♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 17, 2014

" ဟာသမဟုတ်တဲ့ ဟာသ" ပေါက်စီ ချစ်ရတဲ့ဆရာမ

                                                                                                                                                                     
 ပေါက်စီ ချစ်ရတဲ့ဆရာမ..
ဆရာမရေ ပေါက်စီနှင့် ဆရာမတို့ဟာလေ ပေါက်စီ ထိပ်က မင်နီစက်လေးလို တဦးနှင့် တဦးကပ်နေပြီး တဦးရဲ့ ရင်ခုံသံကို တဦးက ကြားနေရတယ် ဟုတ်စ? ပေါက်စီရဲ့ အတွင်းထဲမှာ ပဲချိုလေးတွေ သွပ်ထားသလိုဘဲ ဆရာမကို ချစ်တဲ့ အချစ်တွေဟာလည်း ပေါက်စီ လေးရဲ့ ရင်ထဲမှာ ပြည့်လျှံနေတယ်လေ....ကျောင်းပြေးလွန်းတာ ကြိုက်တတ်တဲ့ ပေါက်စီလည်း ဆရာမ စာလာသင်တဲ့ နေ့ကစပြီး အတန်းချိန်အပြည့် တက်တတ်တဲ့ အပြင် ကျောင်းကို အစောကြီးရောက်လာတတ်ပြီ.... ဆရာမရဲ့ လက်ထဲက ပစ္စည်းတွေ ကူလို့ သယ်ပေးတတ်နေပြီ....ဆရာမစာ သင်နေတာကိုငေးလို့
ကြည့်မိလို့နေတတ်ပြီ...... လက်ချောင်းဖြူဖြူလေးတွေနှင့် မြေဖြူချောင်း ဖြူဖြူလေးကို ကိုင်ကိုင်ပြီး စာတွေရေးနေတော့ ပေါက်စီလေ မြေဖြူခဲလေးဖြစ်ချင်လိုက်တာ......ဆရာမပန်လေ့ရှိတဲ့ စံပါယ်ပန်းကုံးလေးသာ ဖြစ်ချင်လိုက်သေးတယ် ဆရာမရယ်.....ဆရာမနှင့် ပေါက်စီတို့ဟာ ဆရာတပည့် ဆိုပေမဲ့ ဆရာမက လမ်းထဲမှာ  ပေါက်စီနှင့် ဆော့ဖော်ဆော့ဘက်တွေနော်...ပေါက်စီက အသက်ရမှ ကျောင်းအပ်ခံရတော့ ပေါက်စီ သူငယ်တန်းရှိသေးတယ် ဆရာမက လေးတန်းတောင်ရောက်နေပြီ.....ဆရာမရေ....ပေါက်စီလေ ဒတ်သမဒန်း(ဒသမ)တန်းရောက်တော့ မမျှော်လင့်ဘဲ ဆရာမကို ပေါက်စီတို့အတန်းထဲမှာ အတန်းပိုင် အဖြစ်တွေ့ရတော့ ပေါက်စီလေ ပဲအချိုတွေ ပေါက်ထွက်လာသလိုဘဲ ပျော်လွန်းမက ပျော်မိတယ်.....ဆရာမက ပေါက်စီနှင့် မခွဲနိုင်လို့လားဟင်.......ဆရာမက လမ်းထဲမှာဆော့တုန်းကတည်းက စာသင်တာ ဆရာမလုပ်တာ ဆိုပြီး ဆော့တဲ့ဝါသနာပါခဲ့တယ်နော်....အဲဒိတုန်းက ပေါက်စီစာမရလို့ ဆရာမတွယ်ခဲ့ ဒဏ်ရာက အခုထိ ပေါက်စီရဲ့ နဖူးမှာ ရှိနေတယ် ဆရာမဘဲ ပေါက်စီကိုရိုက်မိပြီး မတော်တဆ ခိုက်မိတာကို ပေါက်စီငိုရမဲ့အစား ဆရာမကဘဲ ပေါက်စီအတွက် ဝမ်းနည်းပြီးငိုခဲ့တာ ပေါက်စီပြန်ချော့မှ ဆရာမက အငိုတိတ်တယ်နော်....
ဆရာမရေ...ဒီနေ့ပေါက်စီ ဘွဲ့ရခဲ့ပြီ.... ပေါက်စီချစ်တဲ့ ဆရာမကို ပေါက်စီရဲ့  ဘဝလေးထဲမှာ တသက်လုံးအတူနေပြီး ဘဝ၊ အချစ်မေတ္တာ၊ အိမ်ထောင်ရှင်၊ သားသမီးပြုစုပျိုးထောင်ရေး သင်ခန်းစာတွေကို လာသင်ပေးတော့နော်....ပေါက်စီဘက်က ရယ်ဒီဖြစ်နေပါပြီ....
မေမေနှင့် ဖေဖေက ဆရာမကို အိမ်မှာ အတန်းပိုင် ခန့်မယ်တဲ့...  ဆရာမရေ..ပေါက်စီတို့ ဇာတ်လမ်းလေး စကြရအောင်နော်....ညီမလေးကလည်း မျှော်နေလေရဲ့...ညီလေးက ကိုကိုဆိုးရင် ရိုက်ဖို့ ဆရာမအတွက် တုတ်ကောက်ပေးမယ်တဲ့ ...ကဲ အဲဒါသာကြည့်ပေတော့..ဆရာမရေ... မျှော်တော်ဇောနှင့် မောရတာက စိတ်မှာ လွန်မင်ခံရခက်နေပြီ...
ချစ်တဲ့ ပေါက်စီ
*****    *****

အထက်ကလူက ချစ်တဲ့ ပေါက်စီနော်
ရေးတဲ့လူက ((ရောသမပေါက်စီ)) ပါ ဟီးးဟီးးး

No comments:

Subscribe

လာလည်သူများ

free counters