♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 19, 2016

" ကဒ်ထူပုံးလေးတွေနှင့် အိမ်သေးသေးလေးတွေ ဆောက်ကြရအောင်လား " (ရုပ်သံ)


မူရင်း ယူတျူဗ် လင့်က..
https://youtu.be/lfn1oGAmIfI

အိမ်နံရံအတွက် ပလပ်စတစ်ပေါ်လက်နှင့် တင်ပြားနေတဲ့ ရွှံ့လိုလို အလုံးကြီးဟာ သတင်းစာ စက္ကူဟောင်းတွေကို ရေစိမ်ပြီး
ပျော့လာတဲ့အခါ ချေစက်နှင့် ချေပြီး ရေတွေ စစ်ထုတ်ကာ ကော်မှုန့်တွေ အနည်းငယ်ရောထားပြီး သမအောင်နှက်ထားတဲ့
စက္ကူပျော့ဖတ်လုံးကြီးပါ။ အိမ်ခေါင်မိုး အိမ်နံရံအတွက်ကတော့ အားလုံးသိတဲ့အတိုင်းပဲ ကဒ်ထူပုံးကို အသုံးပြုထားတာဖြစ်
ပါတယ်။ မြက်စိမ်းတွေကတော့ တံမြက်စည်းမွေးတွေကို မင်အစိမ်းရင့်ရောင်၊ စိမ်းဝါရောင်၊ သူ့ပင်ကိုယ် အရောင်မစိုးထားတဲ့ အရောင်လေးအတိုင်း အသုံးပြုနိုင်ပါတယ်။ တံမြက်မွေးရဲ့ ထိပ်ဖျား အမွေးနုလေးတွေကို အရောင်စိုးပြီး ကတ်ကျေးနှင့်ညှပ်ပြီး သုံးနိုင်ပါတယ်။ အပင်ကိုတော့ သစ်ကိုင်းကောင်းကောင်း သို့  လမ်းဘေး သို့မဟုတ် အိမ်နောက်ဖေးမှာ ပေါက်တဲ့ တပေအ
မြင့်စာ ရှိတဲ့ ပင်စည်အခေါင်းမပါတဲ့ ပင်စည်မာတဲ့ အပင်ငယ်ကို အမြစ်ကနုတ်ပြီး ရေဆေးကာ အခြောက်လှန်းထားပါ။ အပင်အစစ်ကို အသုံးပြုလျှင် ပိုပြီး ပီပြင်ပါတယ်။ 
အရွက်တွေကိုတော့ တံမြက်စည်းမွေးတွေနှင့် အသုံးပြုပြီး လှလှလေး လုပ်နိုင်ပါတယ်။ အောက်မှာ အပင်ပြုလုပ်ပုံ ဗီဒီယိုလေး
တင်ပေးထားပါတယ်။
အိမ်လေးတွေပြုလုပ်ပြီး အလှဆင်ကာ ရောင်းချနိုင်သလို ကျေးလက်တောရွာက အိမ်လေးများ၊ တဲကုပ်လေးများ၊ လယ်စောင့်
တဲလေးများ၊ မန်းလေးနန်းတော်ပုံ၊ စောင်းတန်း ပြသဒ်တန်ဆောင်းတွေပါတဲ့ မြန်မာ့ အနုပညာလက်ရာတွေပါတဲ့ အဆောက်
အဦအသေးလေးတွေကိုလည်း ပြုလုပ်ကာ အမှတ်တရပစ္စည်းလေးတွေ အဖြစ်ရောင်းချနိုင်ပါတယ်။ စီးပွားအဖြစ် ငွေရှာလို
သူတွေအတွက် အမှိုက်ထဲက ပိုက်ဆံရနိုင်ပါတယ်။

ကျေးဇူးတင်ပါတယ်.....
ရောရောသမမွှေ.............


အပင်ပြုလုပ်ပုံ ဗီဒီယိုများ...
video -1

link is
https://youtu.be/zr3ReciNITM

====== ======

video - 2


link is
 https://youtu.be/P5I6qKNReuo

================

Video - 3

link is
https://youtu.be/kdl4Pa81zHY


ကျေးဇူးတင်ပါတယ်.....
ရောရောသမမွှေ.............

No comments:

Subscribe

လာလည်သူများ

free counters