♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 10, 2016

" ရီစရာ ဟာသလေးတွေပါ "

 

သူငယ်ချင်းတို့…နေ့မှာ..စိတ်ညည်းငွေ့၊ဖိစီးမှုတွေအတွက်…..စိတ်အပန်းဖြေနိုင်ရုံလေးပါ………
ကျေးဇူးတင်ပါတယ်…ခင်ဗျာ…..။

တစ်ဖက်သားကို(ကိုယ့်ချစ်သူ) ကိုနားဝင်လွယ်အောင်တစ်ဘက်လှည့်နဲ့ဝန်ခံပါ 
အင်မတန်ဖောက်ပြန်တတ်တဲ့သူနှစ်ယောက်အိမ်ထောင်ကျပါတယ်။သူတို့နှစ်ယောက်လုံး ကတိစကားထားကြတယ်။
“ကဲ…မင်းလည်းအမှားလုပ်မိရင် ၀န်ခံ၊ ငါလည်းအမှားလုပ်မိရင် ၀န်ခံမယ်”
“ဘယ်လိုဝန်ခံမှာလဲ”
“ဒီလိုကွာ၊ အမှားလုပ်မိလို့နှုတ်ကထုတ်ပြောရမှာရှက်စရာကြီး၊ ဒါကြောင့် အမှားတစ်ခါလုပ်မိတိုင်းစားပွဲပေါ်
ပဲစေ့တစ်စေ့တသ်ထားကြေး”
နှစ်ယောက်လုံးသဘောတူသွားတယ်…။
တစ်ပတ်လောက်ကြာတော့ ယောက်ျားဖြစ်သူက ပဲစေ့စတင်တယ်။ မိန်းမဖြစ်သူကတော့ တစ်စေ့မှမတင်ဘူး။
နောက်ထပ်နှစ်ရက်မှာ ယောက်ျားက ပဲစေ့သုံးစေ့ ထပ်တင်တယ်။ မိန်းမက တစ်စေ့မှမတင်ဘူး။
ယောက်ျားကနောက်နှစ်ရက်မှာပဲ ပဲစေ့နှစ်စေ့ထပ်တင်တယ်။ အားလုံးပေါင်းရှစ်စေ့ဖြစ်သွားတဲ့အခါမှာ….
ယောက်ျားဖြစ်သူကရှက်လာတယ်။ သူကပဲ ပဲစေ့တွေနေ့တိုင်းတင်ပြီး မိန်းကဖြစ်သူက တစ်စေ့မှ မတင်တာကိုး။ ဒါနဲ့ သူ့အမှားကိုသူနောင်တရပြီး
“ မိန်းမရေ ကိုယ်တော့နောင်တရပါပြီကွာ၊ နေ့တိုင်း ကိုယ့်အမှားအတွက် ပဲစေ့တင်နေရတာလည်းရှက်လှပါပြီ
နောင်ဆို ကိုယ်ဘယ်တော့မှ မဖောက်ပြန်တော့ပါဘူး လို့ကတိပေးပါတယ်၊ ဒါနဲ့…နေပါအုံး၊ ဒီအတောအတွင်း
မင်းဘယ်သူနဲ့မှ အဖောက်ပြန်ဘူးလား”
ဒီတော့မှ မိန်းမက….
“မဖောက်ပြန်ဘူး ဟုတ်လား၊ ရှင့်ကို ကျွန်မ ပဲဟင်းချက်ကျွေးနေတာ နှစ်ရက်ရှိပြီ၊ အခုလည်းပဲကပ်ကြော်မလို့”
ကဲ…တစ်ဘက်လှည့်နဲ့ဝန်ခံလိုက်တော့…နားဝင်မလွယ်ဘူးးလား…..နော်…..ဟဲ….

