♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 22, 2015

" ဟိမဝန္တာမှ သက်စွန့်ဆံဖျား ပျားဖွပ်သမားများ "

 
သားက ဒီလိုအမြင့်ကြီးကိုတက်ပြီး သက်စွန့်ဆံဖုံး(ခေါင်းမြီးခြုံ)ပြီး ပျားဖွတ်ရတာပါ..

 
 
မီးခိုးတွေတလူလူကြားမှာ..ချစ်သူကို သတိမရအားဘဲ..လှည်းဘီးပျားတွေကို အပေါ်ကကြိုးနှင့်ချပေးထားတဲ့ တောင်းကို ဝါးနှင့် လက်တဘက်က ပျားလဘို့အောက်ရောက်အောင်တွန်းပို့..ကျန်တဲ့လက်နှင့်က ပျားသလက်ကို ဝါးနှင့်ထိုးဖဲ့ရတာပေါ့..ဒါက သားလုပ်နေကြလေ...ဒီလို ပျားမတက်ဖွတ်ခင်မှာ..သားတို့က တောင်ဆောင့် နတ်မင်းကြီးကို ပူဇော်ပသထားခဲ့ရသေးတယ်..

 
ဘယ်လောက်နက်တယ်ဆိုတာကို အဲ့ဒါသာကြည့်ပေတော့..သားကတော့ ကြောက်ပေါင်..
 
 
ဒါလေးက အနီးကပ်ပေါ့....သားပုံကိုကြည့်ပါဦး....သားခန့်လားဟင်...ဟွီးဟွီး..
 
 
ဟောဟော..ကြည့်နေ..ကြည့်နေ ရတော့မယ်...
 
 
အဲ...တစ်ဖတ်တော့ ဝင်သွားပြီး..ဟီး..သားက အဲ့လိုတော်တာလေ...
 
 
တွေ့လား..ဒီမှာကြည့်..နည်းတဲ့အတုံးကြီးလား...တော်တော်လေးမဲ့ဟာ..အပေါ်က လူတွေကြိုးနှင့်ဆွဲထားကြလို့ပေါ့...သားမနိုင်ပါဘူး...အလုပ်ကများ..လက်က မအားတဲ့ကြားထဲက  သားက ဘယ်လိုမမှာလဲနော်..ဟွင်း...
 
 
တွေ့လား..ဒါက အနီးကပ်လေးဆွဲထားတာ...ပျားပျားတို့ကိုတွေ့လား....
 
 
သားက ဒီလို အမြင့်ကြီး တက်ကတာ..
 
 
အားပါးပါး....တော်တော်ချိုသဟာဘဲ...
 
 
အင်း..အဲ...အမ်း..သားကတော့ နှိပ်လိုက်ဦးမယ်...တော်တော်ကောင်းမဲ့ပုံဘဲ..
 
 
သားကတော့ မှိုရတဲ့မျက်နှာလိုဘဲ...ပျားရတဲ့မျက်နှာချို ..ဟီး..ကံထမ်းလာတာမတွေ့ရပေမဲ့..
သားထမ်းလာတဲ့ ပျားသလက်ဖတ်ကြီးတွေကို တွေ့ကြတယ်နော်..ဟုတ်တယ်မလား..

 
စားကြဦးလေး...သားတို့ရဲ့ ကျိုးပမ်းခြင်းရဲ့ ရလဒ်လေးပေါ့...
 
 
ပျားရည်ကို သားတို့က ဒီလိုစစ်ယူလိုက်ကြတာဘဲ...
 
 
သားတို့တော့ စားလို့မပြီးသေားဘူး...ရနံ့လည်းမွှေး..ရသာလည်းကောင်း..ရေချိန်လဲ
မကိုက်သေးတော့ နတ်ပြည်များရောက်နေသလားဘဲ..
 
 
ကဲ...သားတို့တော့ အလုပ်ပြီးလို့ အိမ်ပြန်ကြပြီ.....အောက်မှာ Planet Myanmar Network က ရေးသားတင်ပြထားတာလေးကို ဖတ်ကြည့်တော့...
(ရောရောသမမွှေ) 
 
