♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

October 19, 2015

"ဦးညိုစိမ့် သရဲမွေးသည်"

 
ကျွန်တော်တို့ ဒေသက ကဆုန်လရောက်ရင်စလင်းမြို့ ကုသိဏ္ဍာရုံဘုရားပွဲကို နှစ်စဉ်ကျင်းပလေ့ရှိတယ်။
 ဈေးသည်ဆိုင်ခန်းတွေ ပွဲလမ်းသဘင်တွေနွားပြိုင်ပွဲ နွားဝှေ့ပွဲနဲ့ အဲဒီမှာအထူးခြားဆုံးကတော့
လက်ဝှေ့ပွဲပေါ့ဗျာ။
 ထိုခေတ်ကပါ အခုတော့ ဇာတ်ပွဲနဲ့ နွားပြိုင်ပွဲရှိတော့တယ်။ ကဆုန်လ ကုသိဏ္ဍာရုံ
ဘုရားပွဲနီးပြီဆိုရင် ရွာထဲကယောက်ျားသားတွေ တက်ကြွနေတဲ့ ကြက်ဖတွေလိုပဲ လက်ဝှေ့ပွဲကြည့်ရ
ဖို့အရေး အချိန်မှီလုပ်ငန်းတွေပြီးဆီးအောင် လုပ်ကြရတယ်။

ထိုနှစ်မှာတော့ အခါတိုင်းထက်ထူးခြားတယ်ဗျ လက်ဝှေ့ထိုးပွဲမှာ `ကျားကြီး ' ဆိုပြီးအလွန်
နာမည်ကြီးတဲ့ လက်ဝှေ့သမား ဘုရားပွဲမှာ လာထိုး မယ်ဆိုတဲ့သတင်းကတော့စိမ့်ရွာလေးမှာ ပျံ့နှံ့နေတာပဲ။ ဦးညိုစိမ့်အပေါင်းသင်းတွေထဲကကိုလှဆောင်ကတော့ ဒီနှစ်ဘုရားပွဲမှာ `ကျားကြီး '
ဆိုတဲ့သူနဲ့ လက်ဝှေ့ထိုးမလို့ ထန်းတောထဲမှာ လက်ဝှေ့ကျင့်နေသည်။

 ဦးညိုစိမ့်ကတွေ့တော့

``ဟကောင် လှဆောင် မင်းကငါ့ထန်းတောထဲမှာလာပြီး ထူးထူးခြားခြား လက်ဝှေ့လာကျင့်လို့ပါလား
ဘာအရူးထနေတာလဲကွ လို့မေးတော့ ဟာညိုစိမ့် အဲလောက်တောင်အရလားကွ မြို့ ဘုရားပွဲမှာ လာထိုးမယ့် ကျားကြီး ဆိုတဲ့ကောင်နဲ့ ငါထိုးဖို့ လေ့ကျင့်နေတာ '' ဦးညိုစိမ့်က ရီတယ်။

ပီးတော့မှကိုလှဆောင်ကို ခနဲ့သလိုပြောလိုက်သေးတယ်`လှဆောင် မင်း ကျားကြီးနဲ့ ထိုးတာတော့ဟုတ်ပါပီမနိုင်လို့ကတော့ ငါတို့တော့စိမ့်သားတွေ တစ်ခြားရွာက ဟားတိုက်တာခံနေရအုံး ကြည့်လည်းလုပ်အုံး တောစိမ့်သားတွေ အစဉ်လာမပျက် ထိန်းသိန်းလာတဲ့ သိက္ခာတွေ မင်းကြောင့်တော့ အကြမခံဘူးမောင်။်ဒါကြောင့်မင်းငါခိုင်းတဲ့အတိုင်း လုပ်မလား''လို့ဦးညိုစိမ့်ကမေးတယ်

