♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

May 23, 2015

"အန်တီဆွိရဲ့ ကြက်ဥပူတင်း လုပ်နည်းလေး"

 

ကြက်ဥ ပူတင်း

အန်တီဆွိ ကြက်ဥပူတင်း လုပ်စားပေါင်း များလှပါပြီ။ တစ်ခါမှ recipe ကို မှတ်ထားတယ် မရှိလို့ လုပ်ခါနီးမှ ကမန်းကတမ်း ဂူဂဲမှာရှာ၊ အချိုးအစားပြန်ကြည့်ရတယ်။ ဒီတစ်ခါတော့ ဘယ်ရမလဲ။ မှတ်နေကျ ဘလော့ဂ် စာမျက်နှာလေးမှာ လာမှတ်ထားလိုက်ပါပြီ။ အန်တီဆွိရဲ့ ပိတ်သတ်တွေလဲ အချိုပွဲလေး စားချင်ရင် လုပ်စားလို့ရတာပေါ့။ လုပ်ရတာ လွယ်ကူပြီး စားလို့လဲ သိပ်ကို အရသာရှိတဲ့ ကြက်ဥ ပူတင်းလေးပါ။

ကြက်ဥ ပူတင်း ၆ခုစာ အတွက် လိုတဲ့ ingredient (ပါဝင်ပစ္စည်း) တွေကတော့ ....

ကြက်ဥ ၅လုံး
နွားနို့ ၅၅၀ ml
သကြား ၈၀ ဂရမ်
Vanilla Essence 2 tea spoon
Bread Crumb ပေါင်မုန့် ၂ချပ်စာခန့် ( ပေါင်မုန့် ၂ချပ် ကို bread crumb   လို ဖြစ်အောင် blender နဲ့ မွှေလိုက်ရင်လဲ ရပါတယ်။) bread crumb ဆိုတာ ပေါင်မုန့်ခြောက် ဖတ်လေးတွေပါ (ပေါင်မုန့်အကြေပေါ့)
  ဆား 1/4 tea spoon
----------------------------------------------------------------
သကြား 8 table spoon (for caramel)

ပထမဆုံး oven ဖို ကို 200 deg C အပေါ်မီး၊ အောက်မီးနဲ့ pre-heat (ပူအောင်)လုပ်ထားပါ။

အပေါ်က ingredient ၆ မျိုးကို mixing bowl (ရောစရာဇလုံ) ထဲကို ထည့်ပြီး မွှေစက် (mixer) ထဲကို အားလုံးသမသွားအောင် ၂ မိနစ်ခန့် မွှေပေးပါ။
Caramel အတွက် သကြား ၈ ဇွန်းကို ရေ ၃ ဇွန်းခန့်ထည့်ပြီး ညောင်စေးကျပြီး ရွှေဝါရောင်လေး ရသည်အထိ ကျိုလိုက်ပါ။ မီးအနေတော် medium နဲ့ ကျိုပါ။ ကျိုပြီးပြီးချင်း caramel (ညောင်စေး) အရည်ပျစ်ပျစ်လေးကို ပူတင်းမုန့်လေးတွေ ဖုတ်မဲ့ ပန်းကန်လုံးလေးတွေထဲကို စားပွဲဇွန်း တစ်ဇွန်းခန့်စီထည့်ပါ။ ပန်းကန်လုံး အောက်ခြေ မျက်နှာပြင်မှာ ညီသွားအောင် ပန်းကန်လုံးကို လက်ကလေးနဲ့ လှည့်ပေးပါ။ Caramel တွေက ချက်ချင်းခဲသွားတတ်လို့ အမြန်လုပ်ရပါမယ်။

ပန်းကန် ၆လုံး စလုံး အောက်ခြေမှာ caramel လေးတွေခဲသွားမှ အပေါ်ကနေ စောနက မွှေထားတဲ့ မုန့်နှစ်ရည် လောင်းထည့်ပါ။ ပန်းကန်လုံးရဲ့ လေးပုံ သုံးပုံခန့် ပြည့်အောင် မုန့်နှစ်ရည်တွေ လောင်းထည့်ရပါမယ်။ ကြက်ဥပူတင်းက ဖုတ်လိုက်ရင် ပွပြီး အပေါ်တက်လာလို့ နေရာ ချန်ထားရပါတယ်။ ပန်းကန်လုံး ၆လုံး စလုံး မုန့်နှစ်ဖြည့်ပြီးရင် မုန့်ဖုတ်တဲ့ သံလင်ပန်း ဇောက်နက်နက်ထဲကို ရေ တစ်စင်တီမီတာ အနက်ခန့် ထည့်၊ မုန့်ပန်းကန် ၆လုံးကို စီထည့်င်္ပြီး oven ထဲထည့် အပူပေးရပါမယ်။ မိနစ် ၄၀လောက်ဆိုရင် ပူတင်းကျက်ပါပြီ။ ပူတင်းကို မကြာခဏ စစ်ပေးပါ။ oven တစ်ခုနဲ့ တစ်ခု သိပ်မတူတတ်လို့ တူးသွားမှာ ကြောက်လို့ပါ။

ပူတင်းကို နည်းနည်း အအေးခံပြီး ခပ်နွေးနွေး အနေအထားကျရင် ပူတင်းလေးတွေကို ဓားအချွန်လေးနဲ့ အသာလှည့်ထုတ်ပြီး ပန်းကန်ပြားထဲထည့်ကာ စားနိုင်ပါပြီ။ အနံ့ အရသာနဲ့ ပြည့်စုံတဲ့ စားချင်စဖွယ် ကြက်ဥ
 ပူတင်း ရပါပြီ။





Credit : auntysweet.blog

No comments:

Subscribe

လာလည်သူများ

free counters