♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 15, 2016

" ပါးစပ်က ထုတ်မပြောပေမဲ့ မိန်းကလေးတွေ အလိုရှိသော အရာ "

 
တခါတလေမှာ မပြောဘဲ သိနေသင့်တဲ့ အရာတွေကို ပါးစပ်ကနေ ထုတ်ပြောလိုက်ရတဲ့အတွက် တန်ဖိုးကျသွားတာတွေ ရှိပါတယ်။ ပြောမှလုပ်တာထက် အလိုလို နားလည်ပေးတဲ့ စိတ်နဲ့ ပြုလုပ်ပေးတဲ့ အရာကို လူတွေက ပိုအလေးထားတတ်ပါတယ်။ မိန်းကလေးတစ်ယောက်က သူ့ချစ်သူအပေါ်ကို ယုယကြင်နာမှုပေးသလို သူ့ဘက်ကလည်း ပြန်ပြီး ယုယခံချင်ပါတယ်။ မိန်းကလေးတစ်ယောက် နှုတ်က ကိုယ်တိုင် ဖွင့်မပြောပေမဲ့ တောင့်တနေတဲ့ အရာတွေ ရှိပါတယ်။
 
သူ့ကို ရမ္မက်ပြင်းတဲ့ အချစ်တွေနဲ့နမ်းတာထက် သူ့နဖူးလေးကို တယုတယနဲ့ ကြင်ကြင်နာနာ အနမ်းခြွေတာကို မိန်းကလေးတိုင်း လိုချင်ကြပါတယ်။ ရမ္မက်နဲ့ ဆန္ဒက တဒင်္ဂသာယာမှုအတွက် လုံလောက်ပေမဲ့ တစ်ဘဝစာ ချစ်ခြင်းမေတ္တာမှာတော့ ဖြူစင်တဲ့ နွေးထွေးမှုလေးတွေ ရှိဖို့လိုပါတယ်။ မိန်းကလေးတစ်ယောက်က သူ့ချစ်သူကပေးတဲ့ အံ့သြစရာတွေကို မျှော်လင့်တတ်ပါတယ်။ ငွေကုန်ကြေးကျ အများကြီးခံပြီး အံ့သြသွားအောင် လုပ်ပြရမယ်လို့ မဆိုလိုပါဘူး။သူ အရမ်းကြိုက်တဲ့ သီချင်းကို ဂစ်တာတီးပြီး ဆိုပြတာမျိုး၊သူ ကြိုက်တဲ့ စာရေးဆရာရဲ့ စာအုပ်တစ်အုပ်ဝယ်ပြီး လက်ဆောင်ပေးတာမျိုး၊ ချိန်းမထားဘဲ ကိုယ့်ရုံးကို လာကြိုတာမျိုးလေးတွေက အသေးအဖွဲလေးတွေပေမဲ့ သူ့ကို အသေးစိတ်ကအစ ဂရုစိုက်တတ်တယ်ဆိုတာကို ပြရာရောက်ပါတယ်။
 
ချစ်တယ်ဆိုတဲ့ စကားကို အချိန်အခါ နေရာမရွေး ကြားချင်တတ်ပါတယ်။ သူ့ကိုယ်သူ မလှဘူးလို့ ထင်ထားတဲ့အချိန်တွေမှာ အရမ်းချစ်ဖို့ကောင်းတာပဲ ဆိုတဲ့ စကားလေးတွေ၊ မိတ်ဆွေ အပေါင်းအသင်းတွေရှေ့မှာ ကိုယ့်ချစ်သူရဲ့ အရေးတယူနဲ့ ဂရုစိုက်မှုလေးတွေက မိန်းကလေးတစ်ယောက်အနေနဲ့ ယောက်ျားလေးတစ်ယောက်ကို ပြောမပြရဘဲ သိနေစေချင်တဲ့ အကြောင်းတွေပဲ ဖြစ်ပါတယ်။မိန်းကလေးတွေက သူတို့ချစ်သူဆီက ငွေတွေ၊လက်ဆောင်ပစ္စည်းတွေ လိုချင်တာ မဟုတ်ပါဘူး။ချစ်သူရဲ့ ဂရုစိုက်မှု၊ စိတ်ရှည်သည်းခံမှုနဲ့ အကြင်နာတွေကိုပဲ အပြည့်အဝ ရဖို့ မျှော်လင့်ကြတာ ဖြစ်ပါတယ်။
 
Ref:idealist4ever
 

No comments:

Subscribe

လာလည်သူများ

free counters