♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 18, 2016

" လေယာဉ်ပေါ်မှာ လိင်ဆက်ဆံခဲ့တဲ့အတွက် အဖမ်းခံခဲ့ရတဲ့ အမျိုးသား "

Garczynski, a current MBA candidate at the WP Carey School of Business at Arizona State, was found in the lavatory where he and the teen allegedly had sexual relations and was arrested by the Salt Lake Airport Authority
Jasper Garczynski 27

အမေရိကန် ပြည်တွင်းလေကြောင်းလိုင်းတစ်ခု ပျံသန်းနေစဉ်မှာဆယ်ကျော်သက် မိန်းကလေးတစ်ယောက်နဲ့လိင်ဆက်ဆံခဲ့တယ်လို့ ယူဆရတဲ့ အမျိုးသားတစ်ဦးဟာ အဖမ်းခံခဲ့ရပါတယ်။

အသက်၂၇နှစ်အရွယ် ဂျက်စပါ  ဂါ့ဇိုင်စကီ ဟာ ပြီးခဲ့တဲ့ တနင်္လာနေ့က US,Phoenixကနေ Salt Lake Cityကို ပျံသန်းခဲ့တဲ့ Delta လေကြောင်းလိုင်းမှာ တရားမ၀င်ဖြစ်တဲ့ လိင်ပိုင်းဆိုင်ရာ လှုပ်ရှားမှုအတွက် အဖမ်းခံခဲ့ရတာဖြစ်ပါတယ်။

ဂါ့ဇိုင်စကီဟာ  အရီဇိုနားပြည်နယ် WP Carey School of Business က MBA ကျောင်းသားတစ်ယောက်ဖြစ်ပြီးသူနဲ့အသက် ၁၆နှစ်အရွယ် မိန်းကလေးတို့ဟာ လေယာဉ် အိမ်သာထဲမှာလိင်ပိုင်းဆိုင်ရာဆက်ဆံရေးတွေအကြောင်း ပြောနေခဲ့တာကိုတွေ့ခဲ့ပါတယ်။

ဂါ့ဇိုင်စကီဟာ လေယာဉ်ဆင်းသက်တဲ့အခါ လေဆိပ်အာဏာပိုင်တွေရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။The University of Chicagoရဲ့ ဘွဲ့ရကျောင်းသားလည်းဖြစ်တဲ့ ဇိုင်စကီကို လေယာဉ်မယ်တစ်ဦးက အိမ်သာထဲမှာတွေ့ရှိခဲ့တာပါ။

အဲဒီအချိန်မှာဆယ်ကျော်သက်မိန်းကလေးက အိမ်သာထဲက ထွက်ပေါ်လာပြီး သူမတို့လိင်ဆက်ဆံခဲ့တယ်လို့ လေယာဉ်ဝန်ထမ်းကိုပြောခဲ့ပါတယ်လို့ New York Daily News Reports က
ဆိုပါတယ်။

လေယာဉ်မောင်းသူက သတိပြုမိသွားတဲ့အခါ ရဲကို အကြောင်းကြားခဲ့ပြီး ဂါ့ဇိုင်စကီက အဖမ်းခံခဲ့ရပါတယ်။

ကျောင်းရဲ့ဝက်ဘ်ဆိုက်အရ ဂ့ါဇိုင်စကီဟာ WP Carey School of Businessရဲ့ ဘွဲ့ရသင်ကြားရေးလက်ထောက်တစ်ယောက်ဖြစ်တယ်လို့ သိရပါတယ်။

အသက် ၂၇နှစ်အရွယ် ဂါ့ဇိုင်စကီဟာ ယခုလောလောဆယ် တရားမ၀င် လိင်ပိုင်းဆိုင်ရာ ပြစ်မှုအတွက်  အမှုရင်ဆိုင်နေရပါတယ်။

Credit : ဖိုးသူတော် (http://www.phothutaw.com/2016/03/blog-post_709.html)
Credit: ThitHtooLwin

No comments:

Subscribe

လာလည်သူများ

free counters