကအမိုးကြီး
ကြီးအောက်မှာတစ်ခုတည်းဆောက်ထားတာပါ..မျက်လုံးထဲမြင်အောင်ပြောရရင်…
ဝင်ဝင်ချင်း ဘယ်မှာ Reception ညာမှာBusiness Centre
ဆက်သွားရင် Bar ပီးရင်း ဧည့်သည်တွေအတွက် ခုံတွေကိုတောက်လျောက်ရေကူးကန်အထိခင်းကျင်းထားပါတယ်..
အဲ့Bar နားလောက်ကနေစပီး ရေကူးကန်မတိုင်ခင်အထိကို အပေါ်တစ်ထပ် ဆည်းဆာView အနေနဲ့ဆောက်ထားပါတယ်..
အဲ့အပေါ်ထပ်မှာတော့ထိုင်ခုံလေးတွေ ပန်းအိုးအလှလေးတွေနဲ့ညနေဆိုလှလို့ပလို့ ညဆိုကြောက်စရာပေါ့


အဲ့ဆည်းဆာ View ရဲ့ ပင်လယ်ဘက်ကိုမျက်နှာမူရင် ညာဘက် အလယ်နားမှာ အုန်းပင်လားထန်းပင်လားမခွဲတတ်ဘူး

" ဘယ်အချိန်ဟာ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံးလဲ "


တစ်ယောက်နဲ့ တစ်ယောက် မေတ္တာမျှတဲ့ အဆင့်ကနေ ဇနီးနဲ့ခင်ပွန်း အဖြစ်ပြောင်းလဲပစ်ဖို့ ဘယ်အချိန်ဟာ အသင့်တော် ဆုံးပါလဲ။ ချစ်သူတွေ တစ်စုံတွဲနဲ့ တစ်စုံတွဲတော့ တူကြမှာမဟုတ်ပါဘူး။ သင့်တို့အတွက် အချိန်တန်ပြီ လို့ ခံစားမိလိုက်တဲ့ အချိန်မှာ အိမ်ထောင်ပြုသင့်ပါတယ်။ အရေးကြီးတာက လူမှုပတ်ဝန်းကျင် လည်းမဟုတ်သလို၊ သင့်မိသားစုလည်း မဟုတ်ပါဘူး။ အရေးကြီးဆုံးက သင်တို့နှစ်ယောက်ပါပဲ။

သင်တို့ချစ်သူနှစ်ဦးက အရူးအမူးဖြစ်လာကြတဲ့အချိန်၊ တစ်ယောက်နဲ့တစ်ယောက် သေချာပြီဆိုတဲ့အချိန်၊ ခြေအစခေါင်းအဆုံး၊ နဖူးကအစ ခြေမအဆုံး ချစ်တတ်လာကြတဲ့အချိန် လက်ထပ်လိုက်သင့်ပါတယ်။ တစ်ဦးတည်း တစ်ဖက်သတ် ဖြစ်နေလို့တော့ မရပါဘူး။ နှစ်ဦးစလုံးဟာ ထပ်တူညီမျှလာတဲ့ တစ်နေ့ပေါ့။ သင့်ချစ်သူဟာ လူသန်းပေါင်းများစွာထဲကမှ သင့်အတွက် တစ်ဦးတည်းသောတစ်ယောက် ဖြစ်တယ်လို့၊ သူ့လိုလူ မရှိနိုင်တော့ဘူးလို့ ခံစားလာရပြီ ဆိုရင် လက်ထပ်ဖို့ အသင့်တော်ဆုံး အချိန်ပါပဲ။ မေတ္တာမျှ လို့ အဖန်ဖန် အထပ်ထပ် ချိန်းတွေ့လာခဲ့ပြီးမှ သူ့ကို မယူတော့ဘူးဆိုရင်တော့ သင့်လောက် မိုက်မဲတဲ့သူ ဒီကမ္ဘာမှာ ရှိတော့မှာ မဟုတ်ပါဘူး။

အိမ်ထောင်ပြုခြင်း ရဲ့ အဓိပ္ပါယ်ကို ကောင်းကောင်း သဘောပေါက်ဖို့ အရွယ်ရောက် ရင့်ကျက်နေပြီ၊ အိမ်ထောင်ပြုဖို့ အဆင်သင့်အခြေအနေလဲ ရှိနေပြီ၊ သင့်ချစ်သူကို အပြည့်အ၀ တာဝန်ယူဖို့သင့် နေပြီ ဆိုရင် သင့်ချစ်သူကို ငွေရေးကြေးရေးအရရော၊ စိတ်ခွန်အားပေးတာရော ထောက်ပံ့ပေးလိုက်ပါ။ အိမ်ထောင်ပြု တယ်ဆိုတာ တကယ့်ကို အပြောင်းလဲကြီးတစ်ရပ်၊ ရိုးမြေကျတဲ့အထိ သူနဲ့ သင့်ရဲ့ဘ၀ကို အေးအတူပူအမျှ ဝေငှ နေထိုင်သွားကြရမှာ ဖြစ်တယ်လို့ သင်သဘောပေါက်နားလည် ထားရမှာပါ။

သင်တို့နှစ်ယောက်သာ အသိတရားရှိတဲ့သူတွေ၊ တစ်ယောက်နဲ့တစ်ယောက် အမှန်တကယ် မေတ္တာမျှနေကြ တဲ့သူတွေဆိုရင် အပြန်အလှန် လေးစားမှုရှိပါ။ အငြင်းပွား စကားများကြတဲ့ အခါမှာလည်း လူကြီးဆန်ဆန် ဖြေရှင်းပါ၊ ရင်ဖွင့်ပါ၊ ၆နှစ်သား ကလေးတွေလို အတွေးမသိမ်ပါနဲ့။ သဘောထားမတိုက် ဆိုင်မှုဆိုတာ ဘ၀မှာ ကြုံတွေ့နေကျ အရာတစ်ခု ဖြစ်ပါတယ်။ မတွေ့ကြုံ ချင်ဘဲ ရှောင်ပုန်းလို့ရတဲ့ အရာတစ်ခုမဟုတ်ပါဘူး။ သင့်တို့နှစ်ယောက်က တစ်ဖွဲ့တည်း၊ တစ်ဘက်တည်းလေ။ တစ်ယောက်က တစ်ယောက်ထက် သာတယ် နိုင်တယ်ဆိုတာလည်း မဖြစ်ရဘူး။ ရိုးသားမှုရှိရမယ်။ ပွင့်လင်းရမယ်။ တစ်ယောက်ရဲ့ အိပ်မက်တွေ၊ ယုံကြည်ချက်ပျောက်ဆုံးမှုတွေ၊ ပြုမိတဲ့ အမှားတွေကို နောက်တစ်ယောက်က ဝေငှ
ခံစားနိုင်စွမ်း ရှိရမယ်။