အကောင်းဘက်ကလှည့်တွေးပါ……
လူတစ်ယောက် မိန်းမယူလိုက်တယ်။ သုံးလကြာတော့ ကလေးမွေးပါလေရော…။
သူငယ်ချင်းတွေက၀ိုင်းပြောတယ်….။
“ဟေ့ကောင်…မင်းမိန်းမယူတာမှ သုံးလရှိသေးတာ ဘယ်နှယ့် ကလေးမွေးတာတုန်း၊ ကလေးတစ်ယောက်
မွေးဖို့ ကိုးလကြာတာပဲ၊ အခု သုံးလထဲနဲ့ ….မဖြစ်နိုင်ဘူးနော်…”
“ ဟင်…သုံးလပဲရှိသေးတယ်၊ မင်းဘယ်လိုတွက်လိုက်တာလဲ”
“ အေးလေ…မင်းမင်္ဂလာတောင်ချိန်ကို တွက်လိုက်တာပေါ့”
ကလေးမွေးထားသူက အေးဆေးပင်
“မင်းတွက်တာမှားနေပြီ”
“ဘယ်လို”
“ဒီမှာ…ငါတွက်ပြမယ်၊ ငါမိန်းမရတာ ဘယ်နှစ်လလဲ”
“သုံးလလေ”
“ဒါဆို..ငါ့မိန်းမက ငါနဲ့ပေါင်းတာ ဘယ်နှစ်လရှိပြီလဲ”
“ဒါလည်း သုံးလပေါ့”
“ကဲ….ဒါဆို ငါတို့နှစ်ယောက်လုံးပေါင်းတာကရော”
“ဒါလဲ..သုံးလပဲလေ”
“ကဲ…သုံးသုံးလီကိုးမဟုတ်လို့….မင်းဘကြီးလား၊ ကိုးလဆိုကလေးမွေးပြီပေါ့..ကွ…”
ကဲ…အကောင်းဘက်ကရှာကြံတွေးတော့..စိတ်သက်သာရာမရဘူးလား…..နော်….ဟဲ…
 
အမှန်တရားး……(အမှားတစ်ရံ)
သမီးရည်းစားနှစ်ယောက် ရေစပ်ကလေးနံဘေးမှာချစ်ကြည်နူးနေတုန်း…ငှက်ကလေးတွေမြင်တော့ ကောင်မလေးက..ကောင်လေးကိုတီတီတာတာမေးတယ်…။
“မောင်…ဟိုမှာထပျံသွားတာ ဘာငှက်လဲ..ဟင်”
ကောင်လေးက ပြုံးရင်း ကောင်းမလေးပုခုံးကိုယုယစွာ ဖက်ကာ…
“အချစ်ငှက်ပေါ့…အချစ်ရယ်..”
အချစ်ငှက်ကလေးတွေပျံသွားတာချစ်စရာ။ ကောင်လေးနဲ့ကောင်မလေးက အချစ်ငှက်ပျံသွားတာကြည့်ရင်း ကြည်နူးလို့။ ပြောသေးတယ်…။
“မောင်တို့နှစ်ယောက်သာနီးစပ်ရင်…အချစ်ငှက်ကလေးတွေအမြဲမြင်ရမှာ”
“သွား…လူဆိုး….”
လှလိုက်တာ…ဗျာ…။မြင်ကွင်းက အချစ်တွေနဲ့ပြည့်နေတာကိုးး…။
နောက်နှစ်နှစ်လောက်အကြာ အိမ်ထောင်ကျသွားပါလေရော။
အဲဒီတော့….ဒီကန်စပ်မှာလင်မယားနှစ်ယောက်လာထိုင်ပြန်တယ်..။ငှက်ကလေးတွေထပျံသွားတော့ မိန်းမဖြစ်သူကမေးတယ်..။
“ယောက်ျားရေ..ဟိုမှာပျံသွားတာ ဘာငှက်လဲ…ဟင်”
ယောက်ျားကမျက်မှောင်ကြုတ်ပြီး….
“ဗျိုင်းး…လေကွာ၊ နင်မမြင်ဘူးလားး…”
ဗျိုင်းတွေ ထပျံသွားတယ်။ ကောင်လေးနဲ့ကောင်မလေးက ဗျိုင်းတွေကိုငေးနေတယ်။ အဲ ဒီ့နေ့တော့နေနည်း
နည်းပူတယ်။
နောက်ဆယ်နှစ်လောက်ကြာတော့ အဲဒီ့စုံတွဲဟာ ကလေးတွေတိုးလို့တွဲလောင်းနဲ့…။ အရင်ကောင်မ
လေးကလဲကလေးတွေမွေးပြီး ဆွဲလုံးကောင်းလို့ထင်တယ်…..”၀တို” လို့။ ကောင်လေးခမျာမှာလဲ…ရှာရဖွေရ
လုပ်ကိုင်ကျွေးမွေးရလို့ထင်ပါ့…ပိန်ချောင်မဲသဲလို့….။
အဲဒီလိုပဲ…ငှက်တွေထပျံသွားတာ မြင်လိုက်ရတယ်။
မိန်းမကမေးပြန်တယ်…။
“ကလေးအဖေရေ…ဟိုမှာပျံသွားတာ…ဘာငှက်လဲ…ဟင်” ဆိုတော့…..
ပင်လည်းပင်ပန်း မောလည်းမောနေတဲ့ယောက်ျားဖြစ်သူကဒေါသထွက်ပြီး…..
“ နင့်အမေလင်ငှက်….နင့်အမေလင်ငှက်၊ ဒီမှာ ပင်ပန်းနေတဲ့ကြားထဲ လျှာကလာရှည်နေသေးတယ်၊ နင့်မှာ…
မျက်လုံးပါတယ်…ကြည့်ပါလား….ကန်းနေလို့လားးးးး…..” ……..တဲ့…….
ဒီလိုပါပဲ…။ချစ်စခင်စမှာအမြဲတမ်းပျံသန်းမယ်ထင်တဲ့အချစ်ငှက်ဟာသက်တမ်းရင်လာတဲ့အခါမှာ…..
မပျံနိုင်တော့ပါဘူးးး……..နော့…..ဟဲ….


