♡♬ ရောရောသမမွှေ ဘလော့ဂ်မှ♪♪ ကြိုပါဆိုတယ်♪♪ မိတ်ဆွေများ ကိုယ်စိတ်နှစ်ဖြာ ရွှင်လန်းချမ်းမြေ့တော်မူကြပါစေ♬♡
Drop Down MenusCSS Drop Down MenuPure CSS Dropdown Menu

September 23, 2014

အချစ်ဆိုတာ "စပျစ်လား"

ချစ်ဦး သက်လယ်
အချစ်...ကိုယ်ရင်နင့်အောင် ချစ်ရတဲ့အချစ်......ဒီစာလေးနှင့် ချစ်ကို ကိုယ်နှုတ်ဆက်ခဲ့ပါရစေ....ချစ်ကိုရင်ဆိုင်ရဲတဲ့ စွမ်းအား
မရှိတော့ဘူး......ကိုယ့်ရဲ့ ရင်တွေမချိတော့ဘူး......တချိန်က အချစ်ရဲ့မျက်နှာလေးကို ......ပြူတင်းပေါက်က လှမ်းကြည့်ပြီးမှ
အိပ်ယာဝင်မှ အိပ်တတ်ခဲ့တဲ့သူ ...မနက်အစောထခဲ့ရင်လည်းဦးဦးဖျားဖျား အချစ်က အသံပေးမှပြူတင်းပေါက်ကနေ...အချစ်
မျက်နှာလေးကိုတွေ့မှ.......မျက်နှာသစ်တတ်တဲ့သူ... အစာစားရင်လည်း........ မေမေနှင့် ဖေဖေ မသိအောင်..အချစ်ခွံ့ကျွေး
တာကို........စားတတ်တဲ့သူ...နေမကောင်းလို့ ....... ဆေးမသောက်ခင်မှာ..... အချစ်အနမ်းပေးမှ.. ဆေးသောက်တတ်တဲ့
သူ .. ဘာမဆို အချစ်မပါရင်   ဘာမှ မလုပ်တတ်တဲ့သူဟာ  ဒီနေ့ တော့  အချစ်ကို ရင်နင့်စွာနှင့်..နှလုံးသား ကွဲအက်မှုတွေ
နှင့်.... နှလုံးသား ကွဲအက်မှုတွေ ပြွမ်းတီးစွာနှင့်..... ပျော်ရွှင်မှုတွေ.... ဆိတ်သုဉ်းပြီး..... နှလုံးသားရဲ့ချစ်ဥယျာဉ်မှာ..သောက
မီးမုန်တိုင်းကြီး...ပတ်ချာဝိုင်းလို့  လောင်နေခဲ့ရပြီ.....ကိုယ်ဆက်လက်ပြီးခံစားနိုင်စွမ်း.....မရှိတော့ပါဘူး.....အသက်ဝိညာဉ် 
ကင်းမဲ့တာနှင့် စာရင်......အချစ် ဝိညာဉ် ကင်းမဲ့တာဟာ....... ကြင်နာမှုရဲ့ ရသာသိုက်ကြီးထဲမှာ....... အမုန်းဘီလူးကြီး...
ဝင်စီးခံရသလို .....အနေရခက်လှတယ်အချစ်ရယ်.ချစ်ကို ကိုယ်မမြင်ရတာ ကြာလေ..ကိုယ့်ရဲ့ ရောဂါက...ပိုဆိုးလေ ပိုဆိုးလေပါဘဲ ကိုယ်ဟာ......ရောသမမောင်စိုး ကားတွေကို.... နှစ်သက်တာထက် .......ရောသမမောင်စိုး ကား မမြင်ရရင်
အိပ်မပျော်တဲ့ အဖြစ်ထက် အဆပေါင်းများစွာ ပိုပါတယ်.....ဒါတွေကိုချစ်လည်း.....သိပြီးသားပါ ကိုယ် ချစ်ကို မခွဲနိုင်ဘူးကွာ
ဒါပေမဲ့ ဒီနေ့ မှာ...တော့ ကိုယ်ဟာ စိတ်ပိုင်းဖြတ်ချလိုက်ပြီ... ချစ်ကို ချစ်ရဲ့ ဦးလေး......ဦးပေထူက စက်သူဌေးမင်း မောင်ဘ ကလေးနှင့် ငွေကို မက်ပြီး.....ပေးစားဘို့လုပ်နေတော ကိုယ်မခံနိုင်ဘူး......... နောက်အပတ်ထဲ စေ့စပ်ဖို့ လုပ်တော့မယ် ဆို
ဘဲ...ချစ်ဘက်ကလည်း........မိသားစု စားဝတ်နေရေး ....အတွက် နှုတ်ငြိမ်နေတာတွေ့တော့လေ......ကိုယ် အနေရ ခက်
တယ်...... ပြတ်သားမှုကို........မပြနိုင်သေးတဲ့ ချစ်ကြောင့် ကိုယ်ရင်ကွဲရပြီ ချစ်ရေ ဒီစာဟာ.....ကိုယ့်ရဲ့နောက်ဆုံးစာလို့ဘဲ
မှတ်ယူလိုက်ပါတော့....ချစ်သူနှင့် မပေါင်းသင်းရတော့မဲ့အတူတူ ကိုယ်လည်း .....ဒီလောကကြီးထဲမှာ......မနေလိုတော့ဘူး.
ကိုယ်နှင့် ချစ်တို့ ပထမဦးဆုံးစချစ်ခဲ့ကြတဲ့နေ့ က ထန်းပင်ကြီး မပန်းအိုကို...တိုင်တည်ပြီး......မပန်းအိုရဲ့ ပင်စည်ကြီးကို နှစ်
ယောက်သားဖက်ပြီးသစ္စာ.....ဆိုခဲ့တဲ့ နေဝင်ရီရောအချိန်မှာ......ကိုယ်ဟာ.....မပန်းအိုအပင်ထက်ကို...တက်ပြီးတော့......
အောက်ကိုခုန်ချလို့ အချစ်သက်သေပြ...
.....)))

(((( တစ်နာရီ ခန့် ကြာပြီးသောအခါ))))

''မောင်ရေ .....ချစ်တို့ ကလေးတွေ ကျောင်းကဆင်းတော့မယ် သွားကြို ကြစို့ ''   တဲ့ ....မီးကတခါပြန်ပြီးပြတ်သွား ပြန်ပါ
တယ်.......ရှေ့ ဆက်ဘာဖြစ်တယ်မသိဘူး..... ခုနကလည်း.....တနာရီတောင် မီးပြတ်သွားတယ်...ဇာတ်လမ်းပြတ်သွား
တယ်.....(( ဒါဆို သူသေဘူးပေါ့ ....))   အဟိဟိဟိ ဟိဟိဟိ
 ရေးသာသူ ရောသမအစ်ကိုကြီး
 မောင်စိုးရဲ့အစ်ကိုကြီးပါ
 ကျွန်တော်ရောသမအောင်စိုးကို ဆက်သွယ်မယ်ဆိုရင်တော့ mgsoemin1995@gmail.com ကိုဆက် သွယ်နိုင်ပါတယ်ဗျာ ဖုန်းနံပါတ်ကတော့ 09250370904 ကိုဆက်သွယ်နိုင်ပါတယ်ဗျာ

No comments:

Subscribe

လာလည်သူများ

free counters