♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 12, 2015

" မိန်းမဆုံးပြီး မကြာခင်မှာပင် ကိုဘမောင်သည် သူ့ ခယ်မကို လက်ထပ်ယူလိုက်သည် " (ဟာသ)

 
မိန်းမဆုံးပြီး မကြာခင်မှာပင် ကိုဘမောင်သည် သူ့ မိန်းမ၏ ညီမကို လက်ထပ်ယူလိုက်သည် ။ လူတတ်ကြီး ကိုဘမောင်က လူတကာက  ကဲ့ရဲ့ ဝေဖန်မည့်ဒဏ်မှရှောင်လွှဲလိုသည့် အတွက် ဆုံးသွားသည့် သူ့ ပထမ မိန်းမ ၏ ပုံတူပန်းချီကားကြီးကိုဧည့်ခန်းထဲ တွင် ချိတ်ဆွဲထားလိုက်သည် ။ တစ်နေ့  ဧည့်သည် တစ်ယောက်က အလွန်လှပသည့် ပုံတူပန်းချီကားကြီးကိုကြည့်ပြီး မေးသည် ။
..” အဲ့ဒီ့ မိန်းမချောက ဘယ်သူလဲဗျ..”
ကိုဘမောင် မျက်ရည်လေး တစမ်းစမ်းနှင့် ပြန်ဖြေသည် ။
” အဲ့ဒါ..သိပ်ကို သနားစရာကောင်းတဲ့ ..ကျနော့် ခယ်မလေ..ဆုံးသွားတာ မကြာသေးဘူး..”

Credit: Zaw Min Latt
Credit : SearchMyanmar

No comments:

Subscribe

လာလည်သူများ

free counters