♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 26, 2015

" အက်ကြောင်းလေး ရှိပေမဲ့လည်း အသုံးတော့ကျပါတယ် မဟုတ်လား "



တစ်ခါတုံးက တရုတ်ပြည်မှာ ရေထမ်းတဲ့လူ တစ်ယောက်ရှိတယ်။ သူဟာ ကြီးမားတဲ့ ရေအိုး နှစ်လုံးကို ပခုံး တစ်ဘက် တစ်ချက်မှာ ထမ်းပြီး ရေသယ်လေ့ရှိတယ်တဲ့။ အိုးတစ်လုံးက နဲနဲ အက်နေတယ်။ အိုးက မလုံဘူး၊ ရေတွင်းကနေ သူ့အိမ်ဘက် ရေသယ်လာတိုင်း စိမ့်တာပေါ့။ ဒီတော့ အိမ်ရောက်တဲ့ အခါ ရေတစ်ဝက်ပဲ ပါသတဲ့ ...
...
ကျန်တဲ့ အိုးတစ်လုံးကတော့ အပြစ်အနာအဆာ မရှိဘူး။ ဒီတော့ သူ ရေတွင်းကနေ ရေထမ်းပြီး ပြန်လာတိုင်း ရေအပြည့်ပါတာပေါ့။ ဒီလိုနဲ့ အိမ်ရောက်ရင်
အိုးတစ်လုံး နဲ့ တစ်ဝက် ပဲ... ရေခပ် လာလိုက်တာ နှစ်နှစ်လောက် ကြာလာတဲ့အချိန်မှာ ...
....
အိုးအကောင်းလေးက သူ့ကိုယ်သူ သိပ်ဂုဏ်ယူသတဲ့။ ငါက အပြစ်အနာအဆာမရှိဘူး...
ဒါကြောင့် များများ သယ်နိုင်တယ် ဟိတ်ဟန်တွေနဲ့တဲ့။ အက်နေတဲ့ အိုးကလေးက စိတ်ထဲမှာ တော်တော်လေး သိမ်ငယ် နေရှာတယ်။ အော်.. ငါ့မှာ အားနည်း ချက်ရှိတယ် ...သူများလို အပြည့်မသယ်နိုင်ဘူး... တစ်ဝက်ပဲ သယ်နိုင်တယ် ပေါ့။ ၀မ်းနည်းလဲဝမ်းနည်း နေသတဲ့ ...
...
ဒီလိုနဲ့ တစ်ရက်မှာ အက်နေတဲ့ အိုးကလေးက ရေထမ်းသမားကို ရင်ဖွင့် ရှာတယ်။ သခင်ရယ်... ကျွန်တော် သခင့်ကို တောင်းပန်ချင်ပါတယ်။ ကျွန်တော့်ကိုယ် ကျွန်တော်လည်း ရှက်မိပါတယ်။ သခင်ကတော့ သခင့်ဘက်က အပြည့်အ၀ အားစိုက်ပြီး ရေသယ် ရတယ်။ ဒါပေမဲ့ ကျွန်တော့် ဘေးဘက်မှာ ရှိတဲ့ အက်ကြောင်းလေး ကြောင့် သခင်သယ်သမျှ ရေတွေ အပြည့်မရဘူး... တစ်ဝက်က အလဟဿ ဖြစ်ရတယ်... လို့ ၀မ်းနည်း ပက်လက်နဲ့ ဆိုရှာတယ် ..
....
အဲဒီအခါမှာ ရေထမ်းသမားက ...
အိုးကလေး... မင်းကြည့်လိုက်စမ်း.... ရေခပ်ရာလမ်း တလျှောက်မှာ မင်းရှိတဲ့ ဘက်ခြမ်းမှာ လမ်းတစ်လျောက်လုံး ပန်းတွေပွင့်နေတာ မင်းသတိပြုမိရဲ့လား... တဲ့။ ငါက မင်း ရေစိမ့်နေ တယ်ဆိုတာ သိတာပေါ့။ ဒါကြောင့် မင်းရှိတဲ့ ဘက်ခြမ်းမှာ ပန်းမျိုးစေ့တွေ ချထားခဲ့တယ်။ နှစ်နှစ်လုံးလုံး ရေခပ်လမ်း ကအပြန်မှာ မင်း က ဒီပန်းပင်လေးတွေကို ရေမှန်မှန် လောင်း ပေးခဲ့တယ်။ အခုဆိုကြည့်စမ်း ... လှပတဲ့ ပန်းတွေပွင့်နေပြီ ...
....
အိမ်မှာလည်း ပန်းအိုးလေးတွေ မှာလည်း ပန်းတွေနဲ့ အလှဆင်နိုင်ပြီ... မင်းသာမရှိရင် ဒီလို ပန်းပွင့်လေးတွေနဲ့ ကျက်သရေ ရှိတဲ့အိမ် ဖြစ်လာပါ့မလား။ စဉ်းစားကြည့်စမ်း...

(သင်ခန်းစာ)
လူတိုင်းမှာ အားနည်းချက်လေးတွေ ကိုယ်စီရှိပါတယ်။
သို့ပေမယ့် ဒီအားနည်း ချက်ကလေးတွေ ရှိနေတာကြောင့်ပဲ ပိုပြီး unique ဖြစ်လာတယ်...
ပိုပြီး ချစ်စရာလည်း ကောင်းလာတယ်။ ဒီအားနည်းချက်အတွက် သဘာဝတရားကြီးက အစားတစ်ခုခုလည်း ပြန်ပေးတတ်ပါတယ်။ ဒါပေမယ့် မြင်သာချင်မှလည်း မြင်သာမယ်၊
ချက်ခြင်း ရချင်မှလည်းရမယ် ...
credit: murann magazine

Credit : themeltingpot4u.com

No comments:

Subscribe

လာလည်သူများ

free counters