♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

February 27, 2015

" အရပ်ရှည်လွန်းတဲ့ အမျိုးသားတွေနဲ့ ဒိတ်လုပ်တဲ့အခါ ကောင်းတဲ့အချက် (၁၀) ချက် " ကိုရှည်ကြီးကို ခိုစီးလို ဒီမှာဖတ်ကြည့်ပါ..ဟီးဟီး..

 
ထန်းပင်ကြီးကို မှီနေရသလိုဘဲလေ...ခ်ခ်ခ်
အရပ်ရှည်လွန်းတဲ့ ကိုယ့်ချစ်သူကြောင့် ရှေ့သွားနောက်လိုက် မညီဘူးလို့ သူငယ်ချင်းတွေ စတာနောက်တာ ခံနေရလား။ဘယ်သွားသွားအားလုံးကတန်းပြီးသတိပြုမိတာကြောင့် ရှောင်ချင်၊ နှုတ်မဆက်ချင်တဲ့သူတွေကို
လည်းအမြဲ နှုတ်ဆက်နေရတဲ့အဖြစ်လား။အရပ်ရှည်တဲ့အမျိုးသားကိုချစ်သူတော်ထားရခြင်းအတွက်
 ကောင်းတဲ့အချက်လေးတွေလည်း ရှိပါတယ်။ အဲ့ဒါကတော့

၁။ကိုယ်လှမ်းယူဖို့ မမီတဲ့အရာတိုင်းကို သူယူပေးနိုင်တယ်။

၂။သူကိုယ့်ကို သိုင်းဖက်ထားတဲ့အခါ ကိုယ့်ဘ၀ကြီး လုံခြုံသွားသလို ခံစားမိလိမ့်မယ်။

၃။ သူက ကိုယ့်ထက် အရပ်ပိုရှည်နေတဲ့အတွက် ကိုယ်ဒေါက်မြင့်ဖိနပ် ၀တ်လိုက်ရင် သူနဲ့အရပ် အတူတူ ဖြစ်သွားမလား စိုးရိမ်စရာမလိုတော့ဘူး။

၎။ရှိုးပွဲတွေဘာတွေသွားရင် သူ့ရှေ့က ရပ်လိုက်ရင် ကိုယ့်ခေါင်းနဲ့များ သူ့မြင်ကွင်းကို ပိတ်သွားမလား စိုးရိမ်စရာမလိုတော့ဘူး။ ခေါင်းကို စောင်းငဲ့ထားပေးစရာလည်း မလိုတော့ဘူး။

၅။မသိရင် နှစ်ယောက်သားအတူ အပြင်ထွက်တဲ့အခါ သူဘေးနားရှိနေခြင်းက ကိုယ့်အတွက် ဘော်ဒီဂတ်တစ်ယောက်လိုတောင် ခံစားနိုင်သေးတယ်။

၆။သင့်အရပ်က သာမာန်ထက်ပုတယ်၊ ဒါမှမဟုတ်လည်း သာမာန်ဆိုခဲ့ရင် သူနဲ့ရမယ့် ကလေးဟာ အရပ်ရှည်ပါလိမ့်မယ်။

၇။သင် သူ့ကို ဖက်လိုက်တာနဲ့ အနမ်းတစ်ပွင့် ခြွေပြီးသား ဖြစ်ရော။

၈။သူနဲ့ ခြောက်လလောက် ဒိတ်လုပ်ပြီးပြီဆိုတာနဲ့ ဘဲလေးအကသင်တန်းကို တစ်နှစ်တက်လိုက်ရသလိုကို ဖြစ်သွားလိမ့်မယ်။

၉။သင့်ကို ပွေ့ချီဖို့ သူဘယ်တော့မှ ၀န်လေးနေမှာ မဟုတ်ဘူး။

၁၀။လူတွေအများကြီးရောက်သွားလို့ သူ့ကို ပျောက်သွားမှာ စိုးရိမ်စရာ မလိုတော့ဘူး။ ရှင်းရှင်းလင်းလင်းကို ရှာတွေ့နိုင်မှာ သေချာတယ်။

Credit : Trend Myanmar,   Shwe Chit Thu . Com
ဤစာဖတ်သူများအားလုံးချစ်သောသူနှင့်ရိုးမြေကျပေါင်းဖက်နိုင်ပါစေလို့ရွှေချစ်သူမှဆုတောင်းမေတ္တာ
ပို့သပေးပါတယ်။
မျှဝေပေးခြင်းဟာလည်းမေတ္တာတစ်မျိုးပဲမို့ မျှဝေပေးပါနော်...

No comments:

Subscribe

လာလည်သူများ

free counters