မြန်မာ အမျိုးသမီးများသည်
ကမ္ဘာတွင် အလှဆုံးအတန်းအစားတွင် ပါဝင်ပါသည်။
အသား၏ ညက်ညောခြင်း၊ မျက်လုံး မျက်ဖန်ကောင်းခြင်း၊
နှာတံနှင့် ပါးစပ်လှပခြင်း၊
အရပ်မောင်းနှင့် ကိုယ်လုံးကိုယ်ပေါက်
အချိုးကျခြင်း၊ ဆံပင်ကောင်းခြင်း၊ သွားများ ညီညာ
ခြင်းတို့ကြောင့် ဖြစ်ပါသည်။
နိုင်ငံခြားသူများကဲ့သို့ ချိုင်းချွေးနံ မပြင်းခြင်းသည်လည်း အကြောင်းတစ်ရပ်
ဖြစ်သည်။
အပျိုဘဝတွင် ဤမျှလှပသော
မြန်မာလုံမေများသည်။ မိခင်ဘဝရောက်၍ များစွာ အိုစာ
သွားခြင်းသည် အလွန်ကြီးမားသော
အားနည်းချက်ဖြစ်နေပါသည်။
အထူးသဖြင့် ဗိုက်ခေါက်ထူလာခြင်း၊ ဗိုက်သားများ
ချပ်ချပ်ရပ်ရပ် မရှိဘဲ ပျော့ရိပျော့တွဲနှင့်
ဗိုက်ကြောများ အထပ်ထပ်ပြတ်ကာ
အရုပ်ဆိုးလာခြင်းများ ဖြစ်လာရပါသည်။
ရှေးက နနွင်းလိမ်ခြင်း၊ကြပ်ထုပ်ထိုးခြင်း၊အုတ်ပူကပ်ခြင်း
များပြု၍ ချပ်ချပ်ရပ်ရပ်နှင့် လှပခဲ့ကြသော်လည်း ကိုလိုနီခေတ် နောက်ပိုင်းတွင်
ထိုလုပ်ရပ်များသည်
အပိုအလုပ်များဟု ယူဆကာ ပစ်ပယ်လာခဲ့ကြလေသည်။
တချို့မှာ သားသမီးအများကြီးမွေး၍
ပုံပျက် သွားရခြင်း ဖြစ်သော်လည်း အချို့မှာ ကလေးတစ်ယောက် နှစ်ယောက်လောက်မွေးရုံနဲ့ ရုပ်ပျက်ဆင်းပျက်
ဖြစ်သွားရလေသည်။
သာမန်အမျိုးသမီးများကို
မဆိုထားဘိ။ အလှအပနှင့် စီးပွားရေးရာအခြေပြုရသော ရုပ်ရှင်မင်းသမီး၊ဇာတ်မင်းသမီးများကိုကြည့်ပါဦး။
တစ်ချိန်က အလှအပထိပ်ခေါင်အဖြစ်
နာမည်ကြီးမင်းသမီးများ ယနေ့ ဗီဒီယိုခေတ်တွင် ဗိုက်ပူကြီးများဖြင့် မိခင်ခန်းများတွင် သရုပ်ဆောင်နေရသည်ကို
တွေ့မြင့်ရပေမည်။
စင်စစ်ထိုမင်းသမီးများသည်
ရုပ်မကျကြသေးပါ။ မျက်နှာလေးများ လှပနေဆဲဖြစ်သော်လည်း ဗိုက်ရွဲ၊ဗိုက်ပူ၊ခါးတုတ်ကြီးများဖြစ်သွားခြင်းကြောင့်
မိခင်ခန်းသို့ ကူးပြောင်းသရုပ်ဆောင်