အိမ်ထောင်ပြုဖို့ အဆင်သင့်ဖြစ်ပြီလား၊ အချိန်အတော်ကြာ စောင့်ခဲ့ရပြီးပြီလား။ သင့်ရဲ့ ဘ၀မှာ အလုပ်အကိုင် အတည်တကျနဲ့ အခြေတကျ ဖြစ်နေပြီလား။ ပြင်းပြတဲ့ ရည်မှန်းချက် ပန်းတိုင်တစ်ခုကိုရော သိမြင်နေပြီလား။ မိသားစုဆိုတာဖြစ်လာရင်၊ ကလေးတွေရလာရင် ဘာတွေရှိထား သိထားသင့်တယ်ဆိုတာကို သိရဲ့လား။ ပတ်ဝန်းကျင်လူအသိုင်းအ၀ိုင်းကြောင့်ပဲ ဖြစ်ဖြစ်၊ မိသားစု ဖိအားတွေကြောင့်ပဲဖြစ်ဖြစ်၊ အသက်ကြီးလာပြီလေ ဆိုတဲ့ အသိကြောင့်ပဲ ဖြစ်ဖြစ် အတင်းကြီး လုပ်ယူပြီး အိမ်ထောင်ပြုတာမျိုးလဲ မဖြစ်သင့်ပါဘူး။

အဲ့ဒီ့တော့ အိမ်ထောင်ပြုဖို့ အသင့်တော်ဆုံး အသက်အရွယ်ဆိုတာ မရှိပါဘူး။ သင်တို့ ချစ်သူနှစ်ယောက်သာ ဘယ်အချိန်ဟာ

" သင့်ကိုနာကျင်စေခဲ့တဲ့ ရည်းစားဟောင်းကို ပြန်လက်စားချေဖို့ဆို ဒီအချက် (၇)ချက်အတိုင်း ဆောင်ရွက်ရန်လို "

နောက်ထပ်တစ်ယောက်အတွက်နဲ့ ကိုယ့်ကို ထားသွားတဲ့ချစ်သူအတွက် ခံစားနေရတယ်၊ နာကျင်နေရတယ်ဆိုရင် သူ့ကို လက်စားချေဖို့ အကောင်းဆုံးနည်းလမ်းလေးတွေ ပြောပြပေးပါရစေ။ ဒီနည်းလမ်းလေးတွေက သင့်အတွက် ကောင်းကျိုးတွေ အများကြီး ဖြစ်လာစေမှာမို့ တစ်ဆင့်ပြီးတစ်ဆင့် သေချာလုပ်ဆောင်သွားဖို့သာ လိုပါတယ်။

အဆင့် (၁) - ငိုပါ။
အသည်းကွဲနေတဲ့ ဘယ်သူမဆို မချိမဆန့်ခံစားရမှာချည်းပါပဲ။ အခြားတစ်ယောက်အတွက် ကိုယ့်ကိုထားခဲ့တာဆို ပိုတောင်ဆိုးပါသေးတယ်။ ဒါ့ကြောင့် ဟန်ဆောင်နေနေမယ့်အစား အခန်းထဲမှာ စိတ်ရှိလက်ရှိငိုချစ်လိုက်ပါ။ အချစ်ဆုံးသူငယ်ချင်းကို ဒီအကြောင်းတွေ ခေါ်ပြီး ရင်ဖွင့်လိုက်ပါ။ နောက်တစ်ရက်၊ တစ်ပတ် ငိုချင်သေးရင် အ၀သာ ငိုပါ။ စိတ်ထဲ
ရှင်းသွား၊ ပေါ့သွားအောင် လုပ်ဆောင်ဖို့ အဓိကကျတာမို့ အဲ့ဒီအတွက် အချိန်ယူဖို့လိုပါတယ်။

အဆင့်(၂) - ငိုတာကိုရပ်လိုက်ပြီး အကြောမာမာ၊ အားလုံးကို ဂရုမစိုက်တော့တဲ့ မျက်နှာပေးမျိုးနဲ့ စတင်နေထိုင်ပါ။
ဒါက ဆက်စီကျပါတယ်။ သင်ခန်းစာတွေ၊ နာကျင်တွေတွေ ခံစားပြီးတဲ့နောက်မှာတာ့ သနားကမားပုံလေးနဲ့ နေနေမယ့်အစား ခပ်မာမာ ခပ်တည်တည်အထာကျတဲ့ပုံ ပြောင်းလဲပစ်ရတော့မှာပေါ့။ အထူးသဖြင့် ဒါတွေကို ကြာရှည် မခံစားတော့ဘူးဆိုတဲ့ ပုံမျိုးပါ။ ဒီလိုလုပ်တဲ့အချိန်မှာပဲ သင့်ဖုန်းထဲက ရည်းစားဟောင်းရဲ့ ဖုန်းနံပါတ်၊ ဓာတ်ပုံတွေအပြင် Social media မှာလည်း ဘလော့လုပ်ပစ်ပါ။ ပေးထားတဲ့ လက်ဆောင်တွေ စုသိမ်းပြီး လွှင့်ပစ်ပါ။ သူကိုယ့်ဘေးနား ရှိခဲ့ဖူးတယ်ဆိုတာ အားလုံး မေ့ပစ်ဖို့ပိုလွယ် သွားအောင်သင့်ဘက်က ကြိုးစားလုပ်ဆောင်ရမယ့် အချိန်ပါပဲ။

အဆင့်(၃)- သင့်ခန္ဓာကိုယ်ကို အရင်ကထက် ပိုဂရုစိုက်ပါ။
ဖြစ်သလိုနေထိုင်တာတွေ ရပ်လိုက်ပြီး အစားအသောက်ကို မှန်အောင် စားပါ။ လေ့ကျင့်ခန်းလုပ်ပါ။ စတိုင်လ်ကျအောင် နေထိုင်ပါ။ အထူးသဖြင့် ဖက်ရှင်ကျကျနေထိုင်ပါ။ အသားအရေ ထိန်းသိမ်းတာတွေ အတွက်ကတော့ စောစောအိပ်ယာဝင်၊ ရေများများသောက်တဲ့ အကျင့်လေး လုပ်ပေးပါ။ သင့်ခန္ဓာကိုယ်အချိုးအစားအတွက် အချိန်ပေးရတော့မယ်ဆိုတာ စိတ်ထဲထည့်ထားပါ။

အဆင့် (၄) - အလုပ်ကိုပိုဂရုစိုက်ပြီး ၀င်ငွေပိုတိုးအောင် ကြိုးစားပါ။
စိတ်ညစ်စရာတွေ ဖယ်ထုတ်နိုင်ဖို့အကောင်းဆုံး နည်းကတော့ အလုပ်ကို ကြိုးစားလုပ်ကိုင်ခြင်းပါပဲ။ အာရုံလွှဲစရာတစ်ခုလို့လည်း ဆိုနိုင်ပါတယ်။ သင့်ရည်းစားဟောင်းရဲ့ လုပ်ရပ်ကြောင့် မခံချင်စိတ်တွေဟာ သင့်အလုပ်ကို

April 13, 2016

" လွမ်းတတ်ပလေ မောင်လုံးချေ " (ဟာသ)

https://www.facebook.com/172542269615464/photos/a.172547616281596.1073741827.172542269615464/318316321704724/?type=1&relevant_count=1


Credit to http://www.facebookcollection.org/%E1%80%9B%E1%80%9A%E1%80%B9%E1%80%85%E1%80%9B%E1%80%AC%E1%80%99%E1%80%82%E1%81%A2%E1%80%87%E1%80%84%E1%80%B9%E1%80%B8.html?rand=14193701925341419370192534

