♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

June 29, 2016

" သင်မသိသေးတဲ့ ရယ်စရာကောင်းပေမဲ့ အမြဲမှန်နေတဲ့ အချက်များ "

အလုပ်တွေ တစ်ချိန်လုံးလုပ်နေရလို့ ပျင်းရိငြီးငွေ့နေပြီဆိုရင် အပျင်းလည်းပြေ ဗဟုသုတလည်းရနိုင်မယ့် ဒီအချက်လေးတွေကိုအချိန်နည်းနည်းပေးပြီးဖတ်ကြည့်လိုက်ပါ။ 
 
(၁) နံရံကိုခေါင်းနဲ့တိုက်တာကတစ်နာရီကို ၁၅၀ ကယ်လိုရီလောင်ကျွမ်းစေနိုင်ပါတယ်။
 
(၂)ရေမြင်းတွေဒေါသထွက်ရင် ချွေးတွေက အနီရောင်ပြောင်းသွားတတ်ပါတယ်။
 
(၃) မိန်းမတစ်ယောက်က ၅ နှစ်အတွင်းမှာ သူ့အရပ်အမြင့်လောက်ရှိတဲ့ နှုတ်ခမ်းနီတွေကိုအသုံးပြုလေ့ရှိပါတယ်။
 
(၄) မေလ ၂၉ ရက်နေ့က သင့်ရဲ့ရေခဲသေတ္တာပေါ်မှာခေါင်းအုံးထားရတဲ့နေ့(Put a pillow on your fridge Day) ဖြစ်ပါတယ်။
 
(၅) လူ့တံထွေးရဲ့ ရေဆူမှတ်က ပုံမှန်ရေရဲ့ ရေဆူမှတ်ထက် ၃ဆပိုများပါတယ်။
 
(၆) ဆိတ်ထီးတွေက ဆိတ်မတွေကိုဆွဲဆောင်နိုင်ဖို့အတွက် သူတို့ခေါင်းပေါ်ကို သူတို့ဘာသာအပေါ့သွားကြပါတယ်။
 
(၇) နှလုံးရောဂါကတနလာင်္နေ့မှာ ဖြစ်နိုင်ချေပိုများပါတယ်။
 
(၈) သင်က ၆ နှစ်နဲ့ ၉ လကြာအောင် ဆက်တိုက် လေလည်မယ်ဆိုရင် အနုမြူဗုံးတစ်လုံးရဲ့ အစွမ်းကိုဖန်တီးနိုင်ပါတယ်တဲ့။
 
(၉)အာရပ်အမျိုးသမီးတွေက သူတို့ယောက်ျားတွေ သူတို့အတွက် ကော်ဖီအငှဲ့ပေးရင် ကွာရှင်းခွင့်တောင်းခွင့်ရှိပါတယ်။
 
(၁၀) ငှက်တွေက ဘယ်တော့မှ အပေါ့မသွားကြပါဘူး။
 
(၁၁) နှာခေါင်းပိတ်ပြီး စားမယ်ဆိုရင် ပန်းသီး၊အာလူးနဲ့ ကြက်သွန်နီတွေက အရသာအတူတူပါပဲ။
 
(၁၂) အင်္ဂလိပ်စကားပြောသူတွေက အမေရိကန်နိုင်ငံမှာထက် တရုတ်နိုင်ငံမှာ ပိုများပါတယ်။
 
(၁၃) ပြတင်းပေါက်ကို ခေါင်းနဲ့တိုက်မိတာကြောင့် နှစ်စဉ် ငှက်ပေါင်း ၁၀၀၀ ကျော် သေဆုံးလေ့ရှိပါတယ်။
 
Ref:thefactsite
 

No comments:

Subscribe

လာလည်သူများ

free counters