ကိုလှဆောင်က နားမရှင်းတာနဲ့ ဦးညိုစိမ့် ကို`ဟကောင် ညိုစိမ့် မင်းကငါ့ကိုဘာခိုင်းမှာလဲ နောက်
ပြီး မင်းခိုင်းသလိုငါလုပ်ရင် ဘာတွေဖြစ်လာမှာလဲအဲဒါပြောပြမှ ငါလုပ်နိုင်မှာပေါ့ကွ ငါလည်းတောစိမ့်
သားဂုဏ်သိက္ခာတော့ ဘယ်အကြခံမလဲကွ ' လို့ပြန်ပြောလိုက်တယ်။

`ဒီလိုကွာ ငါခိုင်းမှာကသိပ်အခက်ကြီးတော့မဟုတ်ပါဘူး လက်ဝှေ့ပွဲက ၃ညရက်ပဲလိုတော့
တာ မင်း မနက်ဖျန် မြို့ကိုသွား လက်ဝှေ့ပွဲ တာဝန်ခံဆီမှာ ကျားကြီး နဲ့ထိုးဖို့ နာမည်စရင်း သွားပေးကွာ
ပီးတော့ ဘုရားပွဲမတိုင်ခင် ငါ့အလုပ်တွေပီးအောင်ကူလုပ်ပေးကွာ နောက်တစ်ခုက ဒီညနေ ငါ့ဆီကို
အမဲသား တစ်တွဲယူလာပေး အဲလောက်ပဲမင်းလုပ်ရမှာ ကျားကြီးကိုနိုင်ဖို့ အဲလောက်အပင်ပန်းမခံနဲ့
မင်နိုင်စေရမယ်ကွာ' လို့ပြောပြီးထန်းရေ အိုးတွေသိမ်းဖို့ ထန်းပင်ပေါ်ကို တက်သွားတယ်။

ကဲဗျာအဲလိုနဲ့ ညနေရောက်ရောဆိုပါတော့ကိုလှဆောင်က ဦးညိုစိမ့်ခိုင်းတဲ့အတိုင်း အမဲသား
တစ်ဆွဲပြီးရောက်လာတယ် `ဟေ့ညိုစိမ့် ရော့ကွာဒီမှာ မင်ပို့ခိုင်းတဲ့ အမဲသားတွဲ 'ဆိုပြီးလာပေးတော့
ဦးညိုစိမ့်က `အေးကွာလှဆောင် ငါမအားသေးလို့တစ်လက်စတည်း မင်းအဲဒီအမဲသားတွဲကို
ငါခြံအနောက်ဘက်ထောင့်ကထိန်ပင်မှာသွားချိတ်လိုက်ကွာဘယ်အကောင်လာဆွဲမပေးနဲ့
 ရော့ကွာဒီတောင်ဝှေးကိုယူသွား မင်းလက်က အသားတွဲကို လာဆွဲရင်တောင်ဝှေးနဲ့သာ ရိုက်ပစ်လိုက'် လို့ပြောပြီးအိမ်ပေါ်ကနေ တောင်ဝှေးတစ်ချောင်း ပစ်ပေးလိုက်တယ်။ ကိုလှဆောင်တစ်ယောက် ဦးညိုစိမ့်ခိုင်းတဲ့အတိုင်း အမဲသားတွဲဆွဲပြီး ခြံအနောက်ထောင့်ကထိန်ပင်ကိုသွားပါလေရော။

 ပထမဆုံး ဇီးပင်တွေအုံးပင်တွေကြားထဲက ဖြတ်သွားတုန်းကတော့ဘာမှမထူးခြားသေးဘူး ငှက်ပေျာေတာကိုဖြတ်သွားတော့မှ ဇာတ်လမ်းကစပါလေရော ငှက်ပြောပင်တွေ
က ငှက်ပြောပင်တွေကလေကြမ်းတိုက်လို့ တစ်ပင်နဲ့တစ်ပင် ရိုက်ခပ်နေတယ် မှောင်စပျိုးချိန်ဆိုတော့
လေပဲတိုက်သလား အကောင်တွေပဲဝင်တိုးသလားဇဝေဇဝါဖြစ်နေတာပေါ့။
ဒါပေမယ့် ကိုလှဆောင်က
ဘာမှမဖြစ်သလို အမှုမဲ့အမှတ် သွားမြဲသွားနေတာ ပေါ့ ငှက်ပျောတောလည်းဆုံးခါနီးရော လက်မဲမဲကြီး
တစ်ဖက်က သူ့ လက်ထဲကအမဲသားတွဲကို လာဆွဲပါလေရော အမှတ်မထင်ဆိုတော့ အရန်းလန့်သွား
ပေါ့ နောက်မှဦးညိုစိမ့် ပြောလိုက်တာသတိရပြီးညာလက်လက်မှာကိုင်ထားတဲ့ တောင်ဝှေးနဲ့
ရိုက်ချလိုက်မှ လက်မဲမဲကြီး မျက်စိရှေ့ကပျောက်သွားတယ်။

