♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 15, 2015

"ဖိုးတာကို ဒီလိုလာခြောက်လို့ ဘယ်ရမလဲ" ( ဟာသ)

အမူးသမားမောင်ဖိုးတာ
အမူးသမား မောင်ဖိုးတစ်ယောက် မူးကန်းကန်းနဲ့ဘဲ ဘုရားတန်စောင်းအတွင်းရောက်ရှိသွားသည်။ သူသည်
ဘုရားတန်စောင်းအတွင်းရောက်သွားသောအခါ ငါးပါးသီလကို ကျူးလွန်သဖြင့် ငရဲတွင်
အပြစ်ခံနေရသော ပုဂ္ဂိုလ်များအကြောင်း
သရုပ်ဖေါ်ရေးဆွဲထားသောပန်းချီကားများကို သွားမြင်လေသည်။
ထိုတွင် မောင်ဖိုးတာသည် ပထမပန်းချီကားကို စတင်ဖတ်လေတော့သည်။ ပထမပန်းချီကားသည်
အတိတ်ဘ၀က သူတစ်ပါးအသက်ကို သတ်သောသူများ ငရဲကို ခံနေရပုံ သရုပ်ဖေါ်ဆွဲထား
လေသည်။ မောင်ဖိုး တာသည် ပထမပန်းချီကားကို ဖတ်ပြီးသောအခါ
မှတ်ချက်ပေးလိုက်သည်ကား
"ခံပေါ့ကွာ သူများအသက် သတ်တဲ့ကောင်တွေ"တဲ့။
ထို့နောက် ဒုတိယပန်းချီကားကို ဆက်ဖတ်လေသည်။ ဒုတိယပန်းချီကားသည် သူတစ်ပါးပစ္စည်းကို
ခိုးသော သူများ ငရဲတွင် ခံနေရပုံကို သရုပ်ဖေါ်ဆွဲထားလေသည်။ ထိုပန်းချီကားကို
ဖတ်ပြီးနောက် မောင်ဖိုးတာ မှတ်ချက်ပေးလိုက်သည်ကား
"သူတစ်ပါးဥစ္စာကို ခိုးတဲ့ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် သူတစ်ပါးသားမယားကို ပြစ်မှားသော ပုဂ္ဂိုလ်များ ငရဲတွင် ခံနေရပုံကို
သရုပ်ဖေါ်ရေးဆွဲထားသည့်
တတိယပန်းချီကားကို ဆက်ဖတ်လေသည်။ မောင်ဖိုးတာ စာဖတ်ပြီးသောအခါ
ကောက်ချက်ပေးလိုက်သည်ကား
"ဖွန်ကြောင်တဲ့ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် မုသားစကားပြော၍ ငရဲခံနေရသော ပုဂ္ဂိုလ်များအကြောင်းကို သရုပ်ဖေါ်ရေးဆွဲထားသော
စတုတ္ထ ပန်းချီကားသို့ ရောက်သွားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက်
ကောက်ချက်ပေးလိုက်သည်ကား
"မုသားစကားပြောတဲ့ ကောင်တွေ ခံပေါ့ကွ"တဲ့။
ထိုနောက် အရက်သောက်၍ ငရဲခံနေရသော ပုဂ္ဂိုလ်များအကြောင်းကို သရုပ်ဖေါ်ရေးဆွဲထားသော
ပဉ္စမပန်းချီကားသို့ ရောက်သွားလေသည်။ ထိုပန်းချီကားကို ဖတ်ပြီးနောက်
မောင်ဖိုးတာသည် ကောက်ချက် ပေးလိုက်သည်ကား
"ဖိုးတာကို ဒီလိုလာခြောက်လို့ ဘယ်ရမလဲ"



ဖတ်မိသမျှ၊မှတ်မိသမျှ


Credit : http://yetayzakyaw528.blogspot.co.uk/2013/09/blog-post_1359.html



No comments:

Subscribe

လာလည်သူများ

free counters