ဝလာရင် မေးအောက်မှာပါအဆီတွေစုလာပြီး မေးနှစ်ထပ်ဖြစ်လ
ာတတ်လို့ အံ့သြလောက်အောင်
လွယ်ကူထိရောက်တဲ
့ နည်းလမ်းလေးတွေေ
ဝမျှလိုက်ပါတယ် ။
နည်း ၁ !
ပါးစပ်ကိုကျယ်နိ
ုင်သမျှ ကျယ်ကျယ်ဟကာ လျှာကို အောက်ကိုရှည်နိုင်သမျှ ရှည်ရှည်ထုတ်ပါ ။ ၁ မှ ၁၀ ထိရေကာထုတ်ထားပါ ။ ပြီးလျှင် ၁၀ခေါက်ကျော့ပေးပါ ။
နည်း ၂ !
ကြမ်းပြင်ထက်အတန်ငယ်မြင့်သော အိပ်ရာ သို့မဟုတ် ဆိုဖာပေါ်တွင် ပက်လက်လှဲကာ ခေါင်းကို အစွန်းဖက်တွင်လွှတ်ပြီး လှန်ထားပေးပါ ။ ခေါင်းကိုလှန်ထားရာမှ ရင်ညွန့်နှင့်မေးစေ့ထိအောင် ပြန်ငုံ့ပေးပါ ။ ၁၀ထိရေကာ မူလအတိုင်းပြန်နေပါ ။ ၁၀ခေါက်ကျော့ပေးပါ ။
နည်း ၃ !
လျှာကိုအပြားလိုက်အပေါ်ဘက် အာခေါင်နံရံတွင် ကပ်ကာ ပါးစပ်ကို ကျယ်နိုင်သမျှ ကျယ်ကျယ်ဟပေးပါ ။ ၁၀ထိရေကာ
၁၀ခေါက်ကျော့ပေးပါ ။
နည်း ၄ !
တင်းနစ်ဘောလုံးအရွယ်ခန့် ဘောလုံးတစ်ခုကို မေးနှင့် လည်ပင်းကြားညှပ်ကာ ဖိလိုက် လျှော့လိုက်လုပ်ပေးပါ ။ ညင်ညင်သာသာ ပြုလုပ်ပါ ။ ၁၀ခေါက်ကျော့ပေးပါ ။
ထိုလေ့ကျင့်ခန်းများမှ အဆင်ပြေရာကို နေ့စဉ်လုပ်ပေးပါ ။ ၀ိတ်တက်လာတာကြောင့် မေးနှစ်ထပ်ဖြစ်တာမို့ အစားထိန်းပေးခြင်း ၊ အားကစားပြုလုပ်ခြင်းဖြင့်လည်း ပျောက်စေနိုင်ပါတယ် ။ လေ့ကျင့်ခန်းတွေကို diet လေးနဲ့တွဲပြီးလုပ်ပေးပါက ပိုမိုထိရောက်စေပါတယ် ။
သွက်လက်သော နေထိုင်မှုပုံစံနှင့် ကြွက်သားများကို ပုံမှန်အသုံးပြုပေးခြင်းဖြင့် မေးနှစ်ထပ်ဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်
ရှင် ။
Super_Women
(1)
(2)
(3)
No comments:
Post a Comment