သူလည်းကြောက်ကြောက်နဲ့ ထိန်ပင်ကြီးဆီရောက်အောင် အမြန်လျောက်ရတော့တယ်။ အဲဒါတောင်လမ်းမှာသူ့ နောက်ကလူလိုက်လာသလို ခြေသံတွေကို တစ်ရှပ်ရှပ်ကြားနေရတယ် ။ မာလကာပင်တွေကြား ရောက်တော့လည်း အပင်တွေက တဝေါဝေါ လှုတ်ခပ်နေကြသေးတယ်။

ဒီလိုနဲ့ သူအသားတွဲချိတ်ရမယ့် ထိန်ပင်ကြီးအောက်လဲရောက်ရော ထိန်ပင်မှာစိုက်ထားတဲ့
သံချောင်းလေးမှာ အသားတွဲချိတ်နေတုန်း ထိန်ပင်ပေါ်က မဲမဲအကောင်ကြီး ဇောက်ထိုးကြီးဆင်းလာတာလဲတွေ့ရော အိုးးးး ဘာပြောကောင်း
လဲ တောစိမ့်သားကိုလှဆောင် သတ္တိ ကောင်းချက်ကတော့ `အောင်မလေး သရဲကြီး´ဟ ဆိုးပြီး
နောက်ပြန်လှည့် ပြေးလိုက်တာ အပြန်မှာသူ့ ကို ခြောက်တဲ့သရဲတွေကိုတောင် အားနားပါးနာ
နဲ့ ပြန်လှည့်မကြည့်အားဘူးဗျာ ပြေးလိုက်တာမှတန်းနေတာပဲ။

ဦးညိုစိမ့်အိမ်ရောက်တော့ အမောတကောနဲ့ ကြောက်လည်းကြောက် ဒေါသလည်းဖြစ်ပြီး ဦးညိုစိမ့်ကို ဆဲလိုက်တာ စုံနေတာပဲဗျို့။ ဘဦးညိုစိမ့်ကတော့ ကိုလှဆောင်ကိုကြည့်ပြီး ရီလိုက်တာ အူတက်
မတတ်ပဲဟားး။


ဒီလိုနဲ့ မြို့ဘုရားပွဲတော်ကြီး ကျင်းပတာ၃ ရက်မြောက်လည်းရောက်ရော ဦးညိုစိမ့် ဦးလှဆောင်အပါဝင်
 ရွာကလူတွေအများကြီးဘုရားပွဲကို သွားကြတာနွားလှည်းတွေ တစ်စီတစ်တန်းကြီး။
နံဘေးရွာတွေကလည်း တောစိမ့်ရွာကကိုလှဆောင်ကြီး လက်ဝှေ့ကျော် ကျားကြီး နဲ့ဒီညထိုး
ကြမယ်ဆိုတာ သိတော့ လာအေးပေးကြတာနွားလှည်းတွေကို လက်ဝှေ့ရုံ လမ်းကြောင်းတစ်
လျှောက်ပြည့်နေတာပဲတဲ့။

