♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 24, 2015

" ခွေးခြေခုံနှစ်လုံး အသုံးပြုပြီး တောင်ပေါ်တက်ခဲ့တဲ့ မသန်စွမ်းအမျိုးသားတဦး "



Henan ခရိုင် Xinxiang မြို့မှ  အသက် ၃၄ နှစ်အရွယ် Zhao Bo ဆိုသူအမျိုးသားတဦးဟာ သူ့ရဲ့ ခြေထောက် နှစ်ဖက်လုံး
 ဖြတ်တောက်ခဲ့ရသူပါ။ သူဟာ တရုတ်ပြည်မြောက်ပိုင်းရှိ Mount Tai ဆိုသော သမိုင်းဝင်  တောင်တတောင်ရဲ့ Red ဂိတ်ကနေ စတင်ပြီး သေးငယ်သော ခွေးခြေနှစ်လုံးရဲ့အကူအညီနဲ့ သြဂုတ်လ ၂၂ ရက်နေ့ မနက်ပိုင်းက တက်ရောက်ခဲ့ပါတယ်။

Zhongtian ဆိုတဲ့ ဂိတ်ကို ရောက်တဲ့အခါမှာ ကျဉ်းမြောင်းသေးသွယ်လှတဲ့ လှေကားတွေကြောင့် ဆက်မတက် တော့ဘဲ ရပ်နားခဲ့ပါတယ်။

Zhao Bo ဟာ တောင်ပေါ်သို့ ခွေးခြေနှစ်လုံးရဲ့ အကူအညီနဲ့ သူ့ခန္တာကိုယ်ကို ထိန်းပြီး ဖြေးဖြေးနှေးနှေးတက် ခဲ့တာပါ။ သူနဲ့အတူ သူငယ်ချင်းနှစ်ယောက်လည်း အတူလိုက်ပါလာကြပါတယ်။ ရာသီဥတုက ပူလောင် လှတဲ့အတွက် သူ့တကိုယ်လုံးမှာလည်း ချွေးသံတရွဲရွဲနဲ့ပါ။ ခွေးခြေကို အားပြုကိုင်ထားရတဲ့ သူရဲ့ ဘယ်လက်လက်မှ လက်အိတ်ကို

ချွတ်လိုက်တဲ့အခါမှာ လက်မှာ အရည်ကြည်ဖုတွေတောင် ဖြစ်လို့နေတာပါ။


၎င်းဟာ အရင်က မီးသတ်သမားတဦးဖြစ်ကာ မီးငြိမ်းသတ်ရာမှ မတော်တဆ ထိခိုက်ဒဏ်ရာ ရရှိခဲ့ရကာ သူ့ရဲ့ခြေထောက်နှစ်ဖက်စလုံးကို ဆုံးရှုံးခဲ့ရပါတယ်။ သူဟာ မသန်စွမ်းတယောက်အနေနဲ့ ၀ီးချဲလ် အသုံးပြု  ပြီး အပြင်ထွက်တဲ့အခါမှာ အဆင်မပြေဖြစ်တဲ့အနေအထားကို တွေ့လာရတော့ မသန်းစွမ်းတွေအတွက် အဆင်ပြေစေနိုင်မယ့် အစီအစဉ်တွေလုပ်ဆောင်ပေးနိုင်ရန် သူ့အနေနဲ့ လူတွေကို မေတ္တာရပ်ခံချင်လာပါတော့တယ်။

ဒါကြောင့် အခုလို Mount Tai တောင်ပေါ်သို့ တက်ရောက်ခဲ့ရခြင်းဖြစ်ကာ သူ့ကိုယ်သူ ဘယ်လောက် အစွမ်းအစ အလားအလာရှိသလဲဆိုတာလည်း သိချင်ရုံသက်သက်အနေနဲ့ လုပ်ဆောင်ခဲ့ခြင်းဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

Zhao Bo ဟာ Mount Tai တောင်ပေါ်သို့ တက်တဲ့အခါမှာ မသန်စွမ်းတယောက်အတွက် ဘယ်လို အဆင်ဆင်ပြေပြေ သက်တောင့်သက်သာနဲ့ တက်ရောက်နိုင်မလဲဆိုတဲ့ အရာကို မရှာဖွေခဲ့ပါတယ်။ သူ့ရဲ့ လက်တွေကို အသုံးချပြီး  ခွေးခြေနှစ်လုံးကို အားပြုလို့ လှေကားထစ်တွေရဲ့ အဆင့်တိုင်းကို တက်ရောက်နိုင်ခဲ့ပါတယ်။ သူစတက်ခဲ့တဲ့ Red Gate ကစလို့ Zhongtian Gate ဂိတ်အထိ နာရီပေါင်း ၁၆ နာရီကြာ တက်ရောက်ခဲ့ရပြီး လှေကားထစ် ပေါင်း ၂ ထောင်ကို တက်ခဲ့ရတာပါ။

သူဟာ မသန်စွမ်းတယောက်လို့ဆိုပေမယ့် တောင့်တင်းတဲ့လက်မောင်းကြွက်သားတွေနဲ့ ရုပ်ရှည် ချောမောလှပပြီး သူ့ကိုမြင်လိုက်ရင် အမြဲရွှင်လန်းပြုံးပျော်နေသူတဦးလည်းဖြစ်ပါတယ်။ သူ့ကို တွေ့မြင်ရတဲ့ နိုင်ငံခြားသားခရီးသွားတွေက သူ့ရဲ့ လုပ်ရပ်ကို ဂုဏ်ပြုအားပေးခဲ့ကြပါတယ်။

“ကျန်းမာသန်စွမ်းတဲ့ ကျနော်တို့လိုလူတွေတောင် လှေကားထစ်တွေတက်တဲ့အခါမှာ မောပန် နွမ်းနယ်ကြရတာပါ။ သူကတော့ သူ့ရဲ့ လက်တွေကိုအသုံးပြုပြီး Zhongtian Gate အထိ တက်နိုင်ခဲ့တာ ဘယ်လောက်တောင် လေးစားဖို့ ကောင်းလိုက်သလဲ” လို့ ခရီးသွားအများအပြားက ချီးမွမ်းခဲ့ကြပါတယ်။

Ref: people’s china

Credit : http://blog.irrawaddy.org/2015/09/blog-post_2.html?m=1

No comments:

Subscribe

လာလည်သူများ

free counters