♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 27, 2015

"ငါ့ကို သတိရတယ် ဆိုရင်"

ခဏလောက်

ဝေးကွာနေရတဲ့ အချိန်လေးတွေမှာ

အတူရှိနေရသလို

ခံစားမှုတွေကို ပေးတဲ့

ခေတ်မီနည်းပညာတွေကို ကျေးဇူးတင်လိုက်မိတယ်။

ငါ အဝေးကို ရောက်လို့

မင်းတစ်ယောက်တည်း အထီးကျန်ခံစားမိတဲ့ အခါ

ငါ့ရဲ့ ထွေးပိုက်ယုယမှုတွေ၊ ကြင်နာမှုအနမ်းတွေ

(မင်း) ရည်မှန်း တမ်းတ သတိရတယ်ဆိုရင်….

ငါဟာ မင်းရဲ့စိတ်ကူးယဉ်ထဲက

မင်း စိတ်ကြိုက် ရေးဖော်လိုက်တဲ့ အတွေးတစ်ခု။

ငါဟာ မင်းရဲ့အိပ်မက်တွေ ထဲက

 ကြည်နူး လွမ်း ဆွတ်မှုတွေကို ပေးတဲ့ တေးကဗျာတစ်ပုဒ်။

ငါဟာ မင်းရဲ့အခန်းပြူတင်းကနေ တရေးရေး၊

တစိမ့်စိမ့် ကြည့်နေတတ်တဲ့ လရောင်။

ငါဟာ ဆောင်းညဥ့်နက်တွေမှာ မင်းကိုအဖော်ပြုဖို့

အပြေးရောက်လာတဲ့ ကြယ်တံခွန်။

ငါဟာ နေ့ရက်တွေမှာ အချစ်ရနံ့တွေကို

ယူ ဆောင်လာပေးတဲ့ အနမ်းပြည့်လေညင်းကလေး။

ငါဟာ မင်းရဲ့အလွမ်းအဆွေးတွေကို ဖြေ ဖျောက်ပေးတဲ့ မိုးစက်ကလေးတွေ။

ငါဟာ ရင်ခုန်စရာ အမှတ်တရတွေနဲ့ စီခြယ်ထားတဲ့ နံရံပန်းချီကားတစ်ချပ်။

ငါဟာ မင်း တည်ဆောက်မယ့် ဘ၀အိမ်ကလေးထဲမှာ

ကတိ၊ သစ္စာ၊ ချစ်ခြင်းမေတ္တာ၊ မျှော်လင့်ခြင်းတွေနဲ့

ထာဝရရှိနေမယ့် တည်ရှိခြင်းအကြောင်းပေါ့ကွာ။

Credit : ရိုးရာလေး

No comments:

Subscribe

လာလည်သူများ

free counters