♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 13, 2016

" ချစ်မိတဲ့ မိန်းကလေးတွေရဲ့ ဒုက္ခ (၇) မျိုး "

 
ဘယ်လိုပဲ စိတ်ကို တင်းထားပါစေ၊ နောက်ဆုံးမှာ အချစ်မှာ အဖတ်ဆယ်လို့မရအောင် ပျော်ဝင်သွားတတ်ကြတာ မိန်းကလေးတွေပါ။

၁။ ခံစားချက်ကို ဖော်ပြရမလား၊ ထိန်းထားရမလား ဝေခွဲမရဘူး

ကိုယ်ချစ်တဲ့သူကို ဘယ်လောက်ချစ်ကြောင်း ထုတ်ဖော်ပြလိုက်ရင်လည်း သူအနိုင်ယူသွားမှာာဆိုးတယ်။ ထိန်းထားပြန်ရင်လည်း ကိုယ့်ကို မချစ်တတ်သူ၊ အေးစက်သူလို့ ထင်ခံရမှာ စိုးပြန်တယ်။

၂။ ပိုချစ်တတ်တယ်

ကိုယ်ချစ်သလောက် ဘယ်တော့မှ ပြန်အချစ်မခံရပါဘူး။ ချစ်တယ်ဆိုတဲ့ စကားကို အကြိမ်ကြိမ်ပြောရတာ ကိုယ်ပဲ ဖြစ်နေပြီး အသေးစိတ် ဂရုစိုက်မိတာလည်း ကိုယ်ပဲ ဖြစ်နေတတ်တယ်။ ကိုယ်ပြောသလို ပြန်မပြောရင် ကိုယ်ဂရုစိုက်သလို ပြန်မစိုက်ရင် သေလုအောင် ခံစားရတာလည်း ကိုယ်တွေပါပဲ။

၃။ ချောင်းမြောင်းရတာလည်း အခါခါ

သူ့ရဲ့ ဖေ့စ်ဘွတ်အကောင့်ကို တစ်ရက်တည်းနဲ့ ဖွင့်ကြည့်မိတာ ဘယ်နှကြိမ်မှန်းမသိတော့။ နောက်ဆုံး သူဘာမှ အသစ်မတင်ရင်တောင် အရင်တုန်းက သူတင်ခဲ့တာတွေကို ပြန်ကြည့်စစ်ဆေးမိနေတယ်။

၎။ မက်ဆေ့ပြန်မပို့ရင် ကမ္ဘာပျက်တဲ့အလား

ကိုယ်က မက်ဆေ့ပို့ပြီး ပြန်မပို့ရင် အရူးလိုပဲ။ သူများ ကိုယ့်ကို စိတ်မဝင်စားတော့တာလားပေါ့။ ပြီးတော့ ကိုယ်ချစ်သလောက် ပြန်မချစ်သူအပေါ် ခံစားချက်တွေ ပိုတိုးတိုးလာတော့တာပဲ။

၅။ ကိုယ့်ကိုကိုယ် ပြန်စဉ်းစားတယ်

သေချာစဉ်းစားတယ်။ ကိုယ်က ဘယ်လောက်ကောင်းတဲ့သူဆိုတာ သိတယ်။ ဒါပေမဲ့လည်း သိမ်ငယ်စိတ်တွေက ဖြစ်ပေါ်နေတာ အကြိမ်ကြိမ်။

၆။ ကိုယ့်ရဲ့အချစ်ကြီးမှုကြောင့် တစ်ဖက်သူမှာ စိတ်ဒုက္ခရောက်ရတယ်

ကိုယ့်ကို တကယ်လက်တွဲလိုတဲ့ ယောက်ျားဆိုရင်တောင် ကိုယ့်ရဲ့ တွယ်တာမှုက အရမ်းလွန်ကဲလာတဲ့အတွက် လန့်လာတယ်။ တချို့ယောက်ျားတွေဆိုရင် မခံနိုင်လို့ ထွက်ပြေးသွားတဲ့အထိ ဖြစ်ရရော။

၇။ ပြောသင့်တာရော မပြောသင့်တာရော သူ့ကို အကုန်ပြောချင်မိတယ်

ချစ်မိပြီဆိုတာနဲ့ မိန်းကလေးတွေက ကိုယ့်ရဲ့ အလျှို့ဝှက်ဆုံးအရာတွေကို ပြောတတ်ကြတယ်။ တစ်ခါတလေမှာ
မပြောသင့်တာ ပြောမိတဲ့အတွက် ကိုယ့်အပေါ်တစ်ဖက်က စိတ်ကွက်သွားတတ်သေးတယ်။ ဒါပေမဲ့လည်း ပြောမိနေတုန်းပါပဲ။

Credit : Duwun

Credit : http://www.shwechitthu.com/2016/03/blog-post_73.html

No comments:

Subscribe

လာလည်သူများ

free counters