♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 18, 2016

" ထသွားထလာ ကျစ်ဆံမြီး ကျစ်နည်းလေး လုပ်ကြည့်ချင်တယ်ဆိုရင် "

 
၁။ ပထမဆုံးအနေနဲ့ ဆံပင်ကို ပုံမှာပြထားသလို အလည်ခွဲလိုက်ပါ။

၂။ ဒုတိယအဆင့်ကတော့ ဆံပင်ကို သရဖူပုံစံလေး ရအောင် ထပ်ခွဲရမှာ ဖြစ်ပါတယ်။ အောက်ကနေ အပေါ်ပိုင်းတစ်ခုလုံးကို ခွဲလိုက်ရမှာပါ။ ခွဲလိုက်တဲ့ ဆံပင်တွေကို သာရေးကွင်းတစ်ခုခုနဲ့ ချည်လိုက်ပါ။

၃။ တတိယအဆင့်ကတော့ ပုံမှာပြထားသလို စည်းလိုက်တဲ့ ဆံပင်အနည်းအများက နှစ်ဖက်ညီမျှနေရပါလိမ့်မယ်။ တစ်ဖက်ကများပြီး တစ်ဖက်နည်းနေတာမျိုး မဖြစ်ပါစေနဲ့။

၎။ ပြီးတာနဲ့ ဆံပင်အနည်းငယ်ကိုယူပြီး တစ်ဖက်ချင်းစီ ပုံမှာပြထားသလို ခေါင်းအနောက်ဘက်ကို ကျစ်သွားရပါမယ်။ ကျစ်ပြီးသွားရင် အနောက်ဘက်မှာ သာရေကွင်း ဒါမှမဟုတ် ကလစ်လေး ထိုးပြီး ကျစ်ဆံမြီးကို ထိန်းထားလိုက်ရုံပါပဲ။


၅။ဟိုဘက်ရော ဒီဘက်ရော ကျစ်ပြီးပြီဆိုရင်တော့ ထသွားထလာအတွက် ခပ်မိုက်မိုက်ဆံပင်ပုံစံလေး ရပါပြီနော်။
Ref:popsugar

Credit : http://www.trend.com.mm/2016/03/16/beauty-9102

No comments:

Subscribe

လာလည်သူများ

free counters