" အဓမ္မပြုကျင့်ဖို့ ကြိုးစားတဲ့သူကို ကောင်းကောင်းကြီး ပညာပေးလိုက်တဲ့အာဂအမျိုးသမီး"

မှတ်ကရောလားဟဲ့...သေနာကောင်?? ခ်ခ်ခ်..
အဓမ္မကျင့်ဖို့ ကြိုးစားတဲ့ အမျိုးသားတစ်ယောက်ကို ဒဏ်ရာတွေပရဗွရသွားအောင် ပညာပြန်ပေးလိုက်တဲ့ အာဂအမျိုးသမီး
တစ်ယောက်ရဲ့ သတင်းကလည်း အင်္ဂလန်သတင်းမီဒီယာတွေရဲ့ စိတ်ဝင်စားမှုကို ခံခဲ့ရပါတယ်။ အဆိုပါ အမျိုးသမီးဟာ
လမ်းလျှောက်ပြန်လာစဉ်မှာ အမျိုးသားတစ်ယောက် ခြုံထဲကနေ ထွက်လာ ခဲ့ပြီး သူမကို အဓမ္မပြုကျင့်ဖို့ ကြိုးစားခဲ့ပါတယ်။
အဲဒီလူဟာ “ မင်း ပျော်စေရမှာပါ ” လို့ ပါးစပ်ကလည်းပြောသေးတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် အမျိုးသမီးဟာ သူမရဲ့
အိမ်သော့ကို လက်နက်အဖြစ်အောင်မြင်ထိရောက်စွာ အသုံးချခဲ့ပါတယ်။

အဲဒီလူဟာ မထင်မှတ်ပဲ အတိုက်ခိုက်ခံလိုက်ရပြီး မျက်နှာကို အခြစ်ခံခဲ့ရသလို “ နောက် အမျိုးသမီးတွေကို အဲဒီလို စော်
ကားဖို့မကြိုးစားနဲ့” ဆိုပြီး အမျိုးသမီးရဲ့ ပြင်းထန်တဲ့ ထိုးချက်တွေကြောင့် မျက်နှာ တစ်ခုလုံးလည်း ဖူးယောင်ဒဏ်ရာတွေ
ရခဲ့ပါတယ်။ Yorkshire တောင်ပိုင်း ရဲတပ်ဖွဲ့ တာဝန်ရှိသူတစ်ဦးကလည်း အဆိုပါ အမျိုးသမီးကို “ သင်ရဲ့ ရဲစွမ်းသတ္တိ
အဆင့်အတန်း မြင့်မားကြောင်းကို သင် ပြသနိုင်ခဲ့တယ် … ခင်ပွန်းသည်တစ်ယောက်လို အမျိုးသမီးတစ်ယောက်ရဲ့
အဖေလို ဒီမြို့မှာနေတဲ့ အမျိုးသမီးထုရဲ့ ကိုယ်စား သင့်ကို ချီးကျူးပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

အဆိုပါ ရဲအရာရှိက ဆက်လက်ပြီး “ ဒါ့အပြင် Yorkshire တောင်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ အားလုံးကိုယ်စားသင့်ရဲ့ ရဲစွမ်း
သတ္တိကို အမှတ်ရနေမှာပါ … ဒီမြို့မှာရှိတဲ့ အမျိုးသမီးတွေရဲ့ ပိုမိုလုံခြုံတဲ့နေရာတစ်ခုကို အတ္တကင်းမဲ့စွာ၊ ရဲရင့်ပြတ်သားစွာ

" သံပုရာသီးခိုးသယ်လာလို့ နယူးဇီလန်ကနေ ဟောင်ကောင်ပြန်ပို့ခံရတဲ့ အမျိုးသမီး " သြော်..ဖြစ်မှဖြစ်ရလေဟယ် ...

အမျိုးသမီးတစ်ဦးဟာ သံပုရာသီးတွေကို ဘောင်းဘီထဲမှာ ခိုးယူသယ်ဆောင်လာတာကြောင့်  နယူးဇီလန်လဆိပ်တစ်ခုမှ
 ဟောင်ကောင်ကို ပြန်ပို့ခံခဲ့ရပါတယ်။
Auckland Airport  လေဆိပ်ရှိ ဇီဝဗေဒလုံခြုံရေးဌာနရှိ အနံ့ခံခွေးတွေဟာ ဒီအမျိုးသမီး New Zealand ကို ဟောင်ကောင်ကနေ ရောက်ရှိလာချိန်မှာ အနံ့ခံသိရှိခဲ့တာဖြစ်ပါတယ်။ အမျိုးသမီးရဲ့ ဘောင်းဘီထဲက သံပုရာသီး ၆ လုံးကို တွေ့ရှိခဲ့တာဖြစ်ပြီး သူဟာ ရည်ရွယ်ချက်နဲ့ ခိုးဝှက်သယ်ဆောင်ခဲ့တာဖြစ်တယ်လို့ တာဝန်ရှိသူတွေက ဆိုပါတယ်။
 “ သူကတော့ သူ့အသည်းနဲ့ တခြားရောဂါတွေအတွက် ကောင်းတယ်ဆိုလို့ သံပုရာသီးတွေကို သယ်လာတယ်လို့ဆိုပါတယ်။ ဟုတ်ချင်လည်းဟုတ်မှာပါ။ ဒါပေမယ့် တရားမ၀င်သယ်ဆောင်လာတာကတော့ သေချာပါတယ် “ လို့ Craig Hughes က

" လူသတ်မှုကျူးလွန်ကာ လည်ချောင်းသွေးသောက်ခဲ့သူကို သေဒဏ်ချမှတ် "

 
 
By netsetaw April 7, 2016 6427

အသက်(12)အရွယ် ကလေးငယ်တစ်ယောက်ကို သတ်ကာ လည်ချောင်းကို ဖောက်ပြီး သွေးသောက်ခဲ့တဲ့ တရားခံနှစ်
ယောက်အနက် တစ်ယောက်ကို သေဒဏ်၊ အခြားတစ်ယောက်ကို နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်ခဲ့တဲ့ ဖြစ်ရပ်တစ်ခု
အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်မှာ ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်ခဲ့တဲ့ ဖြစ်စဉ်ကတော့ 1998 ခုနှစ်မှာ ဖြစ်ပေမယ့် ယခုလ
မှ သေဒဏ်နဲ့ထောင်ဒဏ်တွေ ချမှတ်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ပြစ်မှုကို ကျူးလွန်ခဲ့သူတွေကတော့ အသက် 38 နှစ်အရွယ်
Pablo Lucio Vasquez နဲ့ တူအဖြစ်တော်စပ်တဲ့ Andy Chapa တို့ ဖြစ်ပါတယ်။ ၎င်းတို့ 2 ယောက်ဟာ ပြစ်မှုကျူးလွန်
စဉ်က အသက် 20 နဲ့ 15 နှစ်အရွယ်သာ ရှိကြပါသေးတယ်။ အခင်းဖြစ်ပုံမှာ ၎င်းတို့နှစ်ယောက်ဟာ ညတစ်ညမှာ သေဆုံးသူ
 David Cardenas နဲ့အတူ အိမ်ကို ပြန်ခဲ့ကြပါတယ်။ အဲဒီညမှာ Vazquez ဟာ ကိုကင်းတွေ အဆမတန်သုံးထား
ပြီး David ရဲ့ ခေါင်းကို ရိုက်လိုက်ပါတယ်။ အဲဒီနောက် လည်ချောင်းကို ဖောက်ကာ သွေးတွေကို သောက်ခဲ့ပါတယ်။ ပြီး
တော့မှ David ရဲ့ အလာင်းကို ကွင်းပြင်ဆီ သယ်ဆောင်ခဲ့ကြပြီး ဦးခေါင်းအခွံကို ချွတ်ခြင်း၊ လက်မောင်းနဲ့ အခြားခန္ဓာ
ကိုယ်အစိပ်အပိုင်းတွေကို ဖြတ်ခြင်း၊ ကျောအရေခွံ့ကို ခွါခြင်း စတာတွေကို စိမ်ပြေနပြေ ကျူးလွန်ခဲ့ကြပါတယ်။ အဲဒီ
နောက် အလောင်းကို အလူမီနီယံပြားတွေနဲ့ အုပ်ကာ ၀ှက်ထားခဲ့ကြပါတယ်။