 နှစ်ညဆက်တိုက်အနိုင်ရထားတဲ့ လက်ဝှေ့ကျော် ကျားကြီးကဒီညမှာလဲ အနိုင်ရမယ်လို့ ယုံကြည်ထားတဲ့
သူ့ ပရိသတ်တွေကတော့ သူ့ ထက်ငါ ကျားကြီးဘက်ကနေ လောင်းကြေးထပ်ကြတာပေါ့။ ဦးညိုစိမ့်အကြောင်း သိကြတဲ့ လူတစ်ချို့ကသာကျားကြီးနဲ့ ယှဉ်ပြိုင်ထိုးမယ့် လှဆောင်ဘေးမှာညိုစိမ့်ပါနေရင် ဒီပွဲလှဆောင်နိုင်မှာကွဆိုပြီးကိုလှဆောင်ဘက်ကနေ လောင်းကြတယ်။

အနောင်စာလုပ်သူက လက်ဝှေ့ပွဲစဉ် ကြေငြာတယ်ဆိုရင်ပဲ ကြိုးဝိုင်းထဲမှာ လက်ဝှေ့အကျော်အမော်
ရှုံးပွဲမရှိသေးတဲ့ ကျားကြီးတစ်ယောက်ကတော့သူ့ ရဲ့ လက်ဝှေ့ ပညာနဲ့ ပရိတ်သပ်ကြီးကို
လက်ဝှေ့ဟန်ရေးပြနေလေရဲ့။ အဲဒီအချိမ်မှာပဲဦးညိုစိမ့်က ကိုလှဆောင်အနားကိုသွားပြီး
ဟေ့လှဆောင် ရော့ကွာဒီပုဆိုးစလေးကိုမင်းရဲ့ ခါးမှာပါတ်လိုက် ပြီးရင်စင်ပေါ်တက်တော့ကွာ
လို့ပြောပြီး ပုဆိုးစလေးကိုပေးလိုက်တယ်။ ၃ တောင်သာသာရှည်တဲ့ ပုဆိုးစလေး အလည်တည့်တည့်မှာ
လက်တစ်ဆုပ်စာ မရှိတရှိအရာဝတ္ထု တစ်ခုကိုကြိုးနဲ့သေချာစည်းပြီး ထုပ်ထားတယ်။

 ပွဲစဖို့ အချက်ပေး ခေါင်းလောင်းသံကြားလို့ ကိုလှဆောင်လည်း ပုဆိုးအစလေးကို ခါးမှာပါတ်လိုက်တယ်။
ပရိတ်သပ်တွေကလည်း ``ကျားကြီး ကျားကြီး ကျားကြီး ´´နဲ့ အားပေးနေကြတယ်။
တစ်ဘက်ကလည်း ကိုလှဆောင်ပရိတ်သပ်လူနည်းစုက တောစိမ့်သား လှဆောင်ကွ

`` လှဆောင် လှဆောင် လှဆောင်နဲ့ နှစ်ဘက်ပရိသတ် ဆူညံနေတာပဲကိုးဗျ။
ကိုလှဆောင် သူ့ စိတ်တွေ အရမ်းထကြွလာတယ်သူမဟုတ်သည့်အလား ချေထောက်နှစ်ချောင်းက
နောက်ကို ၅ လှမ်းလောက်ဆုပ်သွားတယ် ပြီးတော့..ဝှီးးးးးး ခနဲ လက်ဝေ့ စင်ပေါ်ကို ကျွမ်း နှစ်ပါတ်
လည်အောင် ပစ်ပြီးခုန်တက်လိုက်တယ်။ ..`ဝိုးးး ! ! ' ကိုလှဆောင်ပရိသတ်က
 အားပေးလိုက်ကြတာ ဝုန်းဆန်နေတာပဲတဲ့။

ကျားကြီးနဲ့ ကိုလှဆောင် လက်ဝှေ့ ယှဉ်ပြိုင်မှုစတယ်ဆိုရင်ပဲ တစ်ယောက်နဲ့တစ်ယောက်
အရိုသေပေးကြတယ်။ ပြီးတော့ ယှဉ်ပြိုင်ထိုးသပ်ဖို့လက်သီးလေးမြှောက် ဒူးလေးမြှောက်လိုက်နဲ့
ချိန်ဆနေချိန်မှာ ကျားကြီးတစ်ယောက် အလိုလိုနေရင်း ကြက်သီးတွေဖျန်းဖျန်းထပြီး ကြောင်ဒူးတုံလာတယ်။

