♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 21, 2015

"ဖခင်တွေအနေနဲ့ ကိုယ့်အိမ်သူသက်ထားတွေကို မပြောသင့်တဲ့ စကားများ"

မိခင်တွေ အထူးသဖြင့် ကလေးမီးဖွားထားတာ ၊ကလေးရထားတာ တစ်နှစ်မပြည့်သေးတဲ့ မိခင်မျိုးတွေဟာ စိတ်ခံစားချက်တွေ ထိလွယ်ရှလွယ် ဖြစ်တတ်ကြပါတယ်။ အရင်တုန်းက နှစ်ယောက်တည်းရှိချိန် ပြောနေကျ စကားမျိုးတွေကိုတောင် သူတို့စိတ်ထဲ နာကျင်ခံစားနေတတ်ကြတာပါ။ ဒါပေမယ့် ဖခင်တွေအနေနဲ့လည်း ငါဟာ အပြင်မှာပိုက်ဆံရှာရတာပဲ၊ အလုပ်တွေ လုပ်နေရတာပဲ၊ သူကတော့ အိမ်မှာကလေးနဲ့ ဘာများပူပင်ရလို့လဲဆိုတဲ့ မှားယွင်းတဲ့ အတွေးမျိုးတွေနဲ့ သူတို့ကို ပြောဆိုဆက်ဆံတာမျိုး မဖြစ်သင့်ပါဘူး။ အိမ်သူသက်ထားတွေဟာ သူတို့အမျိုးသားတွေလို အပြင်ထွက် အလုပ်မလုပ်ရရင်တောင် အိမ်တွင်းမှုကို ဘယ်လိုနိုင်နင်းအောင် လုပ်ဆောင်ရမယ် ဆိုတာမျိုးတွေ၊ ကလေးတွေအတွက် ဆိုတဲ့ စိတ်၊ ဒါ့အပြင် ကိုယ့်အမျိုးသားလိုအင်ကို ဘယ်လိုဖြည့်စွမ်းရမယ် ဆိုတာတွေနဲ့ ပင်ပန်းနေရသူဆိုတာ ကိုယ်ချင်းစာတတ်ဖို့လိုပါတယ်။ သူတို့နေရာမှာ ငါသာဆိုရင် ဆိုပြီး ကိုယ်ချင်းစာစိတ်လေး ထားပေးမှ ရပါလိမ့်မယ်။ ဒီတော့ ခိုင်မြဲတဲ့ အိမ်ထောင်ရေး၊ သာယာပျော်ရွှင်ဖွယ်ရာ အိမ်ထောင်ရေးတစ်ခု ပိုင်ဆိုင်စေနိုင်ဖို့ ကိုယ့်အိမ်သူသက်ထားကို ဒီလိုစကားမျိုးတွေ မပြောမိပါစေနဲ့။

၁။ငါတစ်ယောက်တည်း သီးသန့်အချိန်လေး လိုချင်တယ်။
တစ်နေ့လုံးအလုပ်လုပ်ပြီး ပြန်လာလို့ ကိုယ့်အမျိုးသမီးက ကိုယ့်နားလိုက်ပြီး စကားပြောတာမျိုး၊ ထမင်းစားပြီးချိန်မှာ ကိုယ့်ဘေးနားကပ်ပြီး ရှိနေတာမျိုးဆိုရင် ကလေးမွေးထားတာ လေး ငါးလလောက်သာ ရှိသေးတဲ့ အမျိုးသမီးကို ခုလို
ဘယ်တော့မှ မပြောမိပါစေနဲ့။

၂။ဒါက မင်းလုပ်ပေးရမယ့် အလုပ်။
ကလေးကို နို့တိုက်ပေးဖို့ ကိစ္စကလွဲရင် ဒါက မိန်းမတွေလုပ်ရမယ့်အလုပ်၊ မင်းလုပ်ရမယ့်အလုပ်လို့တော့ သွားမပြောပါနဲ့နော်။ ဖခင်အနေနဲ့ မလုပ်ပေးနိုင်တဲ့အရာ ဘာများရှိနေလို့လဲ။

