♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

April 16, 2016

" အန္တရာယ်ရှိ ဆိုးဆေး ၄ မျိုး ကျန်းမာရေး ၀န်ကြီးဌာန ထုတ်ပြန် "


မြန်မာနိုင်ငံက စားသောက်ကုန် တွေမှာ အများဆုံး အသုံးပြု ကြတဲ့ ဆိုးဆေး ၄ မျိုးနဲ့ အဲ့ဒီ ဆိုးဆေးတွေရဲ့ အန္တရာယ် ကြီးမား ပုံတွေကို ကျန်းမာရေး ၀န်ကြီးဌာန၊ အစား အသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနက အသိပေး ထုတ်ပြန် ပါတယ်။

ဖိနပ်သားရေ တွေကို အရောင်ဆိုးတဲ့ Sudan Dyes အနီရောင် ဆိုးဆေးကို ငရုတ်သီးမှုန့်၊ အရောင် တင်မှုန့်တွေမှာ အများဆုံး အသုံးပြုနေကြောင်း တွေ့ရှိ ရပြီး အဲ့ဒီ ဆိုးဆေးကြောင့် အသည်းနဲ့ ကျောက်ကပ် ပျက်စီးနိုင် တယ်လို့ ကျန်းမာရေး ၀န်ကြီးဌာန၊ အစား အသောက်နဲ့ ဆေးဝါး ကွပ်ကဲရေး ဦးစီးဌာနရဲ့ ပညာပေး လက်ကမ်း စာစောင်မှာ ဖော်ပြ ပါတယ်။

ချည်ထည် ပိုးထည်တွေကို အရောင်ဆိုးတဲ့ Auramine O အော်ရာမင်းအို အ၀ါရောင် ဆိုးဆေးကို လက်ဖက်မှာ အများဆုံး အသုံးပြုကြပြီး လတ်တလော အဆိပ် အတောက် မဖြစ်နိုင်ပေမယ့် ရေရှည်မှာ ဆန္ဓာကိုယ်ကြီးထွားမှုကို ထိခိုက်စေတယ်၊ အသည်းနဲ့ကျောက်ကပ် ပျက်စီးစေနိုင်ပြီး ကင်ဆာရောဂါဖြစ်စေနိုင်တယ်လို့ စာစောင်မှာ သတိပေး ထားပါတယ်။

တခါ ဓာတ်ခွဲခန်းသုံး ဆိုးဆေးတမျိုးဖြစ်သလို ချည်ထည် ပိုးထည်တွေမှာ အရောင်ဆိုးတဲ့နေရာမှာ အသုံးပြုတဲ့ Rhodamine B အနိရောင်ဆိုးဆေးကို ငါးပိအမြင်လှအောင် အရောင်တင်ရာမှာ သုံးနေကြတယ်၊

အဲ့ဒီဆိုးဆေးသုံး ငါးပိကို စားမိသူတွေဟာ အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျိ့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော
ထိုင်းမှိုင်းခြင်း စတဲ့ လတ်တလော ဆိုးကျိုးများ ဖြစ်ပေါ်စေနိုင်ကြောင်းလည်း ကျန်းမာရေးစာစောင်မှာ ဖြော်ပပါတယ်။

ငရုတ်သီးမှုန့်၊ယိုစုံ၊ ပဲနီလေးတို့ အရောင်လှအောင်ဆိုးတဲ့ Orange || လိမ္မော်ရောင် ဆိုးဆေး ကြောင့်လည်း အစာအိမ်အူလမ်းကြောင်း ရောင်ရမ်းခြင်း၊ ပျိ့ခြင်း၊ အန်ခြင်း၊ ဦးနှောက်အာရုံကြော ထိုင်းမှိုင်းခြင်း စတဲ့ လတ်တလော ဆိုးကျိုးတွေ ဖြစ်ပေါ်စေနိုင်ပါတယ်။

အနီရောင်၊ အ၀ါရောင်၊ လိမ္မော်ရောင်စတဲ့ ဆိုးဆေးမှာ အသုံးပြုထားတဲ့ အစားအသောက်တွေဟာ မျက်စိပသာဒရှိရုံကလွဲပြီး အာဟာရ တစုံတရာ မပါရှိဘဲ စားသုံးသူကို ဆိုးကျိုးများသာပေးတာကြောင့် အဲ့ဒီ ဆိုးဆေးသုံးအစားအစာတွေကို မစားကြဖို့ ကျန်းမာရေး၊ အစားအသောက်ကွပ်ကဲရေးဌာနက နှိုးဆော်သတိပေးပါတယ်။

ဒါ့အပြင် စားသောက်ကုန်ထုတ်လုပ်သူများအနေနဲ့ သုံးစွဲဖို့ ခွင့်ပြုမထားတဲ့ ဓာတုဆေးဝါးတွေသုံးပြီး စားသောက်ကုန်တွေ မထုတ်လုပ်ကြဖို့နဲ့ ထုတ်လုပ်ရင် အစားအသောက်ဥပဒေပုဒ်မ (၂၈)က အရ တရားစွဲဆို အရေးယူမယ်လို့ သိရပါတယ်။

by ဒီဗွီဘီ

Originally published at - http://burmese.dvb.no/archives/138778


Credit : http://www.simon-vlog.com/2016/03/blog-post_375.html#axzz45vyjHRo6

No comments:

Subscribe

လာလည်သူများ

free counters