 သူ့ စိတ်သူမထိန်းနိုင်တော့ဘူးကိုလှဆောင်သူ့ အနား တိုးလာရင်း ကြောက်အားလန့်အားနဲ့ ထွက်ပြေးတယ်။ ပရိသတ်က ကျားကြီးမူပျက်နေတာကြည့်ပြီး အားလိုအားမရဖြစ်လာတော့
`` ဟေ့ကောင် ကျားကြီး ကမြင်းမသား ဘာလို့ထွက်ပြေးနေတာလဲ ထိုးတော့လေကွာ

ချတော့လေကွာ ဘာလုပ်နေတာလ´´ဲ ဘာလဲညာလဲနဲ့ ဆဲဆိုအော်ဟစ်နေသံ ဆူညံနေတာပေါ့။
ကိုလှဆောင်လည်း ကျားကြီးကထွက်ပြေးနေတော့စိတ်မရှည်တော့တာနဲ့ ဟေ့ကောင်ကျားကြီး
ဘာလို့ထွက်ပြေးနေလဲ လာကွာငါ့ကို မင်းစိတ်ကြိုက်ထိုး မင်းလက်သီး ဘယ်လောက်ပြင်းလဲ ကြည့်ရ
တာပေါ့လာ ထိုးကွာငါ့ကို ဆိုပြီး လက်သီးဆုပ်ပြီးပေရပ်နေတယ်။

 ကျားကြီးလည်း ကြောက်ကြောက်နဲ့ကိုလှကြိုင်ကို အားရှိပါးရှိထိုးတာ ကိုလှကြိုင်တစ်ယောက် ကျားကြီးရဲ့ ဘယ်လက်သီးညာလက်သီး နောက်ဆုံး မဟာဒူး နဲ့ ဗိုက်ကိုအတိုက်ခံလိုက်ရချိန်မှာ နောက်ကိုလွင့်စင်ပြီး
ပက်လက်လန်သွားပါလေရောဗျာ။ ဟား ကျားကြီးပရိသတ်က ဟေးအဲဒါကျားကြီးကွ ဆိုပြီး ဝက်ဝက်ကွဲအောင် အားပေးနေချိန်မှာပဲ ကိုလှဆောင်ကြီး ပြန်ထလာတယ်။

အဲလောက်ခံနေရပေမယ့် ကိုလှဆောင်တစ်ယောက်သွေးလေးတစ်စက်မထွက် ပွန်းရာပဲ့ရာတောင်
မရှိ အကောင်းပကတိဗျာ။ အဲဒီမှာ သူကကျားကြီးကို ဟေ့ကောင်ကျားကြီး မင်းပညာဒါအကုန်ပဲလား
ကွ ကဲမင်းပြီးရင် ငါ့အလှည့်ဆိုပြီး ကျားကြီးရဲ့ နှာခေါင်းကို ညာလက်သီးနဲ့ အားရပါးရ ထိုးချလိုက်တာ
ကျားကြီးတစ်မှောက်သွားတာ တစ်ချက်တည်းနဲ့သတိပါလစ်သွားရော။

 ဒိုင်က အမှတ်စဉ် ၁ ကနေ၁၀ ခေါ်လို့ဆုံးတဲ့ အထိကျားကြီးတစ်ယောက်ပြန်ထာမလာတော့ ကိုလှဆောင်ကြီး အနိုင်ရသွားတယ်ဗျာ။ ကျားကြီးဘက်ကလောင်းတဲ့သူတွေ ရှုံးပျြီပါ့ မျက်လုံးလေး ကလည်ကလည်မျက်နှာလေးငယ်ငယ်နဲ့ ပြန်သွားကြတယ်။

