♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 25, 2015

" မှော်နှင့် သက်ဆိုင်သော မှန်..ကြက်..သံနှင့် သင်္ကေတများ၏ လျှို့ဝှက်ချက်များ "

မှော်နှင့် မှန်
အယူသည်းသော အနောက်တိုင်းအ မျိုးသမီးများသည် မင်္ဂလာဆောင်အ၀တ်အစားဝတ်ပြီး မှန်ကို  မကြည့်ကြချေ။ သို့ သော်
လက်ထပ်ပွဲပြီးသွားလျှင်ကား သတိုး သား၊ သတိုးသမီး မှန်ရှေ့တွင်ရပ်ကြသည်။ ထိုသို့ လုပ်ခြင်းသည်ကံကောင်းသည်ဟုဆို
သည်။  တစ်ဖန် မှန်ကြည့်နေသူတစ် ယောက်၏ ပခုံးပေါ်မှကျော်ပြီး မှန်မကြည့်သင့်ချေ။ မှန် ထဲတွင်ပုံရိပ်နှစ်ခုပြူးပြီးပေါ်သွား
လျှင် ပခုံးပေါ်မှကျော်ပြီး အကြည့်ခံသူမှာ သေသည်ဟူ၏၊ တစ်ဖန်မှန်ကြည့်၍ မိမိကိုယ်မိမိ မမြင်ရပါလျှင် မကြာခင်သေတတ်
သည်ဟု ဆိုကြသည်။ တရုတ်များက မူကြည့်မှန်ကို လက်ဆောင်ရရှိလျှင် ရာထူးကြီးကြီးနှင့် သားသမီးရတနာရသည်ဟု
ယုံကြည်ကြ၏
မှော်နှင့်ကြက်
မှော်ဆန်သောကြက်အကြောင်းကို ဖော်ပြရလျှင် အနောက်ဥရောပတွင် အနတ်ရောင်ကြက်မှာအလွန်မှ အဖိုးတန်လေသည်။

ရှေးပြင်သစ်သားတို့ သည် လောကီအစီအ ရင်ပြုလုပ်လိုလျှင်ညဥ့်သန်ခေါ်င်းယံအချိန် လမ်းဆုံလမ်းခွတွင်ကြက်နက်ကိုကိုင်ကာ
ပိုက်ကာ ကြက်ရောင်း မည်ဟုသုံးကြိမ်အော်လေသည်။ ထိုအခါမကောင်းဆိုးဝါးက ငွေထုတ်နှင့်ကြက်နတ်ကိုလာဝယ်သည်

ဟူ၏။  တရုတ်တို့ ကမူ  ကြက်ဖအနီရုပ်ပုံကို ချိတ်ဆွဲထားလျှင် မီးကွင်းနိုင်ပြီး ခေါင်းတလားပေါ် တွင်ကြက်အဖြူကိုတင်ထား
ပါက မကောင်းဆိုးဝါးကို နှင်ထုတ်နိုင်သည်ဟူ၏။ ထိုကဲ့ သို့ ပင်မြန်မာတို့ ၏လောကီဆေး ပညာတွင်လည်း ကလေးကိုခမည်း
ပေးလျှင် ကြက်ကိုအသုံးပြု တတ်ကြလေသည်။ ထိုထက်ထူးခြားသည်က သီရိခေတ္တယျာခေတ် ငါတစ်ပါးမင်းသည် ဘုရင်ဖြစ်
ရန် သိဒ္ဓိဓါတ်ရှိသော ကြက်ဦးခေါင်းကို ဘုန်းကြီးကျောင်းသားအရွယ်က စားခဲ့ လေ သည်။ထိုကြောင့်ကြက်သည်လည်း မှော်
ဆန်သောတ္တ၀ါပါပင်။
မှော်နှင့်သံ
မှော်ပညာများ၊ မှော်အစီအရင်များနှင့် ပတ်သက်လျှင် မြန်မာတို့ သည်လည်းမခေပါ၊ အလွန်တရာမှကျွမ်း ကျင်လိမ္မာသောလူမျိုး

စု( စုန်းမျိုး)ထဲတွင်ထည့်လို့ ရချေသည်။ ရှေးမြန်မာစစ်သူကြီးများသည်ပင် ဓါးများကိုအစီအရင်များ ဖြင့်ထုလုပ်ကြ၊၊ သွန်းလုပ်
ကြသလို ဓါးသွေးတာတောင်မှ အစီအရင်ဖြင့်သွေးခဲ့ ကြလေသည်။  ဥပမာပြရသော် သရဒွေးဗေဒင် ကျမ်းအလိုအရ ကြတ္တိကာ
နက္ခတ် မွန်းတည့်ချိန်၊ စန်းယှဉ်ချိန်တို့ တွင် ဓါးသွေးကြခြင်းဖြစ်သည်။ ထိုအပြင်လောကီပညာရှင် တို့ စီရင်အပ်သော သံရှင်ဓါး၊
သံသေဓါး၊ အင်းဓါး၊ ပြဒါးသေဓါး၊ ပြဒါးရှင်ဓါး ၊ ဆေးဓါး၊ ကိုးသင်္ချိုင်းဓါး ဟူပြီး ရာဇ၀င်တွင်ယနေ့ တိုင်ရှိနေလေ၏။       ထိုသို့ 
စီရင်သောပစ္စည်းများကိုလေ့ လာပါလျှင် သံမှာ အဓိကကျနေကြောင်းတွေ့ နိုင်လေသည်။   သံသည်မကောင်း ဆိုးဝါးအားလုံး
ကြောက်ရွံ့ ကြသော သတ္တု ပစ္စည်းပင်ဖြစ်လေသည်။     သို့ သော် သံသည် မကောင်းသောပစ္စည်းဖြစ်သော ကြောင့် မွန်မြတ်
သန့် စင်သောအရာများကိုပြုလုပ်လျှင် သံကိုအသုံးမပြုကြချေ။ 
                                                                          
 
                                                              Occult Symbols Vector Pack
မှော်နှင့်သင်္ကေတ
သင်္ကေတဟူသည် အမှတ်အသားအထိမ်း အမှတ်၊ ရည်ရွယ် ချက်၊ ကိုယ်စားပြုသောအရာ ဟူပြီးအဓိပ္ပာယ် အမျိုး မျိုး ဖွင့်နိုင်လေ

သည်။ ယဉ်ကျေးမှု မထွန်းကားသေးသော ခေတ်ကာလ(သို့ ) ဘာသာစကားဟူ၍ မခေါ်ဝေါ်နိုင်သေးသော အချိန်က လူးသား
တို့ သည်တစ်ဦးနှင့်တစ်ဦး သင်္ကေတများဖြင့် ဆက်သွယ်ခဲ့ ရလေသည်။ ထိုသို့ လူသားတို့ သုံးစွဲခဲ့ သောသင်္ကေတများသည်
တန်ခိုးသတ္တိရှိခဲ့ လေသည်။ထို့ကြောင့် အနောက်တိုင်း ဂန္ဓာရီလောကတွင်ယင်းတို့ မှာအရေးပါလာသည်။ 


Credit :  http://magicforlover.blogspot.co.uk/2015/01/blog-post_48.html?m=1

No comments:

Subscribe

လာလည်သူများ

free counters