♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 11, 2016

" ကျိုက်ထိုမြို့တွင် လိင်တူချင်း မင်္ဂလာဆောင် သဖြင့် မြို့ခံအချို့ မကျေနပ် "

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့တွင် လိင်တူ အမျိုးသားချင်း လက်ထပ် ထိမ်းမြားသည့် မင်္ဂလာ ဧည့်ခံပွဲကို နိုဝင်ဘာ ၁၈ ရက်က မော်လမြိုင်မြို့ ရှိ စားသောက်ဆိုင် တစ်ခုတွင် ကျင်း ပပြုလုပ် ခဲ့ရာ မြို့ခံအချို့က မကျေနပ် ကြကြောင်း သိရသည်။
ဖြစ်စဉ်မှာ ရန်ကုန်မြို့၊ ဆိပ် ကမ်းသာ လမ်းနေ အသက် ၁၉ နှစ် အရွယ် အမျိုးသား တစ်ဦးနှင့် ကျိုက် ထိုမြို့ ဗိုလ်ချုပ်လမ်းနေ ဆံပင်၊ မိတ်ကပ် အလှပြင် လုပ်ငန်း လုပ်ကိုင်သူ အသက် ၂၈ နှစ် အရွယ် အမျိုးသား တစ်ဦးတို့မှ လိင်တူချင်း မင်္ဂလာ ဆောင် ဧည့်ခံပွဲ ကျင်းပပြု လုပ်ခဲ့ရာ နှစ်ဖက် မိဘဆွေမျိုး သားချင်းများ တက်ရောက်ခြင်း မရှိဘဲ ၄င်းတို့၏ မိတ်ဆွေ သူငယ်ချင်း များသာ တက် ရောက် ခဲ့ကြောင်းနှင့် ယင်း မင်္ဂလာပွဲ သို့ သတင်း မီဒီယာများ လာရောက် သတင်း ယူသည်ကို သိရှိသောအခါ မင်္ဂလာ ဧည့်ခံပွဲ အခမ်းအနား စောစီး စွာ ရုပ်သိမ်း ခဲ့ကြောင်း သိရသည်။

ယင်းကိစ္စနှင့် ပတ်သက်၍ မြန်မာနိုင်ငံ လူ့အခွင့် အရေးကော် မရှင် အတွင်းရေးမှူး ဦးစစ်မြိုင်က "ဒါမျိုး လိင်တူချင်း မင်္ဂလာဆောင် တာ ကျွန်တော် တို့နိုင်ငံမှာ လက်မခံ တာ မဟုတ်ပါဘူး။ နိုင်ငံတကာ မှာ လည်း လက်ခံတဲ့သူ နည်းပါတယ်။ မြန်မာနိုင်ငံ မှာလည်း လိင်တူချင်း ချစ် တဲ့သူတွေ အတွက် လက်ခံ ထားတဲ့ ဘောင်လေးတော့ ရှိပါတယ်။ ဒီ ဘောင် ကိုကျော်ရင်တော့ မကောင်း ဘူးပေါ့ဗျာ။ မြန်မာ့ ယဉ်ကျေးမှု ဓလေ့ ထုံးစံအရ နေထိုင်ပြီး အများပြည် သူ တွေ စိတ် အနှောင့် အယှက် မဖြစ် အောင် နေ ထိုင်သင့် ပါတယ်"ဟု ၄င်းက ပြောသည်။

လူ့အခွင့် အရေးအား အကြောင်း ပြကာ လိင်တူ အချင်းချင်း လူသိရှင် ကြား လက်ထပ် ထိမ်းမြားခြင်းသည် မြန်မာ့ ဓလေ့ထုံးစံ အရ လက်ခံစရာ အကြောင်း မရှိကြောင်း ကျိုက်ထိုမြို့ နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
"လိင်တူချင်း တိုးတိုးတိတ်တိတ် အတူနေတာ ပြောစရာ မရှိပေမယ့် လူသိရှင်ကြား အခမ်းအနား လုပ်တာ မျိုးက မဖြစ် သင့်ပါဘူး"ဟု ၄င်းက ပြောသည်။

ပြစ်မှုဆိုင်ရာ ဥပဒေ ပုဒ်မ ၃၇၇ တွင် ဓမ္မတာနှင့် ဆန့်ကျင်သည့် ပြစ် ဒဏ် ချမှတ်နိုင်သော်လည်း လိင်တူ ချင်း မင်္ဂလာ အခမ်းအနား ကျင်းပခြင်း နှင့် အကျုံး မ၀င်ကြောင်းနှင့် ပုဒ်မ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် အရ တရားစွဲ ရန် တရားလို ရှိရန်
လိုအပ်ကြောင်း ကျိုက်ထို မြို့နယ် ရဲစခန်းမှ ရဲအရာရှိ တစ်ဦးက ပြောသည်။
ကမ္ဘာပေါ်တွင် လိင်တူခြင်း လက်ထပ် ထိန်းမြားခြင်းကို တစ်နိုင်ငံ လုံး အတိုင်း အတာဖြင့် တရားဝင် ခွင့် ပြုပေး ထားသည့် နိုင်ငံပေါင်း ၁၃ နိုင် ငံ ရှိသည်။ ၎င်းတို့မှာ နယ်သာလန်၊ ဘယ်လ်ဂျီယံ၊ ကနေဒါ၊ စပိန်၊ တောင် အာဖရိက၊ နော်ဝေ၊ ဆွီဒင်၊ အိုက်စ် လန်၊ ပေါ်တူဂီ၊ အာဂျင်တီးနား၊ ဒိန်း မတ်၊ ပြင်သစ်၊ ဘရာဇီးလ်တို့ ဖြစ်ကြ သည်။ ထို့ပြင် အမေရိကန်၊ သြစ တြေးလျ၊ ဗြိတိန် စသည့်နိုင်ငံများ တွင်လည်း ပြည်နယ် အလိုက် ခွင့်ပြု ပေးမှုများ ရှိသည်။
 

Credit to original uploader
မူရင်း ပိုစ်ရှင်အား ခရက်ဒစ်ပေးပါသည်။

No comments:

Subscribe

လာလည်သူများ

free counters