♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 26, 2015

" ရောဂါတွေအတွက် သစ်ကြားသီးအစိမ်း ပျားရည်စိမ်ရဲ့ အံ့မခန်းဖွယ် အကျိုးကျေးဇူးများ"

Green Walnuts In Honey - Amazing Cure
သစ်ကြားသီး အစိမ်းတွေဟာ ဗိုက်တာမင်(ဗီတာမင်) စီဓါတ်ကြွယ်ဝသည့်အတွက် အနီးမီးယား ခေါ်သံဓါတ်နဲသည့် ရောဂါ၊
အသဲကို ဆေးကြောရာတွင်၎င်း၊ အစာအိမ်နှင့် သွေးများကို သန့်စင်ရာတွင် အလွန်အသုံးဝင်ပါသည်။ ထို့ပြင် အဝလွန်ခြင်း၊
အသက်ရှူလမ်းကြောင်းမကောင်းခြင်း၊ အစာချေစနစ်နှင့် ဝမ်းတွင်း အင်္ဂါများပုံမမှန်ခြင်း၊ ဟော်မုန်းဓါတ်များမမျှခြင်း၊ အား
အင်နည်းပါးခြင်း၊ ကိုယ်ခန္ဓာနှင့် စိတ်ပိုင်းဆိုင်ရာ အားနည်းမှုများအတွက် အထောက်အကူဖြစ်စေသည့်အပြင် လည်ပင်းနှင့်
သက်ဆိုင်သော ရောဂါများ၊ လည်ပင်းကြီးရောဂါ၊ လည်ပင်းကြီးစေသည့် အကျိတ်အတွင်းမှ အိုင်အိုဒင်းဓါတ်  ထုတ်လုပ်မှု
နည်းပါးခြင်းတို့ကိုလည်း ပျောက်ကင်းစေကာ အိုင်အိုဒင်းဓါတ်ပိုမိုထုတ်ပေးစေခြင်း၊ ဆဲလ်များကို အားပေးခြင်း၊ အဆိပ်အ
တောက်များကို ဖယ်ရှားပေးခြင်းတို့ကို ပြုလုပ်ပေးစေပါတယ်။ အလွန်အကျိုးရှိသော ဆေးနည်းဖြစ်ပါတယ်။

လိုအပ်သောပစ္စည်းများ။
  • မမှည့်သေးသော သစ်ကြားသီး အစိမ်း အလုံး (၄၀)
  • ပျားရည်စစ်စစ် (၂)ပေါင်

ပြုလုပ်ပုံပြုလုပ်နည်း။
သစ်ကြားသီးတွေကို ရေကောင်းကောင်းဆေး အခြောက်ခံပြီး ဓါးဖြင့်ပါးပါးလှီးပါ။ သစ်ကြားသီးများကို ပုလင်းကြီးတလုံးထဲ ထဲထည့်ပါ၊ အပေါ်မှ ပျားရည်လောင်းချပြီး အဖုံးကိုသေချာပိတ်ပါ။ နေပူထဲတွင် တစ်လတိတိ အပူခံလှန်းပေးပါ။ ထိုသို့ နေလှန်း

နေစဉ်အတွင်း သစ်ကြားသီးများမှာ မဲသည်ထက်မဲလာသည်ကို တွေ့ရပါမည်။  (ဖတ်ပုလင်းထဲထည့်ရပါမည်)

အသုံးပြုနည်း။
ရရှိလာသော သစ်ကြားသီးပျားရည်စိမ်အချိုကို လက်ဘက်ရည်ဇွန်းတစ်ဇွန်းစီ နေ့တိုင်း သောက်ပေးရပါမည်။ 

သတိပြုရန်။ 
သစ်ကြားသီး အစိမ်းကို ဖြတ်တောက်စဉ် လက်အိတ်ကို ဝတ်ထားရပါမည်၊ သစ်ကြားသီးအစိမ်း၏ အရည်သည် အမဲရောင်
ဖြစ်ကာ လက်ကို စွန်းထင်းစေကာ မဲနက်သွားပေလိမ့်မည်။ အချိန်တော်တော်ကြာသည့်အထိ ချွတ်ဖို့မလွယ်ပါ။ ဆေးကြော
ရန်လည်းမလွယ်ပါ။ 


(ရောရောသမမွှေ) မှ

Green Walnuts In Honey – Amazing Cureကို အောက်ပါ ဆိုက်မှ ပြန်ဆိုထားခြင်း ဖြစ်ပါတယ်။ 

သူ့မူရင်း လင့်မှာ

Credit : http://www.healthyfoodstar.com/green-walnuts-honey-amazing-cure/

No comments:

Subscribe

လာလည်သူများ

free counters