♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

November 21, 2014

"အိမ်သာ အသုံးပြုနည်း လမ်းညွှန်ထုတ်ဝေလိုက်တဲ့ တက္ကသိုလ် "



       United Kingdom, Wales က ဆွမ်ဆီး တက္ကသိုလ်မှာတော့ အိမ်သာ အသုံးပြုနည်း လမ်းညွှန် ပိုစတာများကို ကပ်ထားတယ်လို့ဆိုပါတယ်။  ဒီ Swansea Universityမှာ တက္ကသိုလ်အိမ်သာတွေ ညစ်ပတ်လာလို့ ဒီလိုမျိုး ပိုစတာတွေ ကပ်ရတယ်လို့ဆိုပါတယ်။  ဒီလို ညစ်ပတ်တာတွေကလည်း ယဉ်ကျေးမှု့မတူညီတဲ့ နိုင်ငံခြားမှ လာရောက်ပြီး ပညာသင်ကြားနေတဲ့ ကျောင်းသားများကြောင့်လို့ ဆိုပါသတဲ့။  တက္ကသိုလ်က ပြောရေးဆိုခွင့်ရှိသူကတော့ “ဒီလို ပိုစတာတွေ ဖြန့်ဝေရတာကတော့ ယဉ်ကျေးမှု့မတူညီတဲ့ နိုင်ငံကလာတဲ့ ကျောင်းသားတွေဟာ သူတို့ နိစ္စဓူဝအတိုင်း အလေးအပင်တွေကို ဖြေရှင်းရင်းနဲ့ အိမ်သာတွေကို ပျက်စီးစေတာတို့၊ မသန့်ရှင်းစေတာတို့ ဖြစ်သွားစေတတ်ပါတယ်” လို့ ဆိုသွားပါတယ်။


          ဒီလိုမျိုး ပိုစတာတွေ ကပ်ပြီးသွားတဲ့အခါမှာတော့ ယောင်္ကျား အိမ်သာတွေရော၊ မိန်းကလေးအိမ်သာတွေရောမှာ ပိုမို သန့်သန့်ရှင်းရှင်းဖြစ်လာတာကို တွေ့ရပါသတဲ့။  ဒါပေမယ့် အချိုသော ကျောင်းသားတွေကလည်း “ကျွန်တော်တို့ဟာ ဒီတက္ကသိုလ်ကို အမှတ်ကောင်းကောင်းနဲ့ ၀င်လာတဲ့သူတွေပါ။  ကျောင်းကတာဝန်ရှိသူတွေက ကျွန်တော်တို့ကို အိမ်သာ မသုံးတတ်ဖူးများ ထင်နေလား?” ဆိုပြီးတော့ စောဒက တက်သူတွေလည်းရှိပါတယ်။
          မည်သို့ပင်ဖြစ်စေ ကျွန်တော့်အမြင့်ကတော့ ကျောင်းတစ်ကျောင်း၊ တက္ကသိုလ်တစ်ခုရဲ့ အဆင့်အတန်းကိုသိချင်ရင် ကျန်တဲ့နေရာတွေကို နောက်မှ သွားကြည့်။  အိမ်သာကိုပဲ တစ်ချက်ကြည့်လိုက်ပါ။  ဒီကျောင်းမှာ ရှိနေတဲ့ ကျောင်းက ထောက်ပံပေးထားတဲ့ အိမ်သာတွေမှာ ရေရှိမရှိ၊ စက္ကူသုံးရင်လည်း တီရှုးစက္ကူ ရှိမရှိ၊ စက္ကူထည့်တဲ့ အမှိုက်ပုံးရှိမရှိ၊ အိမ်သာတိုက်တဲ့ ဘရှက် ရှိမရှိ၊  သန့်ရှင်းရေး ၀န်ထမ်းရှိမရှိ ဒါတွေကို ကြည့်ပြီးတော့ ကျောင်းတစ်ကျောင်းရဲ့ ထောက်ပံပေးနိုင်မှု့ကို အကဲဖြတ်နိုင်သလို ဒါတွေ ပြည့်စုံရက်နဲ့ ညစ်ပတ်နေရင်တော့ ဒါဟာ ကျောင်းသူကျောင်းသားများရဲ့ တာဝန်ယူနိုင်မှု့နဲ့ အများကြီးဆိုင်တယ်လို့ ကောက်ချက်ချပါတယ်။  မိမိရဲ့ အညစ်အကြေးကို အများသုံး အိမ်သာတစ်ခုမှာ စင်ကြယ်အောင် သန့်ရှင်းမသွားတဲ့ လူတစ်ယောက်ဟာ အဖွဲ့အစည်းတစ်ခုကို ဘယ်လို စိတ်ဓာတ်နဲ့ တာဝန်ယူ အုပ်ချုပ်မယ်ဆိုတာ မတွေးတတ်ပါဘူး။  ဒါ့အပြင် အခြားတစ်ယောက်ကျန်ခဲ့လို့ ကိုယ်လည်း ဒီလိုပဲ လိုက်လုပ်မယ်ဆိုရင် အများသုံး အိမ်သာ ဘာဖြစ်သွားမလဲ။  ဒီလိုပဲ တိုင်းပြည်တစ်ခု အနေနဲ့ စဉ်းစားကြည့်ရင်လည်း ဒီလိုစိတ်ဓာတ်နဲ့ ဆက်သွားရင် အဲ့ဒီတိုင်းပြည် ဘာဖြစ်သွားမလည်း။  တာဝန်ယူမှု့အပိုင်းက ဒီကနေစတယ်လို့ မြင်မိပါတယ်။  ထားလိုက်ပါတော့လေ… မည်သို့ပင်ဖြစ်စေ မြန်မာနိုင်ငံက တက္ကသိုလ်တွေ၊ ကျောင်းတွေ၊ ရုံးတွေမှာလည်း အခြေခံဖြစ်တဲ့ အများသုံး အိမ်သာလေးတွေတော့ သန့်ရှင်းသည်ထက်ပိုပြီး သန့်ရှင်းစေချင်ပါတယ်ခင်ဗျား။
Credit to  AH   aunghtut.blogspot

No comments:

Subscribe

လာလည်သူများ

free counters