♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 9, 2015

" ယနေ့ခေတ်မှာ မုတ်ဆိတ်မွေး နှုတ်ခမ်းမွေးတွေ ပေါက်နေကြတဲ့ မမတွေ ဘာပြုလို့ မျက်နှာပေါ်က အမွေးတွေ ရိတ်ကြရသလဲဆိုတော့ "


ကမ္ဘာကျော်မင်းသမီး Marilyn Monroe ဟာ မျက်နှာပေါ်ကအမွေးတွေကိုရိတ်ပစ်တတ်တယ်လို့ အရင်က သတင်းတွေ ထွက်ခဲ့ဖူးပါတယ်။ ဒါဟာ ကောလာဟလလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အမျိုးသားတွေလို အမျိုးသမီးတွေဟာ နိုင်ငံတကာမှာ ဘာ့ကြောင့် ခုလို မျက်နှာပေါ်ကအမွေးအမျှင်တွေကို တစ်ပတ်တစ်ခါ ဖယ်ရှားလာကြရပါသလဲဆိုပြီး မေးခွန်းထုတ်ခံခဲ့ကြရပါတယ်။ ကောင်းကျိုးမရှိပဲနဲ့တော့ YouTube မှာ tutorial တွေ ထွက်လာတဲ့အထိ ဘယ်လိုရိတ်ရမယ်ဆိုတဲ့ နည်းတွေ ပြန့်လာတဲ့အထိ ဖြစ်လာမှာ မဟုတ်ပါဘူး။

အရင်တုန်းကတော့ ဘလိတ်ဓားကို အသုံးပြုပြီးမျက်နှာကို သေချာသတိထား ရိတ်ကြရပေမယ့် ခုနောက်ပိုင်း နည်းစနစ်တွေမြင့်မားလာတာကြောင့် မျက်နှာအမွေးရိတ်ကိရိယာမျိုးစုံ ထွက်ရှိလာခဲ့ပါတယ်။ ခုလို မျက်နှာပေါ်က အမွေးအမျှင်တွေ ရိတ်ခြင်းအားဖြင့် သင်ဟာ အသားရေပိုမိုချောမွေ့တာကို ခံစားရမှာဖြစ်သလို အရေပြားက ဆဲလ်အသေတွေကိုတောင် ဖယ်ရှားပြီးသား ဖြစ်လိမ့်မယ်လို့ ဆိုထားကြပါတယ်။

အနုပညာရှင်တွေ ခုလို ရိတ်ကြရတာကတော့ မျက်နှာအနီးကပ် ဓာတ်ပုံရိုက်ချက်တွေအတွက်
ဒါဟာ ပြစ်မျိုးမှဲ့မထင် ဖြစ်စေတာကြောင့်လို့ သိရပါတယ်။ ခုနောက်မှာ ဒီနည်းဟာ ဆိုရှယ်မီဒီယာတွေ၊ ဘလော့ကာ၊ အလှအပဆိုက်တွေမှာ တော်တော်လေး ရေးသားဖော်ပြလာကြတာကြောင့် အလှအပရေးရာပညာရှင်တွေကိုယ်တိုင် ၀န်ဆောင်မှုပေးနေရတဲ့အရာတစ်ခု ဖြစ်လာပါတယ်။ ခုလို မျက်နှာအမွေးရိတ်ခြင်းရဲ့ ကောင်းကျိုး နောက်တစ်ချက်ကတော့ မျက်နှာပေါ်လိမ်းတဲ့ သဘာဝအားဖြည့် skin -care တွေကိုလည်း လျင်မြန်စွာ စုပ်ယူပေးနိုင်တာကြောင့်ထိရောက်မှုကပိုသိသာတယ်လို့ ပြောလာကြပါတယ်။

ဒါ့အပြင် လူတော်တော်များများက ထင်နေကြသလို တစ်ခါရိတ်လိုက်ပြီးရင် အမွေးအမျှင် အထူကြီးတွေ ထွက်လာမလားဆိုတာ ကိုလည်း ရိတ်ဖူးထားတဲ့လူတွေက ငြင်းဆိုထားကြပါတယ်။
Ref:womenshealthmag

 မှတ်ချက်။ ။
အမျိုးသမီးများ မျက်နှာပေါ်မှာ အမွေးအမျှင်ပေါက်ရခြင်းဟာ ဓမ္မတာရာသီ မမှန်တာကြောင့် တစ်ကြောင်း၊ 
အမွေးသန်စေသော မျက်နှလိမ်း ခရင်မ် အဆီများကြောင့် တစ်ကြောင်း အမွေးအမျှင်များ ပေါက်လာတတ်ပါတယ်၊
ဓမ္မတာ မမှန်ရင် ကျားဟော်မုန်းဓါတ်များ များလာပြီး အမွေးထွက်လာခြင်း ဖြစ်တယ်လို့ ဆိုပါတယ်.......အခုခေတ်မှာတော့ နိုနို (no no ) လို့ခေါ်တဲ့ လေဆာသုံး အမွေးရိတ် ကိရိယာကို လွယ်ကူစွာ ဝယ်ယူသုံးစွဲနိုင်ပါတယ်........... 
ဒီပုံလေးကို ကြည့်လိုက်ပါ.......



  
အမျိုးသားတွေ အတွက်လဲ ရှိပါသေးတယ်...

( ရောရောသမမွှေ)


Credit : http://www.trend.com.mm/2015/08/06/beauty-7351

No comments:

Subscribe

လာလည်သူများ

free counters