ကိုလှဆောင်ပရိသတ်ကတော့ သူတို့နိုင်လို့ဝမ်းသာအားရ ကလိုက်ခုန်နဲ့ ကိုလှဆောင်ကို
လည်းချီးမွမ်းထောပနာပြုရင်း လောင်းကြေးနိုင်တဲ့ငွေတွေနဲ့တစ်ကွ နီးစပ်ရာအရက်ဆိုင်ကို
အောင်ပွဲခံဖို့  အလျှိလျှိထွက်သွားကြတယ်။

တောစိမ့်သားတွေကလည်း သူတို့ရွာသားအနိုင်ရလို့  အဲဒါတောစိမ့်သားကွ ငါ့တို့တောစိမ့်သား လို့ ဝမ်းသာဂုဏ်ယူမဆုံးပေါ့ဗျာ။ဒါပေမယ့် အခုလို လက်ဝေ့ကျော် ကျာကြီးကိုအနိုင်ရဖို့ အတွက် ဦးညိုစိမ့်တစ်ယောက် ဘာတွေဘယ်လိုလုပ်ထားလဲ ဆိုတာတော့ ပရိသတ်ကြီးရော
ဒိုင်တွေရော ကာယကံရှင် ကိုလှဆောင်ပါမသိကြပါဘူး။

လက်ဝှေ့ပွဲက ပြန်ထွက်လာမှ ကိုလှဆောင်ကဦးညိုစိမ့်ကို ညို စိမ့် မင်းမြင်တယ်မို့လား
ငါ ဘယ်လောက်တော်တယ်ဆိုတာ ဟားး....သူ့ ကိုသူ ကိုယ်ရည်သွေးစိတ်ကြီးဝင်ပြီး ဦးညိုစိမ့်ကို
ပြောပြနေတယ်။ ဦးညိုစိမ့်ကတော့ ကိုလှဆောင်စကားကို သဘောကြစွာ ရယ်မောနေရင်း
နှစ်ယောက်သား လမ်းလျှောက်လာတာ ကုသိဏ္ဍာရုံဘုရားနားက ညောင်ပင်ကြီးအောက်ရောက်တော့မှ
ဦးညိုစိမ့်က ရှေ့ဆက်မသွားသေးပဲ ချေလှမ်း ရပ်လိုက်တယ်။

 ပြီးတော့သူက ကိုလှဆောင်ကိုလှဆောင် မင်းကျားကြီးကို အနိုင်ရတယ်ဆိုပြီးဘဝင်လေဟပ်မနေနဲ့ အခုလိုနိုင်အောင် ငါလုပ်ပေးထားတာကွ အဲဒါမင်းမသိဘူးမို့လား မင်းလိုလက်သီးတောင်ဖြောင့်အောင် မထိုးတတ်တဲ့ကောင်ကလက်ဝှေ့အကျော်မော်ကျားကြီးလိုလူကိုနိုင်ဖို့နေနေသာသူနဲ့ယှဉ်ပြီး
မတ်တတ်ရပ်နေဖို့တောင် မင်းလိုကောင်မထိုက်တန်ဘူး လို့ပြောလိုက်တယ်။


ကိုလှဆောင်ကလည်း ကဲကွာမင်လုပ်ပေးလို့သာ ငါအနိုင်ရတာဆိုရင် မင်းငါအနိုင်ရအောင်
ဘာတွေလုပ်ပေးလို့လဲ ပြောစမ်းကွာ လို့မေးတော့ဦးညိုစိမ့်က အေးကွာမင်းမေးတော့လည်း
ပြောပြရတာပေါ့ မင်းက်ုငါ အမဲသားတွဲ ထိန်ပင်မှာသွားချိတ်ခိုင်းတာ မင်းမှတ်မိလား မင်းသရဲတွေ့လို့
ကြောက်ပြီး ထွက်ပြေးလာတဲ့ ညကလေအဲဒီညက ငါထိန်ပင်ကိုသွားပြီး ငါမွေးထားတဲ့သရဲကြီးကို မင်းလက်ဝေ့ပွဲမှာ အနိုင်ရအောင် ကူညီပေးရမယ် စောစောက မင်းကိုအမဲသားလာကြွေးတဲ့လူကို မင်းကျေးဇူးပြန်ဆပ်ရမယ်လို့ပြောထားပြီး ဒီညနေလာခါနီးမှာ ပုဆိုးစထဲမှာ အဲဒီသရဲကိုထိုင်ခိုင်းပြီး
ကြိုးနဲ့သေချာစည်းထားတာကွအဲဒါကိုမင်းခါးမှာပါတပြီးကျားကြီးနဲ့ထိုးတော့
ဒီသရဲအကူညီကြောင့် မင်းအနိုင်ရခဲ့တာကိုလှဆောင်ကို သေချာရှင်းပြတယ်။