ဘယ်လောက်ထိ အမှီလိုက်သင့်တယ်..ထင်ပါသလဲ….?
လူတစ်ယောက်တိရစ္ဆာန်ဆေးကုဆရာဝန်ဆီကိုရောက်လာပါတယ်….။
“ ဆရာ….ကျွန်တော့်မြင်းဟာ သိပ်ကပ်တာပဲ…ဘယ်လိုမောင်း မောင်း မပြေးဘူးဖြစ်နေတယ်…၊ ဘယ်လိုလုပ်ရမ
လဲ…ဆရာ..”
ဆရာဝန်က ဆေးအနီနဲ့အစိမ်း နှစ်လုံး ထုန်ပေးတယ်…။
“ ဒီဆေးကို ယူသွားပါ…. ပထမအနေနဲ့ ဆေးအနီကို မြင်းရဲ့ ဖင်ထဲထည့်လိုက်ပါ…သူပြေးပါလိပ်မယ့် …ဒီထက်ပို
ပြေးချင်ရင်တော့ ဆေးအစိမ်း ကိုထည့်လိုက်ပါ…ဒါဆိုခင်ဗျားမြင်းဟာ အာဂ မြင်းဖြစ်သွားပါလိမ့်မယ်…”
အဲဒီ လူဟာဝမ်းသာအားရ ပဲဆေးနှစ်လုံး ယူသွားပါတယ်….။
ဒီလိုနဲ့ တစ်လလောက်ကြာတော့ ဆရာဝန်နဲ့ အဲဒီ့ လူပြန်တွေ့ပါတယ်..။ အဲဒီလူကိုကြည့်ရတာ..ရွှင်လန်းတက်
ကြွနေပါတယ်….။ ဒါနဲ့ ..ဆရာဝန်က “ဗျို့မြင်းဆရာကြီး မတွေရတာကြာပြီ၊ ခင်ဗျားမြင်း အဆင်ပြေရဲ့လား ဆေးနဲ့
ရော…တည့်ရဲ့လား..” မြင်းဆရာက ရွှင်လန်းစွာဖြင့် “ တည့်ပါရောလားဆရာ၊ ဆေးအနီတစ်လုံးသူ့ဖင်ထဲထည့်
လိုက်တာ နဲ့ ထပြေးတာ ဘယ်သူမှတောင်လိုက်မဖမ်းနိုင်တော့ဘူး...” ဆရာဝန်ကမျက်မှောင်ကြုတ်သွားတယ်…
“ ဒါဆို….အဲ့ဒီမြင်းကိုဘယ်လိုပြန်ဖမ်းကြလဲ…..” မြင်းဆရာကြီက ပြုံးပြီး “ လွယ်ပါတယ်...ဗျာ ..ဆရာပေးတဲ့
ဆေးအစိမ်ကိုကျွန်တော့်ဖင်ထဲထည့်ပြီး အမှီလိုက်ရတာပေါ့…”
ကဲ….ခင်ဗျားတို့လဲ…ကိုယ့်ချစ်သူနောက်ကိုအမှီလိုက်နိုင်အောင်လို့…..ဆေးနှစ်လုံးရှာထားပေးတော့…….ဗျို့……

