♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

August 9, 2015

" ချစ်စိတ်ကူးကောင်းတယ်လို့ အမျိုးသားတွေ ထင်ပေမဲ့ အမျိုးသမီးတွေဘက်က ဒီလိုမထင်တဲ့ အချက်လေးတွေ "

 
တစ်ခါတလေမှာ အမျိုးသားတွေဘက်က ချစ်စိတ်ကူးကောင်းတယ်လို့ ထင်ပြီး လုပ်ပေးမိပေမဲ့ အမျိုးသမီးတွေဘက်က အယူအဆမတူတဲ့ အချက်လေးတွေရှိပါတယ်။ အမျိုးသားတွေနဲ့ အမျိုးသမီးတွေကို အင်တာဗျူးပြီး ရလာတဲ့ ရလဒ်တချို့ကို လေ့လာကြည့်လိုက်ရအောင်ပါ။

၁။ ပထမဆုံးအကြိမ် ချိန်းတွေ့ပြီးတဲ့နောက် ချစ်စဖွယ်စာသားတွေနဲ့အတူ ပန်းတွေပေးပို့ခြင်း
သူ : ပထမဆုံးအကြိမ်ချိန်းတွေ့ပြီးတဲ့နောက် အခိုက်အတန့်ကောင်းလေးတစ်ခု ဖြစ်ခဲ့တယ်ဆိုတာကို ပြဖို့အတွက် နည်းလမ်းတစ်ခုပေါ့။
သူမ : တစ်ဖက်ကကြည့်မယ်ဆိုရင် ဒါချစ်စဖွယ် အကြံကောင်းတစ်ရပ်ပါ။ လူတွေက ပန်းကိုအမြဲတမ်း မပို့တတ်ကြပါဘူး။ ကျွန်မစိတ်နဲ့သာဆိုရင်၊ နေ့တိုင်းတောင်ရချင်သေးတယ်။ ပန်းပို့ခံရတာကို မယုံကြည်နိုင်လောက်အောင် ဖြစ်သွားတယ်ထားဦး။ မနေ့က သူနဲ့တွေ့တာ အရမ်းအကောင်းကြီးလို့ ဘယ်သူကသိမှာလဲ။ သူ EDM တွေကြိုက်တဲ့အကြောင်းတွေပြောပြခဲ့တဲ့ သူတစ်ယောက်က ကျွန်မကို ပန်းတွေပို့တယ်။ ဒါကို ချိန်းတွေ့ခဲ့တာ အခိုက်အတန့်ကောင်းပါလို့ သူကထင်တာလား။ အခြေအနေက မသေချာ မရေရာလွန်းပါဘူး။

၂။ မိန်းကလေးရဲ့ စကားလုံးအသံထွက်ပုံကို စခြင်း
သူ : တတိယတန်းမှာ အလုပ်ဖြစ်ခဲ့တယ်။ အခုလည်းအလုပ်ဖြစ်ပါတယ်။ သူမကို ဒီလိုပျော်ပျော် စလိုက်တာက
သူမ ပြုံးလာစေဖို့နဲ့ ကျွန်တော် ဟာသဉာဏ်ဘယ်လောက်ရှိတယ်ဆိုတာကို သိစေဖို့ နည်းလမ်းကောင်းပဲလေ။
သူမ : တစ်စုံတစ်ယောက်ကို စနောက်တယ်ဆိုတာဟာ သေလောက်အောင် ချစ်ဖို့ကောင်းတယ်လို့ ချစ်စိတ်ကူးယဉ် ဟာသတွေက သူ့ကိုသင်ပေးခဲ့တယ်ဆိုတာ ကျွန်မသိတယ်။ တစ်ခါတလေတော့ ကောင်းမှာပေါ့။ ဒါပေမဲ့ အမြဲတမ်းလိုလို စနေမယ်ဆိုရင် သူက အဲဒီ့မိန်းကလေးကို မကြိုက်လို့လုပ်နေတာနဲ့ တူနေပြီ။ ချစ်စဖွယ် စနောက်နေရာကနေ မင်း ငါ့ကို မုန်းလိုက်တော့လို့ ပြောနေတာမျိုး ဖြစ်သွားမယ်။