ရဲတပ်ဖွဲ့ဟာ Vazquez ကို ချက်ချင်း ဖမ်းမိခဲ့ပြီး လူသတ်မှုကို ကျူးလွန်ကြောင်း ၀န်ခံခဲ့ပါတယ်။ ဒါ့အပြင် လည်ချောင်း
သွေးကို သောက်ခဲ့ကြောင်းပါ ဖြောင့်ချက် ပေးခဲ့ပါတယ်။ အဲဒီနောက် Chapa ကိုပါ ဖမ်းမိခဲ့ပြီး ဆက်လက်စစ်ဆေးခဲ့ရာ
သေးဆုံးခဲ့တဲ့ David က Vazquez တောင်းဆိုတာကို မပေးခဲ့လို့ သတ်ခဲ့တာလို့ ဖြောင့်ချက် ပေးခဲ့ပါတယ်။ တရားခွင်မှာ
Vazquez က ” မိစ္ဆာတွေက သူ့ခေါင်းကို ဖြတ်ပေးဖို့ ပြောပါတယ် … ကျွန်တော့် ဦးနှောက် တစ်ခြမ်းက ဒီလုပ်ရပ်မှာ
မင်း မှားတယ်လို့ ကန့်ကွက်ပေမယ့် … ကျန်တဲ့ တစ်ခြမ်းကတော့ ဒီလုပ်ရပ်ကို မှန်တယ်လို့ ထောက်ခံပါတယ် ” လို့

" မိမိသားအရင်းကို ပြန်လက်ထပ်မယ့် အသက်(၅၁)နှစ်အရွယ် အမေဖြစ်သူ အမျိုးသမီး " သောက်ကျိုးတော့ နည်းရချေရဲ့ ..မိုးကြိုးပစ်လိမ့်မယ်

 
အမေအရင်းဖြစ်သူက မိမိရဲ့သားကိုပြန်ယူမယ့် သတင်းဟာ The New Day သတင်းစာရဲ့ခေါင်းကြီးပိုင်းမှာ အများ
အံသြသင့်ဖွယ်ရာပါလာခဲ့ပါတယ်။ အသက်၅၁နှစ်အရွယ် Kim Westလို့ အမည်ရသူ အမျိုးသမီးဟာ သူရဲ့သား
အသက် ၃၂နှစ်အရွယ် Ben Fordနဲ့ ချစ်ကြိုက်နေခဲ့ပါတယ်။

ဒီအမျိုးသမီးကြီးဟာ သူရဲ့သားBenကို မွေးပြီး၁ပတ်အကြာမှာပဲ မွေးစားဖို့ စွန့်ပစ်ခဲ့ပါတယ်။ အဲ့ဒိနောက်ပိုင်းသားနဲ့
အဆက်အသွယ်ပြတ်သွားခဲ့ပါတယ်။ နောက်ပိုင်းမှအဆက်အသွယ်ပြန်ရတာဖြစ်ပြီး သားဖြစ်သူက အမေရိကန်နိုင်ငံ
ကနေ အင်္ဂလန်နိုင်ငံကအမေဆီကို စာပို့ခဲ့ပါတယ်။

ဒီအမျိုးသမီးကြီးဟာ The New Day သတင်းစာကို သူတို့ရဲ့ Sex Lifeအကြောင်းကိုပါ မရှက်မကြောက်ဖွင့်ပြော
ခဲ့ပါတယ်။ ပြီးတော့ မကြာမီလက်ထပ်ပြီး ကလေးတစ်ယောက်ယူတော့မှာ ဖြစ်ကြောင်းလည်းပြောဆိုခဲ့ပါတယ်။
သူတို့၂ယောက်ဟာ ဖူးစာပါလာသူတွေ ဖြစ်ကြောင်းလည်းဆိုခဲ့ပါတယ်။ သူမက လူတွေဟာ သူတို့ချစ်ရသူ၂ဦး
အကြောင်းကို  မနာလိုပုတ်ခတ်ပြောဆိုမှာကိုသိပေမယ့် အဲ့ဒိအတွက် တိုက်ပွဲဝင်သွားမယ်လို့လည်း ဆိုခဲ့ပါတယ်။

တကယ်တော့ Benဟာ သူ့အမေကို လှမ်းပြီးစာပို့တဲ့အချိန်မျာ Victoria ဆိုသူအမျိုးသမီးနဲ့ အိမ်ထောင်ကျနေခဲ့
တာပါ။ နောက်ပိုင်းမှာတော့ Benဟာ အမေနဲ့အတူနေရဖို့ ဇနီးဖြစ်သူနဲ့ ကွာရှင်းခဲ့ပါတယ်။ လန်ဒန်မြို့ကIslington
မှာနေထိုင်သူ အိမ်တွင်းဒီဇိုင်းပညာရှင်ဖြစ်တဲ့ Kimဟာ သူမရဲ့သားအပေါ်ကို အိမ်မက်တွေမက်ပြီး စစွဲလမ်းခဲ့တယ်
လို့ဆိုပါတယ်။ သူမရဲ့ခံစားချက်တွေကိုသံသယရှိလာပြီး googleမှာ ရှာကြည့်ခဲ့တယ်လို့ဆိုပါတယ်။ သူမဟာအင်
တာနက်မှာရှာရင် GSA (Genetic Sexual Attraction ဆွေမျိုးသားချင်းများမတွေ့တာကြာပြီး အရွယ်ရောက်

" မိမိကျန်းမာရေးကို မိမိဘာသာ တစ်မိနစ်အတွင်း စစ်ဆေးနိုင်မည့် နည်းလမ်းများ "

