♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 22, 2015

"အချစ်ကို အကျိုးရှိအောင် ဘယ်လိုသုံးမလဲ "


                                    




အချစ်ပာာ စွမ်းအင်တစ်ခုလိုပါပဲ။
ကြောက်စိတ်ကိုလည်း အချစ်က သတ္တိရှိစေတယ်။ အားငယ်စိတ်ကိုလည်း အချစ်က အားပြည့်စေတယ်။ ပျင်းရခြင်းကိုလည်း အချစ်က တက်ကြွစေတယ်။
လူတစ်ယောက်ပာာ အိပ်ရေးအလွန်မက်တယ်ဆိုပါတော့။ ဘယ်တော့မှ မနက်စောစော မနိုးတတ်ဘူး။ နိုးလည်း ပြန်အိပ်တယ်။
...
အဲ့ဒီလူပာာ မနက် မလင်းခင်မှာ ချစ်သူနဲ့များ ချိန်းထားခဲ့ရင် အလွန်ဝီရိယကောင်းပါတယ်။
ညကတည်းကတောင် မအိပ်ဘဲစောင့်လိမ့်မယ်ထင်တယ်။ ဒါ့ကြောင့် အချစ်ပာာ အပျင်းရောဂါကို ပျောက်ကင်းစေမယ်ထင်တယ်။
မိန်းကလေးတစ်ယောက်ပာာ အင်မတန် ကြောက်တ်တယ်။ ညမှောင်ရင် အပြင်တောင် မထွက်ရဲဘူး။ ဒါပေမယ့် အဲ့ဒီမိန်းကလေးပာာ အမှောင်ထဲမှာ ချစ်သူနဲ့များ ချိန်းထားခဲ့ရင် သတ္တိကောင်းနေတတ်တယ်။
ဒါ့ကြောင့် အချစ်စိတ် လွန်ကဲလာရင် လူ့စိတ်ကို ပြုပြင် ပြောင်းလဲစေတတ်ပါတယ်။ ဒါပာာ အချစ်ရဲ့ စွမ်းအင်ပါပဲ။ အချစ်ကို အကျိုးရှိအောင် အသုံးချကြည့်ရအောင်။


၁။ မိမိအိပ်တဲ့နေရာမှာ ချစ်သူရဲ့ ချစ်စရာ ဓာတ်ပုံလေးကို ထား ထားပါ။ ဒါမှ မပာုတ်ရင် မနက်စောစောမှာ ချစ်သူရဲ့ message လေးကို ဖုန်းဖွင့်ပြီး နေ့တိုင်း ဖတ်ကြည့်ပါ။ အိပ်ချင်ပြေမှာ သေချာပါတယ်။

၂။ ပညာတတ်ချင်ရင် ငါပညာတတ်မှ ငါ့ချစ်သူနဲ့ အမြန်နီးရမယ်လို့ စိတ်ထဲမှာ စွဲထားပါ။ ချမ်းသာချင်တဲ့လူကလည် အဲ့လိုပဲ စိတ်ထဲမှာ စွဲထားပါ။

၃။ ကြောက်စိတ်တွေဝင်နေရင် ငါကြောက်လို့ မဖြစ်ဘူး။ ငါ့ချစ်သူအတွက် ငါပာာ အရာရာ သတ္တိရှိရမယ်လို့ စွဲထားပါ။

၎။ငါပာာ အရက်သောက်လို့ မဖြစ်ဘူး။ ငါ့ချစ်သူက ငါအရက်သောက်တာမကြိုက်ဘူး။ ငါ့ချစ်သူမုန်းတဲ့ အရက်ကို ငါလည်း မုန်းရမယ်။

၅။ငါပာာ လောင်းကစားလို့ မဖြစ်ဘူး။ ငါ့ချစ်သူ အထင်သေးသွားလိမ့်မယ်။

၆။ငါပာာ အပျော်အပါး မက်လို့မဖြစ်ဘူး။ ငါ့ချစ်သူ စိတ်ကုန်သွားလိမ့်မယ်။

၇။ငါ ငွေရအောင်ရှာမှ ဖြစ်မယ်။ ဒါမှ ငါနဲ့ ငါ့ချစ်သူ ဘ၀ အေးချမ်းမှာ။

၈။ငါပာာ ဘယ်တော့မှ ကလေးမဆန်ဘူး။ ငါ့ချစ်သူအတွက် ငါပာာ အားကိုးလောက်တဲ့ ရှေ့ဆောင်ကောင်း ဖြစ်ရမယ်။
အဲ့ဒီလို စိတ်ဓာတ်ကောင်းတွေကို အမြဲတွေးပြီး လေ့ကျင့်ယူပါ။ အချစ်က တကယ် တန်ဖိုးရှိပါတယ်။ မိန်းကလေးတွေလည်း အချစ်ကို ကောင်းတဲ့နည်းနဲ့ သုံးရင် အကျိုးရှိပါတယ်။
လောကမှာ အချစ်ပာာ တကယ် တန်ဖိုးရှိပါတယ်။ ဒါ့ကြောင့်လည်း အချစ်ကို လူတိုင်းချစ်ကြတာပါ။ အချစ်ကို ကောင်းကောင်း အသုံးချနိုင်ပါစေ။ ။

-ပြည်ငြိမ်း
Credit : kyawsanlinn.blog

No comments:

Subscribe

လာလည်သူများ

free counters