၃။မင်း အိမ်မှာနေပြီး တစ်နေ့လုံး ဘာတွေများ လုပ်နေသလဲ။
ကိုယ်ကအပြင်မှာ အလုပ်တွေ အသားကုန်လုပ်နေရချိန် မင်းကရော အိမ်မှာဘာတွေများလုပ်နေလို့ ဒီကိစ္စတွေ မပြီးတာလဲ ဆိုတာမျိုး ပြောရင် တစ်ဖက်လူက သူဘာတွေလုပ်ရသလဲဆိုတာ သင့်ကို စာရင်းနဲ့ ပြန်ရွတ်ပြစေချင်သလို ဖြစ်နေပါလိမ့်မယ်။ တကယ်လို့ တန်းစီပြီးသာ ပြောရရင်လည်း သင်ပါးစပ်အဟောင်းသား ဖြစ်သွားပါလိမ့်မယ်။ အိမ်သူသက်ထားတွေဟာ ကလေးအလုပ်၊ အိမ်အလုပ်ကို ဇယ်တောက်သလုပ် လုပ်ရတာပါ။ အိမ်မှာ အဖော်ရှိရင်တောင် မိခင်တစ်ယောက်အနေနဲ့ ကလေးဘေးမှာ တောက်လျှောက် မျက်ခြေမပြတ်ရှိနေရတာမျိုးဟာ ဘယ်လိုမှ မလွယ်ကူပါူဘူး။

၎။ဒီ ဟင်းချက်ပြန်ပြီလား။
သင်ဟာ တစ်နေ့စာ တစ်နေ့ ဘာတွေချက်ပြုတ်ရမလဲ ဆိုတာမျိုး စဉ်းစာ စီစဉ်ရတာလွယ်ကူတယ် ထင်ရင် ကိုယ်တိုင်သာ ၀င်ချက်ပေးလိုက်ပါ။ မဟုတ်ရင်လည်း သင့်ဇနီးကို သင်ဘာတွေစားချင်သလဲဆိုတာ စာရင်းပေးထားလိုက်ပါ။

၅။ငါ့ရဲ့ ပစ္စည်း ဘယ်မှာထားထားသလဲ။
အပြင်သွားခါနီး၊ အလုပ်သွားခါနီး ကိုယ်ထားနေကျ နေရာမှာ ကိုယ်လိုချင်တဲ့ပစ္စည်းမရှိတာနဲ့ ကိုယ့်မိန်းမနာမည်အော်ခေါ်ပြီး နေရာပြောင်းထားလိုက်သလား မေးတာမျိုးလည်း ရှောင်ပါ။ အဲ့ဒီအစား ငါယူလိုက်မိသေးသလားဆိုတာမျိုး သေချာပြန်စဉ်းစားတာ ပိုကောင်းပါတယ်။

၆။ကလေးတွေကို စည်းကမ်းလေးဘာလေး လုပ်ထားပါဦးကွာ။
အိမ်မှာ ကလေးတွေနဲ့အတူနေတဲ့ မိခင်ကသာ ကလေးတွေ ကောင်းသည်ဆိုးသည် အခြေအနေအားလုံး သူ့အပေါ်တာဝန်ရှိနေတာမျိုး မဟုတ်ပါဘူး။ ဖခင်တစ်ယောက်အနေနဲ့ ယူရမယ့် တာဝန်တွေထဲမှာ ကိုယ့်သားသမီးတွေကို ဆိုဆုံးမနိုင်တာမျိုး ပါတာပဲလေ။ ကလေးတွေ အပြစ်လုပ်တာနဲ့ မိခင်ကို မဲပြီးပြောတာမျိုး မဖြစ်သင့်ပါဘူး။
Ref:popsugar

Credit : http://www.trend.com.mm/2015/09/16/relationships-7663

No comments:

Subscribe

လာလည်သူများ

free counters