-အောက်ဖော်ပြပါ နည်းလမ်းတွေက ငွေကုန်ကြေးကျ မရှိဘဲ အိမ်မှာ မိမိဘာသာ အလွယ်တကူ စစ်ဆေးနိုင်တဲ့ နည်းလမ်းတွေပါ။ အချိန်ကလည်း စက္ကန့် ၆၀ သာ ကြာမြင့်မှာမို့ လူတိုင်း လုပ်ကြည့်သင့်ပါတယ်။
၁။ အမြင်စွမ်းအားကို စစ်ဆေးရန် ပြတင်းပေါက်ဘောင်ကို အသုံးပြုပါ
#လုပ်ကြည့်ပါ
သင်ရဲ့ အခန်းတစ်ဖက်နံရံမှာရှိတဲ့ ပြတင်းပေါက်ဘောင်ကို ကြည့်ရမှာ ဖြစ်ပါတယ်။ ဘယ်ဘက်မျက်လုံးကို သင့်လက်ဝါးနဲ့ စက္ကန့် ၃၀ ခန့်ပိတ်ပြီး ညာဘက်မျက်လုံးနဲ့ ပြတင်းပေါက်ဘောင်တွေကို ကြည့်ပါ။ ပြီးရင် ဘယ်ဘက်မျက်လုံးအတွက် ညာဘက် မျက်လုံးကို ပိတ်ပြီး စစ်ဆေးပါ။
#ရလဒ်
သင်ဟာ ပြတင်းပေါက်ဘောင်ကို ဒေါင်လိုက်အစွန်းနဲ့ အလျားလိုက်အစွန်းတွေကို မြင်ရမှာ ဖြစ်ပါတယ်။ အကယ်၍ ဘောင်တွေက မညီမညာဖြစ်တာ၊ လှိုင်းတွန့်လို ဖြစ်နေတာ၊ လိုင်းတွေ ၀ါးနေတာ၊ ဘောင်တချို့နေရာ ပျောက်နေတာတွေကို မြင်နေရရင် သင့်မျက်စိမှာ မက်ကျူလာချို့ယွင်းချက်ရှိနေပါပြီ။ မက်ကျူလာချို့ယွင်းချက်က အစိုနဲ့ အခြောက် ဆိုပြီး နှစ်မျိုးခွဲခြားထားပါတယ်။ အစိုအမျိုးအစားက မြင်လွှာအောက်က သွေးကြောငယ်တွေ ယိုစိမ့်မှု ဖြစ်တာကြောင့် မက်ကျူလာ ပျက်စီးသွားတဲ့အခြေအနေပါ။ အခြောက်အမျိုးအစားက မက်ကျူလာနေရာမှာ မလိုအပ်တဲ့ စွန့်ပစ်ပစ္စည်းတွေ စုပုံနေတဲ့အခြေအနေပါ။ အသက် ၅၀ ကျော်သူတွေမှာ မက်ကျူလာ ချို့ယွင်းချက်က အဖြစ်များပြီး အမြင်အာရုံ ဆုံးရှုံးတဲ့အထိ ဖြစ်နိုင်ပါတယ်။ သင်ဟာ မက်ကျူလာ ချို့ယွင်းချက်ဖြစ်နိုင်ခြေများသူဖြစ်ရင် ဒီစစ်ဆေးမှု ပြုလုပ်အပြီးမှာ ရောဂါဖြစ်မယ်လို့ သံသယ၀င်နေရင် ၂၄ နာရီအတွင်း ဆရာဝန်နဲ့ ပြပါ။ အစိုအမျိုးအစား မက်ကျူလာ ချို့ယွင်းချက်ကို စောစောစီးစီးတွေ့ရှိပြီး လေဆာနဲ့ ကုသမှုခံယူရင် အောင်မြင်မှု အလွန်ကောင်းမွန်တာကြောင့်ပါ။
၂။ ခံတွင်းအနံ့ဆိုးအတွက် စစ်ဆေးရန် ဇွန်းကို အသုံးပြုပါ

#လုပ်ကြည့်ပါ

ဇွန်းတစ်ချောင်းရဲ့ ဇောင်းနဲ့ လျှာထိပ်ကနေ လျှာနောက်ရောက်တဲ့အထိ ခြစ်ချပြီး အဲဒီဇွန်းကို ပလတ်စတစ်အိတ်ထဲထည့်ကာ တောက်ပတဲ့မီးအိမ်အောက်မှာ တစ်မိနစ်ခန့် ထားထားပါ။
#ရလဒ်
ကျန်းမာတဲ့လျှာတစ်ခုပေါ်က ခြစ်ထုတ်ထားတဲ့ ဇွန်းဖင်က ကြည်လင်နေရပါမယ်။ အကယ်၍ ဇွန်းဖင်ပေါ်မှာ အရောင်ရှိနေတာ ဒါမှမဟုတ် အနံ့ဆိုးထွက်နေတာ ဒါမှမဟုတ် မကြည်လင်ဘဲ ထူထပ်နေတာတွေရှိနေရင် အသက်ရှူစနစ်၊ အသည်း၊ ကျောက်ကပ်၊ ဟော်မုန်း ဒါမှမဟုတ် အူအတွင်းမှာ ကျန်းမာရေး ပြဿနာရှိနေတဲ့ လက္ခဏာပါ။ လျှာအနောက်ဘက်မှာရှိတဲ့ ဘက်တီးရီးယားပိုးမွှားတွေက မီးရောင်အပူအောက်မှာ အလွယ်တကူ ပွားများနိုင်တာကြောင့်ပါ။
ဇွန်းက သစ်သီးနံ့ရနေရင် ဆီးချိုရောဂါရှိတဲ့ လက္ခဏာပါ။ ခန္ဓာကိုယ်က စွမ်းအင်အတွက် အဆီကို လောင်ကျွမ်းရတာကြောင့်

April 12, 2016

" ချွဲ၊ သလိပ် နှာရည်တို့ အလွယ်တကူ ပျော်စေရန် "

ချောင်းဆိုးခြင်း၊ အအေးပတ်ခြင်းတို့ဟာ အပယိက ဖျားနာမှု ဆိုပေမဲ့ ကိုယ်လက်မအီမသာ နှင့် စိတ်အနှောက်အယှက် ဖြစ်စေပါတယ်။ နေ့ဖက်မှာတော့ အဆင်ပြေအောင် သီးခံနေနိုင်ပေမဲ့ ညဖက်ကျရင်တော့ အဆင်မပြေတော့ပါဖူး။ အထူးသဖြင့် အလုပ်လုပ်ပြီး ပင်ပန်းနွမ်းနယ် လာတဲ့ အချိန်တွေဆိုရင် ပိုလို့တောင် ဆိုးပါတယ်။

များသောအားဖြင့် ကလေးငယ်တွေမှာ ရောဂါပိုးမွားတွေကို ခုခံတိုက်ခိုက်ဖို့ ကိုယ်ခံစွမ်းအား မလုံလောက်ချိန်မှာ အအေးပတ်ခြင်း၊ တုပ်ကွေး စသည်တို့ ဖြစ်တတ်ကြပါတယ်။

အအေးပတ် ချောင်းဆိုးချိန်မှာ ချောင်းဆိုးပျောက် ဆေးရည်က အသင့်တော်ဆုံးလို့ ထင်ကြတယ်။ ဒီဆေးရည်ရဲ့ အဓိကလုပ်ဆောင်ချက်က ဦးနှောက်ကို ပို့လွတ်ပေးမဲ့ ချောင်းဆိုးစေဖို့ အချက်ပြခြင်းကို မပို့လွတ်နိုင်အောင် ထိန်းချုပ်ပေးခြင်း ဖြစ်ပါတယ်။

သူ့မှာအဓိက ပါဝင်တဲ့ Codeine နှင့် Dextromethorphan နှစ်မျိုးက အိပ်ချင်စိတ်ကို ဖြစ်ပေါ်စေပြီး မလိုအပ်တဲ့ အကျိုးသက်ရောက်မှု တွေဖြစ်တဲ့ အိပ်ငိုက်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် နှလုံးနှင့် ပက်သက်သော လုပ်ဆောင်မှုတွေ မြန်ဆန်လာခြင်းတို့ ဖြစ်တတ်ပါတယ်။

