♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

March 16, 2016

သင့်လက် (၅) ချောင်းတစ်ခုချင်းစီ နှိပ်နယ်ပေးတဲ့အခါ ဖြစ်လာတဲ့ အံ့ဖွယ်အချက်များ


ခန္ဓာကိုယ်နေထိုင်မကောင်းဖြစ်ခြင်းဟာ ခန္ဓာကိုယ် အတွင်းပိုင်းမှာ အဆင်မပြေမှုကနေ ဖြစ်ကြောင်း ရှေးခေတ်နဲ့ အခုခေတ် လူအတော်များများ ယုံကြည်ထားကြပါတယ်။ အဲဒီအဆင်မပြေဖြစ်မှုဟာ အစားအသောက်မသင့်လျှော်မှု၊ အလေ့အကျင့် မမှန်ကန်မှုနဲ့ အတွေးစိတ်ကူး ညံ့ဖျင်းမှုတို့ကြောင့် ရရှိနိုင်ပါတယ်။

ဂျပန်နိုင်ငံမှ ရှေးခေတ် အနှိပ်ကျွမ်းကျင်ပညာရှင် Jin Shin Jyutsu က ခန္ဓာကိုယ်အတွင်းပိုင်း သဟဇာတပြန်ဖြစ်စေဖို့ ဆိုင်ရာဆိုင်ရာ နှိပ်နယ်နည်းတွေ အသုံးပြုပါတယ်။
အထက်ကပုံကို အသုံးပြုပြီး ခန္ဓာကိုယ်ရှိ ရောဂါလက္ခဏာတွေ သက်သာစေရေး သင့်တော်မှန်ကန်တဲ့ လက်ချောင်းများ ရှာနိုင်ပါတယ်။

·         လက်မ နှိပ်နယ်ပေးပါက အစာအိမ်နဲ့ သရက်ရွက်ကို သဟဇာသဖြစ်စေပါတယ်။ စိတ်လှုပ်ရှားမှု၊ စိုးရိမ်ကြောင့်ကြမှု၊ စိတ်ကျရောဂါကို သက်သာပျောက်ကင်းစေပါတယ်။ အရေပြားပြသနာ၊ ခေါင်းကိုက်ဝေဒနာ၊ ဗိုက်အောင့်ဝေဒနာများကိုလည်း သက်သာရာ ရစေနိုင်ပါတယ်။

·         လက်ညှိုးကို နှိပ်ပေးမယ်ဆိုရင် ကျောက်ကပ်နဲ့ ဆီးအိတ်ကို လိုက်လျောညီထွေဖြစ်စေပါတယ်။ စိုးရိမ်ပူပန်မှုအပြင် ကြွက်တက်ခြင်း၊ ကျောပြင်နာကျင်ကိုက်ခဲခြင်းနဲ့ အစားခြေလမ်းကြောင်း ပြသနာတွေ သက်သာစေနိုင်ပါတယ်။

·         လက်ခလယ်ကို နှိပ်နယ်ပေးမယ်ဆိုရင် အသည်းနဲ့ အာရုံကြော သဟဇာတဖြစ်အောင်လုပ်ပေးပါတယ်။ အမျက်ဒေါသနဲ့ စိတ်ရှုပ်ထွေးမှုကို သက်သာစေပါတယ်။ ဦးနှောက်သွေးကြောကျန်းမာရေး၊ ဓမ္မတာလာချိန် နာကျင်ကိုက်ခဲမှု၊ အမြင်အာရုံပြသနာနဲ့ ခေါင်းကိုက်ဝေဒနာတို့ကို ပိုမိုတိုးတက်ကောင်းမွန်စေပါတယ်။

·         လက်သူကြွယ်ကို နှိပ်နယ်ပေးပါက အဆုတ်နဲ့ အစာခြေအင်္ဂါစု သဟဇာတဖြစ်စေပါတယ်။ စိတ်ဝမ်းနည်းခံစားရမှုအပြင် အသက်ရှူပြသနာနဲ့ အစာခြေဖျက်မှု ပြသနာများပါ သက်သာပျောက်ကင်းစေတယ်။

·         လက်သန်းကို နှိပ်နယ်ပေးမယ်ဆိုရင် နှလုံးကို လိုက်လျောညီထွေ ဖြစ်စေပါတယ်။ စိတ်တင်းမာမှု၊ ပူပန်မှုနဲ့ အထီးကျန်မှုကို သက်သာစေပါတယ်။ လည်ချောင်းနာကျင်မှု၊ လေပွခြင်းနဲ့ အရိုးနဲ့ပတ်သက်တဲ့ ပြသနာတွေ ပိုမိုတိုးတက်ကောင်းမွန်စေနိုင်ပါတယ်။

Credit : http://www.trend.com.mm/2016/03/15/health-9087
Credit :့ ရွှေချစ်သူ

No comments:

Subscribe

လာလည်သူများ

free counters