ချစ်ခြင်းးး....
 
“ ဆရာရယ် ကျန်မယောက်ျားလေ. ကျွန်မကို စိတ်မ၀င်စားလို့…အဲဒါ ….”
“ ရပါတယ်…ဒါကလွယ်ပါတယ်….” ဆိုပြီး ဆရာဝန်က ဆေးနှစ်လုံးထုတ်ပေးပါတယ်….။
“ ဒီဆေးနှစ်လုံး ကိုယူသွားပါ ….၊ သူစားတတ်တဲ့ အစားအစာ ထဲကို ဒီဆေးတစ်လုံးရဲ့ လေးပုံတစ်ပုံကို
ထည့်လိုက်ပါ … ..ဒါဆိုအဆင်ပြောပါပြီ …ကျန်တာ ကလိုအပ်မှသုံးပေါ့….”
မိန်မက ဆေးယူပြီး ၀မ်းသာအားရ အိမ်ပြန်လာပါတယ်…။အိမ်ပြန်ရောက်တော့ မိန်မက သူ့ယောင်္ကျား စားဖို့
ခေါက်ဆွဲဝယ်လာပါတယ်…။ လောဘကိုအတောမသတ်နိုင်ဘဲ ဆေးတစ်ခြမ်းပဲ ထည့်ရမယ့်နေရာမှာဆရာဝန်
ပေးတဲ့ ဆေးနှစ်လုံးစလုံိးကုခေါက်ဆွဲထဲထည့်ကြော်လိုက်ပါတယ်….။ ပြီးတော့ စားပွဲပေါ် အသင့်ပြင်ပြီး ရေမိုးချိုး
အ၀တ်စားလဲထားလိုက်ပါတယ်….။
သူအိပ်ခန်းထဲမှာစောင့်နေတုန်း ထမင်းစားခန်းက တခိခိ နဲ့ယောက်ျားရဲ့ ရယ်သံကို ကြားရပါတယ်..။ခဏစောင့်
ကြည့်ပါသေးတယ်…။ ဒါပေမယ့် ယောကျာ်းရဲ့ တခိခိ ရယ်သံ ကြားနေရတုန်းပါပဲ…။
“ ယောက်ျား ရှင် ဘာတွေရယ်စရာ တွေ့လို့ရယ်နေတာလဲ…” သူ့အမေးကို ယောက်ျားက အားရ၀မ်းသာနဲ့
“ မိန်းမရေ လာကြည့်ပါအုံး၊ ခေါက်ဆွဲတွေ ထောင်နေတာ....ဒီတစ်ခါပဲ မြင်ဘူးသေးတယ်….ဟီ…ဟိ…..
ချစ်ခြင်းမေတ္တာ အတွက်ရောင့်ဲတင်းတိမ်နိုင်ကြပါစေ………။


Credit : http://minhtut1.blogspot.co.uk/2012/06/1.html

No comments:

Subscribe

လာလည်သူများ

free counters