ဒါကြောင့်မို့ ချွဲ၊ သလိပ်၊ နှပ် နှာရည်တို့ကို အလွယ်တကူနဲ့ မလိုလားအပ်တဲ့ ဆိုးကျိုးများ မရရှိစေပဲ ဖယ်ရှားနိုင်မဲ့ နည်းလမ်းအတွက် လိုအပ်သည်များကတော့
ပျားရည်
သံလွင်ဆီ
ချည်ကျဲကျဲ ရက်ထားသော ပိတ်ပါးစ သို့မဟုတ် ပတ်တီးစ

" ၀လာရင် မေးအောက် အဆီတွေစုလာပြီး မေးနှစ်ထပ်ဖြစ်လာရင် ဖြေရှင်းနည်းလေး " ( ပြုလုပ်နည်း ဗီဒီယိုပါ တင်ပေးထားပါတယ်)

 
ဝလာရင် မေးအောက်မှာပါအဆီတွေစုလာပြီး မေးနှစ်ထပ်ဖြစ်လာတတ်လို့ အံ့သြလောက်အောင်လွယ်ကူထိရောက်တဲ့ နည်းလမ်းလေးတွေဝေမျှလိုက်ပါတယ် ။

နည်း ၁ !
ပါးစပ်ကိုကျယ်နိုင်သမျှ ကျယ်ကျယ်ဟကာ လျှာကို အောက်ကိုရှည်နိုင်သမျှ ရှည်ရှည်ထုတ်ပါ ။ ၁ မှ ၁၀ ထိရေကာထုတ်ထားပါ ။ ပြီးလျှင် ၁၀ခေါက်ကျော့ပေးပါ ။

နည်း ၂ !
ကြမ်းပြင်ထက်အတန်ငယ်မြင့်သော အိပ်ရာ သို့မဟုတ် ဆိုဖာပေါ်တွင် ပက်လက်လှဲကာ ခေါင်းကို အစွန်းဖက်တွင်လွှတ်ပြီး လှန်ထားပေးပါ ။ ခေါင်းကိုလှန်ထားရာမှ ရင်ညွန့်နှင့်မေးစေ့ထိအောင် ပြန်ငုံ့ပေးပါ ။ ၁၀ထိရေကာ မူလအတိုင်းပြန်နေပါ ။ ၁၀ခေါက်ကျော့ပေးပါ ။

နည်း ၃ !
လျှာကိုအပြားလိုက်အပေါ်ဘက် အာခေါင်နံရံတွင် ကပ်ကာ ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်ဟပေးပါ ။ ၁၀ထိရေကာ

" အိမ်ထောင်ပြုတော့မည့် သမီးဖြစ်သူကို အမေက ပြောဆိုဆုံးမ နေသည် ..."


သမီး……
သူ့ကို ချစ်လို့ ယူတာပဲဖြစ်ဖြစ်
မိဘချင်း သဘောတူပေးစားလို
့ ယူတာပဲဖြစ်ဖြစ်
သူဟာ ကိုယ့်ရဲ့ အိမ်ထောင်ဦးစီးတယောက်ပါ
တနည်းပြောရရင် ကိုယ့်ရဲ့ ယုံကြည်အားကိုးရာ အိမ်ဦးနတ်ပေါ့။

သမီး……
အိမ်ဦးနတ် ဆိုမှတော့ ကိုယ်က သူ့ကို ယုံယုံကြည်ကြည် လေးလေးစားစား မြတ်မြတ်နိုးနိုး စွာနဲ့ ဆက်ဆံပါမှ
ကိုယ်လည်း သူ့ရဲ့ ဂရုစိုက် ၊ အလေးပေးမှုကို ခံရတယ်။

သမီး……
ယောက်ျား ကို နိုင်(ထိန်းနိုင်သည်)တာ ကောင်းပါတယ်
ဒါပေမယ့် မနိုင်စားပါနဲ့
သူ့ကို နိုင်စားရင် သား၊သမီးတွေကပါ လိုက်ပြီး မလေးမစား ဆက်ဆံပါလိမ့်မယ်
မိန်းမ နိုင်စားတာခံနေရတဲ့ အိမ်ထောင်ဦးစီးဟာ
ဘယ်တော့မှ မကြီးပွားမတိုးတက်နိုင်ပါဘူး။

သမီး……
ယောက်ျား မကောင်း လို့ ဆိုပြီး ဘဝ ကိုမငြို ငြင်ပါနဲ့
ယောက်ျားကောင်း ဆိုတာ မိန်းမတွေ နောက်ကွယ်ကနေ
မသိမသာ ထိန်းကျောင်းပုံသွင်းရင်းနဲ့ ဖြစ်လာတာပါ။

သမီး……
ယောက်ျား ဆိုတာ မိသားစုအတွက် ဂုဏ်သိက္ခာ၊ မျက်နှာနဲ့ အပြင်မှာ

" ငွေသုံးနည်း 70/30 စည်းမျဉ်း "

 
ဘာလို့ အလုပ်ပဲ အမြဲလုပ်နေရပြီး ကံတရားကမျက်နှာသာမပေးသေးတာလဲ။ချမ်းသာဖို့ အလုပ်လုပ်နေတာကွ။
ရှာသမျှပိုက်ဆံက ဘာလို့ခဏနဲ့ကုန်သွားရတာလဲလို့ရော တွေးဖူးပါသလား။တွေးဖူးတဲ့သူတွေအတွက် ချမ်းသာဖို့ ငွေကို အကျိုးရှိစွာ အသုံးပြုနည်းလေးဝေမျှပါရစေ။
70/30စည်းမျဉ်းလို့ခေါ်ပါတယ်။

အလုပ်အတွက် လိုအပ်တဲ့အခွန်အခတွေ ကုန်ကျစရိတ်တွေအတွက် သုံးပြီးကျန်တဲ့ငွေ(အမြတ်ငွေ)ရဲ့ 70%နဲ့ ကိုယ့်အတွက် လိုအပ်တဲ့ အသုံးအဆောင်တွေ ဇိမ်ခံပစ္စည်းတွေကို သုံးစွဲပါ။ဒါဆိုကျန်တဲ့30%ကို ဘာလုပ်မလဲလို့ ပြန်မေးပါလိမ့်မယ်။အောက်ဖော်ပြပါနည်းလမ်းတွေနဲ့ သုံးစွဲပါလို့ ဖြေပါရစေ။

၁။ လှူဒါန်းပါ။
မသုံးရမယ့် ငွေ30%ထဲက သုံးပုံတစ်ပုံကို လှူဒါန်းလိုက်ပါ။လှူဒါန်းတယ်ဆိုတာက အကူအညီလိုနေတဲ့သူတွေကို အကူအညီပေးလိုက်တာပါ။ဝင်ငွေရဲ့10%လောက်ကတော့ လှူဒါန်းသင့်တယ်လို့ ထင်မိပါတယ်။ဝင်ငွေနည်းနေချိန်ကတည်းက လှူဒါန်းတဲ့အကျင့်ကို လုပ်ထားသင့်ပါတယ်။ငွေများမှ 10%ကို လှူမယ်ဆိုရင် လက်တွန့်သွားမှာ အသေအချာဖြစ်နေတာမို့လို့ပါ။