ဟိမဝန္တာ တောင်တန်းများသည် ကမ္ဘာပေါ်တွင် အမြင့်ဆုံး တောင်စဉ်တောင်တန်းများ ဖြစ်ကြသည်။ အဆိုပါ တောင်တန်းများတွင် ကမ္ဘာ့အကြီးဆုံး ပျားအုံကြီးများလည်း ရှိနေသည်။ အဆိုပါ ပျားအုံကြီးများမှ ပျားရည်နှင့် ပျားသလက်တို့ကို စုဆောင်းရယူရသော အလုပ်သည်လည်း ကမ္ဘာပေါ်တွင် အန္တရာယ် အကြီးဆုံး စာရင်းဝင် စွန့်စားခန်းမျိုး ဖြစ်သည်။ ဟိမဝန္တာမှ ပျားဖွပ်သမားများသည် လှေကားများ၊ ကြိုးများကို အသုံးပြုကာ တောင်ကလပ်များပေါ် တွဲခိုနေသည့် ပျားအုံများသို့ စွန့်စွန့်စားစား ချဉ်းကပ်ရသည်။
ထို့နောက်တွင်မူ ဟန်ချက်ညီအောင် ထိန်းညှိရင်း ပျားသလက်များကို ဓားဖြင့်ဖဲ့ထုတ်ရသည်။ ထိုအတောအတွင်း ၎င်းတို့သည် ပျားတုပ်သည့်ဒဏ်ကိုလည်း ခံစားရသေးသည်။ မီးခိုးမှိုင်းတိုက်ပြီး ပျားများကို ဖယ်ရှားထားသည့်တိုင် ပျားအချို့ကမူ ၎င်းတို့၏ နေအိမ်ကို ကာကွယ်ရန်အတွက် အစွမ်းကုန် အံတုလေ့ ရှိကြခြင်း ဖြစ်သည်။ နီပေါနိုင်ငံရှိ ဟိမဝန္တာတောင်ခြေမှ တိုင်းရင်းသားများသည် ထိုကဲ့သို့ ပျားဖွပ်ခြင်းနှင့် မျိုးရိုးစဉ်ဆက် အသက်မွေးခဲ့ကြသည်။

သို့သော်လည်း လက်ရှိအချိန်တွင်မူ အစိုးရက ပျားရည်ထုတ်လုပ်မှု လုပ်ငန်းများတွင် ပါဝင်ခြယ်လှယ်လာပြီး နိုင်ငံရပ်ခြား တင်ပို့ရောင်းချနေသည့်အတွက် အဆိုပါ ရိုးရာပျားဖွပ်သမားများအတွက် အသက်မွေးရန် အခက်အခဲများ ဖြစ်ပေါ်လာခဲ့သည်။ ပျားဖွပ်သမားများသည် ၎င်းတို့ အလုပ်လုပ်ပုံကို ကြည့်ရှုလိုသည့် ကမ္ဘာလှည့် ခရီးသည်များကို အခကြေးငွေယူကာ လက်တွေ့ ပျားဖွပ်ပြလေ့ ရှိသည်။ ရှေးဦးစွာ တောင်ခြေတွင် ၎င်းတို့က ပျားများကို မီးခိုးမှိုင်းတိုက်ကြသည်။ ထို့နောက်တွင်မူ တောင်စောင်းများပေါ် စွန့်စွန့်စားစားတက်ကာ ပျားသလက်များ စုဆောင်းယူငင်ကြသည်။

ကြိုးဖြင့် တွယ်တက်နေစဉ် အတောအတွင်း ဟန်ချက်ကို ထိန်းရသလို ဘေးတွင် တွဲလောင်းချိတ်ဆွဲထားသည့် ခြင်းထဲသို့လည်း ပျားသလက်များကို လက်မှန်းတည့်စွာ ထည့်သွင်းနိုင်ရန် လိုသည်။ အများအားဖြင့် တောင်စွန်းများမှတစ်ဆင့် ကြိုးလှေကားများဖြင့် တွယ်ဆင်းကာ ပျားသလက်များကို ပျားအုံထဲမှ နှိုက်ယူရလေ့ရှိသည်။ ပျားအုံကြီးများသည် မီတာ(၅၀)မျှ အမြင့်တွင် တည်ရှိလေ့ရှိပြီး ကြိုးဖြင့်ဆင်းကာ ပျားဖွပ်နေစဉ် ကြိုးပျက်ကျ၍ အသက်ဆုံးရှုံးရသူ အများအပြား ရှိသည်။

အဝတ်အစား ထူထပ်စွာ ဝတ်ဆင်ထားသော ပျားဖွပ်သမားများသည် ၎င်းတို့ တွန်ဂိုဟု ခေါ်ဝေါ်သည့် ဝါးတံရှည်ကြီးများကို အသုံးပြုကာ ပျားသလက်များကို ချိတ်ယူကြသည်။ ပျားရည်သည် ရာသီဥတု အခြေအနေကိုလိုက်၍ အရည်အသွေးလည်း ကွာခြားလေ့ရှိသည်။ နွေဦးကာလတွင် စုဆောင်းရယူနိုင်သော ပျားရည်သည် အမျိုးအစား အကောင်းဆုံးအဖြစ် ဈေးကောင်းရပြီး တစ်ကီလိုဂရမ်လျှင် ပေါင်စတာလင် (၃၀)မျှထိ ပေါက်ဈေးရှိကြောင်းလည်း သိရှိရသည်။

Planet Myanmar Network.
Credit : thithtoolwin

No comments:

Subscribe

လာလည်သူများ

free counters