 ဒါကိုကိုလှဆောင်က ငါမယုံဘူးကွာ ထိန်ပင်က သရဲကိုငါမြင်ဘူးတယ် နည်းတဲ့အကောင်ကြီးလား
အကြီးကြီးပဲကွအဲလောက်အကောင်ကြီးကဟောဒီ၃ တောင်သာသာပုဆိုးလေးထဲမှာ
ဝင်ထိုင်နေတယ်ဆိုမဖြစ်နိုင်ဘူး ကွာ..ငါယုံအောင် အဲဒီပုဆိုးစကိုဖြေပြီး မင်းပြောတဲ့
ထိန်ပင်က သရဲကြီးကိုငါ့ကိုလက်တွေ့ပြလို့ပြောပြီးဦးညိုစိမ့်ကိုခါးမှာပါတ်ထားတဲ့ပုဆိုးစဖြုတ်ပေးလိုက်တယ်။

ဦးညိုစိမ့်က အေးကွာ မင်းကမယုံတော့လည်းပြရတာပေါ့ စိတ်ခိုင်ခိုင်သာ ထားတော့လှဆောင်ရေ
ဆိုးပြီး ပုဆိုးစကကြီးလေးတွေကိုဖြုတ် အလိပ်လေးကိုဖြေပြီး ညောင်ပင်အောင်မှာချထားလိုက်တယ်။

ကိုလှဆောင် သေချာကြည့်တယ် မဲမဲသေးလေးက သူ့ မျက်စိရှေ့မှာပဲ တစ်ဖြည်းဖြည်းကြီးလာလိုက်
တာ သူ့ အရပ် ၂ ပြန်စာလောက်ကို ကြီးလာတယ်။မျက်တွင်းကဟောက်ပက် မျက်နှာကမဲမဲဖုထစ်ကြီး
တွေနဲ့ ဆံပင်တွေကကြိုးတို့ ကျဲတဲ မျက်လုံးကြီးကရဲရဲနီလို့  အစွယ်ပျူးပျူး သေရည်တစ်များများနဲ့
သျာကြီးတွဲလောင်းချ မဲညစ်ပုတ်ရော်နေတဲ့ လက်ကြီးနှစ်ဘက်မှာ လက်သည်းအရှည်ကြီးတွေနဲ့ ဗျာ
ကိုလှဆောင်တစ်ယောက် အကြောက်လွန်ပီးအဲဒီနေရာမှာပဲ မေ့လဲသွားလို့  ဦးညိုစိမ့်ကနွားလှည်းပေါ်တင်ပြီး ရွာကို ပြန်ခေါ်လဲ့ရယ်ဗျာ။


မနက်မိုးလင်းမှ အိပ်ရာကနိုးနိုးချင်း အားးး သရဲကြီး ဗျ သသရဲကြီး ဆိုပြီး ဂယောင်
ဂတမ်းနဲ့ ထပြေးတာ အိမ်တိုင်နဲ့ နဖူးနဲ့ ဆောင့်မိလို့ ပြန်ပြီးသတိလစ်ပါလေရောဗျာ...........................

ဖိုးသူတော် (www.phothutaw.com)
Credit:Nay Ko Lin

No comments:

Subscribe

လာလည်သူများ

free counters