၃။ ဈေးအရမ်းကြီးတဲ့ အပျော်ခရီးတစ်ခုထွက်ပြီး မိန်းကလေးကို အံ့အားသင့်စေခြင်း
သူ : ခင်ဗျားတို့လဲ သိပြီးဖြစ်မှာပါ။ အလုပ်နားပြီး ဒီလိုခရီးထွက်ဖို့အတွက် ပြင်ဆင်မှုတွေ လုပ်ပြီးပြီးသွားပြီ။ ဟာဝိုင်ရီကိုသွားမယ့် ခရီးလက်မှတ်တွေနဲ့ သူမကို အံ့အားသင့်အောင်လုပ်မယ်။ သူမလည်း သွားချင်လောက်မှာ မမှားဘူး။
သူမ : သီအိုရီအရဆိုရင် သိပ်ကို ချစ်စိတ်ကူးကောင်းတာပေါ့။ တကယ့်လက်တွေ့မှာ၊ အလုပ်ကို နားလိုက်ဖို့ဆိုတာမျိုးက အချိန်ယူရမှာ။ ဒီခရီးအတွက် ကုန်ကျစရိတ်တွေ အားလုံးရှင်းထားပြီးပြီဆိုရင်တောင် ခရီးတစ်ခုတည်းကို နှစ်ယောက်တည်းအတူ ဖြတ်သန်းဖို့ဆိုတာကလည်း သူနဲ့ကြိုက်နေတာ ဘယ်လောက်ကြာပြီဆိုတဲ့ အပေါ်မှာ မူတည်သေးတယ်။

၎။ အသည်းပုံ လက်ဝတ်ရတနာ ၀ယ်ပေးခြင်း
သူ : အသည်းပုံလေ။ ချစ်ခြင်းရဲ့ အနှိုင်းမဲ့ သင်္ကေတတစ်ခုပေါ့။ ပြီးတော့ ဒါက လက်ဝတ်ရတနာ။ ကျွန်တော်လည်း ဘာကြောင့်ဆိုတာမသိပေမဲ့ မိန်းကလေးတွေ ကြိုက်နှစ်သက်တဲ့ အရာတစ်ခု။ အချစ်ရဲ့သင်္ကေတနဲ့ တန်ဖိုးကြီး ရတနာတစ်ခုကို မိန်းကလေးတစ်ယောက် ၀တ်ဆင်ဖို့ပေးတာ မမှားနိုင်ပါဘူး။
သူမ : အပေါစားလား၊ မဟုတ်ဘူးလား ဆိုတာအပေါ် မူတည်ပါတယ်။ ရွှေနဲ့လုပ်ထားတဲ့ လက်ဝတ်ရတနာ ဆိုတာမျိုး ၀ယ်ပေးမယ်ဆိုရင် အသည်းပုံဆိုတာကတော့ ကိစ္စမရှိပါဘူး။ ပြစ်မျိုးမှည့်မထင်တဲ့ ကျွန်မတို့ရဲ့ လှပတဲ့ လက်ပေါ်မှာ ၀တ်ဆင်ရမှာဆိုတော့လေ။

၅။ မိန်းကလေးအတွက် တစ်စုံတစ်ယောက်နဲ့ တိုက်ခိုက်ခြင်း
သူ : Roadhouse နဲ့ တစ်ခြား ၈၀ပြည့်လွန်နှစ်ထုတ် ရုပ်ရှင်တွေမှာ ကျွန်တော်တို့ သင်ယူပြီးပါပြီ။ ကိုယ့်ရဲ့ချစ်သူကို စော်ကားလို့ မျက်နှာတစ်ခုကို ထိုးလိုက်ရတဲ့ လက်သီးဆိုတာ ဘယ်လောက်များ ချစ်စိတ်ကူးကောင်းလဲ။ ဒီလိုလုပ်လိုက်လို့ ထောင်ထဲသွားရမယ်ဆိုရင် ပိုပြီးတော့တောင် ချစ်စိတ်ကူးယဉ်စရာ ကောင်းလိုက်သလဲ။ သူမက ကျွန်တော့်ကို စောင့်နေဖို့တော့ လိုတာပေါ့နော်။
သူမ : ကျွန်မရဲ့ ဂုဏ်သိက္ခာကိုစော်ကားတဲ့ တစ်ယောက်ယောက်ရဲ့ မျက်နှာကို ကျွန်မချစ်သူက မျက်နှာကို ထိုးလိုက်တယ်ဆိုတဲ့ အကြံကို ကျွန်မအမြဲကြိုက်ခဲ့ပါတယ်။ တကယ့်လက်တွေ့မှာကျတော့ ကျန်တဲ့ ကျွန်မတစ်ဘ၀လုံးအတွက် သူ့ကို မဆိုစလောက် ကြောက်နေရတော့မယ်လို့ ကျွန်မထင်တယ်။ ထောင်ထဲက ထွက်လာမယ့်အချိန်ကိုလည်း စောင့်နေဖို့ ကျွန်မမှာ အချိန်မရှိပါဘူး။ ဒီမေးခွန်းက စိတ်ရှုပ်စရာကောင်းပါတယ်။
Ref:Cosmopolitan 


Credit : http://www.trend.com.mm/2015/08/04/relationships-7335

No comments:

Subscribe

လာလည်သူများ

free counters