၂။ ရင်းနှီးမြှုပ်နှံပါ။
နောက်ထပ်၃ပုံတစ်ပုံကိုတော့ ချမ်းသာဖို့ လုပ်ငန်းတစ်ခုအနေနဲ့ စတင်လိုက်ပါ။အချိန်ပိုင်းအနေနဲ့ပဲဖြစ်ဖြစ်ပေါ့
အဲ့ဒီငွေနဲ့ လုပ်ငန်းစဖို့ လိုအပ်တာတွေဝယ်ပါ။တပ်ဆင်ပါ။ရောင်းချလိုက်ပါ။ဘယ်လိုလုပ်ငန်းတွေ လုပ်ရမလဲဆိုတဲ့ မေးခွန်းပြန်မေးလာရင်တော့ စိတ်ကူးတွေကို ဖြန့်ကျက်လိုက်ပါလို့ပဲ ဖြေချင်ပါတယ်။ကိုယ်အလုပ်မှာ ကျွမ်းကျင်ခဲ့တဲ့ပညာရပ်တစ်ခုခုဖြစ်ဖြစ် ဝါသနာပါတဲ့အရာတစ်ခုခုကနေဖြစ်ဖြစ်ကနေ ကိုယ့်အတွက် အမြတ်အစွန်းရနိုင်မယ့်

" နားလည်မှ ချစ်ပါ ….."

 
သင့်ကို နားလည်မှု ပေးနိုင်သူတစ်ယောက်က အချင်းချင်း စိတ်လက်
ချမ်းသာစေတဲ့အချစ်ကို သယ်ဆောင်ပေး လာနိုင်သတဲ့။ သင့်ကို နားလည်မှု
မပေးနိုင်သူတစ်ယောက်က နောက်ဆုံးမှာ သင့်ကိုဆင်ခြေတွေးတောစရာ
တစ်ခုပေးပါသတဲ့။ အဲဒီတွေးတောစရာက ” လူ့ဘဝမှာ ” နားလည်မှုရှိတာ ” ဟာ ”
ချစ်တာ ” ထက် ပိုအရေးပါတယ် ” ဆိုတာပဲဖြစ်တယ်။

” အချစ် ” ရဲ့ အမြင့်ဆုံးအဆင့်က ” နားလည်မှု ” ဖြစ်တယ်။
” နားလည်တာလား ! ချစ်တာလား ! ” ဆိုတာကို လူတွေက ရွေးချယ်မှုပုစ္ဆာအဖြင့်
သဘောထားပြီး လူအများက ” ချစ်တယ် ” ဆိုတာကို ရွေးချယ်တတ်ကြတယ်။
နားလည်တာထက် ချစ်ရတာဟာ လူကို ပိုကြည်နူးစေတယ်လို့ သူတို့ထင်ကြလို့
ဖြစ်တယ်။

တကယ်တမ်းတော့ ဒီလိုမဟုတ်ခဲ့ပါဘူး…
မကြာခဏမြင်တွေ့နေရတဲ့ မပျော်ရွှင်တဲ့ ချစ်သူရည်းစားတွေ၊
လမ်းခွဲပြတ်စဲသွားကြတဲ့ ချစ်သူရည်းစားတွေဟာ အချင်းချင်း
မချစ်ကြလို့မဟုတ်ဘူး။ အချင်းချင်း နားလည်မှု မပေးနိုင်ကြလို့ ဖြစ်တယ်။
လူ့လောကထဲမှာ အချင်းချင်း နာကျင်အောင် ညှင်းပန်းနှိပ်စက်နေကြတဲ့
ယောက်ျားမိန်းမ၊ ချစ်သူစုံတွဲတွေဟာ မချစ်ကြလို့မဟုတ် ဘူး။ နားလည်မှု
မရှိကြလို့ ဖြစ်တယ်။

ချစ်သူဖြစ်ချိန်မှာ မိန်းကလေးတွေက ယောက်ျားလေးတွေကို နားလည်မှု
ပေးနိုင်တယ်လို့ သူတို့ကိုယ်သူတို့ ထင်ခဲ့ကြတယ်။ အသဲကွဲ
လမ်းခွဲချိန်ရောက်မှ အရင်က နားလည်ခဲ့တဲ့ ” နားလည်မှုတွေ ” ဟာ ” နားလည်မှု

" မြွေဟောက်ကိုက်ပေမယ့် သီချင်းပြီးသည်အထိ ဖျော်ဖြေပြီး အသက်ဆုံးရှုံးသွားသော အဆိုတော် "

 
အင်ဒိုနီးရှားနိုင်ငံ အနောက်ဂျာဗားက ဖျော်ဖြေပွဲတခုမှာ အမျိုးသမီး အဆိုတော်တဦးဟာ ဖျော်ဖြေနေစဉ် မြွေဟောက်ကိုက်ခံရပေမယ့် သီချင်းပြီးဆုံးအောင် သီဆိုပြီးနောက် အသက်ဆုံးရှုံးသွားပါတယ်။

ဧပြီ ၃ ရက်က မြွေတွေနဲ့ ကပြရာမှာ နာမည်ကြီးတဲ့ အိုင်မာဘူလီက သီဆိုဖျော်ဖြေဖို့ အဆိပ်မထုတ်ထားတဲ့ မြွေဟောက်ဘုရင်ကို ခေါ်ဆောင်ခဲ့ပါတယ်။

ဖျော်ဖြေနေစဉ်မှာ မြွေရဲ့ အမြီးကို နင်းမိပြီး မြွေက အိုင်မာရဲ့ ပေါင်ကို ကိုက်ခဲ့တယ်လို့ အင်ဒိုနီးရှား

April 11, 2016

" အပျိုလေးတွေ မသိပါဘူး ..မနေ့ညက တစ်ညလုံးမအိပ်ရဘူးဟာ သက်လား.."

ဟင်… ဒီလောက်တောင်လား!!!  ..ခ်ခ်ခ်ခ်ခ်ခ် ..ဟိဟိဟိဟိ
ပူပူနွေးနွေး မင်္ဂလာဆောင်ပြီးကာစ ကောင်မလေးကို သူ့သူငယ်ချင်း အပျိုမတစ်သိုက်က တိုးတိုးတိတ်တိတ်မေးသည်။

"ဟဲ့… နင့်မှာ မျက်တွင်းတွေကိုကျလို့ တစ်ညလုံးမအိပ်ဘူးလား??? မင်္ဂလာဦးည အတွေ့အကြုံလေး ငါတို့သိရအောင်ပြောပြပါလား?"

"တော်ပါပြီဟာ မပြောချင်ပါဘူး"
"ပြောပါဟာ နင်ကလည်း ငါတို့တွေဗဟုသုတရတာပေါ့"

"အို… ကိုယ့်အကြောင်းကိုယ်ပြောရမှာ ရှက်စရာကြီး"

"ပြောပါဟာ နင်ကလည်း… အချင်းချင်းတွေပဲဟာ"

" ယောက်ျားလေးများအတွက် နွေရာသီ အထူး ဖက်ရှင်လေးများ "

 


" ကျိုက်ထိုမြို့တွင် လိင်တူချင်း မင်္ဂလာဆောင် သဖြင့် မြို့ခံအချို့ မကျေနပ် "

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် လိင်တူ အမျိုးသားချင်း လက်ထပ် ထိမ်းမြားသည့် မင်္ဂလာ ဧည့်ခံပွဲကို နိုဝင်ဘာ ၁၈ ရက်က မော်လမြိုင်မြို့ ရှိ စားသောက်ဆိုင် တစ်ခုတွင် ကျင်း ပပြုလုပ် ခဲ့ရာ မြို့ခံအချို့က မကျေနပ် ကြကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ ဆိပ် ကမ်းသာ လမ်းနေ အသက် ၁၉ နှစ် အရွယ် အမျိုးသား တစ်ဦးနှင့် ကျိုက် ထိုမြို့ ဗိုလ်ချုပ်လမ်းနေ ဆံပင်၊ မိတ်ကပ် အလှပြင် လုပ်ငန်း လုပ်ကိုင်သူ အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ဦးတို့မှ လိင်တူချင်း မင်္ဂလာ ဆောင် ဧည့်ခံပွဲ ကျင်းပပြု လုပ်ခဲ့ရာ နှစ်ဖက် မိဘဆွေမျိုး သားချင်းများ တက်ရောက်ခြင်း မရှိဘဲ ၄င်းတို့၏ မိတ်ဆွေ သူငယ်ချင်း များသာ တက် ရောက် ခဲ့ကြောင်းနှင့် ယင်း မင်္ဂလာပွဲ သို့ သတင်း မီဒီယာများ လာရောက် သတင်း ယူသည်ကို သိရှိသောအခါ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနား စောစီး စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့် အရေးကော် မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က "ဒါမျိုး လိင်တူချင်း မင်္ဂလာဆောင် တာ ကျွန်တော် တို့နိုင်ငံမှာ လက်မခံ တာ မဟုတ်ပါဘူး။ နိုင်ငံတကာ မှာ လည်း လက်ခံတဲ့သူ နည်းပါတယ်။ မြန်မာနိုင်ငံ မှာလည်း လိင်တူချင်း ချစ် တဲ့သူတွေ အတွက် လက်ခံ ထားတဲ့ ဘောင်လေးတော့ ရှိပါတယ်။ ဒီ ဘောင် ကိုကျော်ရင်တော့ မကောင်း ဘူးပေါ့ဗျာ။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံအရ နေထိုင်ပြီး အများပြည် သူ တွေ စိတ် အနှောင့် အယှက် မဖြစ် အောင် နေ ထိုင်သင့် ပါတယ်"ဟု ၄င်းက ပြောသည်။

လူ့အခွင့် အရေးအား အကြောင်း ပြကာ လိင်တူ အချင်းချင်း လူသိရှင် ကြား လက်ထပ် ထိမ်းမြားခြင်းသည် မြန်မာ့ ဓလေ့ထုံးစံ အရ လက်ခံစရာ အကြောင်း မရှိကြောင်း ကျိုက်ထိုမြို့ နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
"လိင်တူချင်း တိုးတိုးတိတ်တိတ် အတူနေတာ ပြောစရာ မရှိပေမယ့် လူသိရှင်ကြား အခမ်းအနား လုပ်တာ မျိုးက မဖြစ် သင့်ပါဘူး"ဟု ၄င်းက ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၇ တွင် ဓမ္မတာနှင့် ဆန့်ကျင်သည့် ပြစ် ဒဏ် ချမှတ်နိုင်သော်လည်း လိင်တူ ချင်း မင်္ဂလာ အခမ်းအနား ကျင်းပခြင်း နှင့် အကျုံး မ၀င်ကြောင်းနှင့် ပုဒ်မ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ တရားစွဲ ရန် တရားလို ရှိရန်

" ပိုမို လှပ ကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ် "

 ပိုမို လှပ ကျန်းမာစေမည့် ရိုးရှင်းသော နည်းလမ်း ၁၂ သွယ်

နှလုံးရောဂါနဲ့ ကင်ဆာရောဂါ ဖြစ်နှုန်းကို လျှော့ချ ပေးနိုင်ခြင်း၊ အရေပြား ကျန်းမာစေခြင်း စတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်သလိုပဲ အောက်ပါ နည်းလမ်း လေးတွေကို နေ့စဉ် ဘဝထဲ ထည့်ပေါင်း ပေးတာက သင့်ကို ပိုမိုကျန်းမာ လှပနေစေမှာပါ။

၁။ ရာသီဥတု အခြေအနေကို ကြည့်ပြီး အဝတ်အစားကို ဝတ်ဆင်ပါ။ သင့်အတွက် မလိုအပ်တော့တဲ့ အဝတ်အစား တွေကို ရွေးချယ်ပြီး သီးသန့်ခွဲလိုက်ပါ။ ဒါမှမဟုတ် လက်ဆောင် ပေးလိုက်ပါ။
၂။ ခန္ဓာကိုယ်နဲ့ အံဝင်ခွင်ကျ ဖြစ်စေမယ့် အဝတ်အစား မျိုးကို ဝတ်ဆင်ပေးပါ။ ဒါမှ သင့်ခန္ဓာကိုယ်ရဲ့ ပုံစံကို သင်သတိ ထားမိနိုင်မှာပါ။

၃။ ဈေးဝယ် ထွက်ချိန်မျိုးနဲ့ အလည်အပတ် သွားချိန်မျိုးမှာ ပေါ့ပါး လွတ်လပ်တဲ့ အဝတ်အစားမျိုး တွေကိုသာ ဝတ်ဆင်ပါ။

၎။ ကလေးငယ်တွေနဲ့ အတူ နာရီဝက်လောက် ကစားပါ။ စက်ဘီးအတူ စီးတာမျိုး၊ ဘောလုံး ကစားတာမျိုးပါ။

၅။ အလုပ်အသွား အလုပ်ပြန် ငါးမိနစ်လောက်တော့ လမ်းလျှောက် သွားပါ။ လှေကားထစ် တွေကို လမ်းလျှောက် တက်ပါ။ အလျင်မလိုရင် ဓာတ်လှေကား မသုံးပါနဲ့။

၆။ သုံးလက်မလောက် ဒေါက်မြင့်ကိုသာ စီးပါ။ အရမ်းမြင့်တဲ့ ဖိနပ်ကို ရံဖန်ရံခါ မှသာ စီးပါ။

၇။ ကမ်းခြေလို နေရာမျိုးကို ခရီးထွက်ပါ။ ဒါမှမဟုတ် လယ်ကွင်းလို နေရာမျိုး တွေမှာ လေရှူပါ။

၈။လေးလံတဲ့ ပစ္စည်းတွေ ထည့်ထားတဲ့ အိတ်တွေကို လက်နဲ့ ဆွဲမယ့်အစား လက်နှစ်ဖက်နဲ့ ရှေ့မှာပိုက်ပြီး သယ်ပါ။

၉။ ဘာလေ့ကျင့်ခန်းမှ မလုပ်နိုင်ရင်တောင် အလေးမရာမှာ သုံးတဲ့ ဝိတ်တုံး တစ်တုံးလောက် ဝယ်ထားပါ။ အနည်းဆုံးတော့
Subscribe

လာလည်သူများ

free counters